- Than Min Htike
ဘယ်တော့မှ မပြောဘူး(၄)
“ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကိုသတ်၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသောသူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပရမည်အကြောင်း၊ အရေဖျားလှီးခြင်းကိုမခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သောသူ ဖြစ်သနည်းဟု မိမိအနားမှာရှိသောသူတို့အား မေးမြန်းလျှင်၊” ၁ဓမ္မ ၁၇:၂၆
ဘာအတွက်အသက်ရှင်နေတာလဲ?
ရုန်းကန်ဖို့အတွက် ရှင်သန်နေတာလား?
ရှင်သန်သန်ဖို့အတွက် ရုန်းကန်နေတာလား?
လူတွေက အောင်မြင်တဲ့သူတွေကိုသဘောကျတယ်။ ဒါပေမယ့်သူတို့အတိုင်းတော့လိုက်မလုပ်ချင်ကြ ဘူး။ ဒါကြောင့်လဲ အောင်မြင်ခြင်းဆိုတာငေးကြည့်နေရုံလေးပဲ ဖြစ်နေရတာပေါ့။ အောင်မြင်တဲ့သူတိုင်းမှာအား လုံးနီးပါးမဟုတ်ရင်တောင် တူညီတဲ့အချက်တွေရှိတယ်။ အောင်မြင်ခြင်းရဲ့စတိုင်လို့ပြောလို့တောင်ရတယ်။ ဘယ်ကဏ္ဍမှာမဆိုအောင်မြင်သူတိုင်းရဲ့ အပြောအဆို အပြု အမူတွေက အများအားဖြင့်ဆင်တူကြတယ်။ ဒီလိုပါပဲ မအောင်သေးတဲ့သူတွေမှာလဲ စရိုက်လက္ခဏာတွေက သိပ်မကွဲပြားပြန်ဘူး။ ဒါကြောင့်လည်း အောင်မြင်ခြင်းက နှောင့်နှေးနေတာပေ့ါ။ ဘ၀မှာ အောင်မြင်ချင် တယ်ဆိုရင်တော့ အောင်မြင်တဲ့သူတွေလျှောက်တဲ့လမ်းကိုတော့သိဖို့လိုတယ်။
အခက်အခဲတွေထက်ကျော်လွန်ပြီး
ဒါဝိဒ် အဖေခိုင်းတဲ့ အကိုတွေဆီကို သွားတဲ့အခါမှာဂေါလျက် ရဲ့စိန်ခေါ်မှုကို ကြားခဲ့ရတယ်။ လူတိုင်းက ကြောက်လွန်းလို့ အသက်ရူဖို့တောင် မေ့နေကြတဲ့အချိန်မှာ ဒါဝိဒ်ကဂေါလျက်ကို သတ်တဲ့သူရမယ့်ဆုအကြောင်းလူတွေကို လိုက်မေးနေလေရဲ့။ လူတချို့ဆို အဲ့ဒီမေးခွန်းအတွက် အဖြေတောင်မရှိဘူး။ ဘာကြောင့်လဲ သူတို့က အဲ့ဒီဆုကိုဘယ်တော့မှ စိတ်ကူးမယဉ် ထားလို့ပဲ။ သူတို့က မျက်စိထဲမှာ ရှိတာကပြဿနာကောင် ဂေါလျက်နဲ့ သူ့ရဲ့ လက်နက်တွေအကြောင်းပဲ။ ဒါကိုပဲမြင်တယ်၊ ဒါကိုပဲတွေးပြီး ဂေါလျက်ဘယ်လောက်ကြီးမားပြီး သန်မယ်တယ်ဆိုတာကသာ ဣသရေလ တပ်ထဲမှာ၊ နိုင်ငံထဲမှာ ပျံနှံ့နေတယ်။ ရှောလု ကြေငြာတဲ့ အဲ့ဒီလူကိုသတ်လို့နိုင်တဲ့ သူရမယ့်ဆုအကြောင်းက အဲ့ဒီလောက်တောင် နာမည်မကြီးဘူး။ တနည်းနဲ့ပြောရင် လူစိတ်မဝင်စားဘူးဆိုပါတော့။ အဲ့ဒီလူတွေထက်ထူးခြားတဲ့ ဒါဝိဒ်ကတော့ ဂေါလျက်ဘယ်လောက်ကြီးလဲ ဘယ်လောက်စစ်မှုကျွမ်း ကျင်လည်း စိတ်မဝင်စားပဲ သူ့ကိုသတ်မယ့်သူရဲ့ရမယ့်ဆုကိုပဲ အကြီးအကျယ်စိတ်ကူးယဉ်နေလေရဲ့။ အကိုတွေတောင် အမြင်ကပ်လွန်းလို့ သူ့ကို စိတ်နှလုံးသားမကောင်းတဲ့လူဆိုပြီးစွပ်စွဲသေးတယ်မဟုတ်လား။ ဒီနေ့ လူတော်တော်များများ အမြင်ကပ်ပြီးတိုက်ခိုက်နေတဲ့လူတချို့က လူတွေတိုက်ခိုက်လို့မရှုံးနိမ့်သွားတဲ့အပြင် ပိုတောင် အောင်မြင်လာကြတယ်ဆိုတာ သတိထားမိလား။
ဝေဖန်တိုက်ခိုက်တဲ့ လူတွေပဲ တနေ့တခြား လူတွေရဲ့အောက်ကိုရောက်မှန်းမသိ ရောက်နေကြတယ်။ လူတွေ
ဘယ်လိုပဲ ဝေဖန်ဝေဖန် ဒါဝိဒ်ကတော့ ဆုကိုပဲစိတ်ဝင် စားတယ်၊ သေချာအောင် လူတွေကိုလိုက်မေးတယ်။
အဲ့ဒီသတင်းက ရှောလုဆီရောက်သွားပြီးတော့ နောက် ဆုံးဂေါလျက်ကို မြေပေါ်လှဲလိုက်တယ်ဆိုပါတော့။
အခုသင်ကြုံနေရတဲ့ စိန်ခေါ်မှုတွေအကြောင်းပဲအရမ်းမပြောနဲ့အဲ့ဒါကိုကျော်ပြီးရင်ရမယ့် ဆုတွေကိုလဲပြောပါအုံး။ ဒါဆိုရင် ပြဿနာတွေထဲမှာပဲသင်ဟာကျရှုံးသွားမယ့်သူမဟုတ်ပဲ အဲ့ဒါကိုကျော်လွန်ပြီးတော့ ရလဒ်တွေကိုခံစားတဲ့သူတွေဖြစ်လာမှာသေချာတယ်။

Zawgyi