Search
  • Than Min Htike

ပြင်ဆင်ထားပြီးသား(၄)

“မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် သစ်​ပင်​တစ်​ပင်​ကို​ပြ​တော်​မူ၏။ ထို​အ​ပင်​ကို​ရေ​ထဲ​သို့​ချ​ပြီး​လျှင်၊ ရေ​သည်​ချို​လေ​၏။ ထို​အ​ရပ်၌ သူ​တို့​ကို​စုံ​စမ်း၍စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သည်ကား၊”(ထွက်-၁၅:၂၅)


စစ်ဆေးရေး အလွန်

၂၀၀၈ ခုနှစ်မှာ ပြည်ပနိုင်ငံများသို့အမှုတော်မြတ်အတွက် ပထမဆုံး စတင်အသုံးတော်ခံခွင့်ရတယ်။ ကျွန် တော်ရဲ့ ပထမဆုံးပြည်ပနိုင်ငံမှာစင်္ကာပူ ဖြစ်ပြီးတော့စ တင်ထွက်ခွာတဲ့အချိန်မှာ အရမ်းပျော်သလို အရမ်းလည်းစိုးရိမ်မှုတွေနဲ့ဖြတ်သန်းရတယ်။စိုးရိမ်တာကတော့အခြား မဟုတ်ဘူး စင်္ကာပူနိုင်ငံရောက်တာနဲ့စတင် တွေ့ကြုံရမယ့် လူဝင်မှုကြီးကြပ်ရေးတွေမေးမယ့် မေးခွန်းတွေကိုဖြေကြားခြင်းပါ။ တလမ်းလုံး ကောင်းကောင်းမစားနိုင်ပဲ ဘာတွေမေးမလည်း၊ ဘာတွေပြောရမလည်း ဆိုတာကို စိတ်ထဲမှာ လေ့ကျင့်နေမိတယ်။ ပထမဆုံးအတွေ့အကြုံဖြစ်တဲ့အတွက် ဝင်ခွင့်မရပဲ ပြန်လှည့်လာရမှာကို အင်မ တန်စိုးရိမ်တယ်။ စိတ်လှုပ်ရှားလွန်းလို့ လေယာဉ်စက်သံတောင် မကြားရလောက်အောင်ကို ဖြစ်နေတယ်။ ဆုတောင်းတာလည်း အကြိမ်ပေါင်းမရေတွက်နိုင်အောင်ပါပဲ။ ဘုရားကျေးဇူးတော်သက်သက်ကြောင့်ပါပဲ သူတို့ မေးတာ ဘာမေးမှန်းမသိပေမယ့် ကိုယ်ဖြေချင်ရာဖြေလိုက်တယ်။ သူတို့လိုချင်တာရသွားတဲ့ပုံပဲ တုံးထုပေးပြီး လွှတ်ပေးလိုက်တယ်။ စိုးရိမ်သလောက် များများစားစားတော့မမေးပဲ အသာတကြည် ဝင်ခွင့်ရသွားတယ်။ အဲ့ဒီစစ်ဆေးရေးအလွန်မှာတော့ အရမ်းကိုလှပပြီးတော့ အစ စအရာရာ အသစ်အဆန်းတွေနဲ့ပဲပြည့်နှက်နေတဲ့ စင်္ကာပူနိုင်ငံကို ဝင်ရောက်ခွင့်ရတယ်။ အခုတော့ ၁၂နှစ်အတွင်း နိုင်ငံပေါင်းများစွာကိုဖြတ်သန်းသွားလာခွင့်ရခဲ့သလို စင်္ကာပူနိုင်ငံကိုလည်းအကြိမ်ကြိမ် ဝင်ရောက်ခွင့်ရခဲ့တယ်။ ဒီစစ်ဆေးခြင်းက အခုတော့ဘာမှမဟုတ်တဲ့ အရာတစ်ခု လိုပါပဲ။ ဒီနေ့သင်ကြုံရတဲ့စစ်ဆေးခြင်းက တချိန်ကျရင် သက်သေခံချက် ဖြစ်လာမှာဖြစ်သလို အသာလေးကျော် သွားနိုင်မယ့်အရာတစ်ခုဖြစ်လာလိမ့်မယ်။ အဲ့ဒီစစ်ဆေးခြင်းတွေအလွန်မှာတော့ အရင်ကနဲ့မဆိုင်တဲ့ နယ်ပယ်သစ်တစ်ခုကိုဘုရားကပြင်ဆင်ထားတယ်။ ဒါကြောင့် ပိုကောင်းတဲ့အရာတစ်ခုကို ကြုံရတော့မှာမို့ အဲ့ဒီအရာအ တွက် သင်စစ်ဆေးခြင်းတွေကိုကြုံရတာပါ။ အလကားကြုံရတာမဟုတ်ဘူး။


ဘုရားကသိချင်တယ်

ဣသရေလ လူမျိုးတွေ ခါနန်ပြည်သွားတဲ့ခရီးစဉ်မှာ ပင်လယ်နီကိုဖြတ်ပြီးတာနဲ့ ပထမဆုံး ကြုံရတာက မာရအရပ်ပါ။ သောက်ရတဲ့ရေက ခါးလွန်းလွန်းလို့ သူတို့အပြစ်တင်ကြတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ဘုရားပြုတဲ့ နိမိတ်လက္ခဏာတွေကိုသူတို့မေ့သွားပြီးတော့ မောရှေနဲ့ ဘုရားကိုအပြစ်တင်ကြတယ်။ တကယ်တော့ဘုရားက သူတို့မထွက်လာခင်ကတည်းက ဒီနေရာမှာ ခါးတဲ့ရေကိုချိုစေဖို့အတွက် အပင်ကိုစီစဉ်ပြီးသားပါ။ သူ့လူတွေခက်ခဲတယ်ပြောတာနဲ့ သူပြတဲ့အပင်ကို ထည့်လိုက်ပြီးတော့ချိုစေခြင်းအားဖြင့်သူပေးချင်တဲ့သတင်းစကားကလည်း ရှိပါတယ်။ သူက အနာရောဂါငြိမ်းစေတဲ့ ဘုရားဖြစ်ပြီးတော့ အဲဂုတ္တုလူတွေဖြစ်တဲ့ရောဂါ တစ်စုံတစ်ခုမှ မစွဲစေဘူးဆိုပြီးသက်သေထူမလို့ပါ။ ဒါပေမယ့်မှန်းချက်

နဲ့နှမ်းထွက်မကိုက်ဆိုသလို သူထင်ထားသလို မဖြစ်လာပဲနဲ့ တကယ် ကြုံတဲ့အခါမှာ အားကိုးပြီး ဆုတောင်းတာထက်၊ ဘုရားနည်းလမ်းကိုရှာတာထက် ပြဿနာရှာတာက ပိုများပါတယ်။ တကယ်တော့ဒီစစ်ဆေးခြင်းက သူတို့ရဲ့ဘုရားနဲ့ပတ်သက်ပြီးတော့တုန့်ပြန်မှာကို ဘုရားကသိချင်တယ်။ နောက်ကြုံရတဲ့အခက်အခဲအတွက်လည်း အားလုံး ပြင်ဆင်ထားပြီးသားဆိုတာကိုမြင်စေချင်တယ်။ ဒါကြောင့် အခက်အခဲကြုံတဲ့အခါမှာ သွေးအေးအေးထားပါ ဘုရားကိုစိတ်ချပါ။ အရမ်းကြီး စိတ်လောပြီး ပြောတာ ဆုံးဖြတ်ချက်ချတာမလုပ်ပါနဲ့။ ဘုရားရဲ့ အချိန် နဲ့ဘုရားပြင်ဆင်တဲ့အရာ ရှိသလို ဘုရားပေးချင်တဲ့သတင်းစကားလည်း ရှိပြီးသားပါ။ စိုးရိမ်စရာတွေရှိပေမယ့်လည်း ဘုရားအကောင်းဆုံး ပြင်ဆင်ထားတာကို ယုံကြည်ခြင်းရှိပါ။ ဒါတွေကိုကျော်လွန်သွားတာနဲ့ ပိုကောင်းတဲ့အနာဂတ်ကသင့်ကို စောင့်မျှော်နေတယ်ဆိုတာမမေ့နဲ့။



Zawgyi

ျပင္ဆင္ထားၿပီးသား(၄)

“ေမာ​ေ႐ွ​သည္ ထာ​ဝ​ရ​ဘု​ရား​အား​ေအာ္​ဟစ္၍ ထာ​ဝ​ရ​ဘု​ရား​သည္ သစ္​ပင္​တစ္​ပင္​ကို​ျပ​ေတာ္​မူ၏။ ထို​အ​ပင္​ကို​ေရ​ထဲ​သို႔​ခ်​ၿပီး​လွ်င္၊ ေရ​သည္​ခ်ိဳ​ေလ​၏။ ထို​အ​ရပ္၌ သူ​တို႔​ကို​စုံ​စမ္း၍စီ​ရင္​ထုံး​ဖြဲ႕​ေတာ္​မူ​သည္ကား၊”(ထြက္-၁၅:၂၅)


စစ္ေဆးေရး အလြန္

၂၀၀၈ ခုႏွစ္မွာ ျပည္ပႏိုင္ငံမ်ားသို႔အမႈေတာ္ျမတ္အတြက္ ပထမဆုံး စတင္အသုံးေတာ္ခံခြင့္ရတယ္။ ကြၽန္ ေတာ္ရဲ႕ ပထမဆုံးျပည္ပႏိုင္ငံမွာစကၤာပူ ျဖစ္ၿပီးေတာ့စ တင္ထြက္ခြာတဲ့အခ်ိန္မွာ အရမ္းေပ်ာ္သလို အရမ္းလည္းစိုးရိမ္မႈေတြနဲ႔ျဖတ္သန္းရတယ္။စိုးရိမ္တာကေတာ့အျခား မဟုတ္ဘူး စကၤာပူႏိုင္ငံေရာက္တာနဲ႔စတင္ ေတြ႕ၾကဳံရမယ့္ လူဝင္မႈႀကီးၾကပ္ေရးေတြေမးမယ့္ ေမးခြန္းေတြကိုေျဖၾကားျခင္းပါ။ တလမ္းလုံး ေကာင္းေကာင္းမစားႏိုင္ပဲ ဘာေတြေမးမလည္း၊ ဘာေတြေျပာရမလည္း ဆိုတာကို စိတ္ထဲမွာ ေလ့က်င့္ေနမိတယ္။ ပထမဆုံးအေတြ႕အၾကဳံျဖစ္တဲ့အတြက္ ဝင္ခြင့္မရပဲ ျပန္လွည့္လာရမွာကို အင္မ တန္စိုးရိမ္တယ္။ စိတ္လႈပ္႐ွားလြန္းလို႔ ေလယာဥ္စက္သံေတာင္ မၾကားရေလာက္ေအာင္ကို ျဖစ္ေနတယ္။ ဆုေတာင္းတာလည္း အႀကိမ္ေပါင္းမေရတြက္ႏိုင္ေအာင္ပါပဲ။ ဘုရားေက်းဇူးေတာ္သက္သက္ေၾကာင့္ပါပဲ သူတို႔ ေမးတာ ဘာေမးမွန္းမသိေပမယ့္ ကိုယ္ေျဖခ်င္ရာေျဖလိုက္တယ္။ သူတို႔လိုခ်င္တာရသြားတဲ့ပုံပဲ တုံးထုေပးၿပီး လႊတ္ေပးလိုက္တယ္။ စိုးရိမ္သေလာက္ မ်ားမ်ားစားစားေတာ့မေမးပဲ အသာတၾကည္ ဝင္ခြင့္ရသြားတယ္။ အဲ့ဒီစစ္ေဆးေရးအလြန္မွာေတာ့ အရမ္းကိုလွပၿပီးေတာ့ အစ စအရာရာ အသစ္အဆန္းေတြနဲ႔ပဲျပည့္ႏွက္ေနတဲ့ စကၤာပူႏိုင္ငံကို ဝင္ေရာက္ခြင့္ရတယ္။ အခုေတာ့ ၁၂ႏွစ္အတြင္း ႏိုင္ငံေပါင္းမ်ားစြာကိုျဖတ္သန္းသြားလာခြင့္ရခဲ့သလို စကၤာပူႏိုင္ငံကိုလည္းအႀကိမ္ႀကိမ္ ဝင္ေရာက္ခြင့္ရခဲ့တယ္။ ဒီစစ္ေဆးျခင္းက အခုေတာ့ဘာမွမဟုတ္တဲ့ အရာတစ္ခု လိုပါပဲ။ ဒီေန႔သင္ၾကဳံရတဲ့စစ္ေဆးျခင္းက တခ်ိန္က်ရင္ သက္ေသခံခ်က္ ျဖစ္လာမွာျဖစ္သလို အသာေလးေက်ာ္ သြားႏိုင္မယ့္အရာတစ္ခုျဖစ္လာလိမ့္မယ္။ အဲ့ဒီစစ္ေဆးျခင္းေတြအလြန္မွာေတာ့ အရင္ကနဲ႔မဆိုင္တဲ့ နယ္ပယ္သစ္တစ္ခုကိုဘုရားကျပင္ဆင္ထားတယ္။ ဒါေၾကာင့္ ပိုေကာင္းတဲ့အရာတစ္ခုကို ၾကဳံရေတာ့မွာမို႔ အဲ့ဒီအရာအ တြက္ သင္စစ္ေဆးျခင္းေတြကိုၾကဳံရတာပါ။ အလကားၾကဳံရတာမဟုတ္ဘူး။


ဘုရားကသိခ်င္တယ္

ဣသေရလ လူမ်ိဳးေတြ ခါနန္ျပည္သြားတဲ့ခရီးစဥ္မွာ ပင္လယ္နီကိုျဖတ္ၿပီးတာနဲ႔ ပထမဆုံး ၾကဳံရတာက မာရအရပ္ပါ။ ေသာက္ရတဲ့ေရက ခါးလြန္းလြန္းလို႔ သူတို႔အျပစ္တင္ၾကတယ္။ လြန္ခဲ့တဲ့ရက္ပိုင္းကပဲ ဘုရားျပဳတဲ့ နိမိတ္လကၡဏာေတြကိုသူတို႔ေမ့သြားၿပီးေတာ့ ေမာေ႐ွနဲ႔ ဘုရားကိုအျပစ္တင္ၾကတယ္။ တကယ္ေတာ့ဘုရားက သူတို႔မထြက္လာခင္ကတည္းက ဒီေနရာမွာ ခါးတဲ့ေရကိုခ်ိဳေစဖို႔အတြက္ အပင္ကိုစီစဥ္ၿပီးသားပါ။ သူ႕လူေတြခက္ခဲတယ္ေျပာတာနဲ႔ သူျပတဲ့အပင္ကို ထည့္လိုက္ၿပီးေတာ့ခ်ိဳေစျခင္းအားျဖင့္သူေပးခ်င္တဲ့သတင္းစကားကလည္း ႐ွိပါတယ္။ သူက အနာေရာဂါၿငိမ္းေစတဲ့ ဘုရားျဖစ္ၿပီးေတာ့ အဲဂုတၱဳလူေတြျဖစ္တဲ့ေရာဂါ တစ္စုံတစ္ခုမွ မစြဲေစဘူးဆိုၿပီးသက္ေသထူမလို႔ပါ။ ဒါေပမယ့္မွန္းခ်က္

နဲ႔ႏွမ္းထြက္မကိုက္ဆိုသလို သူထင္ထားသလို မျဖစ္လာပဲနဲ႔ တကယ္ ၾကဳံတဲ့အခါမွာ အားကိုးၿပီး ဆုေတာင္းတာထက္၊ ဘုရားနည္းလမ္းကို႐ွာတာထက္ ျပႆနာ႐ွာတာက ပိုမ်ားပါတယ္။ တကယ္ေတာ့ဒီစစ္ေဆးျခင္းက သူတို႔ရဲ႕ဘုရားနဲ႔ပတ္သက္ၿပီးေတာ့တုန္႔ျပန္မွာကို ဘုရားကသိခ်င္တယ္။ ေနာက္ၾကဳံရတဲ့အခက္အခဲအတြက္လည္း အားလုံး ျပင္ဆင္ထားၿပီးသားဆိုတာကိုျမင္ေစခ်င္တယ္။ ဒါေၾကာင့္ အခက္အခဲၾကဳံတဲ့အခါမွာ ေသြးေအးေအးထားပါ ဘုရားကိုစိတ္ခ်ပါ။ အရမ္းႀကီး စိတ္ေလာၿပီး ေျပာတာ ဆုံးျဖတ္ခ်က္ခ်တာမလုပ္ပါနဲ႔။ ဘုရားရဲ႕ အခ်ိန္ နဲ႔ဘုရားျပင္ဆင္တဲ့အရာ ႐ွိသလို ဘုရားေပးခ်င္တဲ့သတင္းစကားလည္း ႐ွိၿပီးသားပါ။ စိုးရိမ္စရာေတြ႐ွိေပမယ့္လည္း ဘုရားအေကာင္းဆုံး ျပင္ဆင္ထားတာကို ယုံၾကည္ျခင္း႐ွိပါ။ ဒါေတြကိုေက်ာ္လြန္သြားတာနဲ႔ ပိုေကာင္းတဲ့အနာဂတ္ကသင့္ကို ေစာင့္ေမွ်ာ္ေနတယ္ဆိုတာမေမ့နဲ႔။

5 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube