Search
  • Than Min Htike
ပညာ နည်းသောကြောင့်
ဟောရှေ ၄:၆
ဆုံးရှုံးဖို့ဆိုတာ ဘုရားသင့်အပေါ်မှာထားတဲ့ အလိုတော်မဟုတ်ဘူး။ သားသမီးတိုင်းကိုဆင်စီးပြီးမြင်းရံတာ မြင်ချင်တာ မိဘတွေရဲ့သဘာဝလိုပဲ ဘုရားက သူ့သားသမီးတိုင်းကိုဒီထက်မကအောင်မြင်ကောင်းစားစေချင်ပါတယ်။ ဒါဆို ဘာဖြစ်လို့ ယုံကြည်သူတွေ ကျရှုံးနေရသလဲ။ ပညာနည်းလို့ ဖြစ်တယ်။ လောက ကျောင်းပညာကို ဆိုလိုခြင်း မဟုတ်ရပါ။ ဘုရားကိုသိကျွမ်းခြင်းပညာဘုရားဆီကလာတဲ့ ပညာကိုဆိုလ်ိုတာပါ။
၁။ ပညာကိုပေးနိုင်သော ကျမ်းစာ (၂တိ ၃:၁၅)
နှုတ်ကပတ် ကျမ်းစာကိုဖတ်ရှုခြင်းဟာပညာ တိုးပွါးကြောင်း ဖေါ်ပြထားပါတယ်။ နေ့စဉ်အသက်တာမှာ ပညာတိုးပွါးမှပဲ သင့်အသက်တာတာ အောင်မြင် ကောင်းစားလာမှာ မလွဲပင်။ ဒီနေ့လူတွေက ကျမ်းစာ ဖတ်ဖို့ပျင်း နေကြလို့အောင်မြင်းခြင်းနဲ့ဝေးနေကြခြင်းပါ။ နေ့စဉ်အသက်တာမှာ ဘုရားစကား နှုတ်က ပတ်တော်ကို ဦးစားပေးအသက်ရှင်မှ သင့်အသက်တာလည်း
လူတွေ ဦးစားပေးတဲ့ အဆင့်မှာရောက်ရှိလာမှာ။
၂။ ပညာကိုလိုလျှင် ယုံကြည်ခြင်းနှင့်တောင်း
(ယာကုပ် ၁:၅-၆)
ရှောလမုန်မင်းကြီး နန်းတက်ကာစမှာ ဘုရားက အိမ်မက်ထဲမှာ ထင်ရှားပြီးတော့ လိုတဲ့ ဆုကိုတောင်းခိုင်းတယ်။ အိမ်မက်ထဲမှာတောင်းတဲ့ဆုတောင်မှန်ကန်စွာတောင်းနိုင်တယ်။ ဘုရားဆီ ကနေ ပညာတောင်းခဲ့တယ်။ အဲ့ဒီအရာကို ဘုရားက သဘောကျလို့ မတောင်းတာတောင်ပေးခဲ့တယ်။ ဆုတောင်းခြင်းအသက်တာ
ဟာ ယုံကြည်သူတစ်ယောက်အတွက်အရေးကြီးသလို မှန်ကန်စွာတောင်းတတ်ဖို့လည်း အရေးကြီးတယ်။ ယုံသောစိတ်နဲ့ ဆုတောင်းတဲ့သူအသက်တာမှာ ဘယ်သူမှ မရနိုင်တဲ့ ဘဝ အောင်မြင်မှုအတွက် ပညာကိုဘုရားပေးမယ်။
၃။ ပညာကိုပေးနိုင်သော ဝိညာဉ်တော်။
(ဟေရှာယ ၁၁:၂)
ဘုရားက သူ့ရဲ့ဝ်ိညာဉ်တော်ကိုကျွန်ပ်တို့ကိုပေးတာ ရည်ရွယ် ချက်ရှိပါတယ်။ အသက်တာမှာ အောင်မြင်ကောင်းစားနိုင်ဖို့လိုအပ်တဲ့ပညာကို ပေးနိုင်ဖို့ပါ။ သန့်ရှင်းသောဝိညာဉ်တော်နဲ့
ရင်းနှီးစွာ အသက်ရှင်လျှောက်လှမ်းလေ သင့်အသက်တာအတွက် လိုအပ်တဲ့ ပညာကိုရရှိလေပါပဲ။ ဘုရားပေးတဲ့ ဝိညာဉ်တော်ကိုမရတာလက်မခံတာ အရာရာကို မရတာ လက်မခံတာလိုပါပဲ။ ဒီနေ့ ခရစ်ယာန်တွေရဲ့ အမေ့ခံ ပုဂ္ဂိုလ်ဟာသန့်ရှင်းသောဝိညာဉ်တော်ပါပဲ။ သူ့ကိုမေ့နေကြလို့ ဆုံးရှုံးခြင်းကိုသတိယနေကြရတာပါ။ သူပေးတဲ့ပညာဟာ ဘာနဲ့မှ လဲလို့မရအောင် သင့်အသက်တာကို အောင်မြင်စေမှာ မလွဲဧကန်ပါ။
Zawgyi
ပညာ နည်းသောကြောင့်
ဟောရှေ ၄:၆
(ယာကုပ် ၁:၅-၆)
(ဟေရှာယ ၁၁:၂)
0 views0 comments
© 2020 by Miracle Makers Proudly created with abundantlife
  • Facebook
  • YouTube