Search
  • Than Min Htike

ပြင်ဆင်ထားပြီးသား(၆)

“ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။- ငါ့​ကို​ယုံ​ကြည်၍ အ​သက်​ရှင်​သော​သူ ရှိ​သ​မျှ​တို့​သည်​လည်း သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မာ​သ​က၊ ဟုတ်​ပါ၏​သ​ခင်။-”(ယော-၁၁:၂၅-၂၆)


ရည်ရွယ်ချက်ရှိရှိ

သင်လိုချင်တဲ့အရာကို လိုချင်တဲ့အချိန်မှာမရပေမယ့် ပိုကောင်းတဲ့အရာကိုဘုရားကပြင်ဆင်ထားပြီးသားဆိုတာယုံပါ။ လူတိုင်းကတော့ လိုတဲ့အရာကို တလိုက်တာနဲ့ရချင်ကြတာပါပဲ။ တချို့အရာတွေက ကျွန်တော်တို့ဘ၀အတွက် တကယ်မလိုသလို၊ အချို့အရာတွေကလည်းလိုတယ်လို့သာထင်တာ တကယ်လည်းရှိရောအပိုဖြစ်နေတဲ့အရာတွေအများကြီးပဲ။ တချို့ဟာတွေဆိုကိုယ့်အတွက်တောင် ဘေးဖြစ်စေမယ့်အရာတွေပါ။ ဘုရားက ကျွန်တော်တို့ဘ၀အတွက်ပြင်ဆင်ထားတဲ့အရာတွေက ပိုသွားရမယ့်အရာတွေမပါသလို ဘေးဖြစ်စေမယ့်အရာတွေလုံး၀မပါဘူး၊ အသက်တာကိုပိုကောင်းသွားစေမယ့်အရာတွေပဲ။ လာဇရုနာတယ်ဆိုတာ ယေရှုမကြားလို့မဟုတ်ပါဘူး သက်သက်ကိုမသွားတာပါ။ မာရိနဲ့မာသ ဟာအကြိမ်ကြိမ် သတင်းပို့ပေမယ့် ယေရှုက သူတို့သတ်မှတ်ထားတဲ့အချိန်မှာ မရောက်လာခဲ့ဘူး။ သူတို့ထင်တာတော့ ယေရှုက လာဇရုမသေခင်လေးတော့အမှီရောက်လာမယ်ပေါ့။ ဘုရားက ဘယ်တော့မှ နောက်မကျဘူး သူတို့နဲ့လည်း အရမ်းကိုရင်းနှီးတဲ့သူ၊ချစ်ခင်တဲ့သူဆိုတော့။ သူတို့ထင်သလို မဖြစ်လာခဲ့ပဲ လာဇရုဟာ ဆုံးပါးသွားခဲ့တယ်။ တကယ့်ကို ခံပြင်းစရာတော့ကောင်းမယ်။

အခြားလူတွေအရှေ့မှာလည်း ပြောစရာတစ်ခု ဖြစ်လာမှာပေါ့။ ယေရှုကချစ်တယ်လည်းပြောသေးတယ် အခုတော့ လိုအပ်တဲ့အချိန်မှာ ဘယ်လိုမှ ဆက်သွယ်လို့မရ။ အခုတော့ နောက်ဆုံး ဂူသွင်းပြီးတဲ့အထိ တောင်ဖြစ်ပြီယေရှုရဲ့ တုန့်ပြန်သံမကြားရလေခြင်းဆိုပြီးတော့။ သူတို့သတ်မှတ်တဲ့ အချိန်ကာလ ကျော်ပြီးမှ ယေရှုက ရောက်လာတယ်။ တကယ်တော့ ဘုရားက သက်သက် အစီအစဉ်ရှိပြီးသားပါ။ မလာချင်လို့မလာတာမဟုတ်သလို ဆုံးမတာမျိုး၊ မှတ်လောက်သားလောက်အောင်ပြစ်ထားတာမျိုး လုံး၀မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ပိုကောင်းတဲ့အရာကို သူချစ်တဲ့သူတွေအသက်တာမှာ တွေ့ကြုံစေချင်လို့ပါ။ လူအနည်းစုပဲခံစားခွင့်ရှိတာကို သူ့သားသမီးတွေအသက်တာမှာလည်းတွေ့ကြုံစေချင်သလို အရာရာတိုင်းမှာ ယုံကြည်ခြင်းနဲ့ ဖြတ်ကျော်စေချင်တယ်။ ဘုရားကိုအကောင်းမြင်စေချင်တယ်။ ဘုရားအကောင်းဆုံး သူတို့အသက်တာမှာပြုမူနေတယ်ဆိုတာကိုလည်းစိတ်ချစေချင်တယ်။


မတူတဲ့သူတွေရဲ့တူညီတဲ့တုန့်ပြန်မှု

လာဇရုမှာအမနှစ်ယောက်ရှိပါတယ်။ မာရိနဲ့ မာသပါ သူတို့နှစ်ယောက်ဟာ မတူညီတဲ့ သွင်ပြင်လက္ခဏာရှိသူတွေပါ။ မာရိကတော့ ယေရှုရဲ့ အနားမှာ နှုတ်ကပတ်တော်ကို အမြဲတမ်း ခံယူတတ်သူဖြစ်ပြီး မာသကတော့ မီးဖိုချောင်မှာ ဗျာများလေ့ရှိသူပါ။ အလုပ်များလွန်းလို့ တစ်နေ့မခံနိုင်လို့ ပေါက်ကွဲတဲ့အထိ တောင်ဖြစ်ခဲ့ကြတယ်မဟုတ်လား။ အဲ့ဒီအခါမှာ ယေရှုက မာရိဟာကောင်းမွန်တဲ့ အခွင့်အရေးကိုရွေးယူတယ်လို့တောင်ချီးကျူးခဲ့တယ်။ လာဇရုသေလို့ ယေရှုရောက်လာတဲ့အခါမှာတော့ မာရိနဲ့မာသရဲ့ တူညီတဲ့တုန့်ပြန်မှုကိုတွေ့ရတယ်။ တကယ်ဆို မာသက နှုတ်ကပတ်တော်မကြားရလို့တုန့်ပြန်တာ ယုံကြည်ခြင်းမပါခဲ့ရင်တောင် မာရိကတော့ အမြဲနှုတ်ကပတ်တော်နားထောင်နေတာပါရမယ်မဟုတ်လား။ ဒီနေရာမှာ နှုတ်ကပတ်တော်သာကြားတယ် မာရိဟာ ယုံကြည်ခြင်းမရှိခဲ့ဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့်လည်း ယေရှုမျက်ရည်ကျရတာပေါ့။ နောက်ဆုံးသေပြီး လေးရက်ရှိတဲ့ ဂူထဲက လာဇရုကို ထွက်ခဲ့ဖို့အမိန့်ပေးတဲ့အခါမှာတော့ သူတို့အားလုံး ထင်မှတ်မထားတာကို မိသားစုမှာဖြစ်ခဲ့တယ်။ အဲ့ဒါကတော့ သေခြင်းကနေ ရှင်ပြန်ထမြောက်ခွင့်ရတာပါ။ ဘ၀မှာဘာပဲ ကြုံကြုံ ဘုရားသားသမီးတွေအနေနဲ့ ဘုရားကိုစိတ်ချစေချင်တယ်၊ ကျွန်တော်တို့ဦး‌နှောက်သေးသေးလေးနဲ့ တွက်ချက်တာအားလုံး၊ လိုအပ်တယ်လို့မြင်တာအားလုံးက မှားနိုင်တယ်။ ဘုရားကတော့ဘယ်တော့မှ မမှားဘူး အမြဲတမ်း အကောာင်းဆုံးဆိုတာတွေကိုပြင်ဆင်ထားတယ်။ ဒါကြောင့် ဘုရားကိုစိတ်ချပါ၊ ဘုရားအမြဲ တမ်းလိုအပ်တာထက် ပိုကောင်းတာပြင်ဆင်ပေးထားတယ်ဆိုတာကို ယုံပါ။



Zawgyi

ပြင်ဆင်ထားပြီးသား(၆)

“ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။- ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။-”(ယော-၁၁:၂၅-၂၆)


ရည်ရွယ်ချက်ရှိရှိ

သင်လိုချင်တဲ့အရာကို လိုချင်တဲ့အချိန်မှာမရပေမယ့် ပိုကောင်းတဲ့အရာကိုဘုရားကပြင်ဆင်ထားပြီးသားဆိုတာယုံပါ။ လူတိုင်းကတော့ လိုတဲ့အရာကို တလိုက်တာနဲ့ရချင်ကြတာပါပဲ။ တချို့အရာတွေက ကျွန်တော်တို့ဘ၀အတွက် တကယ်မလိုသလို၊ အချို့အရာတွေကလည်းလိုတယ်လို့သာထင်တာ တကယ်လည်းရှိရောအပိုဖြစ်နေတဲ့အရာတွေအများကြီးပဲ။ တချို့ဟာတွေဆိုကိုယ့်အတွက်တောင် ဘေးဖြစ်စေမယ့်အရာတွေပါ။ ဘုရားက ကျွန်တော်တို့ဘ၀အတွက်ပြင်ဆင်ထားတဲ့အရာတွေက ပိုသွားရမယ့်အရာတွေမပါသလို ဘေးဖြစ်စေမယ့်အရာတွေလုံး၀မပါဘူး၊ အသက်တာကိုပိုကောင်းသွားစေမယ့်အရာတွေပဲ။ လာဇရုနာတယ်ဆိုတာ ယေရှုမကြားလို့မဟုတ်ပါဘူး သက်သက်ကိုမသွားတာပါ။ မာရိနဲ့မာသ ဟာအကြိမ်ကြိမ် သတင်းပို့ပေမယ့် ယေရှုက သူတို့သတ်မှတ်ထားတဲ့အချိန်မှာ မရောက်လာခဲ့ဘူး။ သူတို့ထင်တာတော့ ယေရှုက လာဇရုမသေခင်လေးတော့အမှီရောက်လာမယ်ပေါ့။ ဘုရားက ဘယ်တော့မှ နောက်မကျဘူး သူတို့နဲ့လည်း အရမ်းကိုရင်းနှီးတဲ့သူ၊ချစ်ခင်တဲ့သူဆိုတော့။ သူတို့ထင်သလို မဖြစ်လာခဲ့ပဲ လာဇရုဟာ ဆုံးပါးသွားခဲ့တယ်။ တကယ့်ကို ခံပြင်းစရာတော့ကောင်းမယ်။

အခြားလူတွေအရှေ့မှာလည်း ပြောစရာတစ်ခု ဖြစ်လာမှာပေါ့။ ယေရှုကချစ်တယ်လည်းပြောသေးတယ် အခုတော့ လိုအပ်တဲ့အချိန်မှာ ဘယ်လိုမှ ဆက်သွယ်လို့မရ။ အခုတော့ နောက်ဆုံး ဂူသွင်းပြီးတဲ့အထိ တောင်ဖြစ်ပြီယေရှုရဲ့ တုန့်ပြန်သံမကြားရလေခြင်းဆိုပြီးတော့။ သူတို့သတ်မှတ်တဲ့ အချိန်ကာလ ကျော်ပြီးမှ ယေရှုက ရောက်လာတယ်။ တကယ်တော့ ဘုရားက သက်သက် အစီအစဉ်ရှိပြီးသားပါ။ မလာချင်လို့မလာတာမဟုတ်သလို ဆုံးမတာမျိုး၊ မှတ်လောက်သားလောက်အောင်ပြစ်ထားတာမျိုး လုံး၀မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ပိုကောင်းတဲ့အရာကို သူချစ်တဲ့သူတွေအသက်တာမှာ တွေ့ကြုံစေချင်လို့ပါ။ လူအနည်းစုပဲခံစားခွင့်ရှိတာကို သူ့သားသမီးတွေအသက်တာမှာလည်းတွေ့ကြုံစေချင်သလို အရာရာတိုင်းမှာ ယုံကြည်ခြင်းနဲ့ ဖြတ်ကျော်စေချင်တယ်။ ဘုရားကိုအကောင်းမြင်စေချင်တယ်။ ဘုရားအကောင်းဆုံး သူတို့အသက်တာမှာပြုမူနေတယ်ဆိုတာကိုလည်းစိတ်ချစေချင်တယ်။


မတူတဲ့သူတွေရဲ့တူညီတဲ့တုန့်ပြန်မှု

လာဇရုမှာအမနှစ်ယောက်ရှိပါတယ်။ မာရိနဲ့ မာသပါ သူတို့နှစ်ယောက်ဟာ မတူညီတဲ့ သွင်ပြင်လက္ခဏာရှိသူတွေပါ။ မာရိကတော့ ယေရှုရဲ့ အနားမှာ နှုတ်ကပတ်တော်ကို အမြဲတမ်း ခံယူတတ်သူဖြစ်ပြီး မာသကတော့ မီးဖိုချောင်မှာ ဗျာများလေ့ရှိသူပါ။ အလုပ်များလွန်းလို့ တစ်နေ့မခံနိုင်လို့ ပေါက်ကွဲတဲ့အထိ တောင်ဖြစ်ခဲ့ကြတယ်မဟုတ်လား။ အဲ့ဒီအခါမှာ ယေရှုက မာရိဟာကောင်းမွန်တဲ့ အခွင့်အရေးကိုရွေးယူတယ်လို့တောင်ချီးကျူးခဲ့တယ်။ လာဇရုသေလို့ ယေရှုရောက်လာတဲ့အခါမှာတော့ မာရိနဲ့မာသရဲ့ တူညီတဲ့တုန့်ပြန်မှုကိုတွေ့ရတယ်။ တကယ်ဆို မာသက နှုတ်ကပတ်တော်မကြားရလို့တုန့်ပြန်တာ ယုံကြည်ခြင်းမပါခဲ့ရင်တောင် မာရိကတော့ အမြဲနှုတ်ကပတ်တော်နားထောင်နေတာပါရမယ်မဟုတ်လား။ ဒီနေရာမှာ နှုတ်ကပတ်တော်သာကြားတယ် မာရိဟာ ယုံကြည်ခြင်းမရှိခဲ့ဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့်လည်း ယေရှုမျက်ရည်ကျရတာပေါ့။ နောက်ဆုံးသေပြီး လေးရက်ရှိတဲ့ ဂူထဲက လာဇရုကို ထွက်ခဲ့ဖို့အမိန့်ပေးတဲ့အခါမှာတော့ သူတို့အားလုံး ထင်မှတ်မထားတာကို မိသားစုမှာဖြစ်ခဲ့တယ်။ အဲ့ဒါကတော့ သေခြင်းကနေ ရှင်ပြန်ထမြောက်ခွင့်ရတာပါ။ ဘ၀မှာဘာပဲ ကြုံကြုံ ဘုရားသားသမီးတွေအနေနဲ့ ဘုရားကိုစိတ်ချစေချင်တယ်၊ ကျွန်တော်တို့ဦး‌နှောက်သေးသေးလေးနဲ့ တွက်ချက်တာအားလုံး၊ လိုအပ်တယ်လို့မြင်တာအားလုံးက မှားနိုင်တယ်။ ဘုရားကတော့ဘယ်တော့မှ မမှားဘူး အမြဲတမ်း အကောင်းဆုံးဆိုတာတွေကိုပြင်ဆင်ထားတယ်။ ဒါကြောင့် ဘုရားကိုစိတ်ချပါ၊ ဘုရားအမြဲ တမ်းလိုအပ်တာထက် ပိုကောင်းတာပြင်ဆင်ပေးထားတယ်ဆိုတာကို ယုံပါ။

5 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube