Search
  • Than Min Htike

ဘယ်တော့မှ မလုပ်ဘူး(၄)

“ဤ​အိမ်​တွင်​လည်း ကျွန်​တော်​ထက်​သာ၍ ကြီး​သော​သူ​မ​ရှိ​ပါ။ ကိုယ်​မ​ယား​ဖြစ်​သော သ​ခင်​မ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ ကျွန်​တော်​အား​မ​မြစ်​တား​ပါ။ သို့​ဖြစ်​လျှင် အ​ပြစ်​ကြီး​သော​ဤ​အ​မှု​ကို ကျွန်​တော်​ပြု၍ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ပြစ်​မှား​နိုင်​သ​နည်း​ဟု သ​ခင်၏​မ​ယား​ကို​ငြင်း၍ ပြန်​ဆို၏။” က ၃၉:၉


အကြောင်းပြချက်ရှိတယ်

ကျရူံးသွားတဲ့လူတွေစီမှာပဲ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ရှိတာမဟုတ်ပါဘူး။ အောင်မြင်သွားတဲ့လူတိုင်းစီမှာလဲသူ့ဟာနဲ့သူရှိပြီးသားပါ။ တိုက်ဆိုင်လို့ ဒါမှမဟုတ် မတော်တဆ အောင်မြင်သွားတဲ့လူဆိုတာ မရှိပါဘူး။ မွေးရာပါ အောင်မြင်လာတဲ့လူဆိုတာလဲအခု ထိတော့မမြင်ဖူးသေးဘူး။ ဒါကြောင့် အသက်တာမှာဖြစ် လာသမျှအရာတွေအားလုံးက တိကျတဲ့ အကြောင်းပြချက်တွေ၊ ရပ်တည်ချက်တွေကြောင့်ဖြစ်တယ်ဆိုတာ သိထားပါ။ ကြုံသလို လုပ်နေတဲ့သူတစ်ယောက်ဟာ ဘယ် တော့မှ ကျော်ကြားသူတွေထဲမှာ ပါလာမှာမဟုတ်သလို

ဆုံးဖြတ်ချက်တွေမချထားတဲ့လူတစ်ယောက်ဟာလဲ ဆုံးရှုံးမှုတွေကြားထဲကနေ ရုန်းထွက်နိုင်မှာမဟုတ်ဘူး။


အလိုတော် မဟုတ်ရင်တော့ အလုပ်ထဲမှာ တော်မှာမဟုတ်ဘူး

ယောသပ် အကိုတွေရဲ့ရောင်းစားမှုကြောင့် ကျွန်ဘ၀ကို နေ့ချင်းညချင်းရောက်သွားတယ်။ ဒါပေမယ့် သူသိတယ် ဘုရားကသူနဲ့အတူရှိပြီး ရောက်လေရာရာမှာ စောင့်မတယ်။ သူလုပ်သမျှမှာလဲအောင်မြင်စေတယ်။ သူ့သခင်က ရှိသမျှအားလုံးကို ယောသပ်လက်ကိုအပ် ထားရလောက်အောင်ကိုသူကထူးချွန်ခဲ့တယ်။ ဘုရားအတူရှိလို့သာပေါ့ ဒီလိုအခြေအနေမှာ အောင်မြင်လာတာ။ ဒါကိုစာတန်ကသိတယ် ဘုရားအတူမရှိတော့ရင် ယောသပ်ဆိုတာ ဘာမှမဟုတ်တော့ဘူးဆိုတာကို။ ဒါကြောင့် ဘုရားနဲ့ယောသပ် လမ်းခွဲရမယ့်အစီအစဉ်ကိုသူဆွဲတယ်။ အဲ့ဒါကတော့ဘုရားအလိုတော်မဟုတ်တဲ့ အရာကိုယောသပ်လုပ်ရင် ဘုရားရဲ့စွန့်ပစ်ခြင်းကိုခံရဖို့ပါပဲ။ ဒါကြောင့်ပေါတိဖါဇနီးက ဘုရားမကြိုက်တဲ့ အလုပ်ကိုလုပ် ဖို့ သွေးဆောင်တယ်။ လူ့အနေနဲ့ ဒါဟာအခွင့်အရေးလို ဖြစ်ပေမယ့် ဘုရားအလိုတော်နဲ့ ဝေးသွားစေမယ့် လုပ်ရပ်ပါ။ ဒီနေရာမှာ ယောသပ်က သူ့ဆုံးဖြတ်ချက်ကိုပြောတယ်။ သူကနဂိုကတည်းကဆုံးဖြတ်ချက်ချထားပြီးသား ဘယ်တော့မှ မလုပ်မယ့်အရာတွေကိုသူ့နှလုံးသားထဲမှာ

ကျောက်စာထိုးထားပြီးသား။ ကြုံသလို လုပ်နေတဲ့အထဲ ယောသပ်မပါဘူး။ ဒါကြောင့် အလုပ်ရှင်ဖြစ်ပေမယ့်လဲ နှုတ်ကပတ်တော်နဲ့မညီတဲ့၊ ဘုရားအလိုတော်မဟုတ်တဲ့အရာကိုတော့ သူဝန်မခံနိုင်ဘူး။ အလုပ်ပြုတ်မှာထက် ဘုရားနဲ့လက်တွဲပြုတ်မှာကိုပိုကြောက်တယ်။ ဒါကြောင့်

ဒီအမှုကိုမလုပ်ရဲတာ ပေါတိဖါကိုကြောက်လို့မဟုတ်ဘူး။ သူ့ကိုဒီဘ၀အထိ ပို့ဆောင်ကောင်းကြီးပေးပြီး အိမ်မက်တွေကိုပြည့်စုံစေမယ့် ဘုရားကို သူ လမ်းမခွဲချင်ဘူး ကြောက်တယ်။ ဘုရားမပါရင် သူ့ဘ၀ဟာ အဆုံးသတ်သွားပြီဆိုတာ သူသိတယ်။ အလုပ်ထဲမှာသူ ထူးချွန်နေတာ၊ ထူးခြားနေတာ အရည်အချင်းကြောင့်မဟုတ်ဘူး အလိုတော်ကြောင့် ဖြစ်တယ်ဆိုတာ သူသိတယ်။ ဒါကြောင့် သူ ဘယ်တော့မှ မလုပ်ဘူးဆိုပြီးတော့ အလုပ် ရှင်ရှေ့မှာ ကောင်းကောင်းမွန်မွန်နဲ့ ရှင်းပြနိုင်ခဲ့တယ်။ အဲ့ဒီရလဒ်ကတော့ ယောသပ်ထောင်ကျသွားပေမယ့်အိမ် မက်တွေပြည့်စုံဖို့တော့မဆီးတားနိုင်ခဲ့တဲ့အပြင် ပြည့်စုံဖို့အတွက် လမ်းတောင်ပွင့်လာခဲ့သေးတယ်။ ဒါကြောင့် ဘယ်တော့မှ မလုပ်မယ့်အလုပ်တွေကို ဘ၀မှာ ဆုံးဖြတ်

ချက်ချထားတဲ့သူတစ်ယောက်ဟာ ဘယ်လိုအခြေအနေမှာမဆို အောင်မြင်ဖို့ဆိုတာဖြစ်နိုင်ပါတယ်။ ဘုရားနဲ့လက်တွဲဖြုတ်ရမယ့်ဘယ်အလုပ်ကိုမှ မလုပ်တဲ့ ယောသပ်တစ်ယောက်ကတော့ ထိပ်ဆုံးမှာ ရပ်တည် နိုင်ခဲ့တယ်ဆိုရင် သင်လဲ ရပ်တည်နိုင်မှာ သေချာပါတယ်။





Zawgyi

ဘယ်တော့မှ မလုပ်ဘူး(၄)

“ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။” က ၃၉:၉


အကြောင်းပြချက်ရှိတယ်

ကျရူံးသွားတဲ့လူတွေစီမှာပဲ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ရှိတာမဟုတ်ပါဘူး။ အောင်မြင်သွားတဲ့လူတိုင်းစီမှာလဲသူ့ဟာနဲ့သူရှိပြီးသားပါ။ တိုက်ဆိုင်လို့ ဒါမှမဟုတ် မတော်တဆ အောင်မြင်သွားတဲ့လူဆိုတာ မရှိပါဘူး။ မွေးရာပါ အောင်မြင်လာတဲ့လူဆိုတာလဲအခု ထိတော့မမြင်ဖူးသေးဘူး။ ဒါကြောင့် အသက်တာမှာဖြစ် လာသမျှအရာတွေအားလုံးက တိကျတဲ့ အကြောင်းပြချက်တွေ၊ ရပ်တည်ချက်တွေကြောင့်ဖြစ်တယ်ဆိုတာ သိထားပါ။ ကြုံသလို လုပ်နေတဲ့သူတစ်ယောက်ဟာ ဘယ် တော့မှ ကျော်ကြားသူတွေထဲမှာ ပါလာမှာမဟုတ်သလို

ဆုံးဖြတ်ချက်တွေမချထားတဲ့လူတစ်ယောက်ဟာလဲ ဆုံးရှုံးမှုတွေကြားထဲကနေ ရုန်းထွက်နိုင်မှာမဟုတ်ဘူး။


အလိုတော် မဟုတ်ရင်တော့ အလုပ်ထဲမှာ တော်မှာမဟုတ်ဘူး

ယောသပ် အကိုတွေရဲ့ရောင်းစားမှုကြောင့် ကျွန်ဘ၀ကို နေ့ချင်းညချင်းရောက်သွားတယ်။ ဒါပေမယ့် သူသိတယ် ဘုရားကသူနဲ့အတူရှိပြီး ရောက်လေရာရာမှာ စောင့်မတယ်။ သူလုပ်သမျှမှာလဲအောင်မြင်စေတယ်။ သူ့သခင်က ရှိသမျှအားလုံးကို ယောသပ်လက်ကိုအပ် ထားရလောက်အောင်ကိုသူကထူးချွန်ခဲ့တယ်။ ဘုရားအတူရှိလို့သာပေါ့ ဒီလိုအခြေအနေမှာ အောင်မြင်လာတာ။ ဒါကိုစာတန်ကသိတယ် ဘုရားအတူမရှိတော့ရင် ယောသပ်ဆိုတာ ဘာမှမဟုတ်တော့ဘူးဆိုတာကို။ ဒါကြောင့် ဘုရားနဲ့ယောသပ် လမ်းခွဲရမယ့်အစီအစဉ်ကိုသူဆွဲတယ်။ အဲ့ဒါကတော့ဘုရားအလိုတော်မဟုတ်တဲ့ အရာကိုယောသပ်လုပ်ရင် ဘုရားရဲ့စွန့်ပစ်ခြင်းကိုခံရဖို့ပါပဲ။ ဒါကြောင့်ပေါတိဖါဇနီးက ဘုရားမကြိုက်တဲ့ အလုပ်ကိုလုပ် ဖို့ သွေးဆောင်တယ်။ လူ့အနေနဲ့ ဒါဟာအခွင့်အရေးလို ဖြစ်ပေမယ့် ဘုရားအလိုတော်နဲ့ ဝေးသွားစေမယ့် လုပ်ရပ်ပါ။ ဒီနေရာမှာ ယောသပ်က သူ့ဆုံးဖြတ်ချက်ကိုပြောတယ်။ သူကနဂိုကတည်းကဆုံးဖြတ်ချက်ချထားပြီးသား ဘယ်တော့မှ မလုပ်မယ့်အရာတွေကိုသူ့နှလုံးသားထဲမှာ

ကျောက်စာထိုးထားပြီးသား။ ကြုံသလို လုပ်နေတဲ့အထဲ ယောသပ်မပါဘူး။ ဒါကြောင့် အလုပ်ရှင်ဖြစ်ပေမယ့်လဲ နှုတ်ကပတ်တော်နဲ့မညီတဲ့၊ ဘုရားအလိုတော်မဟုတ်တဲ့အရာကိုတော့ သူဝန်မခံနိုင်ဘူး။ အလုပ်ပြုတ်မှာထက် ဘုရားနဲ့လက်တွဲပြုတ်မှာကိုပိုကြောက်တယ်။ ဒါကြောင့်

ဒီအမှုကိုမလုပ်ရဲတာ ပေါတိဖါကိုကြောက်လို့မဟုတ်ဘူး။ သူ့ကိုဒီဘ၀အထိ ပို့ဆောင်ကောင်းကြီးပေးပြီး အိမ်မက်တွေကိုပြည့်စုံစေမယ့် ဘုရားကို သူ လမ်းမခွဲချင်ဘူး ကြောက်တယ်။ ဘုရားမပါရင် သူ့ဘ၀ဟာ အဆုံးသတ်သွားပြီဆိုတာ သူသိတယ်။ အလုပ်ထဲမှာသူ ထူးချွန်နေတာ၊ ထူးခြားနေတာ အရည်အချင်းကြောင့်မဟုတ်ဘူး အလိုတော်ကြောင့် ဖြစ်တယ်ဆိုတာ သူသိတယ်။ ဒါကြောင့် သူ ဘယ်တော့မှ မလုပ်ဘူးဆိုပြီးတော့ အလုပ် ရှင်ရှေ့မှာ ကောင်းကောင်းမွန်မွန်နဲ့ ရှင်းပြနိုင်ခဲ့တယ်။ အဲ့ဒီရလဒ်ကတော့ ယောသပ်ထောင်ကျသွားပေမယ့်အိမ် မက်တွေပြည့်စုံဖို့တော့မဆီးတားနိုင်ခဲ့တဲ့အပြင် ပြည့်စုံဖို့အတွက် လမ်းတောင်ပွင့်လာခဲ့သေးတယ်။ ဒါကြောင့် ဘယ်တော့မှ မလုပ်မယ့်အလုပ်တွေကို ဘ၀မှာ ဆုံးဖြတ်

ချက်ချထားတဲ့သူတစ်ယောက်ဟာ ဘယ်လိုအခြေအနေမှာမဆို အောင်မြင်ဖို့ဆိုတာဖြစ်နိုင်ပါတယ်။ ဘုရားနဲ့လက်တွဲဖြုတ်ရမယ့်ဘယ်အလုပ်ကိုမှ မလုပ်တဲ့ ယောသပ်တစ်ယောက်ကတော့ ထိပ်ဆုံးမှာ ရပ်တည် နိုင်ခဲ့တယ်ဆိုရင် သင်လဲ ရပ်တည်နိုင်မှာ သေချာပါတယ်။

8 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube