- Than Min Htike
ဘယ်တော့မှ မပြောဘူး(၂)
“သူနှင့်အတူလိုက်သွားသောသူတို့က ထိုပြည်သားတို့ကို ငါတို့မတိုက်နိုင်။ သူတို့သည် ငါတို့ထက်သာ၍ အားကြီးကြသည်ဟူ၍လည်းကောင်း၊ ငါတို့သွား၍စူးစမ်းသောပြည်သည် မိမိသားတို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သားအပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။ ကိုယ်ကြီးသောလူအမျိုးအနွယ်၊ အာနကအမျိုးအနွယ်ဖြစ်၍ အလွန်ကြီးမားသောသူတို့ကိုလည်း မြင်ခဲ့ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်အတိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍လည်းကောင်း၊ သူတို့အထင်အတိုင်းလည်း ထိုသို့ဖြစ်ကြသည်ဟူ၍လည်းကောင်း၊ မိမိတို့စူးစမ်းသောပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသောသတင်းကို ကြားပြောကြလေ၏။” တော ၁၃:၃၁
စကားစကား ပြောပါများ စကားထဲက ဇာတိပြဆိုတဲ့ဆိုရိုးလိုပါပဲ။ လူတစ်ယောက်ရဲ့စကားထဲကနေသူ့ရဲ့ စိတ် နေသဘောထားကိုမြင်နိုင်သလို၊ လူတစ်ယာက်ရဲ့စကားထဲကနေပဲ သူ့ရဲ့ အစပြုတဲ့နေရာကိုရော အဆုံးသတ်မယ့်နေရာကို မြင်တွေ့နိုင်တယ်။ စကားကိုလွယ်လွယ်ပြောရင် သင့်ဘ၀ဟာအောင်မြင်ဖို့တော့မလွယ်တော့ဘူး။ အလ ကားပဲ ပိုက်ဆံမပေးရတိုင်း လျှောက်မပြောနဲ့ သင့်ဘ၀ တစ်ခုလုံး အလကားတန်ဖိုးမရှိတဲ့ဘ၀ကြီးဖြစ်သွားလိမ့်မယ်။ အောင်မြင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အောင်မြင်သူတွေပြောတဲ့စကားတွေကို သေချာလေ့လာ ဖို့တော့လိုတယ်။
အရှုံးသမားက အရှုံးအကြောင်းပဲပြောတယ်
အပြင်စီးပွားရေးလောကမှာတောင် အရှုံးကို လက်မခံတော့ဘူး။ အလုပ်လုပ်တဲ့အခါမှာ ငွေမမြတ်ရင်တောင် ဘယ်တော့မှ အရှုံးလို့မသတ်မှတ်ဘူး။ သင်ခန်းစာလို့ပဲမှတ်ယူကြပြီးတော့ နောက်တစ်ခေါက်အကောင်းဆုံးပြန်လုပ်ဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့သတ်မှတ် ကြတယ်။ လောကကြီးတောင်ဒီလို မြင်နေချိန်မှာ ဘုရားသားသမီးတွေက အရှုံးသမားဘ၀လို ဘာကြောင့်မြင်နေ၊ ပြောနေအုံးမှာလဲ။ ဣသရေလလူမျိုးတွေ ခါနန်ပြည်ကိုသိမ်းပိုက်ဖို့ ပထမဆုံး ယေရိခေါမြို့ကိုရောက်လာတဲ့အခါမှာ လူ၁၂ ယောက်ကို စေလွှတ်ပြီးတော့ နယ်မြေကိုလေ့လာခိုင်းတယ်။ အသီးတွေကိုလဲ ယူလာခိုင်းတယ်။ ပြန်လာတဲ့အခါမှာ လူ ၁၀ ယောက် အရှုံးသမားစကား၊အရှုံးသမားအမြင်တွေကို ပြောပြီးတော့ လူတွေကို အရှုံးသမားဇါတ်သွင်းကြတယ်။ လူ ၂ယောက်ကပဲ ဘုရားတတ်နိုင်တယ်၊ ဘုရား လုပ်ပေးမယ်ဆိုတာကို ပြောတယ်။ စဉ်းစားကြည့် ဒီလောက်ကောင်းတဲ့ နေရာ၊ ကောင်းတဲ့ အသီးအနှံတွေကိုမြင်တာတောင်မှ သူတို့အထဲမှာ ရှိတဲ့မကောင်းမြင်တဲ့စိတ်ဓါတ်က ဘရိတ်အုပ်လို့မရဘူး။ ဒီနေရာကိုသေဖို့လာတယ်လို့ပဲထင်နေသေးတယ်။ ဒါကြောင့်လဲ အဲ့ဒီလူတွေရော သူတို့စကားကိုယုံတဲ့သူတွေရောအကုန် သူတို့ယုံတဲ့အတိုင်းဖြစ်ကုန်တော့တာပဲ။ အရေးကြီးတယ် အရှုံးသမားတစ်ယောက် ဟာ သူတစ်ယောက်ထဲရှုံးတာမဟုတ်ပါဘူး။ သူ့အနားပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုပါ အရှုံးသမားဖြစ်စေတာပါပဲ။ ဒါကြောင့်သင် ဘယ်သူနဲ့ပေါင်းလဲ၊ ဘယ်သူ့စကားကို ယုံသလဲဆိုတာ သိပ်ကိုအရေးကြီးတယ်။ လွယ်လွယ်နဲ့ရတာတော့ဘာရှိမလဲ၊ ဒါကြောင့်ခက်ခဲတယ်ဆိုပေမယ့် အရှုံးသမားစိတ်ဓါတ်ကို ဘေးဖယ်ပြီးတော့ အောင်မြင်တဲ့သူတစ်ယောက်ရဲ့စိတ်ဓါတ်နဲ့ပြောဆိုခြင်းကို လေ့လာသင်ယူပြီးနေ့စဉ် အသက်ရှင်သင့်တယ်။ ဒါဆိုရင် သင့်အနာဂတ်ကအရမ်းကိုတောက်ပလာတော့မှာသေချာတယ်။

Zawgyi
ဘယ်တော့မှ မပြောဘူး(၂)
“သူနှင့်အတူလိုက်သွားသောသူတို့က ထိုပြည်သားတို့ကို ငါတို့မတိုက်နိုင်။ သူတို့သည် ငါတို့ထက်သာ၍ အားကြီးကြသည်ဟူ၍လည်းကောင်း၊ ငါတို့သွား၍စူးစမ်းသောပြည်သည် မိမိသားတို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သားအပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။ ကိုယ်ကြီးသောလူအမျိုးအနွယ်၊ အာနကအမျိုးအနွယ်ဖြစ်၍ အလွန်ကြီးမားသောသူတို့ကိုလည်း မြင်ခဲ့ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်အတိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍လည်းကောင်း၊ သူတို့အထင်အတိုင်းလည်း ထိုသို့ဖြစ်ကြသည်ဟူ၍လည်းကောင်း၊ မိမိတို့စူးစမ်းသောပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသောသတင်းကို ကြားပြောကြလေ၏။” တော ၁၃:၃၁
စကားစကား ပြောပါများ စကားထဲက ဇာတိပြဆိုတဲ့ဆိုရိုးလိုပါပဲ။ လူတစ်ယောက်ရဲ့စကားထဲကနေသူ့ရဲ့ စိတ် နေသဘောထားကိုမြင်နိုင်သလို၊ လူတစ်ယာက်ရဲ့စကားထဲကနေပဲ သူ့ရဲ့ အစပြုတဲ့နေရာကိုရော အဆုံးသတ်မယ့်နေရာကို မြင်တွေ့နိုင်တယ်။ စကားကိုလွယ်လွယ်ပြောရင် သင့်ဘ၀ဟာအောင်မြင်ဖို့တော့မလွယ်တော့ဘူး။ အလ ကားပဲ ပိုက်ဆံမပေးရတိုင်း လျှောက်မပြောနဲ့ သင့်ဘ၀ တစ်ခုလုံး အလကားတန်ဖိုးမရှိတဲ့ဘဝြကီးဖြစ်သွားလိမ့်မယ်။ အောင်မြင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အောင်မြင်သူတွေပြောတဲ့စကားတွေကို သေချာလေ့လာ ဖို့တော့လိုတယ်။