Search
  • Than Min Htike

ဘယ်တော့မှ မပြောဘူး (၆)


“ငါ​တို့​သည် အ​မျိုး​မျိုး​သော နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​ကျိုး​နည်း​ခြင်း​သို့​မ​ရောက်။ မ​ကြံ​စည်​နိုင်​အောင်​ရှိ​သော်​လည်း စိတ်​မ​ပျက်။- ညှဥ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော်​လည်း ဆုံး​ရှုံး​ခြင်း​မ​ရှိ။ အောက်​သို့ လှဲ​ခြင်း​ကို​ခံ​ရ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်။-” ၂ကော ၄:၈-၉


ရှိပေမယ့်မရှုံးပါဘူး

ဘုရားသခင်ကိုယုံကြည်ခြင်းနဲ့အသက်ရှင်တယ်ဆိုတာစင်းလုံးချော ဘ၀အသက်တာမျိုး ကြုံရမယ်လို့မဆို လိုပါဘူး။ ဘ၀မှာ အသက်ရှင်တဲ့ အခိုက်အတန့်မှာတော့ ကြုံဆုံရမယ့် အခက်အခဲတွေတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကြောင့်လဲပေါလုကဆိုတယ် အမျိုးမျိုးသောနှောင့်ယှက်ခြင်းကိုခံရတယ်တဲ့။ ဒီလို ယုံကြည်ခြင်းသူရဲ ကောင်းတွေတောင် ကြုံရတယ်ဆိုရင် သင်နဲ့ ကျွန်တော်မကြုံစရာဘာများရှိအုံးမလဲ။ အမျိုးမျိုး နှောင့်ယှက်ခြင်းခံရတဲ့အကြောင်းမှာပဲမရပ်ထားပါဘူး သူက ဆက်ရှင်းပြတယ် အဲ့ဒီလိုကြုံရပေမယ့် အကျိုးနည်းခြင်းကိုမရောက်ဘူးတဲ့။ ဘယ်လောက်များကောင်းလိုက်သလဲ။ ဒါကြောင့် စိတ်ပျက်စရာတွေအနှောင့်ယှက်တွေကြုံနေရတဲ့အခါမှာ ငါ့ဘ၀ကတော့သွားပြီ၊ အကျိုးတော့နည်းပါပြီလို ဘယ် တော့မှ မပြောမိစေနဲ့ ဘယ်လိုအနှောင့်အယှက်မဆို ဘု ရားက အဲ့ဒီအထဲမှ သင့်ကိုအကျိုးမနည်းစေပဲမျှော်လင့်သောအကျိုးနဲ့သင့်ကိုထွက်မြောက်လာ‌စေအုံးမှာမို့ပါ။ နောက်ရှင်ပေါလုကဆိုတယ် မကြံစည်နိုင်အောင်ရှိတဲ့အချိန်တွေလဲကြုံတယ်။ ကျွန်တော်လဲဒီလိုအချိန်တွေ ကြုံဖူးသလိုသင်လဲကြုံဖူးမှာပါ။ ဘာလုပ်လို့လုပ်ရမှန်းကိုမသိတဲ့အချိန်။ အနာဂတ်တစ်ခုလုံးက မှောင်မိုက်ကြီးစိုးလို့။ ဒါပေမယ့် ရှင်ပေါလုကဒီလိုပြောတယ် ဘယ်တော့မှ

စိတ်မပျက်ဘူးတဲ့။ သူယုံကြည်တဲ့အရာတစ်ခုကသူမကြံစည်နိုင်တာ၊ သူ့ဘက်ကနေလမ်းမမြင်တာပါ။

လမ်းမရှိတာ မဟုတ်သလို ဘုရားအကြံအစည်ကုန်သွားတာမှမဟုတ်တာ။ ဘုရားဆီမှာပိုကောင်းတဲ့အကြံရှိတယ်အဲ့ဒါကို သူသဘောမပေါက်သေးတာပဲရှိတာပါ။ ဒါကြောင့် ဘုရားကိုသူစိတ်ချတယ်။ ဘယ်တော့မှ စိတ်မပျက်ဘူး။ ကျွန်တော်တို့က ဘာလုပ်လို့လုပ်ရမှန်းမသိရင် စိတ်ပျက်တယ်၊ သေလိုက်ချင်တယ်လို့လွယ်လွယ်ပြောတယ်တယ်။ ဒီနေ့ သင်ဘုရားကိုယုံတယ်ဆိုရင် အဲ့ဒါတွေကိုမပြောနဲ့တော့။ ဘုရားမှာအကြံအစည်ရှိတယ်လို့ပဲပြောပါ။

နောက်ညှင်းဆဲခြင်းကိုခံရတဲ့အချိန်မှာတောင်ဆုံးရှုံးခြင်းမရှိဘူးတဲ့။ အရှေ့ကအရာတွေထက်ပိုကြီးတဲ့အရာ၊ ပိုကြောက်စရာကောင်းတဲ့အရာတွေကိုသူကြုံရပေမယ့် ဘုရားအတူပါရှိခြင်းကြောင့်ဆုံးရှုံးခြင်းကို မရောက်ဘူးတဲ့။ ဘယ်လောက်အံ့ဩစရာကောင်းလဲ ညှင်းဆဲတဲ့သူတွေ၊ ပိုခက်ခဲအောင်လုပ်တဲ့အရာတွေမရှိတာမှမဟုတ်တာ၊ ဒါပေမယ့် ဆုံးရှုံးအောင်တော့လုပ်လို့မရဘူး။ အဲ့ဒီကြားထဲအောက်ကိုတောင်လှဲချဖို့တွန်းထုတ်တဲ့သူတွေလဲသူကြုံခဲ့ရတယ်။ ဒါပေမယ့် ဘယ်တော့မှ ဆုံးရာသို့မရောက်ဘူးတဲ့။ ဘယ်လိုအခြေအနေကြုံကြုံ ဘယ်လိုအဆုံးသတ်မလဲဆိုတာ သိထားပြီးတဲ့ ဘုရားသားသမီးတစ်ယောက်အနေနဲ့ အရှုံးတွေ၊ အဆိုးတွေကို ဝန်ခံစရာ၊ ပြောထုတ်စရာ မလိုပါဘူး။ ဘုရားကောင်းမြတ်ကြောင်းနဲ့ ကြီးမြတ်ကြောင်းကိုပဲ နှုတ်ကနေ ဝန်ခံပြောထုတ်နေဖို့သာအရေးကြီးပါတယ်။





Zawgyi

ဘယ်တော့မှ မပြောဘူး (၆)

“ငါတို့သည် အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။- ညှဉ်းဆဲခြင်းကို ခံရသော်လည်း ဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။-” ၂ကော ၄:၈-၉


ရှိပေမယ့်မရှုံးပါဘူး

ဘုရားသခင်ကိုယုံကြည်ခြင်းနဲ့အသက်ရှင်တယ်ဆိုတာစင်းလုံးချော ဘ၀အသက်တာမျိုး ကြုံရမယ်လို့မဆို လိုပါဘူး။ ဘ၀မှာ အသက်ရှင်တဲ့ အခိုက်အတန့်မှာတော့ ကြုံဆုံရမယ့် အခက်အခဲတွေတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကြောင့်လဲပေါလုကဆိုတယ် အမျိုးမျိုးသောနှောင့်ယှက်ခြင်းကိုခံရတယ်တဲ့။ ဒီလို ယုံကြည်ခြင်းသူရဲ ကောင်းတွေတောင် ကြုံရတယ်ဆိုရင် သင်နဲ့ ကျွန်တော်မကြုံစရာဘာများရှိအုံးမလဲ။ အမျိုးမျိုး နှောင့်ယှက်ခြင်းခံရတဲ့အကြောင်းမှာပဲမရပ်ထားပါဘူး သူက ဆက်ရှင်းပြတယ် အဲ့ဒီလိုကြုံရပေမယ့် အကျိုးနည်းခြင်းကိုမရောက်ဘူးတဲ့။ ဘယ်လောက်များကောင်းလိုက်သလဲ။ ဒါကြောင့် စိတ်ပျက်စရာတွေအနှောင့်ယှက်တွေကြုံနေရတဲ့အခါမှာ ငါ့ဘ၀ကတော့သွားပြီ၊ အကျိုးတော့နည်းပါပြီလို ဘယ် တော့မှ မပြောမိစေနဲ့ ဘယ်လိုအနှောင့်အယှက်မဆို ဘု ရားက အဲ့ဒီအထဲမှ သင့်ကိုအကျိုးမနည်းစေပဲမျှော်လင့်သောအကျိုးနဲ့သင့်ကိုထွက်မြောက်လာ‌စေအုံးမှာမို့ပါ။ နောက်ရှင်ပေါလုကဆိုတယ် မကြံစည်နိုင်အောင်ရှိတဲ့အချိန်တွေလဲကြုံတယ်။ ကျွန်တော်လဲဒီလိုအချိန်တွေ ကြုံဖူးသလိုသင်လဲကြုံဖူးမှာပါ။ ဘာလုပ်လို့လုပ်ရမှန်းကိုမသိတဲ့အချိန်။ အနာဂတ်တစ်ခုလုံးက မှောင်မိုက်ကြီးစိုးလို့။ ဒါပေမယ့် ရှင်ပေါလုကဒီလိုပြောတယ် ဘယ်တော့မှ

စိတ်မပျက်ဘူးတဲ့။ သူယုံကြည်တဲ့အရာတစ်ခုကသူမကြံစည်နိုင်တာ၊ သူ့ဘက်ကနေလမ်းမမြင်တာပါ။

လမ်းမရှိတာ မဟုတ်သလို ဘုရားအကြံအစည်ကုန်သွားတာမှမဟုတ်တာ။ ဘုရားဆီမှာပိုကောင်းတဲ့အကြံရှိတယ်အဲ့ဒါကို သူသဘောမပေါက်သေးတာပဲရှိတာပါ။ ဒါကြောင့် ဘုရားကိုသူစိတ်ချတယ်။ ဘယ်တော့မှ စိတ်မပျက်ဘူး။ ကျွန်တော်တို့က ဘာလုပ်လို့လုပ်ရမှန်းမသိရင် စိတ်ပျက်တယ်၊ သေလိုက်ချင်တယ်လို့လွယ်လွယ်ပြောတယ်တယ်။ ဒီနေ့ သင်ဘုရားကိုယုံတယ်ဆိုရင် အဲ့ဒါတွေကိုမပြောနဲ့တော့။ ဘုရားမှာအကြံအစည်ရှိတယ်လို့ပဲပြောပါ။

နောက်ညှင်းဆဲခြင်းကိုခံရတဲ့အချိန်မှာတောင်ဆုံးရှုံးခြင်းမရှိဘူးတဲ့။ အရှေ့ကအရာတွေထက်ပိုကြီးတဲ့အရာ၊ ပိုကြောက်စရာကောင်းတဲ့အရာတွေကိုသူကြုံရပေမယ့် ဘုရားအတူပါရှိခြင်းကြောင့်ဆုံးရှုံးခြင်းကို မရောက်ဘူးတဲ့။ ဘယ်လောက်အံ့ဩစရာကောင်းလဲ ညှင်းဆဲတဲ့သူတွေ၊ ပိုခက်ခဲအောင်လုပ်တဲ့အရာတွေမရှိတာမှမဟုတ်တာ၊ ဒါပေမယ့် ဆုံးရှုံးအောင်တော့လုပ်လို့မရဘူး။ အဲ့ဒီကြားထဲအောက်ကိုတောင်လှဲချဖို့တွန်းထုတ်တဲ့သူတွေလဲသူကြုံခဲ့ရတယ်။ ဒါပေမယ့် ဘယ်တော့မှ ဆုံးရာသို့မရောက်ဘူးတဲ့။ ဘယ်လိုအခြေအနေကြုံကြုံ ဘယ်လိုအဆုံးသတ်မလဲဆိုတာ သိထားပြီးတဲ့ ဘုရားသားသမီးတစ်ယောက်အနေနဲ့ အရှုံးတွေ၊ အဆိုးတွေကို ဝန်ခံစရာ၊ ပြောထုတ်စရာ မလိုပါဘူး။ ဘုရားကောင်းမြတ်ကြောင်းနဲ့ ကြီးမြတ်ကြောင်းကိုပဲ နှုတ်ကနေ ဝန်ခံပြောထုတ်နေဖို့သာအရေးကြီးပါတယ်။

3 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube