Search
  • Than Min Htike

ပညာရှိနှင့်ပညာမဲ့

(မဿဲ ၇ : ၂၁)

ဒီနေ့ ဘုရားကိုသိကျွမ်းတဲ့ ပညာရှိတဲ့ ယုံကြည်သူဖြစ်ဖို့လိုတယ်။ လောကကျောင်းတွေက ကောင်းသတဲ့ကောင်းလာပေမယ့် လောကကြီးက ပိုမကောင်းလာဘူး။ နည်း ပညာတွေ ပိုတိုးတက်လာ‌ပေမယ့်လူတွေက ပိုမတိုးတက်လာဘူး၊ ဘာကြောင့်လဲလို့သင် မေးခွန်းထုတ်ကောင်းထုတ်မယ်။ တကယ်တော့ စစ်မှန်တဲ့ ဘုရားရှိစေချင်တဲ့ပညာက လူတွေထင်သလိုမဟုတ်ဘူး။ ပညာရှိတဲ့လူ နှင့် ပညာမဲ့တဲ့လူဆိုတာ ဘယ်လိုလူလဲဆိုတာကို မဿဲမှာ ယေရှုက ပြောခဲ့တယ်။


၁။ ပညာမဲ့တဲ့လူမိုက်

လူမိုက်ဆိုတာကိုလူတွေထင်ထားသလို ခိုးဆိုးလုယက် မူးယစ်ရမ်းကားသူတွေလို့ပဲထင်ရင် သင်မှားသွားလိမ့်မယ်။ ယေရှုပြောတဲ့ လူမိုက်ဟာ ကိုယ့်ဘဝကိုတည် ဆောက်ဖို့မေ့နေတဲ့လူတွေ၊အဖြစ်ပဲတည်ဆောက်ထားပြီး ခိုင်ခံ့အောင်မလုပ်ထားတဲ့ လူတွေကိုဆိုတယ်။ လူမိုက် ဟာဘာလုပ်လည်း သူ့ဘဝကိုသဲပေါ်မှာတည်ဆောက်ထားတယ်။ ခဏတာအတွက်တော့ ကောင်းတာပေါ့။ မုန်တိုင်းလာရင်တော့ အကုန်၀ရုန်းသုန်းကားဖြစ်ပြီသာမှတ်။ဒါဆို ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲ။ သူ့ရဲ့နေ့စဉ်အသက်တာမှာတည်ဆောက်မှုပေးတဲ့ ဘုရားစကားကိုနားထောင်ခြင်းမရှိလို့ပင်။ ဒီနေ့ ဘုရားစကားနားထောင်တယ်ဆိုတာ သူများအတွက်မဟုတ်သလိုဘုရားအတွက် လည်းမဟုတ်ဘူး၊ သင်ကိုယ်တိုင်ဘဝအသက်တာကိုခိုင်ခံ့အောင်တည်ဆောက်နေခြင်းဆိုတာကိုလူတွေက သတိမမူမိကြပေ။ ဘုရားစကားကိုနားမထောင်ပဲ မိမိစိတ်ကူးနဲ့သာအသက်တာကိုတည်ဆောက်ရှင်သန်နေ

သူတွေအတွက် အနာဂတ်ဟာ ပြိုလဲဖို့ပင်။


၂။ ပညာရှိ

လောကကျောင်းကတော့ ကောင်းမွန်စွာအောင်မြင်ဖို့ လူတွေက အာရုံစိုက်ကြတယ်။ ကိုယ့်ဘဝကိုအောင်မြင်ကောင်းမွန်စွာ တည်ဆောက်တတ်ဖို့တော့မေ့နေကြတယ်။ ဒီနေ့ဘွဲ့ရပြီး သုံးမရတဲ့သူတွေဒုနဲ့ဒေးပဲမဟုတ်လား။ ဒီနေ့ ပညာရှိတဲ့လူကတော့ တခြားအရာတွေထက်သူ့ဘဝကို ခိုင်ခံ့အောင်တည်ဆောက်တတ်သူဖြစ်တယ်။ ယနေ့ သင်ဘုရားစကားကိုနားထောင် လိုက်နာခြင်းဟာအနာဂတ်ဘဝကိုခိုင်ခံ့အောင်ပြုမူခြင်းဆိုတာ လူတော်တော်များများသိရင်သိပ်ကောင်းမယ်။ လွန်ခဲ့တဲ့အနှစ်(၂၀)မှာ ကျွန်တော် ဘဝထဲကိုဘုရားစကားရောက်လာတယ်။ သူ့ရဲ့နောက်ကိုလုံးလုံးလိုက်ပြီးတော့ သူ့အမှုတော်ကိုဆောင်ဖို့။ အဲ့ဒီအတွက် လူငယ်လေးတစ်ယောက်အဖို့တော့မေးခွန်းတွေသန်းနဲ့ချီရှိတာပေါ့။ ပတ်ဝန်းကျင်ကလည်း သနားစရာမျက်လုံးတွေနဲ့ကြည့်ရှာတယ်။ ဒါ‌ပေမယ့်ကျွန်တော်ဆုံးဖြတ်တယ် ဘုရားစကားကိုပဲရွေးချယ်ဖို့၊ ကျွန်တော်မှာ အဲ့ဒီအချိန်က မေးခွန်းတွေအတွက် အဖြေတကယ်မရှိခဲ့ဘူး။ ဒါပေမယ့် အဲ့ဒီ တုန်းကဘုရားစကားနားထောင်လိုက်ခြင်းသည် ယခုဘဝမှာ ကြုံရတဲ့ မုန်တိုင်းတော်တော်များအထက်မှာကျွန်တော်ဘ၀ကိုတည် ဆောက်မိပြီးသားဖြစ်စေတယ်ဆိုတာ ကြာလေ ပိုသိလာလေပါပဲ။ ကျွန်တော်နဲ့ဘဝတူတွေ ဘဝမုန်တိုင်းကြားမှာ အတုန်းအရုန်းပြိုလဲနေချိန်မှာ ကျွန်တော်ကတော့ မုန် တိုင်းကြားမှာ ကျေးဇူးတော်ချီးမွမ်းလျှက်ရှေ့ဆက်နိုင်ခဲ့တယ်။ ဒီနေ့သင်ဟာပညာရှိတဲ့သူဆိုရင် သင့်ဘဝကိုဘုရားစကားထဲမှာ တည်ဆောက်ဖို့မမေ့နဲ့။


Zawgyi

ပညာ႐ွိႏွင့္ပညာမဲ့

(မႆဲ ၇ : ၂၁)

ဒီေန႔ ဘုရားကိုသိကြၽမ္းတဲ့ ပညာ႐ွိတဲ့ ယုံၾကည္သူျဖစ္ဖို႔လိုတယ္။ ေလာကေက်ာင္းေတြက ေကာင္းသတဲ့ေကာင္းလာေပမယ့္ ေလာကႀကီးက ပိုမေကာင္းလာဘူး။ နည္း ပညာေတြ ပိုတိုးတက္လာ‌ေပမယ့္လူေတြက ပိုမတိုးတက္လာဘူး၊ ဘာေၾကာင့္လဲလို႔သင္ ေမးခြန္းထုတ္ေကာင္းထုတ္မယ္။ တကယ္ေတာ့ စစ္မွန္တဲ့ ဘုရား႐ွိေစခ်င္တဲ့ပညာက လူေတြထင္သလိုမဟုတ္ဘူး။ ပညာ႐ွိတဲ့လူ ႏွင့္ ပညာမဲ့တဲ့လူဆိုတာ ဘယ္လိုလူလဲဆိုတာကို မႆဲမွာ ေယ႐ႈက ေျပာခဲ့တယ္။


၁။ ပညာမဲ့တဲ့လူမိုက္

လူမိုက္ဆိုတာကိုလူေတြထင္ထားသလို ခိုးဆိုးလုယက္ မူးယစ္ရမ္းကားသူေတြလို႔ပဲထင္ရင္ သင္မွားသြားလိမ့္မယ္။ ေယ႐ႈေျပာတဲ့ လူမိုက္ဟာ ကိုယ့္ဘဝကိုတည္ ေဆာက္ဖို႔ေမ့ေနတဲ့လူေတြ၊အျဖစ္ပဲတည္ေဆာက္ထားၿပီး ခိုင္ခံ့ေအာင္မလုပ္ထားတဲ့ လူေတြကိုဆိုတယ္။ လူမိုက္ ဟာဘာလုပ္လည္း သူ႕ဘဝကိုသဲေပၚမွာတည္ေဆာက္ထားတယ္။ ခဏတာအတြက္ေတာ့ ေကာင္းတာေပါ့။ မုန္တိုင္းလာရင္ေတာ့ အကုန္၀႐ုန္းသုန္းကားျဖစ္ၿပီသာမွတ္။ဒါဆို ဘာျဖစ္လို႔ဒီလိုျဖစ္ရတာလဲ။ သူ႕ရဲ႕ေန႔စဥ္အသက္တာမွာတည္ေဆာက္မႈေပးတဲ့ ဘုရားစကားကိုနားေထာင္ျခင္းမ႐ွိလို႔ပင္။ ဒီေန႔ ဘုရားစကားနားေထာင္တယ္ဆိုတာ သူမ်ားအတြက္မဟုတ္သလိုဘုရားအတြက္ လည္းမဟုတ္ဘူး၊ သင္ကိုယ္တိုင္ဘဝအသက္တာကိုခိုင္ခံ့ေအာင္တည္ေဆာက္ေနျခင္းဆိုတာကိုလူေတြက သတိမမူမိၾကေပ။ ဘုရားစကားကိုနားမေထာင္ပဲ မိမိစိတ္ကူးနဲ႔သာအသက္တာကိုတည္ေဆာက္႐ွင္သန္ေန

သူေတြအတြက္ အနာဂတ္ဟာ ၿပိဳလဲဖို႔ပင္။


၂။ ပညာ႐ွိ

ေလာကေက်ာင္းကေတာ့ ေကာင္းမြန္စြာေအာင္ျမင္ဖို႔ လူေတြက အာ႐ုံစိုက္ၾကတယ္။ ကိုယ့္ဘဝကိုေအာင္ျမင္ေကာင္းမြန္စြာ တည္ေဆာက္တတ္ဖို႔ေတာ့ေမ့ေနၾကတယ္။ ဒီေန႔ဘြဲ႕ရၿပီး သုံးမရတဲ့သူေတြဒုနဲ႔ေဒးပဲမဟုတ္လား။ ဒီေန႔ ပညာ႐ွိတဲ့လူကေတာ့ တျခားအရာေတြထက္သူ႕ဘဝကို ခိုင္ခံ့ေအာင္တည္ေဆာက္တတ္သူျဖစ္တယ္။ ယေန႔ သင္ဘုရားစကားကိုနားေထာင္ လိုက္နာျခင္းဟာအနာဂတ္ဘဝကိုခိုင္ခံ့ေအာင္ျပဳမူျခင္းဆိုတာ လူေတာ္ေတာ္မ်ားမ်ားသိရင္သိပ္ေကာင္းမယ္။ လြန္ခဲ့တဲ့အႏွစ္(၂၀)မွာ ကြၽန္ေတာ္ ဘဝထဲကိုဘုရားစကားေရာက္လာတယ္။ သူ႕ရဲ႕ေနာက္ကိုလုံးလုံးလိုက္ၿပီးေတာ့ သူ႕အမႈေတာ္ကိုေဆာင္ဖို႔။ အဲ့ဒီအတြက္ လူငယ္ေလးတစ္ေယာက္အဖို႔ေတာ့ေမးခြန္းေတြသန္းနဲ႔ခ်ီ႐ွိတာေပါ့။ ပတ္ဝန္းက်င္ကလည္း သနားစရာမ်က္လုံးေတြနဲ႔ၾကည့္႐ွာတယ္။ ဒါ‌ေပမယ့္ကြၽန္ေတာ္ဆုံးျဖတ္တယ္ ဘုရားစကားကိုပဲေ႐ြးခ်ယ္ဖို႔၊ ကြၽန္ေတာ္မွာ အဲ့ဒီအခ်ိန္က ေမးခြန္းေတြအတြက္ အေျဖတကယ္မ႐ွိခဲ့ဘူး။ ဒါေပမယ့္ အဲ့ဒီ တုန္းကဘုရားစကားနားေထာင္လိုက္ျခင္းသည္ ယခုဘဝမွာ ၾကဳံရတဲ့ မုန္တိုင္းေတာ္ေတာ္မ်ားအထက္မွာကြၽန္ေတာ္ဘ၀ကိုတည္ ေဆာက္မိၿပီးသားျဖစ္ေစတယ္ဆိုတာ ၾကာေလ ပိုသိလာေလပါပဲ။ ကြၽန္ေတာ္နဲ႔ဘဝတူေတြ ဘဝမုန္တိုင္းၾကားမွာ အတုန္းအ႐ုန္းၿပိဳလဲေနခ်ိန္မွာ ကြၽန္ေတာ္ကေတာ့ မုန္ တိုင္းၾကားမွာ ေက်းဇူးေတာ္ခ်ီးမြမ္းလွ်က္ေ႐ွ႕ဆက္ႏိုင္ခဲ့တယ္။ ဒီေန႔သင္ဟာပညာ႐ွိတဲ့သူဆိုရင္ သင့္ဘဝကိုဘုရားစကားထဲမွာ တည္ေဆာက္ဖို႔မေမ့နဲ႔။

12 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube