- Than Min Htike
ဘယ်တော့မှ မလုပ်ဘူး(၅)
“ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟု အကြံရှိသောကြောင့်၊ သင်နှင့်တကွ သင်၏ငွေသည် ပျက်စီးခြင်းသို့ ရောက်ပါစေ။-” တ ၈:၂၀
ငွေနဲ့ဝယ်လို့မရဘူး
အရာရာကို ငွေနဲ့ဝယ်လို့ရမယ်လို့ထင်နေတယ်ဆိုရင်တော့မှားသွားလိမ့်မယ်။ ငွေနဲ့ဝယ်လို့မရတဲ့အရာတွေအ များကြီးရှိတယ်။ ဒါကြောင့် ငွေနောက်လိုက်မယ်ဆိုရင်တော့ သင့်ဘ၀မှာ အရာရာပိုင်ဆိုင်ရဖို့အတွက်အာမခံ ချက်မရှိဘူး။ ငွေက အရေးပါတဲ့ အရာတစ်ခုဖြစ်ပေမယ့် မရှိမဖြစ်တော့မဟုတ်ပါဘူး။ ဘုရားကသာအသက်ရှင်ခြင်းမှာ မရှိမဖြစ်ပါ။ ဒါကြောင့် ဘာပဲလုပ်လုပ် ငွေတစ်ခုတည်းကိုပဲကြည့်ပြီးလုပ်၊ ငွေရရင်ဘာမဆို လုပ်မယ်ဆိုတဲ့ စိတ်နေစိတ်ထားဟာ မှားယွင်းတဲ့ စိတ်သဘောတစ်ခုပါ။ ဒီစိတ်ထားကြောင့်လူတွေဟာ မှားယွင်းတဲ့အမှုတွေ၊ ဘုရားမနှစ်သက်တဲ့အမှုတွေကို ပြုမိတတ်ကြသလို။ ကိုယ့်ရဲ့ကိုယ်ခန္ဓာကိုရောင်းစားတာ၊ တန်ဖိုးမထားတာတွေလဲ လုပ်တတ်ကြတယ်။ ကိုယ့်ကို ဘိသိက်ခန့်ထားတဲ့ဘုရားရဲ့ခေါ်ခြင်းကိုလဲ ငွေနဲ့ လဲလှယ်ပစ်လိုက်တဲ့လူတွေလဲအများကြီးပဲ။ ဒါကြောင့် ငွေရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ အတွေးကို ခေါင်းထဲကနေ ထုတ်ပစ်ဖို့အချိန်တန်နေပြီ။ ဘုရားအမိန့်တော်ရှိရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ ယုံကြည်ခြင်းပါတဲ့ အတွေးအခေါ်ကို စတင် နေရာပေးသင့်တယ်။
ငွေပေးတိုင်း မလုပ်ဘူး
တမန်တော်ခေတ်မှာ ဘုရားသခင် အကြီးအကျယ်အသုံးပြုခဲ့တဲ့တမန်တော်ကြီးပေတရုအသက်တာကိုကြည့်မယ်ဆိုရင် တန်ခိုးနိမိတ်လက္ခဏာတွေနဲ့ဘာလို့များဒီလောက်တောင်အသုံးပြုရတာလဲဆိုပြီးတော့မေးစရာရှိ တယ်။ ဟုတ်တယ် သူ့ကို ဘုရားက အကြီးအကျယ်အ သုံးပြုခဲ့မှာပေါ့ ဘုရားအသံကိုပဲနားထောင်ပြီးတော့ ဘုဘရားနောက်ကိုပဲလုံးလုံးလိုက်ခဲ့တာကိုး။ ငွေနောက်ကိုလုံး၀ကိုမလိုက်ခဲ့ပဲ အသက်တာကို ဘုရားအတွက် ရိုးရှင်းစွာအသက်ရှင်ခဲ့တယ်။ တနေ့ သူ့ဆီမှာ ဘုရားရဲ့ဘိသိက်ရဖို့အတွက် နဲ့ ရှိမုန်ဆိုတဲ့လူကငွေပေးပြီးတော့ အခွင့်ရေးတောင်းခဲ့တယ်။ ဒါနဲ့သူက အဲ့ဒီငွေကိုရော ငွေပေးရင်ဘာမဆိုရမယ်ဆိုတဲ့အဲ့ဒီအတွေးတွေကိုရောရိုက်ချိုးပစ်လိုက်တယ်။ သူ့ရဲ့အသက်ရှင်ခြင်းထဲမှာ ဆုံးဖြတ်ထားတဲ့အရာတစ်ခုနက်နက်ရှိုင်းရှိုင်းရှိတယ်။ အဲ့ဒါကတော့ ငွေပေးတိုင်း အားလုံးလုပ်မှာမဟုတ်ဘူးဆိုတာပါပဲ။ ပေတရုဘယ်တော့မှ မလုပ်မယ့်အရာပါပဲ။ ဓမ္မဟောင်းကျမ်းမှာတော့ ဗာလမ်ဆိုတဲ့ပရောဖက်တစ်ယောက်ရှိခဲ့ပြီးတော့ ဘုရားအသံကြားပေမယ့် ငွေမျက်နှာတစ်ခုထဲကိုကြည့်ပြီးတော့ အလုပ်လုပ်ခဲ့တယ်။ ဒါကြောင့်လဲ မြည်းကတောင် ပြန်ဆုံးမရတဲ့အထိ အသက်တာနိမ့်ဆင်းခဲ့တယ်။ ဒါကြောင့် ဘုရားသားသမီးတစ်ယောက်အနေနဲ့ ငွေရရင်ပြီးရော ဘာမဆိုလုပ်မယ် ဆိုတဲ့အသက်တာမျိုးဘယ်တော့မှ မဖြစ်သင့်ပေ။ လောကကြီးထဲမှာအသက်ရှင်တဲ့အချိန်ကာလမှာ ဘုရားအလိုတော်ကိုပဲဝန်ခံပြီးတော့ ငွေအတွက်အသက်ရှင်တဲ့သူမဖြစ်ပဲဘုရားဘုန်းတော်အတွက် အသက်ရှင်တဲ့သူ ဖြစ်ဖို့အရေးကြီးတယ်။

Zawgyi
ဘယ္ေတာ့မွ မလုပ္ဘူး(၅)
“ေပတ႐ုက၊ ဘုရားသခင္၏ေက်းဇူးေတာ္ကို ေငြႏွင့္ဝယ္ယူမည္ဟု အၾကံ႐ွိေသာေၾကာင့္၊ သင္ႏွင့္တကြ သင္၏ေငြသည္ ပ်က္စီးျခင္းသို႔ ေရာက္ပါေစ။-” တ ၈:၂၀
ေငြနဲ႔ဝယ္လို႔မရဘူး
အရာရာကို ေငြနဲ႔ဝယ္လို႔ရမယ္လို႔ထင္ေနတယ္ဆိုရင္ေတာ့မွားသြားလိမ့္မယ္။ ေငြနဲ႔ဝယ္လို႔မရတဲ့အရာေတြအ မ်ားႀကီး႐ွိတယ္။ ဒါေၾကာင့္ ေငြေနာက္လိုက္မယ္ဆိုရင္ေတာ့ သင့္ဘ၀မွာ အရာရာပိုင္ဆိုင္ရဖို႔အတြက္အာမခံ ခ်က္မ႐ွိဘူး။ ေငြက အေရးပါတဲ့ အရာတစ္ခုျဖစ္ေပမယ့္ မ႐ွိမျဖစ္ေတာ့မဟုတ္ပါဘူး။ ဘုရားကသာအသက္႐ွင္ျခင္းမွာ မ႐ွိမျဖစ္ပါ။ ဒါေၾကာင့္ ဘာပဲလုပ္လုပ္ ေငြတစ္ခုတည္းကိုပဲၾကည့္ၿပီးလုပ္၊ ေငြရရင္ဘာမဆို လုပ္မယ္ဆိုတဲ့ စိတ္ေနစိတ္ထားဟာ မွားယြင္းတဲ့ စိတ္သေဘာတစ္ခုပါ။ ဒီစိတ္ထားေၾကာင့္လူေတြဟာ မွားယြင္းတဲ့အမႈေတြ၊ ဘုရားမႏွစ္သက္တဲ့အမႈေတြကို ျပဳမိတတ္ၾကသလို။ ကိုယ့္ရဲ႕ကိုယ္ခႏၶာကိုေရာင္းစားတာ၊ တန္ဖိုးမထားတာေတြလဲ လုပ္တတ္ၾကတယ္။ ကိုယ့္ကို ဘိသိက္ခန္႔ထားတဲ့ဘုရားရဲ႕ေခၚျခင္းကိုလဲ ေငြနဲ႔ လဲလွယ္ပစ္လိုက္တဲ့လူေတြလဲအမ်ားႀကီးပဲ။ ဒါေၾကာင့္ ေငြရရင္ ဘာမဆိုလုပ္မယ္ဆိုတဲ့ အေတြးကို ေခါင္းထဲကေန ထုတ္ပစ္ဖို႔အခ်ိန္တန္ေနၿပီ။ ဘုရားအမိန္႔ေတာ္႐ွိရင္ ဘာမဆိုလုပ္မယ္ဆိုတဲ့ ယုံၾကည္ျခင္းပါတဲ့ အေတြးအေခၚကို စတင္ ေနရာေပးသင့္တယ္။
ေငြေပးတိုင္း မလုပ္ဘူး
တမန္ေတာ္ေခတ္မွာ ဘုရားသခင္ အႀကီးအက်ယ္အသုံးျပဳခဲ့တဲ့တမန္ေတာ္ႀကီးေပတ႐ုအသက္တာကိုၾကည့္မယ္ဆိုရင္ တန္ခိုးနိမိတ္လကၡဏာေတြနဲ႔ဘာလို႔မ်ားဒီေလာက္ေတာင္အသုံးျပဳရတာလဲဆိုၿပီးေတာ့ေမးစရာ႐ွိ တယ္။ ဟုတ္တယ္ သူ႕ကို ဘုရားက အႀကီးအက်ယ္အ သုံးျပဳခဲ့မွာေပါ့ ဘုရားအသံကိုပဲနားေထာင္ၿပီးေတာ့ ဘုဘရားေနာက္ကိုပဲလုံးလုံးလိုက္ခဲ့တာကိုး။ ေငြေနာက္ကိုလုံး၀ကိုမလိုက္ခဲ့ပဲ အသက္တာကို ဘုရားအတြက္ ႐ိုး႐ွင္းစြာအသက္႐ွင္ခဲ့တယ္။ တေန႔ သူ႕ဆီမွာ ဘုရားရဲ႕ဘိသိက္ရဖို႔အတြက္ နဲ႔ ႐ွိမုန္ဆိုတဲ့လူကေငြေပးၿပီးေတာ့ အခြင့္ေရးေတာင္းခဲ့တယ္။ ဒါနဲ႔သူက အဲ့ဒီေငြကိုေရာ ေငြေပးရင္ဘာမဆိုရမယ္ဆိုတဲ့အဲ့ဒီအေတြးေတြကိုေရာ႐ိုက္ခ်ိဳးပစ္လိုက္တယ္။ သူ႕ရဲ႕အသက္႐ွင္ျခင္းထဲမွာ ဆုံးျဖတ္ထားတဲ့အရာတစ္ခုနက္နက္႐ိႈင္း႐ိႈင္း႐ွိတယ္။ အဲ့ဒါကေတာ့ ေငြေပးတိုင္း အားလုံးလုပ္မွာမဟုတ္ဘူးဆိုတာပါပဲ။ ေပတ႐ုဘယ္ေတာ့မွ မလုပ္မယ့္အရာပါပဲ။ ဓမၼေဟာင္းက်မ္းမွာေတာ့ ဗာလမ္ဆိုတဲ့ပေရာဖက္တစ္ေယာက္႐ွိခဲ့ၿပီးေတာ့ ဘုရားအသံၾကားေပမယ့္ ေငြမ်က္ႏွာတစ္ခုထဲကိုၾကည့္ၿပီးေတာ့ အလုပ္လုပ္ခဲ့တယ္။ ဒါေၾကာင့္လဲ ျမည္းကေတာင္ ျပန္ဆုံးမရတဲ့အထိ အသက္တာနိမ့္ဆင္းခဲ့တယ္။ ဒါေၾကာင့္ ဘုရားသားသမီးတစ္ေယာက္အေနနဲ႔ ေငြရရင္ၿပီးေရာ ဘာမဆိုလုပ္မယ္ ဆိုတဲ့အသက္တာမ်ိဳးဘယ္ေတာ့မွ မျဖစ္သင့္ေပ။ ေလာကႀကီးထဲမွာအသက္႐ွင္တဲ့အခ်ိန္ကာလမွာ ဘုရားအလိုေတာ္ကိုပဲဝန္ခံၿပီးေတာ့ ေငြအတြက္အသက္႐ွင္တဲ့သူမျဖစ္ပဲဘုရားဘုန္းေတာ္အတြက္ အသက္႐ွင္တဲ့သူ ျဖစ္ဖို႔အေရးႀကီးတယ္။