Search
  • Than Min Htike

ပြင်ဆင်ထားပြီးသား

“ဘု​ရား​သ​ခင်​သည် လု​လင်၏​အ​သံ​ကို​ကြား​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က၊ ဟာ​ဂ​ရ၊ သင်၌​အ​ဘယ်​အ​မှု​ရှိ​သ​နည်း။ မ​စိုး​ရိမ်​နှင့်။ လု​လင်​နေ​သော​အ​ရပ်​ထဲ​က သူ၏​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​ပြီ။ ထ​လော့။ လု​လင်​ကို​ကြွ၍ လက်​နှင့်​မ​လော့။ ငါ​သည်​သူ့​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်​ဟု ကောင်း​ကင်​ထဲ​က​ခေါ်၍ ဟာ​ဂ​ရ​အား​မြွက်​ဆို၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ဟာ​ဂ​ရ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ သူ​သည်​ရေ​တွင်း​ကို​မြင်​လေ​သော်၊ သွား၍​ဘူး​ကို ရေ​ဖြည့်​ပြီး​လျှင်၊ လု​လင်​အား ရေ​ကို​တိုက်​လေ၏။” (ကမ္ဘာဦး-၂၁:၁၇-၁၉)


ဘယ်သူမှမကြားပေမယ့်လည်း ဘုရားကြားပါတယ်

တစ်ခါတစ်လေ ကိုယ့်အနားမှာဘယ်သူမှမရှိဘူး၊ ကိုယ့်အသံကို ဘယ်သူမှမကြားဘူးဆိုပြီးတော့အား ငယ်တဲ့အချိန်တွေ၊ စိတ်ဓါတ်ကျတဲ့အချိန်တွေ လူတိုင်းမှာရှိတတ်ကြပါတယ်။ ဒီအခြေအနေကနေ ရုန်းထွက်ဖို့အတွက် ကောက်ရိုးလေးတမျှင်တောင် မရှိတော့ဘူးလားလို့ ထင်ရတဲ့အချိန်တွေ ကြုံတတ်ပေမယ့်၊ သင့်အနားမှာ ဘယ်သူမှမရှိပေမယ့်၊ သင့်အသံကိုဘယ်သူမှမကြားနိုင်ပေမယ့် ဘုရားကတော့ကြားပါသေးတယ်။ ဘယ်လိုလူ မျိုး၊ ဘယ်လိုအသားအရောင်နဲ့ အဆင့်အတန်းမဆိုမခွဲ ခြားပဲ 'ငါ့ကိုခေါ်လော့ ငါထူးမည်လို့' အမိန့်ရှိတဲ့ ဘုရားကတော့ ဆင်းရဲသားတွေရဲ့အော်သံ၊ အခက်အခဲတွေအောက်မှာ ပြားပြားမှောက်ပြီးနောက်ဆုံး အချိန်ရောက်နေတဲ့ သူတွေရဲ့ခေါ်သံကို သိမှတ်ပေးတဲ့ ဘုရားပါ။ ကိုယ်ကောင်းလို့၊ အရမ်းပြည့်စုံလို့မဟုတ်ပါဘူး သူရဲ့တဖက်သတ်ချစ်ခြင်းမေတ္တာသက်သက်ကြောင့်ရယ်ပါ။

အာဗြဟံ သူ့ကျွန်မနဲ့ ကလေးရတဲ့အခါမှာ ကျွန်မကသဘောထား ပြောင်းလာတယ်။ ဒါနဲ့ အိမ်တွင်းအဆင်မပြေမှုတွေ အစပြုခဲ့ပြီးတော့ သူနဲ့ရတဲ့သားကလည်း ဣဇါက်ကို ဆဲရေးတဲ့အထိ ကြီးကျယ်လာခဲ့တယ်။ နောက်ဆုံး အာဗြဟံက သူတို့သားအမိတွေကို ခွဲခွာပြီးတော့နေဖို့ လုပ်ရတဲ့အထိ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ကန္တာရထဲရောက်ပြီး ရေမရှိတဲ့အခါမှာ ခင်ပွန်းသည်ရဲ့ စွန့်ပစ်ခံရတဲ့ အမျိုးသမီး၊ ကူရာမဲ့ ဘ၀နဲ့ ရေမရှိတဲ့နေရာမှာ သေရမလို ဖြစ်ခဲ့ပြီး သူ့ရဲ့သားက ရေငတ်လွန်းလို့ အော်ငိုနေတာကိုမိခင်တစ်ယောက်အနေနဲ့မကြည့်ရက်နိုင်တော့တဲ့အဆုံးအဝေးမှာ ထားခဲ့ပြီးတော့ သေရမယ့်အချိန်ကို စောင့်ကြည့်နေခဲ့ရတယ်။ လူ့အနေနဲ့ကတော့ ဒါနောက် ဆုံးမျှော်လင့်ရာအမဲ့ဆုံးအချိန်ပါပဲ။ ဒါပေမယ့် ဘုရားကသူတို့ကို မစွန့်ပစ်ပါဘူး။ ကောင်းကင်တမန်ကိုစေလွှတ်ခဲ့ပြီးတော့ ဟာဂရရဲ့မျက်စိကို ဖွင့်ပေးခဲ့တယ်။ တကယ်ဆို ရေတွင်းက အဲ့ဒီမှာရှိပြီးသားပါ သူမမြင်ခဲ့တာပါ။ ဘုရားက ဟာဂရတို့သားအမိအတွက် ကန္တာရထဲမှာ အိုအေစစ်ကို ပြင်ဆင်ထားပြီးသားပါ။ ကျွန်တော်တို့မျက်စိနဲ့မမြင်တာနဲ့ မရှိဘူးလို့မထင်လိုက်ပါနဲ့။ မမြင်ရတဲ့နယ်ပယ်မှာ ဘုရားက တစ်ယောက်ချင်းစီတိုင်းအတွက် လိုအပ်တဲ့ အကူအညီတွေ၊ လိုအပ်ချက်တွေအားလုံးကို ပြင်ဆင်ထားပြီးသား။ ဘုရားက မျက်စိဖွင့်ပေးပဲလိုတယ်။ သင် အခုအချိန်မှာ လိုအပ်တဲ့အရာ၊ လူတွေမကူညီနိုင်တဲ့အရာဖြစ်ကောင်းဖြစ်မယ် ဒါပေမယ့်ဘုရားကအချိန်မှီထောက် ပံ့မယ်၊ သင့်ကို မျက်စိဖွင့်ပေးလိမ့်မယ်။ တချို့သောပြဿနာတွေရဲ့အဖြေက မရှိတာမဟုတ်ဘူး မမြင်တာပါ။ အဲ့ဒီလိုမြင်ဖို့အတွက် ဘုရားက ဖွင့်ပေးမှရတယ်မဟုတ်လား။ ဒါကြောင့်မစိုးရိမ်နဲ့ သင့်အတွက် လိုအပ်ဆုံးသောအရာအားလုံး ဘုရားကအချိန်မှီပြင်ဆင်ထားပြီးသားဆိုတာယုံပါ။မကြာခင်မြင်တွေ့ရမယ်။



Zawgyi

ျပင္ဆင္ထားၿပီးသား

“ဘု​ရား​သ​ခင္​သည္ လု​လင္၏​အ​သံ​ကို​ၾကား​ေတာ္​မူ၍၊ ဘု​ရား​သ​ခင္၏​ေကာင္း​ကင္​တ​မန္​က၊ ဟာ​ဂ​ရ၊ သင္၌​အ​ဘယ္​အ​မႈ​႐ွိ​သ​နည္း။ မ​စိုး​ရိမ္​ႏွင့္။ လု​လင္​ေန​ေသာ​အ​ရပ္​ထဲ​က သူ၏​အ​သံ​ကို ဘု​ရား​သ​ခင္​ၾကား​ေတာ္​မူ​ၿပီ။ ထ​ေလာ့။ လု​လင္​ကို​ႂကြ၍ လက္​ႏွင့္​မ​ေလာ့။ ငါ​သည္​သူ႕​ကို လူ​မ်ိဳး​ႀကီး​ျဖစ္​ေစ​မည္​ဟု ေကာင္း​ကင္​ထဲ​က​ေခၚ၍ ဟာ​ဂ​ရ​အား​ႁမြက္​ဆို၏။ ထို​အ​ခါ ဘု​ရား​သ​ခင္​သည္ ဟာ​ဂ​ရ၏​မ်က္​စိ​ကို​ဖြင့္​ေတာ္​မူ​သ​ျဖင့္၊ သူ​သည္​ေရ​တြင္း​ကို​ျမင္​ေလ​ေသာ္၊ သြား၍​ဘူး​ကို ေရ​ျဖည့္​ၿပီး​လွ်င္၊ လု​လင္​အား ေရ​ကို​တိုက္​ေလ၏။” (ကမ႓ာဦး-၂၁:၁၇-၁၉)


ဘယ္သူမွမၾကားေပမယ့္လည္း ဘုရားၾကားပါတယ္

တစ္ခါတစ္ေလ ကိုယ့္အနားမွာဘယ္သူမွမ႐ွိဘူး၊ ကိုယ့္အသံကို ဘယ္သူမွမၾကားဘူးဆိုၿပီးေတာ့အား ငယ္တဲ့အခ်ိန္ေတြ၊ စိတ္ဓါတ္က်တဲ့အခ်ိန္ေတြ လူတိုင္းမွာ႐ွိတတ္ၾကပါတယ္။ ဒီအေျခအေနကေန ႐ုန္းထြက္ဖို႔အတြက္ ေကာက္႐ိုးေလးတမွ်င္ေတာင္ မ႐ွိေတာ့ဘူးလားလို႔ ထင္ရတဲ့အခ်ိန္ေတြ ၾကဳံတတ္ေပမယ့္၊ သင့္အနားမွာ ဘယ္သူမွမ႐ွိေပမယ့္၊ သင့္အသံကိုဘယ္သူမွမၾကားႏိုင္ေပမယ့္ ဘုရားကေတာ့ၾကားပါေသးတယ္။ ဘယ္လိုလူ မ်ိဳး၊ ဘယ္လိုအသားအေရာင္နဲ႔ အဆင့္အတန္းမဆိုမခြဲ ျခားပဲ 'ငါ့ကိုေခၚေလာ့ ငါထူးမည္လို႔' အမိန္႔႐ွိတဲ့ ဘုရားကေတာ့ ဆင္းရဲသားေတြရဲ႕ေအာ္သံ၊ အခက္အခဲေတြေအာက္မွာ ျပားျပားေမွာက္ၿပီးေနာက္ဆုံး အခ်ိန္ေရာက္ေနတဲ့ သူေတြရဲ႕ေခၚသံကို သိမွတ္ေပးတဲ့ ဘုရားပါ။ ကိုယ္ေကာင္းလို႔၊ အရမ္းျပည့္စုံလို႔မဟုတ္ပါဘူး သူရဲ႕တဖက္သတ္ခ်စ္ျခင္းေမတၱာသက္သက္ေၾကာင့္ရယ္ပါ။

အာျဗဟံ သူ႕ကြၽန္မနဲ႔ ကေလးရတဲ့အခါမွာ ကြၽန္မကသေဘာထား ေျပာင္းလာတယ္။ ဒါနဲ႔ အိမ္တြင္းအဆင္မေျပမႈေတြ အစျပဳခဲ့ၿပီးေတာ့ သူနဲ႔ရတဲ့သားကလည္း ဣဇါက္ကို ဆဲေရးတဲ့အထိ ႀကီးက်ယ္လာခဲ့တယ္။ ေနာက္ဆုံး အာျဗဟံက သူတို႔သားအမိေတြကို ခြဲခြာၿပီးေတာ့ေနဖို႔ လုပ္ရတဲ့အထိ ျဖစ္လာခဲ့တယ္။ ဒီလိုနဲ႔ ကႏၲာရထဲေရာက္ၿပီး ေရမ႐ွိတဲ့အခါမွာ ခင္ပြန္းသည္ရဲ႕ စြန္႔ပစ္ခံရတဲ့ အမ်ိဳးသမီး၊ ကူရာမဲ့ ဘ၀နဲ႔ ေရမ႐ွိတဲ့ေနရာမွာ ေသရမလို ျဖစ္ခဲ့ၿပီး သူ႕ရဲ႕သားက ေရငတ္လြန္းလို႔ ေအာ္ငိုေနတာကိုမိခင္တစ္ေယာက္အေနနဲ႔မၾကည့္ရက္ႏိုင္ေတာ့တဲ့အဆုံးအေဝးမွာ ထားခဲ့ၿပီးေတာ့ ေသရမယ့္အခ်ိန္ကို ေစာင့္ၾကည့္ေနခဲ့ရတယ္။ လူ႕အေနနဲ႔ကေတာ့ ဒါေနာက္ ဆုံးေမွ်ာ္လင့္ရာအမဲ့ဆုံးအခ်ိန္ပါပဲ။ ဒါေပမယ့္ ဘုရားကသူတို႔ကို မစြန္႔ပစ္ပါဘူး။ ေကာင္းကင္တမန္ကိုေစလႊတ္ခဲ့ၿပီးေတာ့ ဟာဂရရဲ႕မ်က္စိကို ဖြင့္ေပးခဲ့တယ္။ တကယ္ဆို ေရတြင္းက အဲ့ဒီမွာ႐ွိၿပီးသားပါ သူမျမင္ခဲ့တာပါ။ ဘုရားက ဟာဂရတို႔သားအမိအတြက္ ကႏၲာရထဲမွာ အိုေအစစ္ကို ျပင္ဆင္ထားၿပီးသားပါ။ ကြၽန္ေတာ္တို႔မ်က္စိနဲ႔မျမင္တာနဲ႔ မ႐ွိဘူးလို႔မထင္လိုက္ပါနဲ႔။ မျမင္ရတဲ့နယ္ပယ္မွာ ဘုရားက တစ္ေယာက္ခ်င္းစီတိုင္းအတြက္ လိုအပ္တဲ့ အကူအညီေတြ၊ လိုအပ္ခ်က္ေတြအားလုံးကို ျပင္ဆင္ထားၿပီးသား။ ဘုရားက မ်က္စိဖြင့္ေပးပဲလိုတယ္။ သင္ အခုအခ်ိန္မွာ လိုအပ္တဲ့အရာ၊ လူေတြမကူညီႏိုင္တဲ့အရာျဖစ္ေကာင္းျဖစ္မယ္ ဒါေပမယ့္ဘုရားကအခ်ိန္မွီေထာက္ ပံ့မယ္၊ သင့္ကို မ်က္စိဖြင့္ေပးလိမ့္မယ္။ တခ်ိဳ႕ေသာျပႆနာေတြရဲ႕အေျဖက မ႐ွိတာမဟုတ္ဘူး မျမင္တာပါ။ အဲ့ဒီလိုျမင္ဖို႔အတြက္ ဘုရားက ဖြင့္ေပးမွရတယ္မဟုတ္လား။ ဒါေၾကာင့္မစိုးရိမ္နဲ႔ သင့္အတြက္ လိုအပ္ဆုံးေသာအရာအားလုံး ဘုရားကအခ်ိန္မွီျပင္ဆင္ထားၿပီးသားဆိုတာယုံပါ။မၾကာခင္ျမင္ေတြ႕ရမယ္။

7 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube