Search
  • Than Min Htike

ပညာရှိ နှင့်ပညာမဲ့(၃)

“အ​ကြင်​ကျွန်​သည် ဤ​သို့​ပြု​လျက်​နေ​သည်​ကို အ​ရှင်​သည် ပြန်​လာ၍​တွေ့၏။ ထို​ကျွန်​သည် မင်္ဂ​လာ​ရှိ၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ရှင်​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ထို​ကျွန်၌ အပ်​လိမ့်​မည်။- သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​ဆိုး​က ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့်၊-” (မဿဲ- ၂၄:၄၆-၄၈)


ကျွေးမွေးပြုစုခြင်း

ဘုရားကိုယ့်အပေါ်မှာ ဘာအကြံအစည်ရှိလည်းဆိုတာ လူများစွာက အဖြေမရသေးတဲ့မေးခွန်းပါ။ ခက်တာက ကြီးကြီးမားမားတွေကိုလုပ်ချင်တဲ့ စိတ်ရှိပေမယ့် ကိုယ်လုပ်နိုင်တဲ့ သေးသေးလေးတွေကိုမလုပ်ပဲ ထားတာပါ။ သခင်က အိမ်သူအိမ်သားတွေကို အစားအသောက် ခွဲဝေပေးဖို့ နှင့် အုပ်ချုပ်စီမံဖို့အတွက် ခန့်ထားတဲ့ အစေခံအကြောင်းကိုကြည့်တဲ့အခါမှာ သခင်ခိုင်းတဲ့အတိုင်း လုပ်နေတဲ့ သူနဲ့ မလုပ်ပဲ ဆန့်ကျင်ဘက်လုပ်နေတဲ့ သူနှစ်ယောက်အကြောင်းကိုတွေ့ရတယ်။ တစ်ယောက်ကတော့ သခင်ခိုင်းတဲ့အတိုင်း ကောင်းမွန်စွာအုပ်ချုပ်ပြီးတော့ အစားအသောက်ကို ဝေငှပေးနေတယ်။ ဒီအရာက ဒီကာလအတွက်လည်း တကယ့်ကိုမှန်တဲ့အရာတစ်ခုပါ။ သခင်မလာခင်မှာ ဖြစ်ပျက်မယ့်အရာများစွာထဲကတစ်ခုအဖြစ်ယခုလည်းဖြစ်နေတယ်မဟုတ်လား။ ဘုရားက သူ့ရဲ့အိမ်သူအိမ်သားတွေကို အုပ်ချုပ်ဖို့နဲ့ အစားအသောက်ဝေငှဖို့ တစ်ယောက်ထဲကိုခန့်ထားတာမဟုတ်ပါဘူး။ ဒီအချိန်မှာ သင့်မှာရှိတာလေးကများချင်မှများမယ်၊ ဒါပေမယ့် ဝေငှဖို့အတွက်တော့ ဆန္ဒရှိဖို့လိုတယ်။ အထူးသဖြင့်အိမ်သူအိမ်သားတွေအတွက် တတ် နိုင်သလောက်ဝေငှဖို့ သခင် ခန့်ထားတယ်ဆိုတာကို မမေ့စေချင်ဘူး။ အများကြီးမလုပ်နိုင်ရင်တောင် လုပ်နိုင်သ လောက်၊ ဝေငှနိုင်သလောက် ဘုရားရဲ့အိမ်သူအိမ်သားတွေကို ပြုစုဂရုစိုက်ရမယ့်အချိန်ပဲ။ ဒါဟာသစ္စာရှိတဲ့ သူတစ်ယောက်အဖြစ်သခင်လာရင် ချီးမွမ်းခံရမယ့်သူတစ်ယောက်ပဲ။ ဒီလိုပြုမူတဲ့ သူကိုသခင်က ပြန်လာတဲ့အခါမှာ သူ့ရဲ့ဥစ္စာရှိသမျှကို အပ်မယ်တဲ့။ ဒီကာလပြီးတဲ့အခါမှာတော့ သခင်ကများစွာသော ဥစ္စာတွေအပ်နှင်းခြင်းခံရပြီး သခင်ချီးမြှောက်မယ့်သူများစွာပေါ်လာအုံးမှာသေ ချာတယ်။


မှားယွင်းတဲ့စိတ်အထင်

အဲ့လိုမဟုတ်ပဲ သခင်မလာလောက်သေးပါဘူး ရှိတာလေးနဲ့ပျော်လိုက်အုံးမယ်လို့တွေးတဲ့ လူမိုက်တချို့လည်း ရှိပါသေးတယ်။ ဒီလောက် အခြေအနေတွေ အဖြစ်ပျက်တွေက သခင်ပြန်လာဖို့ အချက်ပေးနေတာတောင် နောက် ဆုံးအနေနဲ့ အကောင်းဆုံးလုပ်ရမယ့်အချိန်မှာ အချင်း ချင်းအပြစ်တင်စွပ်စွဲပြီးတော့ ပုတ်ခတ်နှောင့်ယှက်နေပြီးကိုယ်တိုင်လည်းမလုပ်ဘူး လုပ်တဲ့သူတွေကိုလည်းအရှေ့ မရောက်အောင် လုပ်တဲ့ ပညာမဲ့တွေ ပတ်ဝန်းကျင်မှာအ များကြီး ရှိတယ်မဟုတ်လား။ အရေးမကြီးပါဘူး သခင်ပြန်လာရင်အားလုံးစီရင်မှာပါ။ အရေးကြီးတာက မှား ယွင်းတဲ့ အတွေးအခေါ် ခံစားချက်တွေကို နေရာမပေးမိဖို့ပါပဲ။ ဆရာကြီး ဘီလီဂရေဟမ်ပြောတာ သဘောကျတယ် နှစ် (၁၀၀)စာ စီမံကိန်းစွဲထားပါတဲ့၊ ဒါပေမယ့် နေ့တိုင်း ဒီနေ့ ယေရှုပြန်လာမယ်လို့ဆိုပြီးအကောင်းဆုံးအသက်ရှင်ပါတဲ့။ ဒါကြောင့် သခင့်အနားမှာ နေချင်သလိုနေတဲ့သူတွေအတွက် နေရာမရှိဘူးဆိုတာ ပညာမဲ့တဲ့သူတွေက မသိဘူး။ ပညာရှိတဲ့သူတွေကတော့ ရှိတဲ့အချိန်လေးကိုကောင်းမွန်စွာ အသုံးပြုပြီးတော့ ဘုရားပေးထားတဲ့အစွမ်းအစတွေ၊ ဥစ္စာတွေကို ဝေငှပေးကမ်းရင်းနဲ့အိမ်သူအိမ်သားတွေကို တတ်နိုင်သမျှကြိုးစားပြီး ပြုစုနေသူတွေပါ။ ဒါကြောင့် သင်က ပညာရှိတဲ့သူလား၊ ပညာမဲ့စွာအသက်ရှင်တဲ့သူလား အခုဆုံးဖြတ်ပါ။



Zawgyi

ပညာ႐ွိ ႏွင့္ပညာမဲ့(၃)

“အ​ၾကင္​ကြၽန္​သည္ ဤ​သို႔​ျပဳ​လ်က္​ေန​သည္​ကို အ​႐ွင္​သည္ ျပန္​လာ၍​ေတြ႕၏။ ထို​ကြၽန္​သည္ မဂၤ​လာ​႐ွိ၏။- ငါ​အ​မွန္​ဆို​သည္​ကား၊ အ​႐ွင္​သည္ မိ​မိ​ဥ​စၥာ​႐ွိ​သ​မွ်​တို႔​ကို ထို​ကြၽန္၌ အပ္​လိမ့္​မည္။- သို႔​မ​ဟုတ္​မူ​ကား၊ အ​ၾကင္​ကြၽန္​ဆိုး​က ငါ့​အ​႐ွင္​လာ​ခဲ​လိမ့္​မည္​ဟု စိတ္​ထဲ၌ ေအာက္​ေမ့​သည္​ႏွင့္၊-” (မႆဲ- ၂၄:၄၆-၄၈)


ေကြၽးေမြးျပဳစုျခင္း

ဘုရားကိုယ့္အေပၚမွာ ဘာအၾကံအစည္႐ွိလည္းဆိုတာ လူမ်ားစြာက အေျဖမရေသးတဲ့ေမးခြန္းပါ။ ခက္တာက ႀကီးႀကီးမားမားေတြကိုလုပ္ခ်င္တဲ့ စိတ္႐ွိေပမယ့္ ကိုယ္လုပ္ႏိုင္တဲ့ ေသးေသးေလးေတြကိုမလုပ္ပဲ ထားတာပါ။ သခင္က အိမ္သူအိမ္သားေတြကို အစားအေသာက္ ခြဲေဝေပးဖို႔ ႏွင့္ အုပ္ခ်ဳပ္စီမံဖို႔အတြက္ ခန္႔ထားတဲ့ အေစခံအေၾကာင္းကိုၾကည့္တဲ့အခါမွာ သခင္ခိုင္းတဲ့အတိုင္း လုပ္ေနတဲ့ သူနဲ႔ မလုပ္ပဲ ဆန္႔က်င္ဘက္လုပ္ေနတဲ့ သူႏွစ္ေယာက္အေၾကာင္းကိုေတြ႕ရတယ္။ တစ္ေယာက္ကေတာ့ သခင္ခိုင္းတဲ့အတိုင္း ေကာင္းမြန္စြာအုပ္ခ်ဳပ္ၿပီးေတာ့ အစားအေသာက္ကို ေဝငွေပးေနတယ္။ ဒီအရာက ဒီကာလအတြက္လည္း တကယ့္ကိုမွန္တဲ့အရာတစ္ခုပါ။ သခင္မလာခင္မွာ ျဖစ္ပ်က္မယ့္အရာမ်ားစြာထဲကတစ္ခုအျဖစ္ယခုလည္းျဖစ္ေနတယ္မဟုတ္လား။ ဘုရားက သူ႕ရဲ႕အိမ္သူအိမ္သားေတြကို အုပ္ခ်ဳပ္ဖို႔နဲ႔ အစားအေသာက္ေဝငွဖို႔ တစ္ေယာက္ထဲကိုခန္႔ထားတာမဟုတ္ပါဘူး။ ဒီအခ်ိန္မွာ သင့္မွာ႐ွိတာေလးကမ်ားခ်င္မွမ်ားမယ္၊ ဒါေပမယ့္ ေဝငွဖို႔အတြက္ေတာ့ ဆႏၵ႐ွိဖို႔လိုတယ္။ အထူးသျဖင့္အိမ္သူအိမ္သားေတြအတြက္ တတ္ ႏိုင္သေလာက္ေဝငွဖို႔ သခင္ ခန္႔ထားတယ္ဆိုတာကို မေမ့ေစခ်င္ဘူး။ အမ်ားႀကီးမလုပ္ႏိုင္ရင္ေတာင္ လုပ္ႏိုင္သ ေလာက္၊ ေဝငွႏိုင္သေလာက္ ဘုရားရဲ႕အိမ္သူအိမ္သားေတြကို ျပဳစုဂ႐ုစိုက္ရမယ့္အခ်ိန္ပဲ။ ဒါဟာသစၥာ႐ွိတဲ့ သူတစ္ေယာက္အျဖစ္သခင္လာရင္ ခ်ီးမြမ္းခံရမယ့္သူတစ္ေယာက္ပဲ။ ဒီလိုျပဳမူတဲ့ သူကိုသခင္က ျပန္လာတဲ့အခါမွာ သူ႕ရဲ႕ဥစၥာ႐ွိသမွ်ကို အပ္မယ္တဲ့။ ဒီကာလၿပီးတဲ့အခါမွာေတာ့ သခင္ကမ်ားစြာေသာ ဥစၥာေတြအပ္ႏွင္းျခင္းခံရၿပီး သခင္ခ်ီးေျမႇာက္မယ့္သူမ်ားစြာေပၚလာအုံးမွာေသ ခ်ာတယ္။


မွားယြင္းတဲ့စိတ္အထင္

အဲ့လိုမဟုတ္ပဲ သခင္မလာေလာက္ေသးပါဘူး ႐ွိတာေလးနဲ႔ေပ်ာ္လိုက္အုံးမယ္လို႔ေတြးတဲ့ လူမိုက္တခ်ိဳ႕လည္း ႐ွိပါေသးတယ္။ ဒီေလာက္ အေျခအေနေတြ အျဖစ္ပ်က္ေတြက သခင္ျပန္လာဖို႔ အခ်က္ေပးေနတာေတာင္ ေနာက္ ဆုံးအေနနဲ႔ အေကာင္းဆုံးလုပ္ရမယ့္အခ်ိန္မွာ အခ်င္း ခ်င္းအျပစ္တင္စြပ္စြဲၿပီးေတာ့ ပုတ္ခတ္ေႏွာင့္ယွက္ေနၿပီးကိုယ္တိုင္လည္းမလုပ္ဘူး လုပ္တဲ့သူေတြကိုလည္းအေ႐ွ႕ မေရာက္ေအာင္ လုပ္တဲ့ ပညာမဲ့ေတြ ပတ္ဝန္းက်င္မွာအ မ်ားႀကီး ႐ွိတယ္မဟုတ္လား။ အေရးမႀကီးပါဘူး သခင္ျပန္လာရင္အားလုံးစီရင္မွာပါ။ အေရးႀကီးတာက မွား ယြင္းတဲ့ အေတြးအေခၚ ခံစားခ်က္ေတြကို ေနရာမေပးမိဖို႔ပါပဲ။ ဆရာႀကီး ဘီလီဂေရဟမ္ေျပာတာ သေဘာက်တယ္ ႏွစ္ (၁၀၀)စာ စီမံကိန္းစြဲထားပါတဲ့၊ ဒါေပမယ့္ ေန႔တိုင္း ဒီေန႔ ေယ႐ႈျပန္လာမယ္လို႔ဆိုၿပီးအေကာင္းဆုံးအသက္႐ွင္ပါတဲ့။ ဒါေၾကာင့္ သခင့္အနားမွာ ေနခ်င္သလိုေနတဲ့သူေတြအတြက္ ေနရာမ႐ွိဘူးဆိုတာ ပညာမဲ့တဲ့သူေတြက မသိဘူး။ ပညာ႐ွိတဲ့သူေတြကေတာ့ ႐ွိတဲ့အခ်ိန္ေလးကိုေကာင္းမြန္စြာ အသုံးျပဳၿပီးေတာ့ ဘုရားေပးထားတဲ့အစြမ္းအစေတြ၊ ဥစၥာေတြကို ေဝငွေပးကမ္းရင္းနဲ႔အိမ္သူအိမ္သားေတြကို တတ္ႏိုင္သမွ်ႀကိဳးစားၿပီး ျပဳစုေနသူေတြပါ။ ဒါေၾကာင့္ သင္က ပညာ႐ွိတဲ့သူလား၊ ပညာမဲ့စြာအသက္႐ွင္တဲ့သူလား အခုဆုံးျဖတ္ပါ။

1 view

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube