Search
  • Than Min Htike

ပညာရှိနှင့် ပညာမဲ့(၅)

"ငါ့လူတို့သည် ပ​ညာ​နည်း​သော​ကြောင့်​ဆုံး​ရှုံး​ကြ၏။" (ဟောရှေ-၄:၆)


အားနည်းချက်မရှိတဲ့ သူမဟုတ်ဘူး

ပညာရှိဆိုတာ အားနည်းချက်တစ်ခုမှ မရှိတဲ့သူမဟုတ်ဘူး အားနည်းတဲ့အရာကို ဘယ်သူမှ ပြောစရာမလိုပဲ ကိုယ့်ဟာကိုယ် သိတဲ့သူပါ။ ပညာမဲ့တဲ့သူကတော့ အား နည်းချက် ရှိတာတောင်မှမသိဘူး ကိုယ့်ဟာကိုယ် ပြည့်စုံတယ်လို့ပဲ ထင်နေတတ်တယ်။ အားနည်းချက်ရှိတာပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့်အဲ့ဒီအားနည်းချက်ကို ဘယ်လိုကိုင်တွယ်ရမှန်းမသိတာကမှ ပြဿနာပါ။ ကိုယ့်မှာရှိတဲ့အားနည်းချက်တွေကို ပညာရှိစွာမကိုင်တွယ်သ၍ဘယ်တော့မှ အောင်မြင်တဲ့ဘ၀ကို တည်ဆောက်နိုင်မှာမဟုတ်ဘူး။ တချို့က ကိုယ့်ဟာကိုယ်ဆုံးရှုံးလို့ဆုံးရှုံးမှန်းတောင်မသိတဲ့သူတွေရှိတယ်။ တကယ့်ကိုဝမ်းနည်းစရာကောင်းတာက ဆုံးရှုံးသွားတာမဟုတ်ဘူး။ ဆုံးရှုံးလို့ဆုံးရှုံးမှန်းမသိပဲ အဲ့ဒီဘ၀ကြီးထဲမှာပျော်နေတာ။ကျွန် တော်အသက်တာမပြောင်းလဲခင်က လက်ခံထားတဲ့ခံယူချက်အချို့က တကယ့်ကို အလွဲကြီးတွေ။ ဆုံးရှုံးတဲ့သူနဲ့အောင်မြင်တဲ့သူဆိုတာ ဘုရားသတ်မှတ်ထားပြီးသားလို့ အယူလွဲခဲ့တယ်။ ငရဲသွားတဲ့သူလည်း ဘုရားမရွေးချယ်လို့ ဖြစ်သလို ဆုံးရှုံးတဲ့သူကလည်း ဘုရားက သက်သက်ကို ရွေးချယ်ထားတာ။ ဒါကြောင့် ဖြစ်တဲ့ဘ၀အတိုင်း ကျေနပ်ရမယ်လို့ ထင်ခဲ့တယ်။ အဲ့ဒါကြောင့်ဆင်းရဲတာ ရှုံးနိမ့်တာတောင် ဘုရား ငါ့ကိုသီးသန့်ရွေးချယ်ထားတယ်လို့ဆိုပြီးပျော်နေခဲ့သေးတယ်။ ယုံကြည်ခြင်းနှင့် အခြေ အနေတွေကို ပြောင်းမယ့်အစား ယုံကြည်ခြင်းကိုပြောင်းလိုက်တာက တော်တော်ဆိုးတဲ့အဖြစ်ပဲ။


ဘုရားရွေးထားတာမဟုတ်ဘူး ကိုယ့်ဟာကိုယ်ရွေးချယ်ဖို့လိုတယ်

အောင်မြင်တဲ့သူနဲ့ရှုံးနိမ့်တဲ့သူ၊ ငရဲသွားမယ့်သူနဲ့ကောင်းကင်သွားမယ့်သူ အားလုံးဟာ ဘုရားက ဘယ်သူကိုဘယ်နေရာသွားရမယ်လို့ရွေးချယ်ထားတာမဟုတ်ပဲ သင်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုကြောင့်ဖြစ်တယ်။ ဘုရားကတော့ ဘယ်ဟာကိုရွေးရင် ဘယ်ရောက်တယ်ဆိုတာကို လမ်းပြင်ထားပြီးသား ရွေးချယ်ရမယ့်အပိုင်းကတော့ ကျွန်တော်တို့အပိုင်းပဲ။ သင် ရောက်ချင်တဲ့နေရာကို ရောက်နိုင်တဲ့နည်းလမ်းတွေကို နှုတ်ကပတ်တော်ထဲမှာ ဘုရားက ဖေါ်ပြထားပြီးသား။ ခက်တာက အဲ့ဒီနှုတ် ကပတ်တော်ကို မသိတာပါပဲ။ ဒါကြောင့်လည်း ဘုရားက ပြောတာပေါ့ လူတွေ ဆုံးရှုံးရတာက သူ့ကြောင့်၊ သူမရွေးချယ်လို့ ဒါမှမဟုတ် မချစ်လို့ မဟုတ်ပါဘူး၊ ပညာ နည်းလို့ပါ။ ပညာကိုပေးနိုင်တဲ့ နှုတ်ကပတ်တော်ကို ဆာငတ်မှု၊ စိတ်ဝင်စားမှု နည်းလေလေ ဘ၀ရဲ့အဓိပ္ပါယ်ကို ရှာဖွေတွေ့ဖို့ ဝေးလေပါပဲ။ ဒါကြောင့် ပညာမဲ့တဲ့သူလို လူတွေရဲ့အားနည်းချက်ကိုပဲ မြင်ပြီး အပြစ်တင်တာတွေလုပ်မယ့်အစား ကိုယ့်အားနည်းချက်ကို ကိုယ့်ဟာကိုယ်ပြင်ပြီးတော့ ပညာရှိစွာကိုင်တွယ်တဲ့သူ ဖြစ်ဖို့ စတင်လိုက်ပါ။



Zawgyi

ပညာ႐ွိႏွင့္ ပညာမဲ့(၅)

"ငါ့လူတို႔သည္ ပ​ညာ​နည္း​ေသာ​ေၾကာင့္​ဆုံး​႐ႈံး​ၾက၏။" (ေဟာေ႐ွ-၄:၆)


အားနည္းခ်က္မ႐ွိတဲ့ သူမဟုတ္ဘူး

ပညာ႐ွိဆိုတာ အားနည္းခ်က္တစ္ခုမွ မ႐ွိတဲ့သူမဟုတ္ဘူး အားနည္းတဲ့အရာကို ဘယ္သူမွ ေျပာစရာမလိုပဲ ကိုယ့္ဟာကိုယ္ သိတဲ့သူပါ။ ပညာမဲ့တဲ့သူကေတာ့ အား နည္းခ်က္ ႐ွိတာေတာင္မွမသိဘူး ကိုယ့္ဟာကိုယ္ ျပည့္စုံတယ္လို႔ပဲ ထင္ေနတတ္တယ္။ အားနည္းခ်က္႐ွိတာျပႆနာမဟုတ္ပါဘူး။ ဒါေပမယ့္အဲ့ဒီအားနည္းခ်က္ကို ဘယ္လိုကိုင္တြယ္ရမွန္းမသိတာကမွ ျပႆနာပါ။ ကိုယ့္မွာ႐ွိတဲ့အားနည္းခ်က္ေတြကို ပညာ႐ွိစြာမကိုင္တြယ္သ၍ဘယ္ေတာ့မွ ေအာင္ျမင္တဲ့ဘ၀ကို တည္ေဆာက္ႏိုင္မွာမဟုတ္ဘူး။ တခ်ိဳ႕က ကိုယ့္ဟာကိုယ္ဆုံး႐ႈံးလို႔ဆုံး႐ႈံးမွန္းေတာင္မသိတဲ့သူေတြ႐ွိတယ္။ တကယ့္ကိုဝမ္းနည္းစရာေကာင္းတာက ဆုံး႐ႈံးသြားတာမဟုတ္ဘူး။ ဆုံး႐ႈံးလို႔ဆုံး႐ႈံးမွန္းမသိပဲ အဲ့ဒီဘ၀ႀကီးထဲမွာေပ်ာ္ေနတာ။ကြၽန္ ေတာ္အသက္တာမေျပာင္းလဲခင္က လက္ခံထားတဲ့ခံယူခ်က္အခ်ိဳ႕က တကယ့္ကို အလြဲႀကီးေတြ။ ဆုံး႐ႈံးတဲ့သူနဲ႔ေအာင္ျမင္တဲ့သူဆိုတာ ဘုရားသတ္မွတ္ထားၿပီးသားလို႔ အယူလြဲခဲ့တယ္။ ငရဲသြားတဲ့သူလည္း ဘုရားမေ႐ြးခ်ယ္လို႔ ျဖစ္သလို ဆုံး႐ႈံးတဲ့သူကလည္း ဘုရားက သက္သက္ကို ေ႐ြးခ်ယ္ထားတာ။ ဒါေၾကာင့္ ျဖစ္တဲ့ဘ၀အတိုင္း ေက်နပ္ရမယ္လို႔ ထင္ခဲ့တယ္။ အဲ့ဒါေၾကာင့္ဆင္းရဲတာ ႐ႈံးနိမ့္တာေတာင္ ဘုရား ငါ့ကိုသီးသန္႔ေ႐ြးခ်ယ္ထားတယ္လို႔ဆိုၿပီးေပ်ာ္ေနခဲ့ေသးတယ္။ ယုံၾကည္ျခင္းႏွင့္ အေျခ အေနေတြကို ေျပာင္းမယ့္အစား ယုံၾကည္ျခင္းကိုေျပာင္းလိုက္တာက ေတာ္ေတာ္ဆိုးတဲ့အျဖစ္ပဲ။


ဘုရားေ႐ြးထားတာမဟုတ္ဘူး ကိုယ့္ဟာကိုယ္ေ႐ြးခ်ယ္ဖို႔လိုတယ္

ေအာင္ျမင္တဲ့သူနဲ႔႐ႈံးနိမ့္တဲ့သူ၊ ငရဲသြားမယ့္သူနဲ႔ေကာင္းကင္သြားမယ့္သူ အားလုံးဟာ ဘုရားက ဘယ္သူကိုဘယ္ေနရာသြားရမယ္လို႔ေ႐ြးခ်ယ္ထားတာမဟုတ္ပဲ သင္ကိုယ္တိုင္ရဲ႕ ေ႐ြးခ်ယ္မႈေၾကာင့္ျဖစ္တယ္။ ဘုရားကေတာ့ ဘယ္ဟာကိုေ႐ြးရင္ ဘယ္ေရာက္တယ္ဆိုတာကို လမ္းျပင္ထားၿပီးသား ေ႐ြးခ်ယ္ရမယ့္အပိုင္းကေတာ့ ကြၽန္ေတာ္တို႔အပိုင္းပဲ။ သင္ ေရာက္ခ်င္တဲ့ေနရာကို ေရာက္ႏိုင္တဲ့နည္းလမ္းေတြကို ႏႈတ္ကပတ္ေတာ္ထဲမွာ ဘုရားက ေဖၚျပထားၿပီးသား။ ခက္တာက အဲ့ဒီႏႈတ္ ကပတ္ေတာ္ကို မသိတာပါပဲ။ ဒါေၾကာင့္လည္း ဘုရားက ေျပာတာေပါ့ လူေတြ ဆုံး႐ႈံးရတာက သူ႕ေၾကာင့္၊ သူမေ႐ြးခ်ယ္လို႔ ဒါမွမဟုတ္ မခ်စ္လို႔ မဟုတ္ပါဘူး၊ ပညာ နည္းလို႔ပါ။ ပညာကိုေပးႏိုင္တဲ့ ႏႈတ္ကပတ္ေတာ္ကို ဆာငတ္မႈ၊ စိတ္ဝင္စားမႈ နည္းေလေလ ဘ၀ရဲ႕အဓိပၸါယ္ကို ႐ွာေဖြေတြ႕ဖို႔ ေဝးေလပါပဲ။ ဒါေၾကာင့္ ပညာမဲ့တဲ့သူလို လူေတြရဲ႕အားနည္းခ်က္ကိုပဲ ျမင္ၿပီး အျပစ္တင္တာေတြလုပ္မယ့္အစား ကိုယ့္အားနည္းခ်က္ကို ကိုယ့္ဟာကိုယ္ျပင္ၿပီးေတာ့ ပညာ႐ွိစြာကိုင္တြယ္တဲ့သူ ျဖစ္ဖို႔ စတင္လိုက္ပါ။

6 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube