Search
  • Than Min Htike

ပြင်ဆင်ထားပြီးသား(၃)

“ငါ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မေ​တ္တာ​အား​ဖြင့် သန့်​ရှင်း​လျက်၊ အ​ပြစ်​ကင်း​လွတ်​လျက် ဖြစ်​မည်​အ​ကြောင်း၊- ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ငါ​တို့​ကို ခ​ရစ်​တော်၌ ရွေး​ကောက်​တော်​မူ​သည်​နှင့်​အ​ညီ။ ကောင်း​ကင်​ဘုံ​နှင့် ဆိုင်​သော​အ​ရာ​တို့၌ ခပ်​သိမ်း​သော ဓ​မ္မ​မင်္ဂ​လာ​တို့​ကို ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-” (ဧ-၁:၃-၄)


အမြဲကြိုပြီးလုပ်တယ်

ဘုရားက တစ်ခုခုလုပ်တော့မယ်ဆိုရင် ဘယ်တော့မှ အချိန်အနီးကပ်ရောက်ခါနီးမှ မလုပ်ဘူး။ အမြဲတမ်းကြိုတင်ပြင်ဆင်ပြီးတော့ လုပ်လေ့ရှိတယ်။ ဘုရားရဲ့အလေ့အလာကိုသဘောပေါက်တယ်ဆိုရင် ဘာမှအရမ်းကြီးစိတ်ပူစရာမလိုဘူး။ သင့်ဘ၀ရဲ့လိုအပ်ချက်တွေ၊ အခက်အခဲတွေကိုဖြေရှင်းဖို့ လိုအပ်တဲ့အရာတွေကို ဘုရားက အရင်ကတည်းက ကြိုတင်ပြင်ထားပြီးသား။ ဘုရားရဲ့ အလေ့အလာကိုသဘောမပေါက်တဲ့သူကပဲ စိုးရိမ်တတ်ကြတာပါ။ ဘုရားက သင်ဆုမတောင်းခင်ကပင် အဖြေပြင်ပြီးသားပါ။ သင်မခေါ်ခင်ကပင် ထူးဖို့အသင့်ပြင်ထားပြီးသား။ သင့်လက်မလှမ်းခင်ကပင်သူလက်ပေးဖို့ ဆန့်တန်းထားပြီးသားဆိုတာ ဘယ်တော့မှမမေ့နဲ့။

အိမ်မက်ကြောင့်အကိုတွေရဲ့မုန်းတီးမှုကိုခံရတဲ့ယောသပ်ကိုမှတ်မိတယ်မဟုတ်လား။ သူ့ရဲ့အိမ်မက်ကို ပျက်ဆီးစေဖို့အတွက် ရေတွင်းပျက်ထဲမှာချပစ်ခြင်းခံရတဲ့အခါမှာ အဲ့ဒီအနီးအနားကို ဣရှမေလ လူတွေရောက်လာကြတယ်။ အဲ့ဒီအခါမှာ ယုဒက သူတို့ဆီကိုရောင်းလိုက်ဖို့ အကြံပေးတယ်။ အဲ့ဒီလိုပေးတဲ့အခါမှာ ဣရှမေလ တွေကသူတို့နဲ့ညီအကိုတော်စပ်လို့ တစိမ်းဆိုရင်ရောင်းမှာမဟုတ်ဘူး။ ဒါကြောင့်တွင်းထဲမှာ သေမယ့်ယောသပ်ကို ကယ်ဖို့ဘုရားက ဣရှမေလ တွေကို အဲ့ဒီအနားကိုစေလွှတ်ခဲ့တယ်။ အဲ့ဒီလို ညီအကိုတော်စပ်တဲ့သူတွေထံရောင်းဖို့ဆိုတာက အဆိုးထဲကအကောင်းလို့ပြောရမယ်၊ သေမယ့်အစားဘုရားက လဲလှယ်အစားထိုးပေးလိုက်တာပါ။ တချို့အခက်အခဲတွေက ပိုဆိုးတဲ့ ဘေးဒုက္ခတွေနဲ့ လဲလှယ်ပေးလိုက်တယ်ဆိုတာ လူတချို့က သတိမထားမိကြဘူး။ အဲ့ဒီဣရှမေလတွေတချိန်တုန်းက အာဗြဟံက အိမ်ကနေ မောင်းထုတ်ဖို့အတွက် အရမ်းခက်ခဲခဲ့တယ်။ စာရာနဲ့အဆင်မပြေဖြစ်ပြီးတော့ အိမ်ကနှင်ခိုင်းတဲ့အခါမှာ အာဗြဟံကသူ့ရဲ့အသွေးအသားဖြစ်လို့ မလုပ်ချင်ခဲ့ဘူး။ ဒါပေမယ့် ဘုရားက လုပ်ဖို့ အားပေးခဲ့တယ်။အရမ်းခက်ပေမယ့် ဘုရားစကားနားထောင်ခဲ့တဲ့ အာဗြဟံဟာ အနာဂတ်မှာ ရူပါရုံနဲ့ သွားလာမယ့်သူရဲ့မျိုးဆက်ကိုသေဘေးကနေ လွတ်ဖို့အတွက် လမ်းပြင်ဆင်သလို ဖြစ်စေခဲ့တယ်မဟုတ်လား ။ ဘုရားစကားနားထောင်တယ်ဆိုတာ ဘယ်တော့မှ မရှုံးဘူး။ အခုချက်ခြင်း ကောင်းကြီးမရရင်တောင် သားစဉ်မြေးဆက် အတွက်ကောင်းကြီးဖြစ်စေမယ်ဆိုတာ စိတ်ချပါ။ အဲ့ဒီတုန်းကအာဗြဟံသာ ဘုရားစကားနားမထောင်ခဲ့ရင် ယောသပ်တော့ မတွေးဝံ့စရာပဲ။ အာဗြဟံက ပထမဘုရားစကားနားမထောင်ခဲ့တဲ့အမှားကို ဒုတိယ နားထောင်ခြင်းနဲ့ဖြေရှင်းခဲ့တယ်။ ဒါကြောင့် ဘုရားက အဲ့ဒီအရာကိုကုစားပေးခဲ့တယ်။ ဘုရားစကားနားမထောင်လို့ကြုံရတဲ့ အခက်အခဲတွေ ဘုရားစကားနားထောင်ပြီးပဲ ဖြေရှင်းလို့ရတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းလေပိုဆိုးလေပဲဖြစ်မှာ။ ဒါကြောင့် ကြိုတင်ပြင်ဆင်တတ်တဲ့ ဘုရား ရဲ့စကားနားထောင်ရင် သင့်အသက်တာအနာဂတ်ကိုလဲ ပြင်ဆင်ပြီးသားဖြစ်မယ်ဆိုတာ မမေ့နဲ့။



Zawgyi

ျပင္ဆင္ထားၿပီးသား(၃)

“ငါ​တို႔​သည္ ဘု​ရား​သ​ခင့္​ေ႐ွ႕​ေတာ္၌ ေမ​တၱာ​အား​ျဖင့္ သန္႔​႐ွင္း​လ်က္၊ အ​ျပစ္​ကင္း​လြတ္​လ်က္ ျဖစ္​မည္​အ​ေၾကာင္း၊- ဤ​က​မ႓ာ​မ​တည္​မ​႐ွိ​မီ ငါ​တို႔​ကို ခ​ရစ္​ေတာ္၌ ေ႐ြး​ေကာက္​ေတာ္​မူ​သည္​ႏွင့္​အ​ညီ။ ေကာင္း​ကင္​ဘုံ​ႏွင့္ ဆိုင္​ေသာ​အ​ရာ​တို႔၌ ခပ္​သိမ္း​ေသာ ဓ​မၼ​မဂၤ​လာ​တို႔​ကို ခ​ရစ္​ေတာ္​အား​ျဖင့္ ငါ​တို႔​အား ေပး​သ​နား​ေတာ္​မူ​ေသာ ငါ​တို႔​သ​ခင္​ေယ​႐ႈ​ခ​ရစ္၏ ခ​မည္း​ေတာ္​ဘု​ရား​သ​ခင္​သည္ မဂၤ​လာ​႐ွိ​ေတာ္​မူ​ေစ​သ​တည္း။-” (ဧ-၁:၃-၄)


အၿမဲႀကိဳၿပီးလုပ္တယ္

ဘုရားက တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ဘယ္ေတာ့မွ အခ်ိန္အနီးကပ္ေရာက္ခါနီးမွ မလုပ္ဘူး။ အၿမဲတမ္းႀကိဳတင္ျပင္ဆင္ၿပီးေတာ့ လုပ္ေလ့႐ွိတယ္။ ဘုရားရဲ႕အေလ့အလာကိုသေဘာေပါက္တယ္ဆိုရင္ ဘာမွအရမ္းႀကီးစိတ္ပူစရာမလိုဘူး။ သင့္ဘ၀ရဲ႕လိုအပ္ခ်က္ေတြ၊ အခက္အခဲေတြကိုေျဖ႐ွင္းဖို႔ လိုအပ္တဲ့အရာေတြကို ဘုရားက အရင္ကတည္းက ႀကိဳတင္ျပင္ထားၿပီးသား။ ဘုရားရဲ႕ အေလ့အလာကိုသေဘာမေပါက္တဲ့သူကပဲ စိုးရိမ္တတ္ၾကတာပါ။ ဘုရားက သင္ဆုမေတာင္းခင္ကပင္ အေျဖျပင္ၿပီးသားပါ။ သင္မေခၚခင္ကပင္ ထူးဖို႔အသင့္ျပင္ထားၿပီးသား။ သင့္လက္မလွမ္းခင္ကပင္သူလက္ေပးဖို႔ ဆန္႔တန္းထားၿပီးသားဆိုတာ ဘယ္ေတာ့မွမေမ့နဲ႔။

အိမ္မက္ေၾကာင့္အကိုေတြရဲ႕မုန္းတီးမႈကိုခံရတဲ့ေယာသပ္ကိုမွတ္မိတယ္မဟုတ္လား။ သူ႕ရဲ႕အိမ္မက္ကို ပ်က္ဆီးေစဖို႔အတြက္ ေရတြင္းပ်က္ထဲမွာခ်ပစ္ျခင္းခံရတဲ့အခါမွာ အဲ့ဒီအနီးအနားကို ဣ႐ွေမလ လူေတြေရာက္လာၾကတယ္။ အဲ့ဒီအခါမွာ ယုဒက သူတို႔ဆီကိုေရာင္းလိုက္ဖို႔ အၾကံေပးတယ္။ အဲ့ဒီလိုေပးတဲ့အခါမွာ ဣ႐ွေမလ ေတြကသူတို႔နဲ႔ညီအကိုေတာ္စပ္လို႔ တစိမ္းဆိုရင္ေရာင္းမွာမဟုတ္ဘူး။ ဒါေၾကာင့္တြင္းထဲမွာ ေသမယ့္ေယာသပ္ကို ကယ္ဖို႔ဘုရားက ဣ႐ွေမလ ေတြကို အဲ့ဒီအနားကိုေစလႊတ္ခဲ့တယ္။ အဲ့ဒီလို ညီအကိုေတာ္စပ္တဲ့သူေတြထံေရာင္းဖို႔ဆိုတာက အဆိုးထဲကအေကာင္းလို႔ေျပာရမယ္၊ ေသမယ့္အစားဘုရားက လဲလွယ္အစားထိုးေပးလိုက္တာပါ။ တခ်ိဳ႕အခက္အခဲေတြက ပိုဆိုးတဲ့ ေဘးဒုကၡေတြနဲ႔ လဲလွယ္ေပးလိုက္တယ္ဆိုတာ လူတခ်ိဳ႕က သတိမထားမိၾကဘူး။ အဲ့ဒီဣ႐ွေမလေတြတခ်ိန္တုန္းက အာျဗဟံက အိမ္ကေန ေမာင္းထုတ္ဖို႔အတြက္ အရမ္းခက္ခဲခဲ့တယ္။ စာရာနဲ႔အဆင္မေျပျဖစ္ၿပီးေတာ့ အိမ္ကႏွင္ခိုင္းတဲ့အခါမွာ အာျဗဟံကသူ႕ရဲ႕အေသြးအသားျဖစ္လို႔ မလုပ္ခ်င္ခဲ့ဘူး။ ဒါေပမယ့္ ဘုရားက လုပ္ဖို႔ အားေပးခဲ့တယ္။အရမ္းခက္ေပမယ့္ ဘုရားစကားနားေထာင္ခဲ့တဲ့ အာျဗဟံဟာ အနာဂတ္မွာ ႐ူပါ႐ုံနဲ႔ သြားလာမယ့္သူရဲ႕မ်ိဳးဆက္ကိုေသေဘးကေန လြတ္ဖို႔အတြက္ လမ္းျပင္ဆင္သလို ျဖစ္ေစခဲ့တယ္မဟုတ္လား ။ ဘုရားစကားနားေထာင္တယ္ဆိုတာ ဘယ္ေတာ့မွ မ႐ႈံးဘူး။ အခုခ်က္ျခင္း ေကာင္းႀကီးမရရင္ေတာင္ သားစဥ္ေျမးဆက္ အတြက္ေကာင္းႀကီးျဖစ္ေစမယ္ဆိုတာ စိတ္ခ်ပါ။ အဲ့ဒီတုန္းကအာျဗဟံသာ ဘုရားစကားနားမေထာင္ခဲ့ရင္ ေယာသပ္ေတာ့ မေတြးဝံ့စရာပဲ။ အာျဗဟံက ပထမဘုရားစကားနားမေထာင္ခဲ့တဲ့အမွားကို ဒုတိယ နားေထာင္ျခင္းနဲ႔ေျဖ႐ွင္းခဲ့တယ္။ ဒါေၾကာင့္ ဘုရားက အဲ့ဒီအရာကိုကုစားေပးခဲ့တယ္။ ဘုရားစကားနားမေထာင္လို႔ၾကဳံရတဲ့ အခက္အခဲေတြ ဘုရားစကားနားေထာင္ၿပီးပဲ ေျဖ႐ွင္းလို႔ရတယ္။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ေျဖ႐ွင္းေလပိုဆိုးေလပဲျဖစ္မွာ။ ဒါေၾကာင့္ ႀကိဳတင္ျပင္ဆင္တတ္တဲ့ ဘုရား ရဲ႕စကားနားေထာင္ရင္ သင့္အသက္တာအနာဂတ္ကိုလဲ ျပင္ဆင္ၿပီးသားျဖစ္မယ္ဆိုတာ မေမ့နဲ႔။

8 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube