Search
  • Than Min Htike
ဖြစ်စေမယ်
က ၁၂:၁-၃
ပစ္စည်းတစ်ခုအသုံးဝင်တယ် မဝင်ဘူးဆိုတာ
အဲ့ဒီ ပစ္စည်းဘယ်လောက်တန်သလည်းဆိုတာနဲ့မဆိုင်ဘူး၊ အသုံးပြုတဲ့သူ ဘယ်လောက်သုံးတတ်တာလည်းဆိုတာနဲ့ပဲ
ဆိုင်တယ်။ အသုံးမပြုတတ်ရင်ဘယ်လောက် စျေးကြီး
ကြီး ဘာမှတန်ဖိုးမရှိပါဘူး။ အသက် (၇၅)နှစ်လောက်ရှိပြီး ကလေးမရနိုင်တဲ့ လူအိုကြီးတစ်ယောက်ကိုသင်မြင်ရင်
ဘယ်လို ခံစားမလည်း၊ သနားစရာ ကောင်းလိုက်တာ
ကလေးကလည်းမရဘူး၊ အသက်ကလဲကြီးနေပြီ‌
ဝောာ်တော်လေးဘဝကဆိုးလိုက်တာလို့ သင်မြင်ယောင်လိမ့်မယ်။ အဲ့လိုဘဝ သင်ကိုယ်တိုင်ရောက်ရင်လည်းဖြေဆည်နိုင်မှာ မဟုတ်ဘူး။ မျှော်လင့်ချက်ဆိုတာ ရှိမှာ တောင်မဟုတ်ဘူး။ ဘုရားက ကလေးမရနိုင်တဲ့ လူအိုကြီး အာဗြဟံ ကို အဲ့ဒီလို မမြင်ဘူး အဲ့လို မပြောဘူး။ သင့်ကိုလူမျိုးကြီးဖြစ်စေပြီး၊ သင့်အားဖြင့် လူမျိုးတကာကောင်းကြီးရမယ်တဲ့။ ကိုယ့်ဟာကိုယ်တောင် ကောင်း
ကြီးမဖြစ်တာ သူများကိုဘယ်လိုဖြစ်စေမှာလည်းလို့ မေးခွန်းထုတ်စရာရှိတယ်။ ဘုရားက သင် လုပ်ရမယ်လို့မပြောဘူး ဖြစ်စေမယ်လို့ ပြောတာ။ သူကိုယ်တိုင်ကသင်မဖြစ်နိုင်ရင်တောင်၊ ဖြစ်နိုင်စရာ အကြောင်းမရှိရင်တောင် ဖြစ်စေမယ်ဆိုရင် သေချာပေါက်ဖြစ်ကိုဖြစ်လာမှာ။ ဖန်ဆင်းတုန်းကတောင် ဘာမှမရှိတဲ့အရာတွေကိုတောင် ဖြစ်စေ၊ ဖြစ်စေ ဆိုပြီး ဖန်ဆင်းတယ် မဟုတ်လား။ ဒီလိုပါပဲ သင် အသက်တာမှာဖြစ်စေမယ်လို့ ဘုရားပြောတဲ့ အရာအားလုံးဟာ သင်လုပ်နိုင်လို့မဟုတ်ပဲ ဖြစ်စေနိုင်တဲ့သူရဲ့တန်ခိုးတော်ကြောင့် သာဖြစ်လိမ့်မယ်။ ဘုရားကဘယ်တော့မှဖြစ်နိုင်တဲ့ အပေါ်မှာ မလုပ်ဘူး။ တညလုံး ငါးတစ်ကောင်မှ မမိတဲ့ ပေတရုကိုတောင် လူကိုမျှားတဲ့ တံငါဖြစ်စေမယ်လို့ ဆိုခဲ့ပြီး၊ ဆိုတဲ့အတိုင်းလည်း ဖြစ်လာတယ်မဟုတ်လား။ ဒါကြောင့် တစ်ခုခု ဘုရားပြောတိုင်း၊လုပ်ခိုင်းတိုင်း ကိုယ်ဟာကိုယ် ဘာလို့ ကြည့်နေတာလည်းသင့်အစွမ်း၊ သင့်လုပ်နိုင်ခြင်းကြောင့် ဖြစ်လာတာ တစ်ခုမှ မရှိခဲ့ဖူးလည်း၊ သူ့ကြောင့် အရာရာဖြစ်လာ ရှိလာအုံးမှာပါ။ အာဗြဟံ အသက်တာမှာ လည်းမဖြစ်နိုင်တဲ့ အရာတွေဟာ မဖြစ်နိုင်တဲ့ အသက်အရွယ်မှာ တန်းစီဖြစ်လာတော့တာပဲ။ ဒါကြောင့်သင့်အားဖြင့် ဘုရားပြုမယ့်အမှုတွေကို ရေတွက်မယ်ဆို သေးသေးလေးတော့တစ်ခုမှ မဟုတ်ဘူးဆိုတာ သေချာတယ်။ အာဗြဟံအ
သက်တာမှာပြုပေးတဲ့ ဘုရား သင့်အသက်တာမှာလည်းပြုပေးလိမ့်မယ်။ မဖြစ်နိုင်ဘူးလို့ သင်ထင်ထားတာတွေဒီနေ့မှာ ဖြစ်လာ အုံးမှာပါ။
Zawgyi
ဖြစ်စေမယ်
က ၁၂:၁-၃
ဆိုင်တယ်။ အသုံးမပြုတတ်ရင်ဘယ်လောက် ဈေးကြီး
0 views0 comments