Search
  • Than Min Htike

ပညာရှိနှင့်ပညာမဲ့ (၂)

“မိုက်​သော​သူ​တို့​က ငါ​တို့​ဆီ​မီး သေ​ပါ​ပြီ။ သင်​တို့​ဆီ​ကို အ​နည်း​ငယ်​ပေး​ပါ​ဟု ပ​ညာ​ရှိ​သော​သူ​တို့​အား တောင်း​ကြ၏။-” (မဿဲ ၂၅:၈)


ပြင်ဆင်ပါ

ပညာရှိသော သတို့သမီးက မီးခွက်ထဲမှာ

ဆီနှင့်ပြည့်စေရုံတင်မကပဲ အနာဂတ်အတွက်ပါ အလုံအ လောက်ရှ်ိတယ်။ သတို့သမီးတိုင်းတော့ သခင်ကိုစောင့်နေကြတာချည်းပါ။ ဒါ‌ပေမယ့် မီးခွက်က်ိုဆက်လက်မီး တောက်နေစေဖို့အတွက်ကတော့ ဆီမလုံလောက်ကြဘူး။ ဒီနေ့ ယုံကြည်သူအသက်တာတွေမှာလည်း ယေရှု တဖန်ပြန်ကြွလာခြင်းက်ိုစောင့်နေကြတာချည်းပါပဲ သို့ပေမယ့် ဝိညာဉ်တော်နှင့်ဆက်လက်တောက်လောင်မယ့်လောင်စာ နှုတ်ကပတ်တော်များ၊ဝိညာဉ်တော်နှင့်ဆက်လက်ဖြည့်ထားခြင်းမရှိကြတာဆိုးတယ်။ ပညာရှိသော သတို့သမီးကဲ့သို့ အသက်တာသည် နှုတ်ကပတ်တော်နှင့်၎င်း ဝိ ညာဉ်တော်နှင့်၎င်းပြည့်ဝ တောက်လောင် နေဖို့အစဉ်အရေးကြီးသည်။ ဝိညာဉ်တော်၏ အရှိန်သည် ရံဖန်ရံခါ ငြိမ်းတတ်သည်။ဒါကြောင့် ပေါလုက သတိပေးတယ် မဟုတ်လား"ဝ်ိညာဉ်တော်၏အရှိန်က်ို မငြိမ်းစေကြနှင့်ဟု"။ (၁သက်၅:၁၉)၊ သတို့သားက အမှောင်မိုက်ဆုံးအချိန် သန်းခေါင်ညယံမှာ ရောက်လာသလိုပဲ ယေရှုကလည်း လောကရဲ့ အမှောင်မိုက်ဆုံးအချိန်မှာ မျှော်လင့်မထားပဲ ရောက်လာမှာပါ။ အရေးကြီးတာက ပညာရှိတဲ့သတို့သမီးလို အသင့်ပြင်ထားဖို့ပါပဲ။ အမှောင်ရောက် လာလေမလုံလောက်မှုတွေထဲမှာ အဆိုးဆုံး မလုံလောက်မှုကတော့ ဝိညာဉ်ရေးရာပါပဲ။ တခြားအရာတွေ မလုံ လောက်လို့ကျန်ခဲ့မှာမဟုတ်ဘူး။ ဝိညာဉ်ရေးရာမလုံ လောက်မှုကပဲ တံခါးရဲ့အပြင်ဘက်မှာ အငြင်းပယ်ခံရခြင်းနှင့် ပိတ်ထားခြင်းခံရတယ်။ ဒီနေ့ တံခါးတွေသင့်ရှေ့မှာပိတ်ထားပြီးတော့ အရာရာမှာနောက်ကျကျန်ခဲ့စေတဲ့အဓိကအကြောင်းအရင်းက ဝိညာဉ်ရေးရာကို ကောင်းမွန်စွာ မပြင်ဆင်ခြင်းကြောင့်ပဲ။ လူတွေက တခြားအရာတွေအတွက်တော့အချိန်ရှိတယ် ဘုရားနဲ့ပတ်သက်ရင် မအားတာကိုအကြောင်းပြ၊ တခြားအရာတွေကိုအကြောင်းပြနဲ့ အချိန်မပေးပဲ နေခဲ့ကြတယ်။ မထင်မှတ်တဲ့ အချိန်ရောက်လာရင် ဘာအကြောင်းမှ ပြလို့ရမှာမဟုတ်ဘူးဆိုတာကို မေ့နေကြတယ်။ အခွက် (၁၀) အပ်နှင်းခံရတဲ့သူက ဆုံးရှုံးမှာကြောက်လို့ဆိုပြီးအကြောင်းပြလည်း မလွတ်ဘူး၊ အငယ်ဆုံးသောသူကို ကြည့်ရှုတာ ယေရှုကိုကြည့်ရှုတာပဲဆိုတာကိုမသိလို့ အခွင့်ရေးလက်လွှတ်လိုက်ရတဲ့သူကမသိလို့ပါလို့ အကြောင်းပြလည်း မလွတ်ဘူး။ လောကကြီးက မှောင်လာလေ အသက်တာမှာဆက် လက်တောက်လောင်ဖို့ သန့်ရှင်းသောဝိညာဉ်တော်ဆီပိုလိုလာလေပဲ။ ဘယ်လောက်တောင် ဘုရားနဲ့အချိန်ယူတယ် သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၀လည်းဆိုတာကို ပေါ် လွင်စေမယ့်မှောင်မိုက်ခြင်းကတော့လောကထဲမှာရောက်နေပြီ။ ဒီကာလဟာ သင့်ကိုလှဲချဖို့ဆိုတာထက် သင်ရဲ့အခြေအနေစစ်ကိုဖွင့်ပြဖို့ ရည်ရွယ်ပါတယ်။ တကယ် သခင်လာခဲ့ရင် အဆင်အသင့်မဖြစ်မှ ကြီးမားတဲ့အခွင့် အရေးတွေလက်လွှတ်နိုင်စရာ ရှိတယ်ဆိုတာ မမေ့နဲ့။



Zawgyi

ပညာ႐ွိႏွင့္ပညာမဲ့ (၂)

“မိုက္​ေသာ​သူ​တို႔​က ငါ​တို႔​ဆီ​မီး ေသ​ပါ​ၿပီ။ သင္​တို႔​ဆီ​ကို အ​နည္း​ငယ္​ေပး​ပါ​ဟု ပ​ညာ​႐ွိ​ေသာ​သူ​တို႔​အား ေတာင္း​ၾက၏။-” (မႆဲ ၂၅:၈)


ျပင္ဆင္ပါ

ပညာ႐ွိေသာ သတို႔သမီးက မီးခြက္ထဲမွာ

ဆီႏွင့္ျပည့္ေစ႐ုံတင္မကပဲ အနာဂတ္အတြက္ပါ အလုံအ ေလာက္႐ွ္ိတယ္။ သတို႔သမီးတိုင္းေတာ့ သခင္ကိုေစာင့္ေနၾကတာခ်ည္းပါ။ ဒါ‌ေပမယ့္ မီးခြက္က္ိဳဆက္လက္မီး ေတာက္ေနေစဖို႔အတြက္ကေတာ့ ဆီမလုံေလာက္ၾကဘူး။ ဒီေန႔ ယုံၾကည္သူအသက္တာေတြမွာလည္း ေယ႐ႈ တဖန္ျပန္ႂကြလာျခင္းက္ိဳေစာင့္ေနၾကတာခ်ည္းပါပဲ သို႔ေပမယ့္ ဝိညာဥ္ေတာ္ႏွင့္ဆက္လက္ေတာက္ေလာင္မယ့္ေလာင္စာ ႏႈတ္ကပတ္ေတာ္မ်ား၊ဝိညာဥ္ေတာ္ႏွင့္ဆက္လက္ျဖည့္ထားျခင္းမ႐ွိၾကတာဆိုးတယ္။ ပညာ႐ွိေသာ သတို႔သမီးကဲ့သို႔ အသက္တာသည္ ႏႈတ္ကပတ္ေတာ္ႏွင့္၎ ဝိ ညာဥ္ေတာ္ႏွင့္၎ျပည့္ဝ ေတာက္ေလာင္ ေနဖို႔အစဥ္အေရးႀကီးသည္။ ဝိညာဥ္ေတာ္၏ အ႐ွိန္သည္ ရံဖန္ရံခါ ၿငိမ္းတတ္သည္။ဒါေၾကာင့္ ေပါလုက သတိေပးတယ္ မဟုတ္လား"ဝ္ိညာဥ္ေတာ္၏အ႐ွိန္က္ိဳ မၿငိမ္းေစၾကႏွင့္ဟု"။ (၁သက္၅:၁၉)၊ သတို႔သားက အေမွာင္မိုက္ဆုံးအခ်ိန္ သန္းေခါင္ညယံမွာ ေရာက္လာသလိုပဲ ေယ႐ႈကလည္း ေလာကရဲ႕ အေမွာင္မိုက္ဆုံးအခ်ိန္မွာ ေမွ်ာ္လင့္မထားပဲ ေရာက္လာမွာပါ။ အေရးႀကီးတာက ပညာ႐ွိတဲ့သတို႔သမီးလို အသင့္ျပင္ထားဖို႔ပါပဲ။ အေမွာင္ေရာက္ လာေလမလုံေလာက္မႈေတြထဲမွာ အဆိုးဆုံး မလုံေလာက္မႈကေတာ့ ဝိညာဥ္ေရးရာပါပဲ။ တျခားအရာေတြ မလုံ ေလာက္လို႔က်န္ခဲ့မွာမဟုတ္ဘူး။ ဝိညာဥ္ေရးရာမလုံ ေလာက္မႈကပဲ တံခါးရဲ႕အျပင္ဘက္မွာ အျငင္းပယ္ခံရျခင္းႏွင့္ ပိတ္ထားျခင္းခံရတယ္။ ဒီေန႔ တံခါးေတြသင့္ေ႐ွ႕မွာပိတ္ထားၿပီးေတာ့ အရာရာမွာေနာက္က်က်န္ခဲ့ေစတဲ့အဓိကအေၾကာင္းအရင္းက ဝိညာဥ္ေရးရာကို ေကာင္းမြန္စြာ မျပင္ဆင္ျခင္းေၾကာင့္ပဲ။ လူေတြက တျခားအရာေတြအတြက္ေတာ့အခ်ိန္႐ွိတယ္ ဘုရားနဲ႔ပတ္သက္ရင္ မအားတာကိုအေၾကာင္းျပ၊ တျခားအရာေတြကိုအေၾကာင္းျပနဲ႔ အခ်ိန္မေပးပဲ ေနခဲ့ၾကတယ္။ မထင္မွတ္တဲ့ အခ်ိန္ေရာက္လာရင္ ဘာအေၾကာင္းမွ ျပလို႔ရမွာမဟုတ္ဘူးဆိုတာကို ေမ့ေနၾကတယ္။ အခြက္ (၁၀) အပ္ႏွင္းခံရတဲ့သူက ဆုံး႐ႈံးမွာေၾကာက္လို႔ဆိုၿပီးအေၾကာင္းျပလည္း မလြတ္ဘူး၊ အငယ္ဆုံးေသာသူကို ၾကည့္႐ႈတာ ေယ႐ႈကိုၾကည့္႐ႈတာပဲဆိုတာကိုမသိလို႔ အခြင့္ေရးလက္လႊတ္လိုက္ရတဲ့သူကမသိလို႔ပါလို႔ အေၾကာင္းျပလည္း မလြတ္ဘူး။ ေလာကႀကီးက ေမွာင္လာေလ အသက္တာမွာဆက္ လက္ေတာက္ေလာင္ဖို႔ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ဆီပိုလိုလာေလပဲ။ ဘယ္ေလာက္ေတာင္ ဘုရားနဲ႔အခ်ိန္ယူတယ္ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔ျပည့္၀လည္းဆိုတာကို ေပၚ လြင္ေစမယ့္ေမွာင္မိုက္ျခင္းကေတာ့ေလာကထဲမွာေရာက္ေနၿပီ။ ဒီကာလဟာ သင့္ကိုလွဲခ်ဖို႔ဆိုတာထက္ သင္ရဲ႕အေျခအေနစစ္ကိုဖြင့္ျပဖို႔ ရည္႐ြယ္ပါတယ္။ တကယ္ သခင္လာခဲ့ရင္ အဆင္အသင့္မျဖစ္မွ ႀကီးမားတဲ့အခြင့္ အေရးေတြလက္လႊတ္ႏိုင္စရာ ႐ွိတယ္ဆိုတာ မေမ့နဲ႔။

0 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube