Search
  • Than Min Htike

ပိုလုပ်ဖို့ပဲရှိတယ်



“ထို​မျှ​မ​က၊ ငါ​သာ၍​ယုတ်​မာ​မည်။ ကိုယ်​အ​ထင်​အ​တိုင်း ကိုယ်​ကို​သာ၍ နှိမ့်​ချ​မည်၊ သင်​ပြော​သော ကျွန်​မ​များ​မူ​ကား၊ ငါ့​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်​ဟု မိ​ခါ​လ​ကို ပြန်​ပြော၏။” ( ၂ရာ ၆:၂၀၂၁)


ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက်ဆိုတဲ့စကား

သိတယ်မဟုတ်လား။ လူတွေက ပြောရင်လည်း ခဏ

ပဲ တစ်သက်လုံးတော့ သင့်အကြောင်း ထိုင်မပြော

နိုင်ပါဘူး။ ဒါကြောင့်လူတွေငါ့ကို ဘာတွေများပြော

မလဲလို့ တွေးပြီး စိတ်ဆင်းရဲ မခံနဲ့။ လူတွေက

ပြောမှာပဲ သင် ကောင်းရင်လည်း ပြောမယ်။ မကောင်း

ရင်လည်းပြောမှာပဲ။ ဒါသူတို့ အလုပ်သူတို့လုပ်တာပါ

သင့် အလုပ်သင်လုပ်ဖို့ပဲလိုတယ်။


ချီးမွမ်းခြင်းနဲ့အစပြုခဲ့တဲ့သူ

ဒါဝိဒ်ဆိုတာ အရင်ကတည်းက ချီး

မွမ်းခြင်း နဲ့ အခြေအနေတိုင်း၊ နေရာတိုင်းမှာ

အသက်ရှင်တဲ့ သူမဟုတ်လား။ တောထဲမှာလည်း

ချီးမွမ်းတယ်။ တောင်တွေ့ရင်လည်း ချီးမွမ်းတယ်၊

အလုပ်ထဲမှာ လည်းချီးမွမ်းတယ်။ သေမင်းအရိပ်

မှာလည်း ချီးမွမ်းတဲ့သူ။ ဒါကြောင့်လည်း ဘုရားက

ချီးမြှောက်တာပေါ့။ ဘဝရဲ့ အခက်အခဲတွေ

အန္တာရယ်တွေကြားမှာ ဘုရားကသူ့ကို အံ့သြ

ဖွယ် ကယ်မခဲ့တာလည်း မနည်းဘူး။ သူဟာ

ထူးဆန်းတယ် ချီးမွမ်းခြင်းနဲ့ ဘုရင်အထိတောင်

နာမည်ကျော်ကြားခဲ့ပြီး ဘယ်သူမှ ကုသလို့မရ

တဲ့ ရှောလုရဲ့နတ်ဆိုးစွဲတာကို ချီးမွမ်းခြင်းတန်

ခိုးတဲ့ လွတ်မြောက်စေခဲ့သူပေါ့။ ဒါကြောင့်လည်း

ရှောလုက ဂေါလျက်နဲ့ တိုက်ဖို့ ခွင့်ပြုခဲ့တာ

မဟုတ်ရင် ဘယ်လွယ်မလဲ။ ဝိညာဉ်လောက

မှာ ရှိတဲ့ အရာတွေကို ထိုးဖေါက်နိုင်လို့ မြင်ရ

တဲ့ ရုပ်လောကမှာလည်း အောင်ပွဲဆင်လာတယ်

ဆိုတာ ငြင်းစရာမရှိဘူး။


အရှက်ကွဲတာမဟုတ်ဘူး ဂုဏ်အသရေရစေတာ


ဘုရင်ဖြစ်ပြီးတော့ ပဋိညာဉ်သေတ္တာကို

မြို့ထဲကို ပြန်သယ်တဲ့ အခါမှာ ပျော်လွန်းလို့

သူ ကလေးတစ်ယောက်လို ခုန်ပေါက် ပြီး

ချီးမွမ်းခဲ့တယ်။ လူတွေရှေ့မှာ လုပ်ပြတာမဟုတ်

ဘူး။ တကယ်ကို သူ့ပုံစံပဲ။ တခါတလေ လူတွေ

က မအောင်ခင်သာ ဘုရားကို ဟန်ဆောင်မှုကင်း

မဲ့စွာ ချီးမွမ်းကြတာ။ နာမည်လေးရလာရင် ဂုဏ်

တွေ သိက္ခာတွေ ထိန်းလို့။ ဒါဝိဒ်ကတော့ ဒီလို

လူမဟုတ်ဘူး။ ဘုရားရှေ့မှာ အရှိကို၊ အရှိတိုင်း

ပဲ။ ဒါပေမယ့် ပြန်ရတဲ့ ရလဒ်ကတော့ အကောင်း

ချည်းပဲတော့မဟုတ်ဘူး။ အချစ်ဆုံးဇနီးသည်ရဲ့

သံရည်ပူတမျှ ပြင်းပြတဲ့ ဝေဖန်သံ။ ဒါပေမယ့်ဒါဝိဒ်

က ဘာပြောလဲ။ ဒီလို ဘုရားနဲ့ ပတ်သက်ပြီး

လုပ်တာကို ယုတ်မာတယ်၊ မကောင်းဘူးလို့

မြင်လို့၊ ပြောလို့ ငါ ရပ်တန့်သွားမှာ မဟုတ်ဘူး

ပိုလို့တောင် လုပ်အုံးမယ်လို့ သူ့ဆုံးဖြတ်ချက်က်ို

ကြေငြာ ပစ်လိုက်တယ်။ သူဘာကြောင့်ဒီဘဝ

ရောက်တယ် ဆိုတာ သူသိသလို စာတန်ကလည်း

အဲ့ဒီ အရာကို သိနေတယ်လေ။ပြောလို့သာရပ်

တန့်သွားရင် ဒါဝိဒ်ဆိုတာတောင် ဖြစ်လာစရာ

မရှိဘူး။ ဂေါလျက်ကို ရင်ဆိုင်တုန်းကလည်း အကို

တွေ ဝိုင်းပြောတာ ဂရုမှ မစိုက်ခဲ့တာပဲမဟုတ်

ဘူးလား။ လူတွေအလုပ်လူတွေလုပ်ပါစေ။ သင်လည်း

ကိုယ်လုပ်စရာရှိတာသာဆက်လုပ်။



Zawgyi

ပိုလုပ္ဖို႔ပဲ႐ွိတယ္


“ထို​မွ်​မ​က၊ ငါ​သာ၍​ယုတ္​မာ​မည္။ ကိုယ္​အ​ထင္​အ​တိုင္း ကိုယ္​ကို​သာ၍ ႏွိမ့္​ခ်​မည္၊ သင္​ေျပာ​ေသာ ကြၽန္​မ​မ်ား​မူ​ကား၊ ငါ့​ကို​ခ်ီး​မြမ္း​ၾက​လိမ့္​မည္​ဟု မိ​ခါ​လ​ကို ျပန္​ေျပာ၏။” ( ၂ရာ ၆:၂၀၂၁)


ခ်ီးမြမ္း ခုႏွစ္ရက္၊ ကဲ့ရဲ႕ခုႏွစ္ရက္ဆိုတဲ့စကား

သိတယ္မဟုတ္လား။ လူေတြက ေျပာရင္လည္း ခဏ

ပဲ တစ္သက္လုံးေတာ့ သင့္အေၾကာင္း ထိုင္မေျပာ

ႏိုင္ပါဘူး။ ဒါေၾကာင့္လူေတြငါ့ကို ဘာေတြမ်ားေျပာ

မလဲလို႔ ေတြးၿပီး စိတ္ဆင္းရဲ မခံနဲ႔။ လူေတြက

ေျပာမွာပဲ သင္ ေကာင္းရင္လည္း ေျပာမယ္။ မေကာင္း

ရင္လည္းေျပာမွာပဲ။ ဒါသူတို႔ အလုပ္သူတို႔လုပ္တာပါ

သင့္ အလုပ္သင္လုပ္ဖို႔ပဲလိုတယ္။


ခ်ီးမြမ္းျခင္းနဲ႔အစျပဳခဲ့တဲ့သူ

ဒါဝိဒ္ဆိုတာ အရင္ကတည္းက ခ်ီး

မြမ္းျခင္း နဲ႔ အေျခအေနတိုင္း၊ ေနရာတိုင္းမွာ

အသက္႐ွင္တဲ့ သူမဟုတ္လား။ ေတာထဲမွာလည္း

ခ်ီးမြမ္းတယ္။ ေတာင္ေတြ႕ရင္လည္း ခ်ီးမြမ္းတယ္၊

အလုပ္ထဲမွာ လည္းခ်ီးမြမ္းတယ္။ ေသမင္းအရိပ္

မွာလည္း ခ်ီးမြမ္းတဲ့သူ။ ဒါေၾကာင့္လည္း ဘုရားက

ခ်ီးေျမႇာက္တာေပါ့။ ဘဝရဲ႕ အခက္အခဲေတြ

အႏၲာရယ္ေတြၾကားမွာ ဘုရားကသူ႕ကို အံ့ၾသ

ဖြယ္ ကယ္မခဲ့တာလည္း မနည္းဘူး။ သူဟာ

ထူးဆန္းတယ္ ခ်ီးမြမ္းျခင္းနဲ႔ ဘုရင္အထိေတာင္

နာမည္ေက်ာ္ၾကားခဲ့ၿပီး ဘယ္သူမွ ကုသလို႔မရ

တဲ့ ေ႐ွာလုရဲ႕နတ္ဆိုးစြဲတာကို ခ်ီးမြမ္းျခင္းတန္

ခိုးတဲ့ လြတ္ေျမာက္ေစခဲ့သူေပါ့။ ဒါေၾကာင့္လည္း

ေ႐ွာလုက ေဂါလ်က္နဲ႔ တိုက္ဖို႔ ခြင့္ျပဳခဲ့တာ

မဟုတ္ရင္ ဘယ္လြယ္မလဲ။ ဝိညာဥ္ေလာက

မွာ ႐ွိတဲ့ အရာေတြကို ထိုးေဖါက္ႏိုင္လို႔ ျမင္ရ

တဲ့ ႐ုပ္ေလာကမွာလည္း ေအာင္ပြဲဆင္လာတယ္

ဆိုတာ ျငင္းစရာမ႐ွိဘူး။


အ႐ွက္ကြဲတာမဟုတ္ဘူး ဂုဏ္အသေရရေစတာ


ဘုရင္ျဖစ္ၿပီးေတာ့ ပဋိညာဥ္ေသတၱာကို

ၿမိဳ႕ထဲကို ျပန္သယ္တဲ့ အခါမွာ ေပ်ာ္လြန္းလို႔

သူ ကေလးတစ္ေယာက္လို ခုန္ေပါက္ ၿပီး

ခ်ီးမြမ္းခဲ့တယ္။ လူေတြေ႐ွ႕မွာ လုပ္ျပတာမဟုတ္

ဘူး။ တကယ္ကို သူ႕ပုံစံပဲ။ တခါတေလ လူေတြ

က မေအာင္ခင္သာ ဘုရားကို ဟန္ေဆာင္မႈကင္း

မဲ့စြာ ခ်ီးမြမ္းၾကတာ။ နာမည္ေလးရလာရင္ ဂုဏ္

ေတြ သိကၡာေတြ ထိန္းလို႔။ ဒါဝိဒ္ကေတာ့ ဒီလို

လူမဟုတ္ဘူး။ ဘုရားေ႐ွ႕မွာ အ႐ွိကို၊ အ႐ွိတိုင္း

ပဲ။ ဒါေပမယ့္ ျပန္ရတဲ့ ရလဒ္ကေတာ့ အေကာင္း

ခ်ည္းပဲေတာ့မဟုတ္ဘူး။ အခ်စ္ဆုံးဇနီးသည္ရဲ႕

သံရည္ပူတမွ် ျပင္းျပတဲ့ ေဝဖန္သံ။ ဒါေပမယ့္ဒါဝိဒ္

က ဘာေျပာလဲ။ ဒီလို ဘုရားနဲ႔ ပတ္သက္ၿပီး

လုပ္တာကို ယုတ္မာတယ္၊ မေကာင္းဘူးလို႔

ျမင္လို႔၊ ေျပာလို႔ ငါ ရပ္တန္႔သြားမွာ မဟုတ္ဘူး

ပိုလို႔ေတာင္ လုပ္အုံးမယ္လို႔ သူ႕ဆုံးျဖတ္ခ်က္က္ိဳ

ေၾကျငာ ပစ္လိုက္တယ္။ သူဘာေၾကာင့္ဒီဘဝ

ေရာက္တယ္ ဆိုတာ သူသိသလို စာတန္ကလည္း

အဲ့ဒီ အရာကို သိေနတယ္ေလ။ေျပာလို႔သာရပ္

တန္႔သြားရင္ ဒါဝိဒ္ဆိုတာေတာင္ ျဖစ္လာစရာ

မ႐ွိဘူး။ ေဂါလ်က္ကို ရင္ဆိုင္တုန္းကလည္း အကို

ေတြ ဝိုင္းေျပာတာ ဂ႐ုမွ မစိုက္ခဲ့တာပဲမဟုတ္

ဘူးလား။ လူေတြအလုပ္လူေတြလုပ္ပါေစ။ သင္လည္း

ကိုယ္လုပ္စရာ႐ွိတာသာဆက္လုပ္။

3 views0 comments