Search
  • Than Min Htike

ပညာရှိနှင့်ပညာမဲ့(၆)

“သွန်​သင်​ခြင်း​ကို ငြင်း​ပယ်​သော​သူ​သည် ဆင်း​ရဲ​ခြင်း​နှင့် ရှက်​ကြောက်​ခြင်း​သို့ ရောက်​လိမ့်​မည်။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ ဂုဏ်​အ​သ​ရေ​ကို ရ​လိမ့်​မည်။” (သုတ္တံ-၁၃:၁၈)

“မိုက်​သော​သူ​သည် အ​ဘ​သွန်​သင်​ခြင်း​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ သ​မ္မာ​သ​တိ​နှင့်​ပြည့်​စုံ​တတ်၏။” (သုတ္တံ-၁၅:၅)


တိုးတတ်နေတဲ့လျှို့ဝှက်ချက်

အမြဲတမ်းတိုးတက်နေတဲ့ လျှို့ဝှက်ချက်က အောင်မြင်မှုတွေဘယ်လောက်ပဲရနေပါစေ သင်ကြားခံ ယူမှုကိုမရပ်တန့်လိုက်ခြင်းပင်ဖြစ်တယ်။ လူတချို့ကအ နည်းငယ်သောအောင်မြင်မှုရောက်လာတာနဲ့ ဆက်လက်သင်ကြားမှုကို ခံယူဖို့ စိတ်မဝင်စားတော့ပဲ အောင်မြင်မှုအတွက် လုံလောက်ပြီဟုအလွဲထင်တတ်တယ်။ အောင် မြင်မှုဆိုတာရဖို့လွယ်ပါတယ်၊ အဲ့ဒီအောင်မြင်မှုကိုဆက် လက်ထိန်းသိမ်းဖို့ပဲခက်တာပါ။ ရရှိထားပြီးတဲ့အောင်မြင်မှုတစ်ခုတည်းနဲ့ မရပ်တန့်လိုက်ပဲနဲ့ ဆက်လက်အောင်မြင်ကြီးပွားတိုးတက်ချင်တယ်ဆိုရင်တော့ သင်ကြားမှုကိုမရပ်တန့်လိုက်ဖို့လိုတယ်။ ခေတ်ကာလကြီးက အရမ်းကိုတိုးတက်နေပြီးတော့ သင်ကြားခံယူဖို့အတွက်လည်း အရမ်းကို ကောင်းတဲ့အခြေခံအခွင့်အရေးတွေကအများကြီးပိုကောင်းလာတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေထံကနေ လေ့လာသင်ယူဖို့အခွင့်အရေးတွေပိုပြီးတော့ တံခါးတွေပွင့်လာတယ်။ အရင်တုန်းကဆို ဝိညာဉ်ရေးရာတိုးတက်ဖို့အတွက် ကျမ်းစာအုပ်နဲ့ စာအုပ်ကောင်းအနည်းငယ်သာရှိတယ်။ ကိုယ်သွားတက်ချင်တဲ့သင်တန်းတွေ၊ ဆရာတွေနဲ့တွေ့ဖို့ဆိုတာ အရမ်းကို ဝေးလွန်းလှတယ်။ အခုတော့ အင်တာနက်တွေ၊ လူမှုကွန်ယက်တွေကနေအချိန်နဲ့တပြေးညီ ထိတွေ့နိုင်တယ်။ ဒါဟာ အရမ်းကိုကောင်းလွန်းတဲ့အခွင့်အရေးတစ်ခုမဟုတ်လား။ ဒီလို ကောင်းတဲ့အခွင့်အရေးတွေရှိရဲ့သားနဲ့ ဆက် လက်သင်ကြားမှုကို မလုပ်ဆောင်ဘူး အမြဲတမ်း လေ့ လာမှုကို မလုပ်ဘူးဆိုရင်တော့ ပညာမဲ့ရာကျတာပေါ့။


ဆင်းရဲခြင်းနဲ့ ရှက်ကြောက်ခြင်းကိုနေရာမပေးနဲ့

ဆင်းရဲခြင်းနဲ့အရှက်ကွဲခြင်းကိုသဘောကျတဲ့သူတော့ရှိမယ်မထင်ဘူး။ ဘာလို့အသက်တာထဲမှာ ဒါတွေနေရာလာယူတာလည်းဆိုရင်တော့ရှင်းပါတယ် နှုတ်က ပတ်တော်နဲ့အညီသွန်သင်မှုတွေကို နားမထောင်လို့ပါ။ ဒီနေ့ ဘုရားရဲ့သတိပေးခြင်းတွေကိုနေရာအနှံ့ကနေ ပုံစံမျိုးစုံနဲ့ကြားနာနေရတဲ့အချိန်မှာ၊ ပျက်စီးမှုတွေ၊ ဆိုးရွားမှုတွေကပတ်ဝန်းကျင်မှာ ဒီလောက်တောင် နေရာယူပြီး ဝိုင်းရံနေချိန်မှာတောင် နှုတ်ကပတ်တော်ရဲ့သွန်သင်မှု၊ ဝိညာဉ်ရေးရာခေါင်းဆောင်တွေရဲ့သင်ကြားမှုကိုခံယူဖို့၊ လိုက်နာဖို့ပျက်ကွက်တယ်ဆိုရင် ဆင်းရဲခြင်းနဲ့အရှက်ကွဲခြင်းကတော့ မဖိတ်ခေါ်ရင်လည်း ရောက်လာမှာသေချာတယ်။ စာတန်က ဟောက်သောခြင်္သေ့ ကဲ့သို့ဘယ်သူကိုမျိုရမလည်းဆိုတာ ပတ်ဝန်းကျင်မှာလိုက်လံရှာဖွေနေတယ်ဆိုတာ မမေ့နဲ့။ သ​မ္မာ​သ​တိ​မရှိရင်တော့ စာတန်မျိုတာခံရမှာပါပဲ။ စာတန်က တခြားအရာနဲ့မျိုမှာမဟုတ်ဘူး ဆင်းရဲခြင်းတွေ၊ ရှုံးနိမ့်မှုတွေ၊ အရှက်ကွဲခြင်းတွေနဲ့ သင့်ဘ၀တစ်ခုလုံးကို ဝါးမြိုပစ်လိုက်မှာ။ ဒါကိုလွှဲရှောင်နိုင်တဲ့တစ်ခုတည်းသော အရာကတော့ နှုတ်ကပတ်တော်ရဲ့သွန်သင်မှုကို အမြဲမပြတ်လေ့လာဆည်းပူးလိုက်လျှောက် ဖို့ပါပဲ။ အဲ့လိုလူတွေကတော့အမြဲတမ်း ဂုဏ်အသရေနဲ့ပြည့်စုံနေပြီးတော့ ပညာရှိတဲ့လုပ်ရပ်လို့ပြောရမယ်။ ပညာမဲ့တဲ့သူတွေကတော့အခုအချိန်အထိ ဘယ်သူရဲ့သွန်သင်မှုကိုမှဂရုမစိုက်ပဲ နေချင်သလိုနေဖို့ကိုသာစိတ် ဝင်စားတယ်။



Zawgyi

ပညာ႐ွိႏွင့္ပညာမဲ့(၆)


“သြန္​သင္​ျခင္း​ကို ျငင္း​ပယ္​ေသာ​သူ​သည္ ဆင္း​ရဲ​ျခင္း​ႏွင့္ ႐ွက္​ေၾကာက္​ျခင္း​သို႔ ေရာက္​လိမ့္​မည္။ ဆုံး​မ​ေသာ​စ​ကား​ကို နား​ေထာင္​ေသာ​သူ​မူ​ကား၊ ဂုဏ္​အ​သ​ေရ​ကို ရ​လိမ့္​မည္။” (သုတၱံ-၁၃:၁၈)

“မိုက္​ေသာ​သူ​သည္ အ​ဘ​သြန္​သင္​ျခင္း​ကို မ​ထီ​မဲ့​ျမင္​ျပဳ​တတ္၏။ ဆုံး​မ​ေသာ​စ​ကား​ကို နား​ေထာင္​ေသာ​သူ​မူ​ကား၊ သ​မၼာ​သ​တိ​ႏွင့္​ျပည့္​စုံ​တတ္၏။” (သုတၱံ-၁၅:၅)


တိုးတတ္ေနတဲ့လွ်ိဳ႕ဝွက္ခ်က္

အၿမဲတမ္းတိုးတက္ေနတဲ့ လွ်ိဳ႕ဝွက္ခ်က္က ေအာင္ျမင္မႈေတြဘယ္ေလာက္ပဲရေနပါေစ သင္ၾကားခံ ယူမႈကိုမရပ္တန္႔လိုက္ျခင္းပင္ျဖစ္တယ္။ လူတခ်ိဳ႕ကအ နည္းငယ္ေသာေအာင္ျမင္မႈေရာက္လာတာနဲ႔ ဆက္လက္သင္ၾကားမႈကို ခံယူဖို႔ စိတ္မဝင္စားေတာ့ပဲ ေအာင္ျမင္မႈအတြက္ လုံေလာက္ၿပီဟုအလြဲထင္တတ္တယ္။ ေအာင္ ျမင္မႈဆိုတာရဖို႔လြယ္ပါတယ္၊ အဲ့ဒီေအာင္ျမင္မႈကိုဆက္ လက္ထိန္းသိမ္းဖို႔ပဲခက္တာပါ။ ရ႐ွိထားၿပီးတဲ့ေအာင္ျမင္မႈတစ္ခုတည္းနဲ႔ မရပ္တန္႔လိုက္ပဲနဲ႔ ဆက္လက္ေအာင္ျမင္ႀကီးပြားတိုးတက္ခ်င္တယ္ဆိုရင္ေတာ့ သင္ၾကားမႈကိုမရပ္တန္႔လိုက္ဖို႔လိုတယ္။ ေခတ္ကာလႀကီးက အရမ္းကိုတိုးတက္ေနၿပီးေတာ့ သင္ၾကားခံယူဖို႔အတြက္လည္း အရမ္းကို ေကာင္းတဲ့အေျခခံအခြင့္အေရးေတြကအမ်ားႀကီးပိုေကာင္းလာတယ္။ သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာေတြထံကေန ေလ့လာသင္ယူဖို႔အခြင့္အေရးေတြပိုၿပီးေတာ့ တံခါးေတြပြင့္လာတယ္။ အရင္တုန္းကဆို ဝိညာဥ္ေရးရာတိုးတက္ဖို႔အတြက္ က်မ္းစာအုပ္နဲ႔ စာအုပ္ေကာင္းအနည္းငယ္သာ႐ွိတယ္။ ကိုယ္သြားတက္ခ်င္တဲ့သင္တန္းေတြ၊ ဆရာေတြနဲ႔ေတြ႕ဖို႔ဆိုတာ အရမ္းကို ေဝးလြန္းလွတယ္။ အခုေတာ့ အင္တာနက္ေတြ၊ လူမႈကြန္ယက္ေတြကေနအခ်ိန္နဲ႔တေျပးညီ ထိေတြ႕ႏိုင္တယ္။ ဒါဟာ အရမ္းကိုေကာင္းလြန္းတဲ့အခြင့္အေရးတစ္ခုမဟုတ္လား။ ဒီလို ေကာင္းတဲ့အခြင့္အေရးေတြ႐ွိရဲ႕သားနဲ႔ ဆက္ လက္သင္ၾကားမႈကို မလုပ္ေဆာင္ဘူး အၿမဲတမ္း ေလ့ လာမႈကို မလုပ္ဘူးဆိုရင္ေတာ့ ပညာမဲ့ရာက်တာေပါ့။


ဆင္းရဲျခင္းနဲ႔ ႐ွက္ေၾကာက္ျခင္းကိုေနရာမေပးနဲ႔

ဆင္းရဲျခင္းနဲ႔အ႐ွက္ကြဲျခင္းကိုသေဘာက်တဲ့သူေတာ့႐ွိမယ္မထင္ဘူး။ ဘာလို႔အသက္တာထဲမွာ ဒါေတြေနရာလာယူတာလည္းဆိုရင္ေတာ့႐ွင္းပါတယ္ ႏႈတ္က ပတ္ေတာ္နဲ႔အညီသြန္သင္မႈေတြကို နားမေထာင္လို႔ပါ။ ဒီေန႔ ဘုရားရဲ႕သတိေပးျခင္းေတြကိုေနရာအႏွံ႔ကေန ပုံစံမ်ိဳးစုံနဲ႔ၾကားနာေနရတဲ့အခ်ိန္မွာ၊ ပ်က္စီးမႈေတြ၊ ဆိုး႐ြားမႈေတြကပတ္ဝန္းက်င္မွာ ဒီေလာက္ေတာင္ ေနရာယူၿပီး ဝိုင္းရံေနခ်ိန္မွာေတာင္ ႏႈတ္ကပတ္ေတာ္ရဲ႕သြန္သင္မႈ၊ ဝိညာဥ္ေရးရာေခါင္းေဆာင္ေတြရဲ႕သင္ၾကားမႈကိုခံယူဖို႔၊ လိုက္နာဖို႔ပ်က္ကြက္တယ္ဆိုရင္ ဆင္းရဲျခင္းနဲ႔အ႐ွက္ကြဲျခင္းကေတာ့ မဖိတ္ေခၚရင္လည္း ေရာက္လာမွာေသခ်ာတယ္။ စာတန္က ေဟာက္ေသာျခေသၤ့ ကဲ့သို႔ဘယ္သူကိုမ်ိဳရမလည္းဆိုတာ ပတ္ဝန္းက်င္မွာလိုက္လံ႐ွာေဖြေနတယ္ဆိုတာ မေမ့နဲ႔။ သ​မၼာ​သ​တိ​မ႐ွိရင္ေတာ့ စာတန္မ်ိဳတာခံရမွာပါပဲ။ စာတန္က တျခားအရာနဲ႔မ်ိဳမွာမဟုတ္ဘူး ဆင္းရဲျခင္းေတြ၊ ႐ႈံးနိမ့္မႈေတြ၊ အ႐ွက္ကြဲျခင္းေတြနဲ႔ သင့္ဘ၀တစ္ခုလုံးကို ဝါးၿမိဳပစ္လိုက္မွာ။ ဒါကိုလႊဲေ႐ွာင္ႏိုင္တဲ့တစ္ခုတည္းေသာ အရာကေတာ့ ႏႈတ္ကပတ္ေတာ္ရဲ႕သြန္သင္မႈကို အၿမဲမျပတ္ေလ့လာဆည္းပူးလိုက္ေလွ်ာက္ ဖို႔ပါပဲ။ အဲ့လိုလူေတြကေတာ့အၿမဲတမ္း ဂုဏ္အသေရနဲ႔ျပည့္စုံေနၿပီးေတာ့ ပညာ႐ွိတဲ့လုပ္ရပ္လို႔ေျပာရမယ္။ ပညာမဲ့တဲ့သူေတြကေတာ့အခုအခ်ိန္အထိ ဘယ္သူရဲ႕သြန္သင္မႈကိုမွဂ႐ုမစိုက္ပဲ ေနခ်င္သလိုေနဖို႔ကိုသာစိတ္ ဝင္စားတယ္။

8 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube