Search
  • Than Min Htike

ပြင်ဆင်ထားပြီးသား (၅)

“ရု​သ​က၊ ကျွန်​မ​သည် ကိုယ်​တော်​ကို မ​စွန့်​ပါ​ရ​စေ​နှင့်။ နောက်​တော်​သို့​မ​လိုက်​ဘဲ ပြန်​သွား​စေ​ခြင်း​ငှာ မ​ပြု​ပါ​နှင့်။ ကိုယ်​တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်​မ​လိုက်​ပါ​မည်။ ကိုယ်​တော်​အိပ်​လေ​ရာ​ရာ၌ ကျွန်​မ​အိပ်​ပါ​မည်။ ကိုယ်​တော်​အ​မျိုး​သည် ကျွန်​မ​အ​မျိုး၊ ကိုယ်​တော်​ဘု​ရား​သည် ကျွန်​မ​ဘု​ရား ဖြစ်​ပါ​စေ။ ကိုယ်​တော်​သေ​ရာ​အ​ရပ်၌ ကျွန်​မ​သေ၍ သင်္ဂြိုဟ်​ခံ​ပါ​မည်။ သေ​ခြင်း​မှ​တစ်​ပါး၊ အ​ခြား​သော​အ​မှု​ကြောင့် ကိုယ်​တော်​နှင့်​ကျွန်​မ ကွာ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၌ ထို​မျှ​မ​က ပြု​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ဆို၏။”(ရု​သဝတ္တု-၁:၁၆-၁၇)


ဘုရားနောက်ကိုလိုက်ရင်

လူတိုင်းအရှေ့ဆုံးကို ရောက်ချင်ကြတာပဲမဟုတ်လား။ စီးပွားရေးလောကမှာ၊ ပညာရေးလောကမှာ၊နိုင်ငံရေးလောကမှာ ဘယ်သူကမှ မကျန်ခဲ့ချင်ကြဘူး။ လူတွေက ရှေ့ရောက်ဖို့အတွက် နည်းလမ်းတွေ၊ နိယာမတွေကိုကြိုးစားပြီးတော့ တီထွင်ကြံဆနေကြတယ်။ တကယ်တော့ မှန်ကန်တဲ့ ဘုရားနောက်လိုက်မှပဲအရှေ့ဆုံးကိုရောက်မယ်ဆိုတာ မသိတဲ့သူများတယ်။ ကျွန်တော်အသက် (၁၆)နှစ်မှာ ဘုရားနောက်ကိုလိုက်ဖို့ လုံးလုံးဆုံးဖြတ်တော့ လူတွေက တော်တော်ဂေါက်ကြောင်တယ်၊ ရူးသွားပြီလို့ သနားတဲ့အကြည့်နဲဲ့ကြည့်ကြတယ်။ လူတိုင်း ထိပ်ဆုံးရောက်အောင် ပြိုင်ဆိုင်နေတဲ့အရွယ် သူ့ထက်ငါ အကြီးဆုံးအိမ်မက်တွေကို ချဲ့ကားပြောဆိုနေတဲ့ တကယ်အနိုင်မရရင်တောင်၊ အရှေ့ဆုံးမရရင်တောင် စကားလုံးတွေနဲ့ တိုက်ပွဲဝင်နေတဲ့အချိန်မှာ ကျွန်တော်က လက်နက်ချလိုက်တယ်လို့ သူတို့ကမြင်ကြတယ်။ အောင်မြင်မှုနောက်၊ ငွေကြေးနောက် လုံး၀မလိုက်တော့ပဲ ဘုရားနောက်ပဲ လုံးလုံးလိုက်ခဲ့တာ မှားလားမမှားလားဆိုတာ အချိန်ကာလတစ်ခုတော့ စောင့်လိုက်ရတာပေါ့။ ဒါပေမယ့် မကြာပါဘူး ဘုရားနောက်လိုက်တဲ့သူကပဲ လောကမှာ အရှေ့ဆုံးကို ရောက်တယ် ထာ၀ရကာလမှာလည်း အရှေ့ဆုံးပဲ ဘယ်တော့ မှ အကျိုးမယုတ်ဘူးဆိုတာ ပိုသိလာကြတယ်။


ကိုယ်တော် သွားလေရာရာသွားမယ်

မောဘအမျိုးသမီး ရုသအတွက် အဆိုးဆုံးနေ့ရက်တွေကို ရင်ဆိုင်ခဲ့ရတယ်။ ခင်ပွန်းသည်သေလို့ ငယ်ငယ်နဲ့ မုဆိုးမဖြစ်ခဲ့ရုံမကပဲ ယောက်ခမကလည်း သူတို့ကိုထားခဲ့ပြီး ဗက်လင်မြို့ကို ပြန်ဖို့နှုတ်ဆက်နေပြီ။ ဒီအချိန်မှာသူ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချတယ်။ ဒီနေရာမှာနေခဲ့ပြီးတော့ သာမန်ဘ၀လေးနဲ့ဘ၀ကို နိဂုံးချုပ်ဖို့ သူဆန္ဒမရှိဘူး။ လူတိုင်းတော့ နောက်အိမ်ထောင်ပြုပြီး ပျော်အောင်နေမယ် ဒီလိုပဲ ဆုံးဖြတ်မိမှာပါ။ ဒါပေမယ့် ရုသကတော့ ကျန်တဲ့ဘ၀အချိန်ကို ဘုရားရဲ့နည်းလမ်းအတိုင်း ဆက်ရှင်သွားဖို့ ကိုယ့်ဘ၀ကို ကိုယ်ရွေးချယ်တာထက် ဘုရားရွေးချယ်ပေးဖို့ သူဆုံးဖြတ်ခဲ့တယ်။ အရင်က ကိုးကွယ်မှုတွေ၊ ရိုးရာတွေ၊ ယဉ်ကျေးမှုတွေ၊ လူမျိုးရေးတွေကို ထားခဲ့ပြီးတော့ မှန်ကန်တဲ့ဘုရားနဲ့ဘ၀ကိုပြန်စတင်ဖို့ဆုံးဖြတ်ခဲ့တယ်။ တကယ်တော့သူ့အဖိုး လောတက အဲ့ဒီအခွင့်အရေးကို လက်လွှတ်ခံခဲ့တာပါ။ အာဗြဟံနဲ့သာဆက်လက် လက်တွဲပြီးတော့ ဘုရားနောက်လိုက်ရင် သူတို့လည်းကျိန်ခြင်းခံတဲ့အမျိုးဘယ်ဖြစ်မလဲ။ ဒါပေမယ့် ဘုရားနောက်ထက် လောကအရာကိုရွေးချယ်ခဲ့တဲ့ လောတကြောင့် ဆိုးကျိုးတွေပဲ အမွေရခဲ့လိုက်တယ်။ အခုတော့ သူမအဲ့ဒီအခွင့်အရေးကို ပြန်ရပြီ ဘုရားနောက်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက် ဒီဆပ်ကပ်မှုမှန်တယ်ဆိုတာ အချိန်က သက်သေထူသွားတာပါပဲ။ ဗက်လင်မြို့မှာ သူများအကျန် လိုက်ကောက်တဲ့ဘ၀ကနေ ချမ်းသားတဲ့သူ‌ဌေးလေးနဲ့ အိမ်ထထောင်ကျဖို့နည်းလမ်းကို ဘုရားက အရင်ထဲက ပြင်ဆင်ထားပေးတယ်၊ သူမသိခဲ့ပါဘူး။ နောက်တော့ အရင်ကမရခဲ့တဲ့ အခွင့်အရေးလည်း သူ့ဘ၀မှာ ရလာတယ်ဩဗက် ဆိုတဲ့ ရင်သွေးလေး ဒါက ဘယ်လောက်တောင် အံ့ဩစရာကောင်းလည်းဆိုရင် ဒါဝိဒ်ရဲ့ ဆွေစဉ်မျိုးဆက်ဖြစ်လာပြီးတော့ ယေရှုခရစ်တော်ရဲ့ လူဇာတိခံဖို့အတွက် လမ်းကြောင်းဖြစ်ခွင့်ရခဲ့တယ်။ ဘုရားနောက်လိုက်ရင် လူတွေရဲ့အရှေ့ဆုံးကိုရောက်တယ်လို့ ပြောတယ်မဟုတ်ဘူးလား။



Zawgyi

ျပင္ဆင္ထားၿပီးသား (၅)

“႐ု​သ​က၊ ကြၽန္​မ​သည္ ကိုယ္​ေတာ္​ကို မ​စြန္႔​ပါ​ရ​ေစ​ႏွင့္။ ေနာက္​ေတာ္​သို႔​မ​လိုက္​ဘဲ ျပန္​သြား​ေစ​ျခင္း​ငွာ မ​ျပဳ​ပါ​ႏွင့္။ ကိုယ္​ေတာ္​သြား​ေလ​ရာ​ရာ​သို႔ ကြၽန္​မ​လိုက္​ပါ​မည္။ ကိုယ္​ေတာ္​အိပ္​ေလ​ရာ​ရာ၌ ကြၽန္​မ​အိပ္​ပါ​မည္။ ကိုယ္​ေတာ္​အ​မ်ိဳး​သည္ ကြၽန္​မ​အ​မ်ိဳး၊ ကိုယ္​ေတာ္​ဘု​ရား​သည္ ကြၽန္​မ​ဘု​ရား ျဖစ္​ပါ​ေစ။ ကိုယ္​ေတာ္​ေသ​ရာ​အ​ရပ္၌ ကြၽန္​မ​ေသ၍ သၿဂႋဳဟ္​ခံ​ပါ​မည္။ ေသ​ျခင္း​မွ​တစ္​ပါး၊ အ​ျခား​ေသာ​အ​မႈ​ေၾကာင့္ ကိုယ္​ေတာ္​ႏွင့္​ကြၽန္​မ ကြာ​လွ်င္၊ ထာ​ဝ​ရ​ဘု​ရား​သည္ ကြၽန္​မ၌ ထို​မွ်​မ​က ျပဳ​ေတာ္​မူ​ပါ​ေစ​ေသာ​ဟု ျပန္​ဆို၏။”(႐ု​သဝတၱဳ-၁:၁၆-၁၇)


ဘုရားေနာက္ကိုလိုက္ရင္

လူတိုင္းအေ႐ွ႕ဆုံးကို ေရာက္ခ်င္ၾကတာပဲမဟုတ္လား။ စီးပြားေရးေလာကမွာ၊ ပညာေရးေလာကမွာ၊ႏိုင္ငံေရးေလာကမွာ ဘယ္သူကမွ မက်န္ခဲ့ခ်င္ၾကဘူး။ လူေတြက ေ႐ွ႕ေရာက္ဖို႔အတြက္ နည္းလမ္းေတြ၊ နိယာမေတြကိုႀကိဳးစားၿပီးေတာ့ တီထြင္ၾကံဆေနၾကတယ္။ တကယ္ေတာ့ မွန္ကန္တဲ့ ဘုရားေနာက္လိုက္မွပဲအေ႐ွ႕ဆုံးကိုေရာက္မယ္ဆိုတာ မသိတဲ့သူမ်ားတယ္။ ကြၽန္ေတာ္အသက္ (၁၆)ႏွစ္မွာ ဘုရားေနာက္ကိုလိုက္ဖို႔ လုံးလုံးဆုံးျဖတ္ေတာ့ လူေတြက ေတာ္ေတာ္ေဂါက္ေၾကာင္တယ္၊ ႐ူးသြားၿပီလို႔ သနားတဲ့အၾကည့္နဲဲ႕ၾကည့္ၾကတယ္။ လူတိုင္း ထိပ္ဆုံးေရာက္ေအာင္ ၿပိဳင္ဆိုင္ေနတဲ့အ႐ြယ္ သူ႕ထက္ငါ အႀကီးဆုံးအိမ္မက္ေတြကို ခ်ဲ႕ကားေျပာဆိုေနတဲ့ တကယ္အႏိုင္မရရင္ေတာင္၊ အေ႐ွ႕ဆုံးမရရင္ေတာင္ စကားလုံးေတြနဲ႔ တိုက္ပြဲဝင္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္က လက္နက္ခ်လိုက္တယ္လို႔ သူတို႔ကျမင္ၾကတယ္။ ေအာင္ျမင္မႈေနာက္၊ ေငြေၾကးေနာက္ လုံး၀မလိုက္ေတာ့ပဲ ဘုရားေနာက္ပဲ လုံးလုံးလိုက္ခဲ့တာ မွားလားမမွားလားဆိုတာ အခ်ိန္ကာလတစ္ခုေတာ့ ေစာင့္လိုက္ရတာေပါ့။ ဒါေပမယ့္ မၾကာပါဘူး ဘုရားေနာက္လိုက္တဲ့သူကပဲ ေလာကမွာ အေ႐ွ႕ဆုံးကို ေရာက္တယ္ ထာ၀ရကာလမွာလည္း အေ႐ွ႕ဆုံးပဲ ဘယ္ေတာ့ မွ အက်ိဳးမယုတ္ဘူးဆိုတာ ပိုသိလာၾကတယ္။


ကိုယ္ေတာ္ သြားေလရာရာသြားမယ္

ေမာဘအမ်ိဳးသမီး ႐ုသအတြက္ အဆိုးဆုံးေန႔ရက္ေတြကို ရင္ဆိုင္ခဲ့ရတယ္။ ခင္ပြန္းသည္ေသလို႔ ငယ္ငယ္နဲ႔ မုဆိုးမျဖစ္ခဲ့႐ုံမကပဲ ေယာက္ခမကလည္း သူတို႔ကိုထားခဲ့ၿပီး ဗက္လင္ၿမိဳ႕ကို ျပန္ဖို႔ႏႈတ္ဆက္ေနၿပီ။ ဒီအခ်ိန္မွာသူ ခိုင္မာတဲ့ဆုံးျဖတ္ခ်က္ခ်တယ္။ ဒီေနရာမွာေနခဲ့ၿပီးေတာ့ သာမန္ဘ၀ေလးနဲ႔ဘ၀ကို နိဂုံးခ်ဳပ္ဖို႔ သူဆႏၵမ႐ွိဘူး။ လူတိုင္းေတာ့ ေနာက္အိမ္ေထာင္ျပဳၿပီး ေပ်ာ္ေအာင္ေနမယ္ ဒီလိုပဲ ဆုံးျဖတ္မိမွာပါ။ ဒါေပမယ့္ ႐ုသကေတာ့ က်န္တဲ့ဘ၀အခ်ိန္ကို ဘုရားရဲ႕နည္းလမ္းအတိုင္း ဆက္႐ွင္သြားဖို႔ ကိုယ့္ဘ၀ကို ကိုယ္ေ႐ြးခ်ယ္တာထက္ ဘုရားေ႐ြးခ်ယ္ေပးဖို႔ သူဆုံးျဖတ္ခဲ့တယ္။ အရင္က ကိုးကြယ္မႈေတြ၊ ႐ိုးရာေတြ၊ ယဥ္ေက်းမႈေတြ၊ လူမ်ိဳးေရးေတြကို ထားခဲ့ၿပီးေတာ့ မွန္ကန္တဲ့ဘုရားနဲ႔ဘ၀ကိုျပန္စတင္ဖို႔ဆုံးျဖတ္ခဲ့တယ္။ တကယ္ေတာ့သူ႕အဖိုး ေလာတက အဲ့ဒီအခြင့္အေရးကို လက္လႊတ္ခံခဲ့တာပါ။ အာျဗဟံနဲ႔သာဆက္လက္ လက္တြဲၿပီးေတာ့ ဘုရားေနာက္လိုက္ရင္ သူတို႔လည္းက်ိန္ျခင္းခံတဲ့အမ်ိဳးဘယ္ျဖစ္မလဲ။ ဒါေပမယ့္ ဘုရားေနာက္ထက္ ေလာကအရာကိုေ႐ြးခ်ယ္ခဲ့တဲ့ ေလာတေၾကာင့္ ဆိုးက်ိဳးေတြပဲ အေမြရခဲ့လိုက္တယ္။ အခုေတာ့ သူမအဲ့ဒီအခြင့္အေရးကို ျပန္ရၿပီ ဘုရားေနာက္လိုက္ဖို႔ ဆုံးျဖတ္ခဲ့တယ္။ ဒီဆုံးျဖတ္ခ်က္ ဒီဆပ္ကပ္မႈမွန္တယ္ဆိုတာ အခ်ိန္က သက္ေသထူသြားတာပါပဲ။ ဗက္လင္ၿမိဳ႕မွာ သူမ်ားအက်န္ လိုက္ေကာက္တဲ့ဘ၀ကေန ခ်မ္းသားတဲ့သူ‌ေဌးေလးနဲ႔ အိမ္ထေထာင္က်ဖို႔နည္းလမ္းကို ဘုရားက အရင္ထဲက ျပင္ဆင္ထားေပးတယ္၊ သူမသိခဲ့ပါဘူး။ ေနာက္ေတာ့ အရင္ကမရခဲ့တဲ့ အခြင့္အေရးလည္း သူ႕ဘ၀မွာ ရလာတယ္ဩဗက္ ဆိုတဲ့ ရင္ေသြးေလး ဒါက ဘယ္ေလာက္ေတာင္ အံ့ဩစရာေကာင္းလည္းဆိုရင္ ဒါဝိဒ္ရဲ႕ ေဆြစဥ္မ်ိဳးဆက္ျဖစ္လာၿပီးေတာ့ ေယ႐ႈခရစ္ေတာ္ရဲ႕ လူဇာတိခံဖို႔အတြက္ လမ္းေၾကာင္းျဖစ္ခြင့္ရခဲ့တယ္။ ဘုရားေနာက္လိုက္ရင္ လူေတြရဲ႕အေ႐ွ႕ဆုံးကိုေရာက္တယ္လို႔ ေျပာတယ္မဟုတ္ဘူးလား။

4 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube