Search
  • Than Min Htike

ဘယ်တော့မှ မလုပ်ဘူး (၃)

“ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဘိ​သိက်​ကို​ခံ​ရ​သော ငါ့​အ​ရှင်​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သူ​ဖြစ်​သော​ကြောင့်၊ ထို​အ​ရှင်​ကို ထိ​ခိုက်​ခြင်း​ငှာ ငါ​လက်​ဆန့်​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော​ဟု မိ​မိ​လူ​တို့​အား​ဆို​သ​ဖြင့်၊” ၁ဓမ္မ ၂၄:၆

ဘုရားသခင် အကြီးအကျယ်အသုံးပြုတဲ့လူတွေအသက်တာမှာ သူတို့ပြုခဲ့တဲ့အရာတွေကြောင့် ထင်ရှား ကျော်ကြားသလို၊ သူတို့ ဘယ်တော့မဆို၊ ဘယ်လိုအခြေ အနေမျိုးမဆို မလုပ်တဲ့အရာတွေကြောင့်လဲပိုပြီးထင်ရှား စွာအောင်မြင်ကြတယ်လို့ပြောရမလိုပဲ။ အောင်မြင်ချင်တယ်ဆိုရင် ကျွန်တော်တို့ဘ၀မှာလဲဘယ်တော့မှ မကျော်မယ့် စည်းကိုတော့တားထားဖို့လိုတယ်။ ဘယ်လိုအခြေ အနေမျိုးမဆို ငါ ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့ အရာတွေ ဘ၀မှာချမှတ်ထားရင် သေချာတယ် ဘုရားကောင်းကြီးပေးခြင်းကိုမြင်ရလိမ့်မယ်။ ဘယ်လိုအခြေအနေမျိုးမဆို ငါကျမ်းစာမဖတ်ပဲ မနေဘူး၊ ဘယ်လို အခြေအနေမျိုးမဆိုငါဆုမတောင်းပဲနေဘူးစသဖြင့်ပေါ့။ တချို့က ဘ၀မှာ ချထားတဲ့ ဘာစည်းကမ်းမှ၊ ဘာဆုံးဖြတ်ချက်မှ မရှိတော့ ကြုံတဲ့အခါ ကြုံသလိုပြုမိပြီးတော့ ဘုရားလမ်းကနေလွဲသွားတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တာ်ဘ၀မှာကိုယ် တိုင်တားထားတဲ့စည်းတွေအများကြီးရှိတယ်။ အဲ့ထဲကတစ်ခုကတော့ ဘယ်တော့မှ ဘိသိက်ရှိတဲ့သူတွေကိုတိုက် ခိုက်မှာမဟုတ်ဘူး။ ဘ၀မှာ အဲ့ဒီဆုံးဖြတ်ချက်ချပြီးတော့ အကြိမ်ကြိမ်ကြုံရတယ် ထိမိခါနီးအချိန်တွေ။ ဒါပေမယ့် ဆုံးဖြတ်ချက်ချပြီးသားဖြစ်တဲ့အတွက် သတိထားစရာတစ်ခုဖြစ်ခဲ့ပြီးတော့ ကျေးဇူးတော်ကြောင့်ကျော်လွန်နိုင်ခဲ့တယ်။

ဘယ်လိုအခြေအနေမျိုးမှာမှမလုပ်ဘူး ဘိသိက်ခြင်း ခံရတဲ့ ရှောလုက ဒါဝိဒ်ကိုအကြီး အကျယ် လိုက်ပြီးတော့ တိုက်ခိုက်တယ်။ တကယ်ဆို ဘယ်လောက်တောင်စိတ်နာစရာကောင်းလိုက်သလဲ။ သူက တိုင်းပြည်တစ်ခုလုံးကိုရော၊ အဲ့ဒီရှောလုကိုတောင် သူကယ်ထားတာ၊မဟုတ်ရင်အခုချိန်ဆိုတခြားတိုင်းပြည် မှာသေနေလောက်ပြီ။ အခုတော့ အသက်ရှင်နေတာကိုကျေးဇူးမတင်ပဲ သူ့ကို အကြိမ်ကြိမ်လိုက်ပြီးတော့သတ်ဖို့တောင် ကြံစည်လိုက်သေးတယ်။ တနေ့ ဥမင်ထဲမှာ အိပ်နေတဲ့ ရှောလုကို ဒါဝိဒ်နဲ့သူ့လူတွေက တွေ့တယ်။ ဒါနဲ့သူ့လူတွေက ရှောလုကိုလုပ်ကြံဖို့ အခွင့်တောင်းတဲ့အခါ ဒါဝိဒ်ကလုံး၀ကိုခွင့်မပေးဘူး။ သူ့ဘ၀မှာ ဆုံးဖြတ်ချက်ချထားတယ်။ ဘယ်လိုအခြေအနေပဲရှိရှိ ဘုရားအရင်က ဘိသိက်ထားတဲ့ သူဖြစ်တဲ့အတွက်လုံး၀ကို မထိဘူးဆိုပြီး။ ဒီဆုံးဖြတ်ချက်က ဘုရားနှစ်သက်တဲ့ဆုံးဖြတ်ချက်လဲဖြစ်ခဲ့တယ်။ သင်ကောင်းလျှင်ကျွန်ပ်မဆိုးပါဆိုတာနေရာတိုင်းမှာအံဝင်ဂွင်ကျဖြစ်တဲ့ခံယူချက်တော့မဟုတ်ဘူး။ တစ်ခါတစ်လေ ကိုယ်ကကောင်းရဲ့သားနဲ့ကိုယ့်ကို မကောင်းတာနဲ့ တုန့်ပြန်တဲ့လူတွေနဲ့ကြုံရတဲ့အခါမှာ တော်ပြီငါလဲသူတို့လိုပဲ ပြုမူတော့မယ်လို့ဆုံးဖြတ်လိုက်ရင်မှားသွားမှာပေါ့။ ကိုယ်ကတခြားလူမဟုတ်ဘူးလေ အနာဂတ်မှာအောင်မြင်မယ့်သူ။ ရှောလုဆိုတာက ဘုရားအသုံးပြုခဲ့ပြီးသားအခုက ကျလူဖြစ်နေပြီ။ ဒါဝိဒ်က တော့အနာဂတ်အများကြီးရှိတယ်မဟုတ်လား။ဒါကြောင့် ရှောလု လုပ်သလိုပဲ လိုက်လုပ်ရင် သူလဲ ရှောလုလိုအဆုံးသတ်နဲ့တိုးသွားမှာပေါ့။ ဒါကြောင့် ဒါဝိဒ်က လုံး၀ အဲ့ဒီလမ်းကိုမရွေးဘူး။ သူချထားတဲ့ ဆုံးဖြတ်ချက်အတိုင်းပဲဆက်သွားတယ်။ ဘ၀မှာ လုပ်ကို လုပ်ရမယ့်အရာတွေရှိသလို၊ ဘယ်တော့မှ မလုပ်ရမယ့်အရာတွေလဲရှိရမယ်။ ဒါမှပဲ ကြုံလာတဲ့အခါမှာ နှစ်ခါစဉ်းစားစရာမလိုပဲ မှန်ကန်တဲ့အရာကိုလုပ်နိုင်တဲ့သူဖြစ်လာမှာ။ သင်လဲ ဘ၀မှာ ဘယ်တော့မှ မလုပ်မယ့်အရာတွေကို အခုက တည်းကချထားသင့်တယ်။



Zawgyi ဘယ္ေတာ့မွ မလုပ္ဘူး(၃)

“ထာ​ဝ​ရ​ဘု​ရား​ေပး​ေတာ္​မူ​ေသာ ဘိ​သိက္​ကို​ခံ​ရ​ေသာ ငါ့​အ​႐ွင္​သည္၊ ထာ​ဝ​ရ​ဘု​ရား​အ​ခြင့္​ႏွင့္ ဘိ​သိက္​ခံ​သူ​ျဖစ္​ေသာ​ေၾကာင့္၊ ထို​အ​႐ွင္​ကို ထိ​ခိုက္​ျခင္း​ငွာ ငါ​လက္​ဆန္႔​ေသာ​အ​မႈ​ကို ထာ​ဝ​ရ​ဘု​ရား ဆီး​တား​ေတာ္​မူ​ပါ​ေစ​ေသာ​ဟု မိ​မိ​လူ​တို႔​အား​ဆို​သ​ျဖင့္၊” ၁ဓမၼ ၂၄:၆

ဘုရားသခင္ အႀကီးအက်ယ္အသုံးျပဳတဲ့လူေတြအသက္တာမွာ သူတို႔ျပဳခဲ့တဲ့အရာေတြေၾကာင့္ ထင္႐ွား ေက်ာ္ၾကားသလို၊ သူတို႔ ဘယ္ေတာ့မဆို၊ ဘယ္လိုအေျခ အေနမ်ိဳးမဆို မလုပ္တဲ့အရာေတြေၾကာင့္လဲပိုၿပီးထင္႐ွား စြာေအာင္ျမင္ၾကတယ္လို႔ေျပာရမလိုပဲ။ ေအာင္ျမင္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ဘ၀မွာလဲဘယ္ေတာ့မွ မေက်ာ္မယ့္ စည္းကိုေတာ့တားထားဖို႔လိုတယ္။ ဘယ္လိုအေျခ အေနမ်ိဳးမဆို ငါ ဘယ္ေတာ့မွ မလုပ္ဘူးဆိုတဲ့ အရာေတြ ဘ၀မွာခ်မွတ္ထားရင္ ေသခ်ာတယ္ ဘုရားေကာင္းႀကီးေပးျခင္းကိုျမင္ရလိမ့္မယ္။ ဘယ္လိုအေျခအေနမ်ိဳးမဆို ငါက်မ္းစာမဖတ္ပဲ မေနဘူး၊ ဘယ္လို အေျခအေနမ်ိဳးမဆိုငါဆုမေတာင္းပဲေနဘူးစသျဖင့္ေပါ့။ တခ်ိဳ႕က ဘ၀မွာ ခ်ထားတဲ့ ဘာစည္းကမ္းမွ၊ ဘာဆုံးျဖတ္ခ်က္မွ မ႐ွိေတာ့ ၾကဳံတဲ့အခါ ၾကဳံသလိုျပဳမိၿပီးေတာ့ ဘုရားလမ္းကေနလြဲသြားတဲ့သူေတြ အမ်ားႀကီး႐ွိတယ္။ ကြၽန္တာ္ဘ၀မွာကိုယ္ တိုင္တားထားတဲ့စည္းေတြအမ်ားႀကီး႐ွိတယ္။ အဲ့ထဲကတစ္ခုကေတာ့ ဘယ္ေတာ့မွ ဘိသိက္႐ွိတဲ့သူေတြကိုတိုက္ ခိုက္မွာမဟုတ္ဘူး။ ဘ၀မွာ အဲ့ဒီဆုံးျဖတ္ခ်က္ခ်ၿပီးေတာ့ အႀကိမ္ႀကိမ္ၾကဳံရတယ္ ထိမိခါနီးအခ်ိန္ေတြ။ ဒါေပမယ့္ ဆုံးျဖတ္ခ်က္ခ်ၿပီးသားျဖစ္တဲ့အတြက္ သတိထားစရာတစ္ခုျဖစ္ခဲ့ၿပီးေတာ့ ေက်းဇူးေတာ္ေၾကာင့္ေက်ာ္လြန္ႏိုင္ခဲ့တယ္။

ဘယ္လိုအေျခအေနမ်ိဳးမွာမွမလုပ္ဘူး ဘိသိက္ျခင္း ခံရတဲ့ ေ႐ွာလုက ဒါဝိဒ္ကိုအႀကီး အက်ယ္ လိုက္ၿပီးေတာ့ တိုက္ခိုက္တယ္။ တကယ္ဆို ဘယ္ေလာက္ေတာင္စိတ္နာစရာေကာင္းလိုက္သလဲ။ သူက တိုင္းျပည္တစ္ခုလုံးကိုေရာ၊ အဲ့ဒီေ႐ွာလုကိုေတာင္ သူကယ္ထားတာ၊မဟုတ္ရင္အခုခ်ိန္ဆိုတျခားတိုင္းျပည္ မွာေသေနေလာက္ၿပီ။ အခုေတာ့ အသက္႐ွင္ေနတာကိုေက်းဇူးမတင္ပဲ သူ႕ကို အႀကိမ္ႀကိမ္လိုက္ၿပီးေတာ့သတ္ဖို႔ေတာင္ ၾကံစည္လိုက္ေသးတယ္။ တေန႔ ဥမင္ထဲမွာ အိပ္ေနတဲ့ ေ႐ွာလုကို ဒါဝိဒ္နဲ႔သူ႕လူေတြက ေတြ႕တယ္။ ဒါနဲ႔သူ႕လူေတြက ေ႐ွာလုကိုလုပ္ၾကံဖို႔ အခြင့္ေတာင္းတဲ့အခါ ဒါဝိဒ္ကလုံး၀ကိုခြင့္မေပးဘူး။ သူ႕ဘ၀မွာ ဆုံးျဖတ္ခ်က္ခ်ထားတယ္။ ဘယ္လိုအေျခအေနပဲ႐ွိ႐ွိ ဘုရားအရင္က ဘိသိက္ထားတဲ့ သူျဖစ္တဲ့အတြက္လုံး၀ကို မထိဘူးဆိုၿပီး။ ဒီဆုံးျဖတ္ခ်က္က ဘုရားႏွစ္သက္တဲ့ဆုံးျဖတ္ခ်က္လဲျဖစ္ခဲ့တယ္။ သင္ေကာင္းလွ်င္ကြၽန္ပ္မဆိုးပါဆိုတာေနရာတိုင္းမွာအံဝင္ဂြင္က်ျဖစ္တဲ့ခံယူခ်က္ေတာ့မဟုတ္ဘူး။ တစ္ခါတစ္ေလ ကိုယ္ကေကာင္းရဲ႕သားနဲ႔ကိုယ့္ကို မေကာင္းတာနဲ႔ တုန္႔ျပန္တဲ့လူေတြနဲ႔ၾကဳံရတဲ့အခါမွာ ေတာ္ၿပီငါလဲသူတို႔လိုပဲ ျပဳမူေတာ့မယ္လို႔ဆုံးျဖတ္လိုက္ရင္မွားသြားမွာေပါ့။ ကိုယ္ကတျခားလူမဟုတ္ဘူးေလ အနာဂတ္မွာေအာင္ျမင္မယ့္သူ။ ေ႐ွာလုဆိုတာက ဘုရားအသုံးျပဳခဲ့ၿပီးသားအခုက က်လူျဖစ္ေနၿပီ။ ဒါဝိဒ္က ေတာ့အနာဂတ္အမ်ားႀကီး႐ွိတယ္မဟုတ္လား။ဒါေၾကာင့္ ေ႐ွာလု လုပ္သလိုပဲ လိုက္လုပ္ရင္ သူလဲ ေ႐ွာလုလိုအဆုံးသတ္နဲ႔တိုးသြားမွာေပါ့။ ဒါေၾကာင့္ ဒါဝိဒ္က လုံး၀ အဲ့ဒီလမ္းကိုမေ႐ြးဘူး။ သူခ်ထားတဲ့ ဆုံးျဖတ္ခ်က္အတိုင္းပဲဆက္သြားတယ္။ ဘ၀မွာ လုပ္ကို လုပ္ရမယ့္အရာေတြ႐ွိသလို၊ ဘယ္ေတာ့မွ မလုပ္ရမယ့္အရာေတြလဲ႐ွိရမယ္။ ဒါမွပဲ ၾကဳံလာတဲ့အခါမွာ ႏွစ္ခါစဥ္းစားစရာမလိုပဲ မွန္ကန္တဲ့အရာကိုလုပ္ႏိုင္တဲ့သူျဖစ္လာမွာ။ သင္လဲ ဘ၀မွာ ဘယ္ေတာ့မွ မလုပ္မယ့္အရာေတြကို အခုက တည္းကခ်ထားသင့္တယ္။

1 view

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube