Search
  • Than Min Htike

ပြောရင်ပြောတဲ့အတိုင်းပြည့်စုံမယ်

"ငါသည် ထာဝရဘုရားဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။"(ယေဇ ၁၂:၂၅)


သင့်ဘဝထဲမှာ ဘုရားပေးထားတဲ့ အိမ်မက်တွေ၊ ရူပါရုံတွေ၊ ကတိစကားတွေအားလုံး အစအနတောင်မမြင်ရလို့ စိတ်မပျက်လိုက်ပါနဲ့။ ဘုရားက သူပြောတဲ့စကားကိုသူ တာဝန်ယူပါတယ်။ သူပြောတဲ့အတိုင်း မဖြစ်နိုင်တဲ့အရာတွေတောင် ဖြစ်လာခဲ့

တာပဲ။ သင့်ဘဝထဲမှာ ဖြစ်နိုင်ချေ မရှိရင်လည်းသူက တာဝန်ယူ ပြီးပြည့်စုံစေမယ်။ မှောင်မိုက်အရပ်ဖုံးလွှမ်းတဲ့ နေရာကို အလင်းဖြစ်စေလို့ ပြောထုတ်လိုက်တာနဲ့ မရှိတဲ့ အလင်းဟာ ရုတ်တရက် ပေါ်ပေါက်လွှမ်းမိုးလိုက်သလိုပဲ သင့်ဘဝထဲမှာ ဘုရားမိန့်တော်မူ

သမျှအားလုံး အချိန်ရောက်ရင် ဘုရားက ပြီးပြည့်စုံစေမှာသေချာတယ်။

မဖြစ်နိုင်တဲ့ အဆုံးမှာ

ယောသပ်ကို အိမ်မက်တစ်ခု ဘုရားပေးခဲ့တယ်။ လူ့အနေနဲ့ မဖြစ်နိုင်သလို လူတွေကလည်းမဖြစ်စေချင်ပြန်ဘူး။ မကူညီကြတဲ့အပြင် ဝိုင်းဖွဲ့ပြီးတော့နှောင့်ယှက်လိုက်သေးတယ်။ နောက်ဆုံး ယောသပ်သူ့ရဲ့ ကိုယ်ခန္ဓာကို အချုပ်သားတွေနဲ့အတူ ချုပ်ထားလို့ရခဲ့ပေမယ့် ဘုရားပြောခဲ့တဲ့စကားကိုတော့ မပြည့်စုံအောင် ဘယ်သံကြိုးနဲ့မှ ဘယ်အချုပ်ခန်းမှာမှ ချုပ်ထားလို့မရခဲ့ဘူး။အချိန်တန်တော့လည်း ပြည့်စုံလာရတာပါပဲ။ ဒါကြောင့် သင့်ဘဝမှာ ဘုရားပြောခဲ့တဲ့စကားအားလုံး ကာလအချိန်တန်ရင် အကုန်အစင်ပြည့်စုံ လာမယ်။


မရွေ့ရ

ဒီလောက်ကြာနေပြီ ငါဒီအရွယ်တောင်ရောက်ပြီဘယ်လောက်တောင် စောင့်ရအုံးမှာလည်းလို့ သင်မေးခွန်းထုတ်မယ်ဆိုရင် အာဗြဟံဟာ (၂၅)နှစ် စောင့်ခဲ့ရပြီး ယောသပ်ဟာ (၁၃)နှစ်စောင့်ခဲ့ရပါတယ်။ တကယ်တော့ အချိန်စောင့်တယ်ဆိုတာ ဘုရားအဆင်သင့်မဖြစ်လို့မဟုတ်ပဲ ဘုရားစကားပြည့်စုံဖို့အတွက် သင်အဆင်သင့် ဖြစ်ဖို့စောင့်နေတာပါ။ အားလုံး အသင့်ဖြစ်ချိန်မှာ လုပ်တဲ့ကိစ္စတွေတော်တော်များများဟာ စုံလင်တဲ့ ဝမ်းမြောက်ခြင်းက်ိုဖြစ်စေပါတယ်။ မှည့်ဝင်းနေတဲ့ အချိန်ရောက်တဲ့အသီးကိုစားတာနဲ့ မှည့်ချိန်မတန်ပဲ စားတာ အရသာမတူသလိုပါပဲ။ ဒီနေ့ အချိန်ရောက်လာရင် ဘုရားဟာ သူပြော ထားတဲ့အတိုင်းလှပစွာ သင့်ဘဝကို သီးပွင့်

ဝေဆာစေမှာပါ။



Zawgyi

ေျပာရင္ေျပာတဲ့အတိုင္းျပည့္စုံမယ္


"ငါသည္ ထာဝရဘုရားျဖစ္၏။ ငါေျပာလွ်င္၊ ေျပာသည္အတိုင္း ျပည့္စုံလိမ့္မည္။ ျပည့္စုံခ်ိန္လည္း မေ႐ြ႕ရ။"(ေယဇ ၁၂:၂၅)


သင့္ဘဝထဲမွာ ဘုရားေပးထားတဲ့ အိမ္မက္ေတြ၊ ႐ူပါ႐ုံေတြ၊ ကတိစကားေတြအားလုံး အစအနေတာင္မျမင္ရလို႔ စိတ္မပ်က္လိုက္ပါနဲ႔။ ဘုရားက သူေျပာတဲ့စကားကိုသူ တာဝန္ယူပါတယ္။ သူေျပာတဲ့အတိုင္း မျဖစ္ႏိုင္တဲ့အရာေတြေတာင္ ျဖစ္လာခဲ့

တာပဲ။ သင့္ဘဝထဲမွာ ျဖစ္ႏိုင္ေခ် မ႐ွိရင္လည္းသူက တာဝန္ယူ ၿပီးျပည့္စုံေစမယ္။ ေမွာင္မိုက္အရပ္ဖုံးလႊမ္းတဲ့ ေနရာကို အလင္းျဖစ္ေစလို႔ ေျပာထုတ္လိုက္တာနဲ႔ မ႐ွိတဲ့ အလင္းဟာ ႐ုတ္တရက္ ေပၚေပါက္လႊမ္းမိုးလိုက္သလိုပဲ သင့္ဘဝထဲမွာ ဘုရားမိန္႔ေတာ္မူ

သမွ်အားလုံး အခ်ိန္ေရာက္ရင္ ဘုရားက ၿပီးျပည့္စုံေစမွာေသခ်ာတယ္။

မျဖစ္ႏိုင္တဲ့ အဆုံးမွာ

ေယာသပ္ကို အိမ္မက္တစ္ခု ဘုရားေပးခဲ့တယ္။ လူ႕အေနနဲ႔ မျဖစ္ႏိုင္သလို လူေတြကလည္းမျဖစ္ေစခ်င္ျပန္ဘူး။ မကူညီၾကတဲ့အျပင္ ဝိုင္းဖြဲ႕ၿပီးေတာ့ေႏွာင့္ယွက္လိုက္ေသးတယ္။ ေနာက္ဆုံး ေယာသပ္သူ႕ရဲ႕ ကိုယ္ခႏၶာကို အခ်ဳပ္သားေတြနဲ႔အတူ ခ်ဳပ္ထားလို႔ရခဲ့ေပမယ့္ ဘုရားေျပာခဲ့တဲ့စကားကိုေတာ့ မျပည့္စုံေအာင္ ဘယ္သံႀကိဳးနဲ႔မွ ဘယ္အခ်ဳပ္ခန္းမွာမွ ခ်ဳပ္ထားလို႔မရခဲ့ဘူး။အခ်ိန္တန္ေတာ့လည္း ျပည့္စုံလာရတာပါပဲ။ ဒါေၾကာင့္ သင့္ဘဝမွာ ဘုရားေျပာခဲ့တဲ့စကားအားလုံး ကာလအခ်ိန္တန္ရင္ အကုန္အစင္ျပည့္စုံ လာမယ္။


မေ႐ြ႕ရ

ဒီေလာက္ၾကာေနၿပီ ငါဒီအ႐ြယ္ေတာင္ေရာက္ၿပီဘယ္ေလာက္ေတာင္ ေစာင့္ရအုံးမွာလည္းလို႔ သင္ေမးခြန္းထုတ္မယ္ဆိုရင္ အာျဗဟံဟာ (၂၅)ႏွစ္ ေစာင့္ခဲ့ရၿပီး ေယာသပ္ဟာ (၁၃)ႏွစ္ေစာင့္ခဲ့ရပါတယ္။ တကယ္ေတာ့ အခ်ိန္ေစာင့္တယ္ဆိုတာ ဘုရားအဆင္သင့္မျဖစ္လို႔မဟုတ္ပဲ ဘုရားစကားျပည့္စုံဖို႔အတြက္ သင္အဆင္သင့္ ျဖစ္ဖို႔ေစာင့္ေနတာပါ။ အားလုံး အသင့္ျဖစ္ခ်ိန္မွာ လုပ္တဲ့ကိစၥေတြေတာ္ေတာ္မ်ားမ်ားဟာ စုံလင္တဲ့ ဝမ္းေျမာက္ျခင္းက္ိဳျဖစ္ေစပါတယ္။ မွည့္ဝင္းေနတဲ့ အခ်ိန္ေရာက္တဲ့အသီးကိုစားတာနဲ႔ မွည့္ခ်ိန္မတန္ပဲ စားတာ အရသာမတူသလိုပါပဲ။ ဒီေန႔ အခ်ိန္ေရာက္လာရင္ ဘုရားဟာ သူေျပာ ထားတဲ့အတိုင္းလွပစြာ သင့္ဘဝကို သီးပြင့္ေဝဆာေစမွာပါ။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube