Search
  • Than Min Htike

ပညာရှိနှင့်ပညာမဲ့(၄)

“နား​လည်​သော​သူ၌ အ​လုံး​စုံ​ရှင်း​လင်း၍၊ ပ​ညာ​ကို​ရ​သော သူ​တို့​အား​ဟုတ်​မှန်​ကြ၏။ ငွေ​အ​ရင်၊ ငါ့​နည်း​ကို​လည်း​ကောင်း၊ မြတ်​သော​ရွှေ​အ​ရင်၊ ပ​ညာ​အ​တတ်​ကို​လည်း​ကောင်း ခံ​ယူ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍​မြတ်၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။” (သုတ္တံ-၈:၉-၁၁)


တန်ဖိုး

ကိုယ်တန်ဖိုးထားတဲ့အရာက ကိုယ့်ကို တန်ဖိုးမြင့်တက်စေနိုင်သလို၊ တန်ဖိုးမဲ့သွားစေနိုင်တယ်။ လူတစ်ယောက်သူ တန်ဖိုးထားတဲ့အရာကိုကြည့်ပြီးတော့ သူ့ရဲ့တန်ဖိုးကိုလည်း တွက်ချက်လ်ို့ရတယ်။ ငယ်ငယ်တုန်းကအဖြစ်ကိုပြန်သတိရမိတယ်။ ကလေးဘ၀တန်ဖိုးထားတဲ့အရာတွေက တကယ့်တန်ဖိုးရှိတာတွေမဟုတ်ခဲ့ဘူး။ အရမ်းကိုတန်ဖိုးထားပြီး ရသမျှမုန့်ဖိုးတွေကို သားရေပင်တွေ၊ ကစားစရာအရုပ်တွေအတွက် အသုံးပြုခဲ့တယ်။ အဲ့ဒီအရာတွေအများကြီးရှိတာကို အရမ်းကိုအဟုတ်ကြီးလို့ထင်ခဲ့မိဖူးတယ်။ အပင်ပန်းခံစုဆောင်းတဲ့အရာတွေက တချိန်မှာ ဘ၀အတွက် ဘာမှ အသုံးမဝင်ခဲ့မှန်း နောက် ကျမှသိလိုက်ရတော့ စွန့်ပစ်လိုက်ရုံမှတစ်ပါး ဘာမှအသုံးမဝင်တော့ဘူးမဟုတ်လား။ ဒီလိုပါပဲ ဒီနေ့ ကျွန်တော်တို့အမြတ်တနိုးနဲ့ ရှာဖွေစုဆောင်းနေတဲ့အရာတွေ၊ အပင်ပန်းခံ ဒုက္ခခံပြီးတော့ အသက်တွေနဲ့ရင်းပြီး ရှာဖွေနေတဲ့အရာတွေက တချိန်မှာ ဘာမှမဟုတ်တဲ့ တန်ဖိုးမရှိတဲ့အရာတွေ ဖြစ်မှန်းသိခဲ့တယ်ဆိုရင် အရမ်းကိုနောက်ကျသွားလိမ့်မယ်။ ပညာရှိတဲ့သူနဲ့ ပညာမဲ့တဲ့သူကွာတဲ့အဓိ ကအရာတွေထဲမှာ သူတို့တန်ဖိုးထားတဲ့အရာတွေကွာတာပါ။ ပညာမဲ့တဲ့သူတွေအတွက် ပိုက်ဆံက အဖိုးတန်ဆုံး ဖြစ်ပြီးတော့ငွေရဖို့ဘာမဆိုလုပ်ဖို့ဆုံးဖြတ်ထားကြတယ်။ ပညာရှိတဲ့သူအတွက်ကတော့ ဘုရားအလိုတော်ကတန်ဖိုး အရှိဆုံးပဲ။ ဒါကြောင့်တခါတလေ ငွေတွေလက်လွှတ်ဆုံးရှုံးလိုက်ရင်လည်း ဘုရားလမ်းကိုပဲလိုက်‌လျှောက်ဖို့အတွက်ပဲရွေးချယ်တယ်။ ပညာမဲ့တဲ့သူကတော့ ငွေရဖို့အတွက် လိုအပ်ရင် ဘုရားကိုတောင်ကျောခိုင်းဖို့ဝန်မလေးဘူး။ ငွေနောက်လိုက်ရင်းနဲ့ ယုံကြည်ခြင်းစွန့်သွားတဲ့သူတွေအများကြီးပဲ။ ငွေကို ကျွန်တော်တို့လိုအပ်ပေမယ့် ဘုရားနေရာမှာတော့အစားထိုးလို့မရဘူးဆိုတာ သတိ ထားဖို့လိုတယ်။ ငွေနဲ့ အရာရာကို မလုပ်နိုင်ပါဘူး။ဘုရား ကတော့ ငွေနဲ့မလုပ်နိုင်တဲ့အရာတွေအားလုံးကို လုပ် ဆောင်ပေးနိုင်တဲ့တပါးတည်းသောတန်ခိုးနှင့်ပြည့်စုံတဲ့ဘုရားသခင်ပါပဲ။ ဒါကြောင့် သင့်ဘ၀ရဲ့တန်ဖိုးထားတဲ့အရာက သင့်ရဲ့တန်ဖိုးကိုဆုံးဖြတ်ပေးပါတယ်။ မှန်ကန်တဲ့အရာကိုတန်ဖိုးထားတဲ့သူတွေ ရှာဖွေတဲ့သူတွေ အချိန်ပေးနိုင်တဲ့သူတွေဖြစ်ဖို့ ဘုရားကောင်းကြီးပေးပါစေ။



Zawgyi

ပညာ႐ွိႏွင့္ပညာမဲ့(၄)

“နား​လည္​ေသာ​သူ၌ အ​လုံး​စုံ​႐ွင္း​လင္း၍၊ ပ​ညာ​ကို​ရ​ေသာ သူ​တို႔​အား​ဟုတ္​မွန္​ၾက၏။ ေငြ​အ​ရင္၊ ငါ့​နည္း​ကို​လည္း​ေကာင္း၊ ျမတ္​ေသာ​ေ႐ႊ​အ​ရင္၊ ပ​ညာ​အ​တတ္​ကို​လည္း​ေကာင္း ခံ​ယူ​ၾက​ေလာ့။ အ​ေၾကာင္း​မူ​ကား၊ ပ​ညာ​သည္ ပ​တၱ​ျမား​ထက္​သာ၍​ျမတ္၏။ ႏွစ္​သက္​ဖြယ္​သ​မွ်​ေသာ အ​ရာ​တို႔​သည္ ထို​ရ​တ​နာ​ကို မ​ၿပိဳင္​ႏိုင္​ၾက။” (သုတၱံ-၈:၉-၁၁)


တန္ဖိုး

ကိုယ္တန္ဖိုးထားတဲ့အရာက ကိုယ့္ကို တန္ဖိုးျမင့္တက္ေစႏိုင္သလို၊ တန္ဖိုးမဲ့သြားေစႏိုင္တယ္။ လူတစ္ေယာက္သူ တန္ဖိုးထားတဲ့အရာကိုၾကည့္ၿပီးေတာ့ သူ႕ရဲ႕တန္ဖိုးကိုလည္း တြက္ခ်က္လ္ိဳ႕ရတယ္။ ငယ္ငယ္တုန္းကအျဖစ္ကိုျပန္သတိရမိတယ္။ ကေလးဘ၀တန္ဖိုးထားတဲ့အရာေတြက တကယ့္တန္ဖိုး႐ွိတာေတြမဟုတ္ခဲ့ဘူး။ အရမ္းကိုတန္ဖိုးထားၿပီး ရသမွ်မုန္႔ဖိုးေတြကို သားေရပင္ေတြ၊ ကစားစရာအ႐ုပ္ေတြအတြက္ အသုံးျပဳခဲ့တယ္။ အဲ့ဒီအရာေတြအမ်ားႀကီး႐ွိတာကို အရမ္းကိုအဟုတ္ႀကီးလို႔ထင္ခဲ့မိဖူးတယ္။ အပင္ပန္းခံစုေဆာင္းတဲ့အရာေတြက တခ်ိန္မွာ ဘ၀အတြက္ ဘာမွ အသုံးမဝင္ခဲ့မွန္း ေနာက္ က်မွသိလိုက္ရေတာ့ စြန္႔ပစ္လိုက္႐ုံမွတစ္ပါး ဘာမွအသုံးမဝင္ေတာ့ဘူးမဟုတ္လား။ ဒီလိုပါပဲ ဒီေန႔ ကြၽန္ေတာ္တို႔အျမတ္တႏိုးနဲ႔ ႐ွာေဖြစုေဆာင္းေနတဲ့အရာေတြ၊ အပင္ပန္းခံ ဒုကၡခံၿပီးေတာ့ အသက္ေတြနဲ႔ရင္းၿပီး ႐ွာေဖြေနတဲ့အရာေတြက တခ်ိန္မွာ ဘာမွမဟုတ္တဲ့ တန္ဖိုးမ႐ွိတဲ့အရာေတြ ျဖစ္မွန္းသိခဲ့တယ္ဆိုရင္ အရမ္းကိုေနာက္က်သြားလိမ့္မယ္။ ပညာ႐ွိတဲ့သူနဲ႔ ပညာမဲ့တဲ့သူကြာတဲ့အဓိ ကအရာေတြထဲမွာ သူတို႔တန္ဖိုးထားတဲ့အရာေတြကြာတာပါ။ ပညာမဲ့တဲ့သူေတြအတြက္ ပိုက္ဆံက အဖိုးတန္ဆုံး ျဖစ္ၿပီးေတာ့ေငြရဖို႔ဘာမဆိုလုပ္ဖို႔ဆုံးျဖတ္ထားၾကတယ္။ ပညာ႐ွိတဲ့သူအတြက္ကေတာ့ ဘုရားအလိုေတာ္ကတန္ဖိုး အ႐ွိဆုံးပဲ။ ဒါေၾကာင့္တခါတေလ ေငြေတြလက္လႊတ္ဆုံး႐ႈံးလိုက္ရင္လည္း ဘုရားလမ္းကိုပဲလိုက္‌ေလွ်ာက္ဖို႔အတြက္ပဲေ႐ြးခ်ယ္တယ္။ ပညာမဲ့တဲ့သူကေတာ့ ေငြရဖို႔အတြက္ လိုအပ္ရင္ ဘုရားကိုေတာင္ေက်ာခိုင္းဖို႔ဝန္မေလးဘူး။ ေငြေနာက္လိုက္ရင္းနဲ႔ ယုံၾကည္ျခင္းစြန္႔သြားတဲ့သူေတြအမ်ားႀကီးပဲ။ ေငြကို ကြၽန္ေတာ္တို႔လိုအပ္ေပမယ့္ ဘုရားေနရာမွာေတာ့အစားထိုးလို႔မရဘူးဆိုတာ သတိ ထားဖို႔လိုတယ္။ ေငြနဲ႔ အရာရာကို မလုပ္ႏိုင္ပါဘူး။ဘုရား ကေတာ့ ေငြနဲ႔မလုပ္ႏိုင္တဲ့အရာေတြအားလုံးကို လုပ္ ေဆာင္ေပးႏိုင္တဲ့တပါးတည္းေသာတန္ခိုးႏွင့္ျပည့္စုံတဲ့ဘုရားသခင္ပါပဲ။ ဒါေၾကာင့္ သင့္ဘ၀ရဲ႕တန္ဖိုးထားတဲ့အရာက သင့္ရဲ႕တန္ဖိုးကိုဆုံးျဖတ္ေပးပါတယ္။ မွန္ကန္တဲ့အရာကိုတန္ဖိုးထားတဲ့သူေတြ ႐ွာေဖြတဲ့သူေတြ အခ်ိန္ေပးႏိုင္တဲ့သူေတြျဖစ္ဖို႔ ဘုရားေကာင္းႀကီးေပးပါေစ။

5 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube