- Than Min Htike
ဘယ်တော့မှ မလုပ်ဘူး(၂)
“အာဗြံက၊ မင်းကြီးသည် အာဗြံကိုငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှာ လုလင်တို့သည် စားပြီးသောအရာကိုလည်းကောင်း၊ ကျွန်ုပ်နှင့်အတူလိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့အဖို့ကိုယူစေခြင်းငှာ အခွင့်ပေးသဖြင့်၊ သူတို့ယူသောအဖို့ကိုလည်းကောင်း ထား၍ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တစ်မျှင်ဖြစ်စေ၊ ခြေနင်းကြိုးတစ်ပင်ဖြစ်စေ၊ တစ်စုံတစ်ခုကိုမျှငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဋ္ဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။” က ၁၄:၂၂-၂၄
ပြောစရာ မဖြစ်အောင် မအောင်မြင်ခင်သာ အသိအမိတ်ဆွေတွေ၊ ကူညီမယ့်သူနဲ့ ဆွေမျိုးတွေ နည်းပါးတာ အောင်မြင်သွားပြီးရင်တော့များလိုက်တဲ့ အသိမိတ်ဆွေတွေ၊ အမျိုးတွေ။ တချိန်တုန်းက ဘာလုပ်ပေးခဲ့တယ် ဘယ်လိုကူညီခဲ့တယ် ဆိုတဲ့သူတွေကလဲဘယ်က ဘယ်ကပေါ်လာမှန်းကိုမသိဘူး။ အဲ့ဒီအထဲမှာ အဆိုးဆုံးကတော့ဒီလိုဖြစ်လာတာ သူ့ကျေးဇူးကြောင့်ဆိုပြီးတော့ ကြားထဲကနေ လက်မဝင်ထောင်ချင်တဲ့ သူတွေကလဲရှိသေးတယ်။ အောင်မြင်ခြင်းကို ခံစားပြီးတဲ့သူတွေကတော့ဒီအရာကို သဘောပေါက်မှာပါ။ အခုမှကျိုးစားနေတဲ့သူတွေကတော့ ဒါကိုသဘော ပေါက်မှာမဟုတ်ဘူး။ တကယ်ဆို ဘုရားသားသမီးတစ်ယောက်အနေနဲ့ အောင်မြင်ခြင်း၊ ကောင်းစားခြင်း၊ ကြွယ် ၀ခြင်း အားလုံးက ဘုရားကြောင့်ပါ။ လူတွေကြောင့် လုံး၀မဟုတ်ဘူး။ ဒါပေမယ့် ဘုရားပေးတွေ့တဲ့လူတွေတော့ရှိတာပေါ့လေ။ လူတွေကိုအသုံးပြုပြီး ဘုရားက ကောင်းကြီးပေးတတ်ပေမယ့် လူတွေက ကောင်းကြီးပေးတာတော့မဟုတ်ဘူး။ အရင်းအမြစ်က ဘုရားသခင်ပဲ။ တနေ့ အောင်မြင်လာရင် ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်ဆိုပြီးတော့ အပြောမခံရပဲ ဘုရားကြောင့်ဖြစ်တယ်ဆိုတာ ပေါ်လွင်အောင် နေ့စဉ်အသက်တာကို သတိထားပြီးတော့ မလိုလားအပ်တဲ့အကူအညီတွေ၊ ငွေကြေးတွေကို သတိထားမိဖို့လိုတယ်။ တချို့လူတွေ သင့်ကိုမကူညီတာမဖေးမတာ ဘုရားကိုယ်တိုင်က ခွင့်မပြုလို့ပါ။ သူပဲသင့်အပေါ်မှာ အကောင်းဆုံး ကူညီမစ လမ်းပြနေတယ်ဆိုတာကို တစ်နေ့သက်သေထူချင် လို့ပါ။ အရင်တုန်းကတော့ အရမ်းကိုခံစားတယ် လူတွေမကူညီတာ၊ ဆွဲမခေါ်တာကို။ အောင်မြင်ခြင်းကိုရရှိတဲ့အခါမှာမှ ဘုရားအကြံအစည်ကိုသိခွင့်ရတယ်။ ဘ၀မှာ ဘုရားကောင်းမြတ်တယ်ဆိုတာကို သက်သေခံဖို့ သူ့ရဲ့ဘုန်းထင်ရှားဖို့ ဘယ်လူကမှ လာမကွယ်အောင် ဘုရားကကြိုတင်ဖယ်ထားပေးတဲ့သဘောပါ။
ဘယ်တော့မှ မလုပ်နဲ့ အာဗြံဟံက သူ့ဘ၀အစမှာကတည်းက ရှင်းရှင်းလင်းလင်းအသက်ရှင်တယ်။ တနေ့ ရှုပ်မယ့်အရာတွေကိုအကုန်ရှင်းထားတယ်။ တစ်နေ့ လူတွေက လက်ညိုးထိုးပြီးတော့ ဘုရားဘုန်းကို လုယူမှာကိုသူက စိုးရိမ်တယ်။ ဒါကြောင့် စစ်တိုက်ပြီးနိုင်လာတဲ့သူယူသင့် တဲ့အရာကိုတောင် သူကမယူဘူး။ သူ့ဘ၀မှာ ဘယ်တော့မှ မလုပ်ဖို့ဆုံးဖြတ်ထားတဲ့အရာရှိတယ်။ အဲ့ဒါကတော့ လူတွေကြောင့်သူ ကောင်းကြီးရတာ၊ အောင်မြင်တာလို့ ပေါ်လွင်မယ်၊ အထင်မှားစေမယ့်အရာကို သူဘယ်တော့မှ မလုပ်ဘူး။ အစကတည်းက ရှင်းထားလိုက်တယ်။ မင်းကြီးအားဖြင့် အာဗြံဟံ ရတတ်တယ်၊ ကြွယ်၀တယ်လို့ ပြောစရာ မရှိဖို့အတွက် အခုကတည်းက ခြေနင်းကြိုးတမျှင်တောင် လက်မခံပါရစေနဲ့တဲ့။ အခု ရှင်းထားမှ တော်ကာကျမယ်မဟုတ်လား။ အလကားရတဲ့အကူ အညီတွေ၊ ငွေတွေကို လွယ်လွယ်လက်ခံထားလိုက်ရင် အနာဂတ်မှာပေးရမယ့်အဖိုးအခကို အာဗြံဟံသိတယ်။ ဒါကြောင့် အခု ဘုရားနဲ့သွားလာနေတဲ့အချိန်မှာ သတိထားပြီးတော့ဘယ်တော့မှ မလုပ်ဖို့ဆုံးဖြတ်သင့်တဲ့အရာက တော့ လူတွေကြောင့် အောင်မြင်လာတယ်၊ ကောင်းကြီးရလာတယ်ဆိုတာကို ပြောစရာမဖြစ်ဖို့ပါ။ ကျွန်တော်ကတော့ဆုံးဖြတ်တယ် ဘယ်တော့မှ ဒီလိုအခွင့်အရေးကို ဘယ်လူကိုမှ မပေးဘူး။ ဘုရားတစ်ပါးတည်းသာလျှင် ဘုန်းကြီးခြင်းရှိသမျှရပါစေ။ အောင်မြင်ခြင်းရဲ့အရင်း အမြစ်၊ ကြွယ်၀ခြင်းရဲ့ အဓိက က ဘုရားဆိုတာ မပေါ် လွင်တဲ့အရာဘယ်အရာကိုမှ ဘယ်တော့မှ ဘာအ ကြောင်းပြချက်ကြောင့်မှမလုပ်ဘူး။
Zawgyi ဘယ္ေတာ့မွ မလုပ္ဘူး(၂) “အာျဗံက၊ မင္းႀကီးသည္ အာျဗံကိုငါရတတ္ေစၿပီဟု ေျပာစရာမ႐ွိေစျခင္းငွာ လုလင္တို႔သည္ စားၿပီးေသာအရာကိုလည္းေကာင္း၊ ကြၽႏ္ုပ္ႏွင့္အတူလိုက္လာေသာသူ၊ အာေနရ၊ ဧ႐ွေကာလ၊ မံေရတို႔သည္ မိမိတို႔အဖို႔ကိုယူေစျခင္းငွာ အခြင့္ေပးသျဖင့္၊ သူတို႔ယူေသာအဖို႔ကိုလည္းေကာင္း ထား၍ မင္းႀကီး၏ဥစၥာ၊ အပ္ျခည္တစ္မွ်င္ျဖစ္ေစ၊ ေျခနင္းႀကိဳးတစ္ပင္ျဖစ္ေစ၊ တစ္စုံတစ္ခုကိုမွ်ငါမယူဟု ေကာင္းကင္ေျမႀကီး႐ွင္၊ အျမင့္ဆုံးေသာဘုရားသခင္ ထာဝရဘုရားေ႐ွ႕ေတာ္၌၊ ကြၽႏ္ုပ္သည္လက္ကိုခ်ီ၍ အဓိ႒ာန္ျပဳပါၿပီဟု၊ ေသာဒုံမင္းႀကီးအားေျပာဆိုေလ၏။” က ၁၄:၂၂-၂၄
ေျပာစရာ မျဖစ္ေအာင္ မေအာင္ျမင္ခင္သာ အသိအမိတ္ေဆြေတြ၊ ကူညီမယ့္သူနဲ႔ ေဆြမ်ိဳးေတြ နည္းပါးတာ ေအာင္ျမင္သြားၿပီးရင္ေတာ့မ်ားလိုက္တဲ့ အသိမိတ္ေဆြေတြ၊ အမ်ိဳးေတြ။ တခ်ိန္တုန္းက ဘာလုပ္ေပးခဲ့တယ္ ဘယ္လိုကူညီခဲ့တယ္ ဆိုတဲ့သူေတြကလဲဘယ္က ဘယ္ကေပၚလာမွန္းကိုမသိဘူး။ အဲ့ဒီအထဲမွာ အဆိုးဆုံးကေတာ့ဒီလိုျဖစ္လာတာ သူ႕ေက်းဇူးေၾကာင့္ဆိုၿပီးေတာ့ ၾကားထဲကေန လက္မဝင္ေထာင္ခ်င္တဲ့ သူေတြကလဲ႐ွိေသးတယ္။ ေအာင္ျမင္ျခင္းကို ခံစားၿပီးတဲ့သူေတြကေတာ့ဒီအရာကို သေဘာေပါက္မွာပါ။ အခုမွက်ိဳးစားေနတဲ့သူေတြကေတာ့ ဒါကိုသေဘာ ေပါက္မွာမဟုတ္ဘူး။ တကယ္ဆို ဘုရားသားသမီးတစ္ေယာက္အေနနဲ႔ ေအာင္ျမင္ျခင္း၊ ေကာင္းစားျခင္း၊ ႂကြယ္ ၀ျခင္း အားလုံးက ဘုရားေၾကာင့္ပါ။ လူေတြေၾကာင့္ လုံး၀မဟုတ္ဘူး။ ဒါေပမယ့္ ဘုရားေပးေတြ႕တဲ့လူေတြေတာ့႐ွိတာေပါ့ေလ။ လူေတြကိုအသုံးျပဳၿပီး ဘုရားက ေကာင္းႀကီးေပးတတ္ေပမယ့္ လူေတြက ေကာင္းႀကီးေပးတာေတာ့မဟုတ္ဘူး။ အရင္းအျမစ္က ဘုရားသခင္ပဲ။ တေန႔ ေအာင္ျမင္လာရင္ ဘယ္သူ႕ေၾကာင့္၊ ဘယ္ဝါေၾကာင့္ဆိုၿပီးေတာ့ အေျပာမခံရပဲ ဘုရားေၾကာင့္ျဖစ္တယ္ဆိုတာ ေပၚလြင္ေအာင္ ေန႔စဥ္အသက္တာကို သတိထားၿပီးေတာ့ မလိုလားအပ္တဲ့အကူအညီေတြ၊ ေငြေၾကးေတြကို သတိထားမိဖို႔လိုတယ္။ တခ်ိဳ႕လူေတြ သင့္ကိုမကူညီတာမေဖးမတာ ဘုရားကိုယ္တိုင္က ခြင့္မျပဳလို႔ပါ။ သူပဲသင့္အေပၚမွာ အေကာင္းဆုံး ကူညီမစ လမ္းျပေနတယ္ဆိုတာကို တစ္ေန႔သက္ေသထူခ်င္ လို႔ပါ။ အရင္တုန္းကေတာ့ အရမ္းကိုခံစားတယ္ လူေတြမကူညီတာ၊ ဆြဲမေခၚတာကို။ ေအာင္ျမင္ျခင္းကိုရ႐ွိတဲ့အခါမွာမွ ဘုရားအၾကံအစည္ကိုသိခြင့္ရတယ္။ ဘ၀မွာ ဘုရားေကာင္းျမတ္တယ္ဆိုတာကို သက္ေသခံဖို႔ သူ႕ရဲ႕ဘုန္းထင္႐ွားဖို႔ ဘယ္လူကမွ လာမကြယ္ေအာင္ ဘုရားကႀကိဳတင္ဖယ္ထားေပးတဲ့သေဘာပါ။

ဘယ္ေတာ့မွ မလုပ္နဲ႔ အာျဗံဟံက သူ႕ဘ၀အစမွာကတည္းက ႐ွင္း႐ွင္းလင္းလင္းအသက္႐ွင္တယ္။ တေန႔ ႐ႈပ္မယ့္အရာေတြကိုအကုန္႐ွင္းထားတယ္။ တစ္ေန႔ လူေတြက လက္ညိဳးထိုးၿပီးေတာ့ ဘုရားဘုန္းကို လုယူမွာကိုသူက စိုးရိမ္တယ္။ ဒါေၾကာင့္ စစ္တိုက္ၿပီးႏိုင္လာတဲ့သူယူသင့္ တဲ့အရာကိုေတာင္ သူကမယူဘူး။ သူ႕ဘ၀မွာ ဘယ္ေတာ့မွ မလုပ္ဖို႔ဆုံးျဖတ္ထားတဲ့အရာ႐ွိတယ္။ အဲ့ဒါကေတာ့ လူေတြေၾကာင့္သူ ေကာင္းႀကီးရတာ၊ ေအာင္ျမင္တာလို႔ ေပၚလြင္မယ္၊ အထင္မွားေစမယ့္အရာကို သူဘယ္ေတာ့မွ မလုပ္ဘူး။ အစကတည္းက ႐ွင္းထားလိုက္တယ္။ မင္းႀကီးအားျဖင့္ အာျဗံဟံ ရတတ္တယ္၊ ႂကြယ္၀တယ္လို႔ ေျပာစရာ မ႐ွိဖို႔အတြက္ အခုကတည္းက ေျခနင္းႀကိဳးတမွ်င္ေတာင္ လက္မခံပါရေစနဲ႔တဲ့။ အခု ႐ွင္းထားမွ ေတာ္ကာက်မယ္မဟုတ္လား။ အလကားရတဲ့အကူ အညီေတြ၊ ေငြေတြကို လြယ္လြယ္လက္ခံထားလိုက္ရင္ အနာဂတ္မွာေပးရမယ့္အဖိုးအခကို အာျဗံဟံသိတယ္။ ဒါေၾကာင့္ အခု ဘုရားနဲ႔သြားလာေနတဲ့အခ်ိန္မွာ သတိထားၿပီးေတာ့ဘယ္ေတာ့မွ မလုပ္ဖို႔ဆုံးျဖတ္သင့္တဲ့အရာက ေတာ့ လူေတြေၾကာင့္ ေအာင္ျမင္လာတယ္၊ ေကာင္းႀကီးရလာတယ္ဆိုတာကို ေျပာစရာမျဖစ္ဖို႔ပါ။ ကြၽန္ေတာ္ကေတာ့ဆုံးျဖတ္တယ္ ဘယ္ေတာ့မွ ဒီလိုအခြင့္အေရးကို ဘယ္လူကိုမွ မေပးဘူး။ ဘုရားတစ္ပါးတည္းသာလွ်င္ ဘုန္းႀကီးျခင္း႐ွိသမွ်ရပါေစ။ ေအာင္ျမင္ျခင္းရဲ႕အရင္း အျမစ္၊ ႂကြယ္၀ျခင္းရဲ႕ အဓိက က ဘုရားဆိုတာ မေပၚ လြင္တဲ့အရာဘယ္အရာကိုမွ ဘယ္ေတာ့မွ ဘာအ ေၾကာင္းျပခ်က္ေၾကာင့္မွမလုပ္ဘူး။