- Than Min Htike
ဘယ်တော့မှ မပြောဘူး (၅)
“အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုးခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို လုပ်သနည်းဟု အိုးထိန်းသမားကို ဆိုရမည်လော။ ငါ့ကိုလုပ်သောသူ၌ လက်မရှိဟု သင်လုပ်သောအရာက ဆိုရမည်လော။ မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ပွားစေသနည်း ဟူ၍လည်းကောင်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဖွားသနည်း ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏။” ဟေ - ၄၅:၉-၁၀
ဆန့်ကျင်ဘက်
ဘုရားကိုဆန့်ကျင်ပုန်ကန်တယ်ဆိုတာ ဘုရားမကြိုက်တာတွေလုပ်နေမှ၊ ကြီးလေးတဲ့အပြစ်တွေ ကျူးလွန်မှမ ဟုတ်ပါဘူး။ နေ့စဉ်ပြောနေတဲ့စကားတွေအားဖြင့်လည်း ဘုရားကို ဆန့်ကျင်တာတွေအများကြီးရှိတတ်ပါတယ်။ လူတွေက ကိုယ်ပြောတဲ့စကားတွေကို သတိမထားကြဘူး။ ဘုရားကိုဆန့်ကျင် ပြီးပြောတဲ့အရာထဲကတချို့သောစကားလုံးတွေက ပြောနေကျဖြစ်လို့ အကျင့်တောင်ဖြစ်နေပြီ။ အဆင်မပြေမှုတွေ၊ အခက်ခဲတွေကြုံတိုင်းမှာ ကျွန်တော်တို့ကိုယ့်ကိုကိုယ်ရော၊ ဘုရားကိုရောအပြစ်တင် တတ်ကြတယ်။ ဘုရားမမြင်ဘူးလား၊ ဒါလေးတောင်မစဉ်းစားတတ်ဘူးလားဆိုတဲ့ပုံစံမျိုးနဲ့ပေါ့။ နောက်ဘာဖြစ်လို့ အခုထိမသေသေးတာလဲ၊ သေလိုက်ချင်တယ်စတဲ့စကားတွေနဲ့လည်းကိုယ့်ဟာကိုကျိန်ဆဲတတ်ကြတယ်။ တကယ်တော့ဒါတွေက အခုကြုံနေရတဲ့အခက်အခဲတွေကနေ လွတ်မြောက်ဖို့လုံး၀မကူညီပေးပါဘူး၊ ပိုတောင် ဘ၀ကို ခက်ခဲသွားစေတယ်။ ကိုယ့်မှာရှိတဲ့ အခက်အခဲတွေကို ငြီးတွားတာ၊ ဘုရားကအခြားသူတွေအပေါ်မှာပဲ
ကောင်းပြီးတော့ကိုယ့်အသက်တာမှာတော့ စွန့်ပစ်ထားတယ် ဂရုမစိုက်ဘူးဆိုပြီး မကောင်းမြင်တာ၊ စိတ်ဓါတ်
ကျတဲ့အခါမှာတော့ လူတိုင်းဒီလိုတွေခံစားတတ်ပါတယ်။ ဒါပေမယ့် ဘုရားရဲ့ချစ်ခြင်းနဲ့ ဘယ်တော့မှ အားနည်း
ချက်မရှိသင့်ကို မစနိုင်တယ်ဆိုတာကိုတော့ စိတ်ချထားစေချင်တယ်။ အခြေအနေတိုင်းမှာ ချီးမွမ်းပြီးတော့ဖြတ် ကျော်တာနဲ့ ငြီးတွားပြီးတော့ဖြတ်ကျော်တာ ရလဒ်ကလုံး ၀ကိုကွာခြားတယ်။ ဘုရားကိုအလုပ်လုပ်လာစေတဲ့ အရာက ချီးမွမ်းခြင်းဖြစ်သလို၊ စာတန်ကိုပိုအားကြီးစေပြီးအ လုပ်ပိုလုပ်စေတာက ငြီးတွားခြင်းဖြစ်တယ်။ ဒါကြောင့်စိတ်ပျက်ပြီး ငြီးတွားခြင်းက အဖြေမရတဲ့အပြင်အသက်တာကိုပါ ပိုးဆိုးစေအောင်အဆင်းကို ဘီးတတ်ပေးလိုက်တာနဲ့တူတယ်။
မိဘများနဲ့ဆိုင်တဲ့စကား
နောက် ဘုရားကိုဆန့်ကျင်ပြီး ပြောတဲ့စကားထဲမှာ မိဘတွေနဲ့ပတ်သက်ပြီးတော့ ပြောဆိုတာပါ။ ဘယ်လို မိ ဘတွေနဲ့လာတွေလဲမသိဘူးတို့၊ မမွေးပဲနဲ့ သတ်ပစ်လိုက်ရမှာစတဲ့ မိဘကို အပြစ်တင်တဲ့ စကားလုံးတွေက မိဘတွေကိုပဲ မကျေမနပ်ဖြစ်တာမဟုတ်ပဲ မိဘနှစ်ပါးကိုပေးထားတဲ့ ဘုရားကိုပါ မကျေနပ်ခြင်း၊ ဆန့်ကျင်ခြင်းဖြစ်တယ်။ မိဘတွေမှာ အားနည်းချက်ရှိကောင်းရှိမယ်။ လို ချင်တာတွေကို မဖြည့်ဆည်းပေးနိုင်တာလဲ ဖြစ်ကောင်းဖြစ်မယ်။ ပညာတတ်အသိုင်းအဝိုင်းမဟုတ်ပဲ ရိုးအလွန်းပြီးတော့ သင့်ကိုဂရုမစိုက်ပေးတာလဲ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ဘုရားက အကောင်းဆုံးမိဘတွေကို ပေးထားတဲ့အတွက် ကျေးဇူးတော်ချီးမွမ်းတတ်ဖို့လိုတယ်။ မိဘတွေကို အပြစ်တင်တာ၊ ဆန့်ကျင်တာဟာ ပေးထားတဲ့ဘုရားကိုဆန့်ကျင်တာ၊ ပြစ်မှားတာနဲ့အတူတူပါပဲ။ ဒါကြောင့်လဲ ပျောက်သောသားက အိမ်ပြန်လာတော့ အဖေကိုပဲတောင်းပန်တာမဟုတ်ဘူး ဘုရားကိုပါတောင်းပန်တယ်။ ဒါကြောင့် ဘယ်လိုပဲအခြေအနေတွေ ကြုံကြုံ ဘုရားက အကောင်းဆုံး ဖြေရှင်းပေးမယ်ဆိုတာကိုယုံပြီး ချီးမွမ်းခြင်းနဲ့အသက်ရှင်ဖို့လိုသလို မိဘတွေဘယ်လောက်ပဲအားနည်းချက်ရှိရှိ အကောင်းဆုံးပေးထားတာ ဘုရားဆိုတာကိုယုံကြည်ခြင်းနဲ့ ရှေ့ဆက်စေချင်တယ်။

Zawgyi