Search
  • Than Min Htike

ပြင်ဆင်ထားပြီးသား (၂)

“ထို​အ​ရပ်​ကို ယေ​ဟော​ဝါ​ယိ​ရေ​ဟု အာ​ဗြ​ဟံ​သ​မုတ်​လေ၏။ ထို​သို့​နှင့်​အ​ညီ၊ တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​တော်​မူ​မည်​ဟု ယ​နေ့​တိုင်​အောင်​ဆို​လေ့​ရှိ​သ​တည်း။”

(ကမ္ဘာဦး-၂၂:၁၄)


ပြင်ဆင်ထားတဲ့နေရာကို သွားပါ

လူတွေက ဘုရားပြင်ဆင်ထားတဲ့ အရာတွေကို မြင်တွေ့ခံစားချင်ပေမယ့် ခက်တာက လက်ရှိနေရာ၊လက် ရှိဘ၀ကနေ ထွက်ခွာဖို့ကြတော့လည်း ဆန္ဒမရှိကြဘူး။ ဘုရားသခင်ပြင်ဆင်ထားတဲ့ အရာတွေကိုမြင်တွေ့ဖို့က တော့သေချာတယ် သူ့စကားအတိုင်း အ‌ရွှေ့အပြောင်းတွေမှာပါဝင်ဖို့ အရေးကြီးတယ်။ ပရောဖက်ကြီး ဧလိယတောင်မှ မိုးခေါင်ရေရှားတဲ့အခါမှာ တစ်နေရာထဲမှာ ဘုရားက မကျွေးမွေးခဲ့ဘူး။ ပထမတော့ခေရိတ်ချောင်းနားမှာ ကျီးအအားဖြင့် ဘုရားက ကျွေးမွေးခဲ့ပြီးတော့နောက်မှာ မုဆိုးမအိမ်ကိုပြောင်းရွှေ့ ပြင်ဆင်ခဲ့တယ်။ ဘုရားက မုဆိုးမ အိမ်ကိုသွားခိုင်းတဲ့အခါမှာ ပရောဖက်ကြီးက လက်ရှိနေရာမှာပဲ နေခဲ့မယ်ဆိုရင် ဘာဖြစ်မယ်ထင်သလဲ၊ ဘုရားပြင်ဆင်ထားတဲ့ ထောက်ပံ့ခြင်းကို မြင်တွေ့ရတော့မှာမဟုတ်ဘူး။ တချို့က ဘုရားမထောက်ပံ့ဘူး၊ မပြင်ဆင်ထားဘူးဆိုပြီးတော့ အပြစ်တင်နေတယ်။ကိုယ်ကတော့ဘုရားပြင်ဆင်ထားတဲ့နေရာကိုရွှေ့ဖို့ပျက် ကွက်တာကျတော့ မမြင်ကြဘူး။ ဘုရားပြင်ဆင်ထားတဲ့ အရာတွေကို အသက်တာထဲမှာအချိန်ကိုက်မြင်တွေ့ရဖို့ကိုယ်တိုင်လည်း ဘုရားရဲ့ အချိန်နာရီထဲမှာ လိုက်ပါစီးမျောဖို့လိုအပ်တယ်။ အာဗြဟံက ဘုရားရဲ့စစ်ဆေးခြင်းခံရတဲ့ အချိန်မှာ သူ့ရဲ့ တစ်ဦးတည်းသောသားကိုယဇ်ပူ ဇော်ဖို့ ဘုရားဖေါ်ပြတဲ့ တောင်ကိုလာခဲ့ရတယ်။ နောက် ငယ်သားတွေကိုထားခဲ့ပြီးတော့ သူ့သားအပေါ်မှာထင်းကိုတင် မီးကိုယူပြီးတော့ တောင်ပေါ်တက်ခဲ့တယ်။ တစ်ယောက်ထဲရှိပါတယ်ဆိုမှ ဘုရားကအဲ့ဒီအရာကိုမှတောင်းဆိုတယ်။ ဒီနေရာမှာ အာဗြဟံအတွက် ဘယ်လောက်ခက်ခဲမယ်ဆိုတာ ဖခင်တိုင်းခံစားကြည့်လို့ရနိုင်ပါတယ်။


ပေးချင်လို့တောင်းတာပါ

ဘုရားက သင့်ဆီကနေ တစ်စုံတစ်ခုတောင်းတယ်ဆိုတာ အဲ့ဒီအရာထက်ပိုကောင်းတာကိုပြန်ပေးချင်လို့ပါ။ အာဗြဟံဆီက တစ်ဦးတည်းသားကိုတောင်းတယ်ဆိုတာ အဲ့ဒါထက်ပိုကောင်းတဲ့အစီအစဉ် ဘုရားပြင်ဆင်ထားတာရှိလို့ပါ။ ဘုရားကဘယ်တော့မှ အချည်းအနှီး အလုပ်မလုပ်ဘူး။ အမြဲတမ်း ကြီးမားတဲ့ အကြံအစည်တွေနဲ့ပဲပြည့်နှက်နေတာပါ။ ဘုရားရဲ့စကားကိုနားထောင်ပြီးတော့ ဘုရားပြတဲ့ တောင်ပေါ်ရောက်တဲ့အခါမှာ အံ့ဩဖွယ် ဘုရားပြင်ဆင်တဲ့အရာမြင်တွေ့ခွင့်ရခဲ့တယ်၊အဲ့ဒီနေရာမှာ အာဗြဟံက "ယေဟောဝါယိရေ"လို့သမုတ်ခဲ့တယ်။ တောင်ပေါ်မှာ ဘုရားသခင်ပြင်ဆင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒီနေ့ ဘာကြောင့် ဘုရားက သားနေရာမှာ ပူဇော်ဖို့ သိုးကို ဒီနေရာမှာ လာထားတာလည်း ဆိုရင်ရှင်းပါတယ် တချို့သော စစ်ဆေးခြင်းတွေက အချိန်မီမရောက်ရင်၊ သတ်မှတ်ထားတဲ့နေရာမရောက်ရင် ဘုရားပြင်ဆင်ထားတာကိုမြင်တွေ့ရမှာမဟုတ်ဘူး။ တချို့က ဘုရားပြောတဲ့အတိုင်း အဆုံးတိုင်မလုပ်ပဲ တစ်ဝက်တစ် ပျက်လောက်လုပ်ပြီးတော့ ဘုရားကိုအထင်လွဲသွားတာလည်းရှိတယ်။ ဘုရား အချိန်မီမထောက်ပံ့ဘူး၊ ဘုရားက ဘယ်လိုကြီးလည်း တစ်ဦးတည်းသာသားကိုတောင်းတယ်ဆိုတော့ စသဖြင့် အတွေးအခေါ်ထဲမှာ မှားသွားနိုင်တယ်။ အဆုံးအထိ မလုပ်ပဲနဲ့၊ ဘုရားပြောတဲ့အတိုင်းမလုပ်ပဲနဲ့ ဘုရားပြင်ဆင်ထားတာကိုမမြင်တွေ့နိုင်သလို ဘုရားနှလုံးသားကိုလည်း သိခွင့်ရမှာမဟုတ်ဘူး။ တကယ်ဆို ဘုရားက အာဗြဟံကိုစုံစမ်းတယ်ဆိုတာ သူဘယ်လို လုပ်ဆောင်ထားသလည်းဆိုတာရယ် သူ့ရဲ့နှလုံးသားကိုသိစေချင်တာပါ။ အဲ့ဒီအကျိုးဆက်က သူ့ရဲ့တပါးတည်းသား‌တော်ကိုလည်းလူသားတွေအတွက် ဘုရားကပြန်ပေးမယ်ဆိုတဲ့ သာပြီးကောင်းတဲ့အကြံအ စည်ကို အာဗြဟံသိခွင့်ရခဲ့တယ်။ ဒါကြောင့် သင့်ဘ၀ရဲ့လိုအပ်တဲ့အရာရာကိုဘုရားက ပြင်ဆင်ထားပြီးသားဆိုတာကို စိတ်ချပြီးတော့ဘုရားပြောတဲ့စကားအတိုင်း အသက်တာကိုစီးမျောစေဖို့မမေ့နဲ့။



Zawgyi

ျပင္ဆင္ထားၿပီးသား (၂)

“ထို​အ​ရပ္​ကို ေယ​ေဟာ​ဝါ​ယိ​ေရ​ဟု အာ​ျဗ​ဟံ​သ​မုတ္​ေလ၏။ ထို​သို႔​ႏွင့္​အ​ညီ၊ ေတာင္​ေပၚ​မွာ ထာ​ဝ​ရ​ဘု​ရား​ျပင္​ဆင္​ေတာ္​မူ​မည္​ဟု ယ​ေန႔​တိုင္​ေအာင္​ဆို​ေလ့​႐ွိ​သ​တည္း။”

(ကမ႓ာဦး-၂၂:၁၄)


ျပင္ဆင္ထားတဲ့ေနရာကို သြားပါ

လူေတြက ဘုရားျပင္ဆင္ထားတဲ့ အရာေတြကို ျမင္ေတြ႕ခံစားခ်င္ေပမယ့္ ခက္တာက လက္႐ွိေနရာ၊လက္ ႐ွိဘ၀ကေန ထြက္ခြာဖို႔ၾကေတာ့လည္း ဆႏၵမ႐ွိၾကဘူး။ ဘုရားသခင္ျပင္ဆင္ထားတဲ့ အရာေတြကိုျမင္ေတြ႕ဖို႔က ေတာ့ေသခ်ာတယ္ သူ႕စကားအတိုင္း အ‌ေ႐ႊ႕အေျပာင္းေတြမွာပါဝင္ဖို႔ အေရးႀကီးတယ္။ ပေရာဖက္ႀကီး ဧလိယေတာင္မွ မိုးေခါင္ေရ႐ွားတဲ့အခါမွာ တစ္ေနရာထဲမွာ ဘုရားက မေကြၽးေမြးခဲ့ဘူး။ ပထမေတာ့ေခရိတ္ေခ်ာင္းနားမွာ က်ီးအအားျဖင့္ ဘုရားက ေကြၽးေမြးခဲ့ၿပီးေတာ့ေနာက္မွာ မုဆိုးမအိမ္ကိုေျပာင္းေ႐ႊ႕ ျပင္ဆင္ခဲ့တယ္။ ဘုရားက မုဆိုးမ အိမ္ကိုသြားခိုင္းတဲ့အခါမွာ ပေရာဖက္ႀကီးက လက္႐ွိေနရာမွာပဲ ေနခဲ့မယ္ဆိုရင္ ဘာျဖစ္မယ္ထင္သလဲ၊ ဘုရားျပင္ဆင္ထားတဲ့ ေထာက္ပံ့ျခင္းကို ျမင္ေတြ႕ရေတာ့မွာမဟုတ္ဘူး။ တခ်ိဳ႕က ဘုရားမေထာက္ပံ့ဘူး၊ မျပင္ဆင္ထားဘူးဆိုၿပီးေတာ့ အျပစ္တင္ေနတယ္။ကိုယ္ကေတာ့ဘုရားျပင္ဆင္ထားတဲ့ေနရာကိုေ႐ႊ႕ဖို႔ပ်က္ ကြက္တာက်ေတာ့ မျမင္ၾကဘူး။ ဘုရားျပင္ဆင္ထားတဲ့ အရာေတြကို အသက္တာထဲမွာအခ်ိန္ကိုက္ျမင္ေတြ႕ရဖို႔ကိုယ္တိုင္လည္း ဘုရားရဲ႕ အခ်ိန္နာရီထဲမွာ လိုက္ပါစီးေမ်ာဖို႔လိုအပ္တယ္။ အာျဗဟံက ဘုရားရဲ႕စစ္ေဆးျခင္းခံရတဲ့ အခ်ိန္မွာ သူ႕ရဲ႕ တစ္ဦးတည္းေသာသားကိုယဇ္ပူ ေဇာ္ဖို႔ ဘုရားေဖၚျပတဲ့ ေတာင္ကိုလာခဲ့ရတယ္။ ေနာက္ ငယ္သားေတြကိုထားခဲ့ၿပီးေတာ့ သူ႕သားအေပၚမွာထင္းကိုတင္ မီးကိုယူၿပီးေတာ့ ေတာင္ေပၚတက္ခဲ့တယ္။ တစ္ေယာက္ထဲ႐ွိပါတယ္ဆိုမွ ဘုရားကအဲ့ဒီအရာကိုမွေတာင္းဆိုတယ္။ ဒီေနရာမွာ အာျဗဟံအတြက္ ဘယ္ေလာက္ခက္ခဲမယ္ဆိုတာ ဖခင္တိုင္းခံစားၾကည့္လို႔ရႏိုင္ပါတယ္။


ေပးခ်င္လို႔ေတာင္းတာပါ

ဘုရားက သင့္ဆီကေန တစ္စုံတစ္ခုေတာင္းတယ္ဆိုတာ အဲ့ဒီအရာထက္ပိုေကာင္းတာကိုျပန္ေပးခ်င္လို႔ပါ။ အာျဗဟံဆီက တစ္ဦးတည္းသားကိုေတာင္းတယ္ဆိုတာ အဲ့ဒါထက္ပိုေကာင္းတဲ့အစီအစဥ္ ဘုရားျပင္ဆင္ထားတာ႐ွိလို႔ပါ။ ဘုရားကဘယ္ေတာ့မွ အခ်ည္းအႏွီး အလုပ္မလုပ္ဘူး။ အၿမဲတမ္း ႀကီးမားတဲ့ အၾကံအစည္ေတြနဲ႔ပဲျပည့္ႏွက္ေနတာပါ။ ဘုရားရဲ႕စကားကိုနားေထာင္ၿပီးေတာ့ ဘုရားျပတဲ့ ေတာင္ေပၚေရာက္တဲ့အခါမွာ အံ့ဩဖြယ္ ဘုရားျပင္ဆင္တဲ့အရာျမင္ေတြ႕ခြင့္ရခဲ့တယ္၊အဲ့ဒီေနရာမွာ အာျဗဟံက "ေယေဟာဝါယိေရ"လို႔သမုတ္ခဲ့တယ္။ ေတာင္ေပၚမွာ ဘုရားသခင္ျပင္ဆင္တယ္လို႔ အဓိပၸါယ္ရတယ္။ ဒီေန႔ ဘာေၾကာင့္ ဘုရားက သားေနရာမွာ ပူေဇာ္ဖို႔ သိုးကို ဒီေနရာမွာ လာထားတာလည္း ဆိုရင္႐ွင္းပါတယ္ တခ်ိဳ႕ေသာ စစ္ေဆးျခင္းေတြက အခ်ိန္မီမေရာက္ရင္၊ သတ္မွတ္ထားတဲ့ေနရာမေရာက္ရင္ ဘုရားျပင္ဆင္ထားတာကိုျမင္ေတြ႕ရမွာမဟုတ္ဘူး။ တခ်ိဳ႕က ဘုရားေျပာတဲ့အတိုင္း အဆုံးတိုင္မလုပ္ပဲ တစ္ဝက္တစ္ ပ်က္ေလာက္လုပ္ၿပီးေတာ့ ဘုရားကိုအထင္လြဲသြားတာလည္း႐ွိတယ္။ ဘုရား အခ်ိန္မီမေထာက္ပံ့ဘူး၊ ဘုရားက ဘယ္လိုႀကီးလည္း တစ္ဦးတည္းသာသားကိုေတာင္းတယ္ဆိုေတာ့ စသျဖင့္ အေတြးအေခၚထဲမွာ မွားသြားႏိုင္တယ္။ အဆုံးအထိ မလုပ္ပဲနဲ႔၊ ဘုရားေျပာတဲ့အတိုင္းမလုပ္ပဲနဲ႔ ဘုရားျပင္ဆင္ထားတာကိုမျမင္ေတြ႕ႏိုင္သလို ဘုရားႏွလုံးသားကိုလည္း သိခြင့္ရမွာမဟုတ္ဘူး။ တကယ္ဆို ဘုရားက အာျဗဟံကိုစုံစမ္းတယ္ဆိုတာ သူဘယ္လို လုပ္ေဆာင္ထားသလည္းဆိုတာရယ္ သူ႕ရဲ႕ႏွလုံးသားကိုသိေစခ်င္တာပါ။ အဲ့ဒီအက်ိဳးဆက္က သူ႕ရဲ႕တပါးတည္းသား‌ေတာ္ကိုလည္းလူသားေတြအတြက္ ဘုရားကျပန္ေပးမယ္ဆိုတဲ့ သာၿပီးေကာင္းတဲ့အၾကံအ စည္ကို အာျဗဟံသိခြင့္ရခဲ့တယ္။ ဒါေၾကာင့္ သင့္ဘ၀ရဲ႕လိုအပ္တဲ့အရာရာကိုဘုရားက ျပင္ဆင္ထားၿပီးသားဆိုတာကို စိတ္ခ်ၿပီးေတာ့ဘုရားေျပာတဲ့စကားအတိုင္း အသက္တာကိုစီးေမ်ာေစဖို႔မေမ့နဲ႔။

3 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube