Search
  • Than Min Htike

ဘယ်တော့မှ မပြောဘူး (၁)

“ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ယုံ​မှား သောစိတ်နှင့်ကင်း၍ မိ​မိ​ဆို​သည်​အ​တိုင်း ဖြစ်​မည်​ဟု ယုံ​ကြည်​လျက်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌ ကျ​လော့​ဟု​ဆို​လျှင်၊ ထို​သူ​ဆို​သည်​အ​တိုင်း၊ ဖြစ်​လိမ့်​မည်။-” မာ ၁၁:၂၃

တောင်တွေအကြောင်းပြောမနေနဲ့

ကျွန်တော်က တောင်ပေါ်မှာမွေးခဲ့တဲ့သူတစ်ယောက်မဟုတ်ပေမယ့် အမှုတော်ဆောင်တဲ့တစ်လျှောက် မှာတော့ တောင်ပေါ်ဒေသတွေကို လှည့်လည်ခဲ့ပြီးတော့ သတင်းကောင်းကိုဝေငှခဲ့ဖူးတယ်။ ဒါ့ကြောင့် တောင်တွေနဲ့တော့မစိမ်းဘူး။ သတင်းကောင်းဝေငှဖို့အတွက် တချို့သောအချိန်တွေမှာ လူသူအရောက်အပေါက်နည်းတဲ့ တောင်တွေ ကာရံထားတဲ့နေရာတွေကို သွားခဲ့တဲ့အချိန်ဆိုရင် တနေကုန်လမ်းလျှောက်ပြီးတော့ တောင်တွေကိုဖြတ်ပြီး သွားခဲ့ရတယ်။ မြို့ပေါ်မှာနေတဲ့ သူတစ်ယောက်အ တွက်တော့တကယ့်ကို မလွယ်ခဲ့ပေမယ့် ချစ်တဲ့သခင်ယေရှုအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်တဲ့အတွက် အရမ်းကိုပျော်ခဲ့တယ်။ တောင်ပေါ်တက်တဲ့အခါမှာ လှမ်းမြင်နေရတဲ့ ထိပ်ကိုအမြင့်ဆုံးလို့ထင်ပြီးတော့ကြိုးစားတက်ခဲ့ပေမယ့် အဲ့ဒီနေရာရောက်တဲ့အခါမှာ သူ့ထက်မြင့်တဲ့ ထိပ်ကရှိနေပြန်တယ်။ အဲ့လို သူထက်မြင့်တဲ့ နေရာကိုရောက်

ပြန်တော့လဲ ထပ်ရှိပြန်သေးတယ်။ နောက်ဆုံး ကိုယ်သွားချင်တဲ့တောင် ပေါ်ရွာလေး ရောက်တာတောင် အဲ့ဒီကနေ လှမ်းမျှော်ကြည့်ရတဲ့ တောင်တွေက မကုန်သေးဘူး၊ သူ့ထက်သူ မြင့်တာကြီးပဲ။ အဲ့ဒီလိုလမ်းလျှောက်ရင်း ဘယ် လိုထင်ခဲ့လဲဆိုတော့ တောင်တွေကို မကုန်နိုင်တော့ဘူးလို့တောင်ထင်ခဲ့ဖူးတယ်။ လောကမှာအသက်ရှင်တဲ့အခါလဲအဲ့ဒီအတိုင်းပဲမဟုတ်လား။ အခက်အခဲတောင် တစ်ခုကိုရင်ဆိုင်လို့မပြီးသေးဘူးအဲ့ဒီထက်မြင့်တဲ့တောင်ကိုမြင်နေပြန်တယ်။ ဒီနေ့ဒီအချိန်အထိရင်ဆိုင်လိုက်ရတဲ့တောင် တွေက ဆုံးကိုမဆုံးနိုင်တော့ဘူး။ တစ်ခုပြီးတစ်ခု ပိုမြင့်လာသလို တစ်ခုပြီးတစ်ခု စိန်ခေါ်မှုတွေနဲ့ပိုပြည့်လာတယ်မဟုတ်လား။ ဒါ့ကြောင့်အခက်အခဲဆိုတဲ့တောင်တွေအ ကြောင်းပြောမယ်ဆိုရင် ပြောလို့ကုန်တော့မှာမဟုတ်ဘူး။ လူတိုင်းမှာ ပြောစရာအပြည့်ဖြစ်နေမှာသေချာတယ်။ သူ့ထက်သူ အပြိုင် ကြီးနေကြမှာပါပဲ။ ဒါပေမယ့် အဲ့ဒါတွေကိုပြောနေလို့ ဘယ်တော့မှ အဖြေရလာမှာမဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။ လူတချို့က သူတို့ရင်ဆိုင်ရတဲ့

တောင်တွေအကြောင်းပြောရင်းနဲ့ အရသာခံနေကြတယ်။ တကယ်တော့ တောင်တွေ အကြောင်းပြောလို့ဘာမှထူး လာမှာမဟုတ်ဘူးဆိုတာသူတို့က သတိမထားမိခဲ့ကြဘူး။ နှစ်ပေါင်းများစွာ ပြောလာတာပဲ ဘာများထူးထူးခြားခြား ဖြစ်သွားလို့လဲ။ ဒါကြောင့်အဲ့ဒါတွေကို ပြောတာတွေရပ်ထားဖို့လိုပြီ။

တောင်တွေကိုစကားပြောရတော့မယ်

တောင်တွေအကြောင်းမပြောရင် ဘာပြောမလဲလို့သင်မေးချင်လိမ့်မယ်။ ယေရှုက ရိုးရှင်းတဲ့ နိယာမတစ်ခုကိုသင်ပေးတယ်။ အဲ့ဒါကတော့ တောင်တွေကို စကား ပြောဖို့ပါပဲ(အမိန့်ပေး)။ ယုံကြည်ခြင်းနဲ့ တောင်တွေကိုစကားပြောရင် အဲ့ဒီတောင်တွေက သင့်စကားအတိုင်း နာခံ ပြီးတော့ဖြစ်လာမယ်လို့ယေရှုကဆိုတယ်။ ဒါဆိုရင် အခက်အခဲတွေအကြောင်းမပြောပဲ အဲ့ဒီအခက်အခဲတွေကို သခင်ယေရှုနာမအားဖြင့် ဖယ်ရှားပြီးနစ်မြုပ်စေမယ့်စကားတွေကိုပဲ ယုံကြည်ခြင်းနဲ့နေ့စဉ် ပြောဆိုဖို့လိုတယ်။ ကျွန်တော်တပည့်တစ်ယောက် တစ်ရက်ငိုပြီးကျွန်တော်ကိုရင်ဖွင့်တယ်။ သူရဲ့တောင်တွေအကြောင်းပေါ့။ သူ့ကိုမျက်ရည်ကျစေတဲ့တောင်က တခြားအရာမဟုတ်ဘူး။ လူတစ်ယောက်က အခြားသူတွေရဲ့ရှေ့မှာ သူ့ကိုအရှက်ခွဲပြီး လာလာအော်တာပါ။ အဲ့ဒါကို သူအကြိမ်ပေါင်းများစွာကြုံခဲ့ရတယ်။ တကြိမ်ထက်တစ်ကြိမ်လဲပိုဆိုးလာတယ်။ ဒါနဲ့ကျွန်တော်က သူ့ကို အဲ့ဒီ တောင်အကြောင်းမပြောနဲ့တော့ သူဘယ်လိုလုပ်တယ် သူဘယ်လောက်

လုပ်တယ်ဆိုတာ စိတ်မဝင်စားဘူး။ ဒီအခြေအနေကိုဘယ်လို ဖြစ်စေချင်လဲဆိုတာပဲ ပြောရအောင်။ ဒါနဲ့စတင်ပြီးတော့ အဲ့ဒီ တောင်ကို အမိန့်ပေးတယ်။ လုံး၀ဒီလို အခြေနေကို ဆက်လက်ခွင့်မပြုဘူးဆိုတာကိုကြေငြာတယ်။ ဒီတောင်တွေကို ပင်လယ်ထဲကျပြီးတော့ နစ်မြှုပ်တဲ့အကြောင်း ပြောထုတ်ပြီးတဲ့အခါမှာ အဲ့နောက်ပိုင်းဒီလိုလုပ်တဲ့သူက အကြောင်းပြချက်တစ်ခုကြောင့် အဲ့ဒီနေရာကို မလာတော့ဘူး။ နောက်ပြန်ရောက်လာတဲ့အခါမှာလဲ ဒီလိုပြုမူတာ မရှိတော့ဘူး။ ဒါဆိုရင်ရှင်းပါတယ်။ တောင်တွေအကြောင်းပြောနေလို့ ဘာအကြောင်းမှ မထူးဘူးတောင်တွေကိုစကားပြောမှ ထူးလာမယ်ဆိုတာ ယေရှု သွန်သင်ပေးခဲ့တာ လက်တွေ့လုပ်လိုက်တဲ့အကျိုးပဲမဟုတ်လား။ ဒီနေ့ကစပြီးတော့ စပြောပါ လုံး၀မမြင်ရတော့မယ် ပယ်လယ်ထဲမှာနစ်မြှုပ်ပစ်လိုက်စမ်းပါ။

Zawgyi

ဘယ်တော့မှ မပြောဘူး (၁)

“ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့်မည်။-” မာ ၁၁:၂၃

1 view

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube