Search
  • Than Min Htike

ဘယ်တော့မှ မလုပ်ဘူး (၆)

“အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြူ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။” ဒံ ၆:၁၀


ယုံကြည်ခြင်းကိုရပ်လိုက်ရင်တော့

တစ်အိမ်လုံးလင်းထိန်းနေတဲ့ လျှပ်စစ်မီးတွေကို မိန်းခလုတ်ချလိုက်တာနဲ့ ပိန်းပိန်းမှောင်သွားစေနိုင်တယ်ဆိုတာသိတယ်မဟုတ်လား။ ဒီလိုပါပဲ ဘုရားကိုအကြွင်း မဲ့ယုံတဲ့ယုံကြည်ခြင်းကိုရပ်လိုက်တယ်ဆိုတာနဲ့ ဘ၀မှာ ရရှိခံစားနေရတဲ့ကောင်းကြီးမင်္ဂလာအားလုံး ရပ်တန့်သွားမှာပါပဲ။ လူတွေက ကောင်းကြီးတွေ၊ အောင်မြင်ခြင်းတွေရပ်သွားတဲ့အကြောင်းပဲ စာဖွဲ့နေကြတယ် ကိုယ့်ဘက်ကနေ ယုံကြည်ခြင်း ရပ်တန့်နေတာကိုတော့ သတိမထားမိကြဘူး။ ဘုရားနဲ့ပတ်သက်တဲ့ယုံကြည်ခြင်းကို ဘယ်လို အချိန်မျိုးမဆို၊ ဘယ်လိုအရာမျိုးကမဆိုမရပ်တန့်စေဖို့အတွက် အမြဲသတိထားဖို့လိုတယ်။ စာတန် သင့်အသက်တာထဲမှာ ကောင်းတဲ့အရာတွေ ရပ်တန့်သွားဖို့ အများကြီးလာလုပ်မှာ မဟုတ်ဘူး။ ယုံကြည်ခြင်းကိုပဲ ရပ်တန့်စေလိမ့်မယ်။


ဘယ်တော့မှ အပေးအယူမလုပ်ဘူး

ဒံယေလနဲ့သူငယ်ချင်း‌တွေအကြောင်းကိုငယ်ငယ်လေးကတည်းက ကြားဖူးတယ်မဟုတ်လား။ ကျွန်အဖြစ်နဲ့ ဖမ်းသွားတဲ့တိုင်းပြည်မှာတောင်ကောင်းစား ခဲ့တယ်ဆိုတာ။ ဘုရားကိုယုံကြည်ခြင်းရှိတဲ့လူတစ်ယောက်ကို ကောင်းကြီးမရအောင် ဘယ်အရာကမှဆီး တားလို့မရဘူး။ ဘယ်နေရာ၊ ဘယ်တိုင်းပြည်မှာမဆို

ဘုရားကိုယုံတဲ့သူတစ်ယောက်က ကောင်းကြီးရဖို့ အရည်အချင်းနဲ့ပြည့်စုံတယ်။ ဗာဗုလုန်ကိုစပြီးရောက်ကတည်းလည်း နည်းနည်းမှ အပေးအယူမလုပ်ခဲ့ဘူး။ ဘုရားမကြိုက်တဲ့ အစားအစာတွေကို ရှောင်မယ်လို့ဆုံးဖြတ်ချက်ချပြီးတော့ မရမက နည်းလမ်းရှာခဲ့ကြတယ်။ အကြောင်းပြချက်တွေပေးတဲ့အထဲမှာသူတို့မပါခဲ့ဘူး။ အခုလည်း တိုင်းပြည်တစ်ခုလုံး ဆုမတောင်းဖို့ အမိန့်ထုတ်ပေမယ့်လည်း သူကတော့ နေ့စဉ်မပြတ်ပြုလေ့ရှိတဲ့အတိုင်း ပြတင်းပေါက်ဖွင့်ပြီးတော့ ဆုတောင်းမြဲပဲ။ နည်းနည်းမှ လျော့ခဲ့တာမရှိဘူး။ သူ့ရဲ့ယုံကြည်ခြင်းကိုခြင်္သေ့တွေနဲ့တောင် ခြောက်လို့မရဘူး။ ရာထူးတွေကိုစွန့်လွှတ်ရမယ်ဆိုလဲ ဂရုမစိုက်ဘူး။ ဘုရားနဲ့ ပတ်သက်ပြီးအပေးအယူလုပ်ဖို့၊ အလျော့ပေးဖို့ ဘယ်တော့မှစိတ် ကူးထားတဲ့ပုံမပေါ်ဘူး။ ဒါကြောင့်ရောက်လေရာမှာ နိုင်ငံ ရေးအပြောင်းလဲတွေ ကြားမှာ နည်းနည်းမှ အကျဘက်ကို မသွားခဲ့ဘူး။ သူ့ယုံကြည်ခြင်းကိုစစ်ဆေးဖို့ အခွင့်ရေးဖြစ်ခဲ့ပြီး ခြင်္သေ့တွင်းထဲဆင်းခဲ့ရတာတောင် ရာထူးတွေ၊ အာဏာတွေကို စိတ်မဝင်စားပဲ အဆုံးတိုင်တည်ကြည်ခဲ့တယ်။ ဒီလို စိတ်ဓါတ်နဲ့လုပ်ရပ်က လူတွေရဲ့ပါးစပ်တွေကိုပဲပိတ်ခဲ့တာမဟုတ်ပါဘူး၊ ခြင်္သေ့တွေရဲ့ ပါးစပ်တွေကိုပါပိတ်ခဲ့တာ။ လူတွေ ပြောတာလောက်နဲ့ စိတ်ဓါတ်ကျမနေစမ်းပါနဲ့။ ယုံကြည်ခြင်းစစ်မှန်တယ်ဆိုရင် မကြာခင် အဲ့ဒီပါးစပ်တွေပိတ်သွားပါလိမ့်မယ်။အပြောခံရတာလေးနဲ့ ရှေ့ဆက်မတိုးရဲ၊ မလုပ်ရဲတဲ့ ယုံကြည်ခြင်းမရှိတဲ့ ဘ၀ကို ဘယ်တော့မှ မလုပ်နဲ့။ ဘုရားကိုပဲဆက်ယုံမယ်၊ ဆက်ကိုးကွယ်မယ်ဆိုရင်၊ သင်မရပ်တန့်ရင် မကြာခင်မှာသင့်ကိုတိုက်ခိုက်နေတဲ့ မကောင်းတဲ့အရာတွေက ရပ်တန့်သွားလိမ့်မယ်။


Zawgyi

ဘယ်တော့မှ မလုပ်ဘူး (၆)

“အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြူတင်းပေါက် ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တစ်နေ့သုံးကြိမ် ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။” ဒံ ၆:၁၀


ယုံကြည်ခြင်းကိုရပ်လိုက်ရင်တော့

တစ်အိမ်လုံးလင်းထိန်းနေတဲ့ လျှပ်စစ်မီးတွေကို မိန်းခလုတ်ချလိုက်တာနဲ့ ပိန်းပိန်းမှောင်သွားစေနိုင်တယ်ဆိုတာသိတယ်မဟုတ်လား။ ဒီလိုပါပဲ ဘုရားကိုအကြွင်း မဲ့ယုံတဲ့ယုံကြည်ခြင်းကိုရပ်လိုက်တယ်ဆိုတာနဲ့ ဘ၀မှာ ရရှိခံစားနေရတဲ့ကောင်းကြီးမင်္ဂလာအားလုံး ရပ်တန့်သွားမှာပါပဲ။ လူတွေက ကောင်းကြီးတွေ၊ အောင်မြင်ခြင်းတွေရပ်သွားတဲ့အကြောင်းပဲ စာဖွဲ့နေကြတယ် ကိုယ့်ဘက်ကနေ ယုံကြည်ခြင်း ရပ်တန့်နေတာကိုတော့ သတိမထားမိကြဘူး။ ဘုရားနဲ့ပတ်သက်တဲ့ယုံကြည်ခြင်းကို ဘယ်လို အချိန်မျိုးမဆို၊ ဘယ်လိုအရာမျိုးကမဆိုမရပ်တန့်စေဖို့အတွက် အမြဲသတိထားဖို့လိုတယ်။ စာတန် သင့်အသက်တာထဲမှာ ကောင်းတဲ့အရာတွေ ရပ်တန့်သွားဖို့ အများကြီးလာလုပ်မှာ မဟုတ်ဘူး။ ယုံကြည်ခြင်းကိုပဲ ရပ်တန့်စေလိမ့်မယ်။


ဘယ်တော့မှ အပေးအယူမလုပ်ဘူး

ဒံယေလနဲ့သူငယ်ချင်း‌တွေအကြောင်းကိုငယ်ငယ်လေးကတည်းက ကြားဖူးတယ်မဟုတ်လား။ ကျွန်အဖြစ်နဲ့ ဖမ်းသွားတဲ့တိုင်းပြည်မှာတောင်ကောင်းစား ခဲ့တယ်ဆိုတာ။ ဘုရားကိုယုံကြည်ခြင်းရှိတဲ့လူတစ်ယောက်ကို ကောင်းကြီးမရအောင် ဘယ်အရာကမှဆီး တားလို့မရဘူး။ ဘယ်နေရာ၊ ဘယ်တိုင်းပြည်မှာမဆို

ဘုရားကိုယုံတဲ့သူတစ်ယောက်က ကောင်းကြီးရဖို့ အရည်အချင်းနဲ့ပြည့်စုံတယ်။ ဗာဗုလုန်ကိုစပြီးရောက်ကတည်းလည်း နည်းနည်းမှ အပေးအယူမလုပ်ခဲ့ဘူး။ ဘုရားမကြိုက်တဲ့ အစားအစာတွေကို ရှောင်မယ်လို့ဆုံးဖြတ်ချက်ချပြီးတော့ မရမက နည်းလမ်းရှာခဲ့ကြတယ်။ အကြောင်းပြချက်တွေပေးတဲ့အထဲမှာသူတို့မပါခဲ့ဘူး။ အခုလည်း တိုင်းပြည်တစ်ခုလုံး ဆုမတောင်းဖို့ အမိန့်ထုတ်ပေမယ့်လည်း သူကတော့ နေ့စဉ်မပြတ်ပြုလေ့ရှိတဲ့အတိုင်း ပြတင်းပေါက်ဖွင့်ပြီးတော့ ဆုတောင်းမြဲပဲ။ နည်းနည်းမှ လျော့ခဲ့တာမရှိဘူး။ သူ့ရဲ့ယုံကြည်ခြင်းကိုခြင်္သေ့တွေနဲ့တောင် ခြောက်လို့မရဘူး။ ရာထူးတွေကိုစွန့်လွှတ်ရမယ်ဆိုလဲ ဂရုမစိုက်ဘူး။ ဘုရားနဲ့ ပတ်သက်

ပြီးအပေးအယူလုပ်ဖို့၊ အလျော့ပေးဖို့ ဘယ်တော့မှစိတ် ကူးထားတဲ့ပုံမပေါ်ဘူး။ ဒါကြောင့်ရောက်လေရာမှာ နိုင်ငံ ရေးအပြောင်းလဲတွေ ကြားမှာ နည်းနည်းမှ အကျဘက်ကို မသွားခဲ့ဘူး။ သူ့ယုံကြည်ခြင်းကိုစစ်ဆေးဖို့ အခွင့်ရေးဖြစ်ခဲ့ပြီး ခြင်္သေ့တွင်းထဲဆင်းခဲ့ရတာတောင် ရာထူးတွေ၊ အာဏာတွေကို စိတ်မဝင်စားပဲ အဆုံးတိုင်တည်ကြည်ခဲ့တယ်။ ဒီလို စိတ်ဓါတ်နဲ့လုပ်ရပ်က လူတွေရဲ့ပါးစပ်တွေကိုပဲပိတ်ခဲ့တာမဟုတ်ပါဘူး၊ ခြင်္သေ့တွေရဲ့ ပါးစပ်တွေကိုပါပိတ်ခဲ့တာ။ လူတွေ ပြောတာလောက်နဲ့ စိတ်ဓါတ်ကျမနေစမ်းပါနဲ့။ ယုံကြည်ခြင်းစစ်မှန်တယ်ဆိုရင် မကြာခင် အဲ့ဒီပါးစပ်တွေပိတ်သွားပါလိမ့်မယ်။အပြောခံရတာလေးနဲ့ ရှေ့ဆက်မတိုးရဲ၊ မလုပ်ရဲတဲ့ ယုံကြည်ခြင်းမရှိတဲ့ ဘ၀ကို ဘယ်တော့မှ မလုပ်နဲ့။ ဘုရားကိုပဲဆက်ယုံမယ်၊ ဆက်ကိုးကွယ်မယ်ဆိုရင်၊ သင်မရပ်တန့်ရင် မကြာခင်မှာသင့်ကိုတိုက်ခိုက်နေတဲ့ မကောင်းတဲ့အရာတွေက ရပ်တန့်သွားလိမ့်မယ်

3 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube