Search
  • Than Min Htike

ဘယ်တော့မှ မပြောဘူး (၃)

“ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၌​ပါ​သော​လူ​တို့​သည် အ​လွန်​များ၍၊ သူ​တို့​လက်၌ မိ​ဒျန်​လူ​တို့​ကို ငါ​မ​အပ်​ရ။ အပ်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​က၊ ငါ့​လက်​ရုံး​သည် ငါ့​ကို​ကယ်​တင်​ပြီ​ဟု ငါ့​တစ်​ဖက်၌ ဝါ​ကြွား​လိမ့်​မည်။” သူကြီး ၇:၂


ကြမ်းကျွံရင်နုတ်လို့ရတယ်

တလောကလုံးကို သင်ဆန့်ကျင်ပြီးစကားပြောတာ ပြသနာမဟုတ်ပေမယ့် ဘုရားတဖက်မှာ ဘုရားကိုဆန့်ကျင်ပြီး စကားမပြောမိဖို့လိုတယ်။ ဘုရားသခင်မကြားချင်တဲ့ စကားရှိတယ်။ အဲ့ဒါကတော့ ကိုယ့်ကြိုးစားမှု၊ ကိုယ်တော်ခြင်းတတ်ခြင်းကြောင့် အောင်မြင်သလိုလို၊ ထိပ်ဆုံးရောက်သလိုလို ဘုရားကိုဘေးဖယ်ပြီးတော့ ပြောတဲ့စကားလုံးတွေပါ။ တစ်ခါတစ်လေ သက်သေခံချက်တွေ၊ တရားဟောချက်တွေမှာတောင်ပါတတ်တယ်။ တကယ်တော့ အားလုံးဟာ ဘုရားရဲ့တစ်ဖက်သတ်ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းရကြတဲ့သူတွေ၊ အောင်မြင်ကောင်းစားခွင့်ရတဲ့သူတွေပါ။ ကိုယ့်ရဲ့တော်ခြင်း၊ တတ်ခြင်း အရည်အချင်းအတိုင်းသာဆိုရင် ထိပ်ဆုံးရောက်ဖို့မပြောနဲ့ လမ်းထိပ်ရောက်ဖို့တောင် မလွယ်ဘူး။ တကယ်တော့အရာရာဟာ ဘုရားမစခြင်းကြောင့်သာမဟုတ်ရင် ဘာမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။


ပြောစရာမဖြစ်လာအောင်

ဂိဒေါင် ရန်သူတွေကိုစစ်တိုက်သွားတော့ ဘုရားကပြောတယ် လူများလွန်းတယ် လျော့ပါတဲ့။ စစ်တိုက်တဲ့အခါမှာ ရသလောက်လူအင်အားစုရမှာကို ဘုရားကဂိဒေါင်ကို လျော့ခိုင်းတယ်။ မလျော့ခင်တောင် ရန်သူအင်အားကိုမမှီသေးဘူး။ ဒါပေမယ့်ဘုရားကပြောတယ် လျော့တဲ့။ တချို့အရာတွေကျွန်တော်တို့အသက်တာထဲကနေ ဘုရားဘာကြောင့်လျော့လိုက်လဲသိလား။ အရမ်းများလာရင် ဘုရားလုပ်ပေးတယ်ဆိုတာ မမြင်တော့ပဲနဲ့ ကိုယ့်ကြိုးစားမှု၊ ကိုယ်တော်လို့၊ ငါမှာအဲ့ဒါရှိနေလို့ဆိုတဲ့ ဘုရားတစ်ဖက်က စကားတွေပြောလာမှာ စိုးလို့။ ဒါနဲ့ သုံးသောင်းနှစ်ထောင်ကနေ နှစ်သောင်းနှစ်ထောင်လျော့ချလိုက်ပြီးတစ်သောင်းပဲကျန်တော့တယ်။ ဒါလဲဘုရား များသေးတယ်တဲ့။ သုံးပုံတစ်ပုံလျော့လိုက်တာနော်။ အခုချိန်မှာ ဘာတွေဘယ်လိုပဲလျော့ခံရ လျော့ခံရ မစိုးရိမ်ပါနဲ့ ဘုရားရှိပါသေးတယ်။ ဘုရားကိုအားကိုးတာ၊ ယုံကြည်တာ မလျော့ဖို့ပဲလို့တာပါ။ နောက်ဆုံး သုံးရာထဲနဲ့ ရန်သူကိုရင်ဆိုင်ဖို့ဖြစ်လာတယ်။ အဲ့ဒီရန်သူကိုရင်ဆိုင်ဖို့ သွားတဲ့အခါမှာလဲ ဘာလက်နက်မှမပါဘူး။ တံပိုး၊ အိုးနှင့်မီးခွက်လေးပဲပါတာ။ ရန်သူတွေအနားရောက်တော့ အိုးထဲမီးခွက်ထည့် ပြီးတော့ရန်သူနားချဉ်းကပ်ပြီး အချက် ပေးတဲ့အခါမှာ အိုးကိုခွဲပြီးတံပိုးကိုမှုတ်ကာ ထာ၀ရဘု ရားနဲ့ဂိဒေါင်ရဲ့ထားလို့ အော်ဟစ်ခိုင်းတယ်။ စဉ်းစားကြည့်ရင် ထားတောင်မပါဘူး။ ဒါပေမယ့် ဘုရားယူခိုင်းတဲ့အရာတွေနဲ့လုပ်ခိုင်းတဲ့အတိုင်း လုပ်တော့ လူနည်းနည်းလေးနဲ့လဲ အောင်မြင်ခြင်းရတာပါပဲ။ အရေးကြီးတာ

ငွေအင်အား၊ လူအင်အားမဟုတ်ဘူး ဘုရားပါဖို့ပဲမဟုတ်လား။ ဘုရားပါရင် ဘာမဆို ဖြစ်လာမယ်။ ဒါကြောင့် နေ့စဉ်ပြောတဲ့စကားတွေက ဘုရားကောင်းမြတ်ခြင်းကို ထုတ်ဖေါ်သက်သေခံတဲ့ အရာတွေပဲဖြစ်စေပါ။ တစ်ဖက်မှာ ပြောတဲ့စကားတွေ ဘယ်တော့မှ မပြောမိစေနဲ့။






Zawgyi

ဘယ္ေတာ့မွ မေျပာဘူး (၃)

“ထာ​ဝ​ရ​ဘု​ရား​က​လည္း၊ သင္၌​ပါ​ေသာ​လူ​တို႔​သည္ အ​လြန္​မ်ား၍၊ သူ​တို႔​လက္၌ မိ​ဒ်န္​လူ​တို႔​ကို ငါ​မ​အပ္​ရ။ အပ္​လွ်င္ ဣ​သ​ေရ​လ​အ​မ်ိဳး​က၊ ငါ့​လက္​႐ုံး​သည္ ငါ့​ကို​ကယ္​တင္​ၿပီ​ဟု ငါ့​တစ္​ဖက္၌ ဝါ​ႂကြား​လိမ့္​မည္။” သူႀကီး ၇:၂


ၾကမ္းကြၽံရင္ႏုတ္လို႔ရတယ္

တေလာကလုံးကို သင္ဆန္႔က်င္ၿပီးစကားေျပာတာ ျပသနာမဟုတ္ေပမယ့္ ဘုရားတဖက္မွာ ဘုရားကိုဆန္႔က်င္ၿပီး စကားမေျပာမိဖို႔လိုတယ္။ ဘုရားသခင္မၾကားခ်င္တဲ့ စကား႐ွိတယ္။ အဲ့ဒါကေတာ့ ကိုယ့္ႀကိဳးစားမႈ၊ ကိုယ္ေတာ္ျခင္းတတ္ျခင္းေၾကာင့္ ေအာင္ျမင္သလိုလို၊ ထိပ္ဆုံးေရာက္သလိုလို ဘုရားကိုေဘးဖယ္ၿပီးေတာ့ ေျပာတဲ့စကားလုံးေတြပါ။ တစ္ခါတစ္ေလ သက္ေသခံခ်က္ေတြ၊ တရားေဟာခ်က္ေတြမွာေတာင္ပါတတ္တယ္။ တကယ္ေတာ့ အားလုံးဟာ ဘုရားရဲ႕တစ္ဖက္သတ္ေက်းဇူးေတာ္ေၾကာင့္သာ ကယ္တင္ျခင္းရၾကတဲ့သူေတြ၊ ေအာင္ျမင္ေကာင္းစားခြင့္ရတဲ့သူေတြပါ။ ကိုယ့္ရဲ႕ေတာ္ျခင္း၊ တတ္ျခင္း အရည္အခ်င္းအတိုင္းသာဆိုရင္ ထိပ္ဆုံးေရာက္ဖို႔မေျပာနဲ႔ လမ္းထိပ္ေရာက္ဖို႔ေတာင္ မလြယ္ဘူး။ တကယ္ေတာ့အရာရာဟာ ဘုရားမစျခင္းေၾကာင့္သာမဟုတ္ရင္ ဘာမွ ျဖစ္လာႏိုင္စရာ အေၾကာင္းမ႐ွိပါဘူး။


ေျပာစရာမျဖစ္လာေအာင္

ဂိေဒါင္ ရန္သူေတြကိုစစ္တိုက္သြားေတာ့ ဘုရားကေျပာတယ္ လူမ်ားလြန္းတယ္ ေလ်ာ့ပါတဲ့။ စစ္တိုက္တဲ့အခါမွာ ရသေလာက္လူအင္အားစုရမွာကို ဘုရားကဂိေဒါင္ကို ေလ်ာ့ခိုင္းတယ္။ မေလ်ာ့ခင္ေတာင္ ရန္သူအင္အားကိုမမွီေသးဘူး။ ဒါေပမယ့္ဘုရားကေျပာတယ္ ေလ်ာ့တဲ့။ တခ်ိဳ႕အရာေတြကြၽန္ေတာ္တို႔အသက္တာထဲကေန ဘုရားဘာေၾကာင့္ေလ်ာ့လိုက္လဲသိလား။ အရမ္းမ်ားလာရင္ ဘုရားလုပ္ေပးတယ္ဆိုတာ မျမင္ေတာ့ပဲနဲ႔ ကိုယ့္ႀကိဳးစားမႈ၊ ကိုယ္ေတာ္လို႔၊ ငါမွာအဲ့ဒါ႐ွိေနလို႔ဆိုတဲ့ ဘုရားတစ္ဖက္က စကားေတြေျပာလာမွာ စိုးလို႔။ ဒါနဲ႔ သုံးေသာင္းႏွစ္ေထာင္ကေန ႏွစ္ေသာင္းႏွစ္ေထာင္ေလ်ာ့ခ်လိုက္ၿပီးတစ္ေသာင္းပဲက်န္ေတာ့တယ္။ ဒါလဲဘုရား မ်ားေသးတယ္တဲ့။ သုံးပုံတစ္ပုံေလ်ာ့လိုက္တာေနာ္။ အခုခ်ိန္မွာ ဘာေတြဘယ္လိုပဲေလ်ာ့ခံရ ေလ်ာ့ခံရ မစိုးရိမ္ပါနဲ႔ ဘုရား႐ွိပါေသးတယ္။ ဘုရားကိုအားကိုးတာ၊ ယုံၾကည္တာ မေလ်ာ့ဖို႔ပဲလို႔တာပါ။ ေနာက္ဆုံး သုံးရာထဲနဲ႔ ရန္သူကိုရင္ဆိုင္ဖို႔ျဖစ္လာတယ္။ အဲ့ဒီရန္သူကိုရင္ဆိုင္ဖို႔ သြားတဲ့အခါမွာလဲ ဘာလက္နက္မွမပါဘူး။ တံပိုး၊ အိုးႏွင့္မီးခြက္ေလးပဲပါတာ။ ရန္သူေတြအနားေရာက္ေတာ့ အိုးထဲမီးခြက္ထည့္ ၿပီးေတာ့ရန္သူနားခ်ဥ္းကပ္ၿပီး အခ်က္ ေပးတဲ့အခါမွာ အိုးကိုခြဲၿပီးတံပိုးကိုမႈတ္ကာ ထာ၀ရဘု ရားနဲ႔ဂိေဒါင္ရဲ႕ထားလို႔ ေအာ္ဟစ္ခိုင္းတယ္။ စဥ္းစားၾကည့္ရင္ ထားေတာင္မပါဘူး။ ဒါေပမယ့္ ဘုရားယူခိုင္းတဲ့အရာေတြနဲ႔လုပ္ခိုင္းတဲ့အတိုင္း လုပ္ေတာ့ လူနည္းနည္းေလးနဲ႔လဲ ေအာင္ျမင္ျခင္းရတာပါပဲ။ အေရးႀကီးတာ

ေငြအင္အား၊ လူအင္အားမဟုတ္ဘူး ဘုရားပါဖို႔ပဲမဟုတ္လား။ ဘုရားပါရင္ ဘာမဆို ျဖစ္လာမယ္။ ဒါေၾကာင့္ ေန႔စဥ္ေျပာတဲ့စကားေတြက ဘုရားေကာင္းျမတ္ျခင္းကို ထုတ္ေဖၚသက္ေသခံတဲ့ အရာေတြပဲျဖစ္ေစပါ။ တစ္ဖက္မွာ ေျပာတဲ့စကားေတြ ဘယ္ေတာ့မွ မေျပာမိေစနဲ႔။

1 view

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube