Search
  • Than Min Htike

ဘာကိုပိုတန်ဖိုးထားတာလဲ


(မဿဲ ၈: ၃၃-၃၄)

တချို့ကငွေကိုပိုတန်ဖိုးထားသလို၊ တချို့က

လူကိုပိုတန်ဖိုးထားတတ်ကြတယ်။ တချို့က မြင်ရတဲ့

ဥစ္စာကစ္စည်းတွေကို တန်ဖိုးထားသလို၊ တချို့ကမမြင်

ရတဲ့ ဘုရားကို ပိုတန်ဖိုးထားတတ်ကြတယ်။ တကယ်

တော့ ဘဝမှာ မှန်ကန်တဲ့အရာကို တန်ဖိုး ထားတတ်

ဖို့ သင်ယူရမယ်။ တန်ဖိုးထားတတ်တာခြင်းမတူရင်

တော့ ဘယ်လိုမှ ပေါင်းသင်းလို့ရမှာ မဟုတ်ဘူး။

ဘုရား တန်ဖိုးထားတာကို သင်က တန်ဖိုးမထား

ရင် ဘုရားနဲ့အတူ သွားလာဖို့ဆိုတာ ရေရှည် မဖြစ်

နိုင်ဘူး။

နတ်ဆိုးစွဲပြီး မိမိကိုယ်ကိုရော ပတ်ဝန်းကျင်ကိုရော နှောင့်ယှက်တဲ့ သူတစ်ယောက်အထဲက နတ်ဆိုးကို

ယေရှုမောင်းထုတ်လိုက်တဲ့အခါမှာ သူက အသက်

တာလုံးဝ ပြောင်းလဲသွားတယ်။ တကယ်တော့ မိမိ

ကိုယ်ကို တန်ဖိုး မထားတဲ့သူတွေနဲ့ ပတ်ဝန်းကျင်

ကို နှောင့်ယှက် ဖျက်ဆီးတာဟာ နတ်ဆိုးရဲ့ လုပ်ရပ်

တစ်ခုပါပဲ။ အဲ့ဒါကို သံကြိုးနဲ့တောင် ချည်လို့မနိုင်

ပါဘူး။ ယေရှုရဲ့ ပြင်းပြလှတဲ့ အမိန့်တစ်ခုက နတ်ဆိုး

လက်ကနေ လွတ်မြောက်စေပြီး လူအထဲကနတ်က

ဝက်ထဲဝင်ပြီး ဝက်တွေကို ချောက်ကမ်းပါးကနေ

ခုန်ဆင်းစေပြီး အစုလိုက်သေစေပါတယ်။ ဒါဟာ

နတ်ဆိုးရဲ့ ဆိုးရွားလှတဲ့ အကြံအစည်ပါပဲ။ ဒီသတင်း

ကိုကြားတော့ လူတွေ ယေရှုဆီကို ရောက်လာတယ်။

နတ်ဆိုးစွဲတဲ့သူက ပကတိ ကျန်းမာတာကို မြင်ရပေ

မယ့် ဝက်တွေကတော့ ပျက်စီးသွားလေရဲ့။ ဒီလောက်

တန်ခိုး နဲ့ပြည့်ဝတဲ့ ယေရှုသူတို့မြို့မှာ ရောက်နေတာ

ကို ဝမ်းမသာပဲ ပျက်စီးသွားတဲ့ ဝက်တွေအတွက်ခံစား

ပြီး သူတို့မြို့ကနေ ထွက်သွားဖို့ တောင်းဆိုကြတယ်။

လူတိုင်းက သူတို့ဆီ ယေရှုကြွလာဖို့ ဖိတ်ခေါ်နေတဲ့

အချိန်မှာ ဒီလူတွေကတော့ လွတ်မြောက်သွားတဲ့လူ

ထက် ဝက်တွေအတွက် ခံစား နေလို့ မပြီးဘူးဖြစ်နေ

တယ်။ တကယ်တော့ ဝက်ထက်၊ စင်္ကြာဝဋာ တစ်ခုလုံး

ထက်တန်ဖိုးရှိတာ လူ့တစ်ယောက်ရဲ့ ဝိညာဉ်မဟုတ်

ဘူးလား။ ဘုရား တန်ဖိုးထားတာကို မထားတတ်တဲ့

အခါမှာ ကောင်းကြီးမင်္ဂလာ အနီးဆုံးရောက်ပေမယ့်

လက်လွှတ် ခဲ့လိုက်ရတယ်။ သေဆုံးသွားတဲ့ဝက်တွေ

ထက် လူတစ်ယောက် လွတ်မြောက်သွားတာကိုသာ

ကြည့်တတ်မယ်ဆိုရင် ဒီမြို့ကတော့ ကြီးမားတဲ့အခွင့်

အရေးကို ရရှိလိုက်မှာ သေချာတယ်။ သင်ရော ဘာမ

ဟုတ်တာလေးနဲ့ ခံစားပြီး ဘုရားပေးတဲ့ အခွင့်အရေး

တွေကို လက်လွှတ်နေတဲ့ သူမဖြစ်ဖို့လိုတယ်။



Zawgyi

ဘာကိုပိုတန္ဖိုးထားတာလဲ

(မႆဲ ၈: ၃၃-၃၄)

တခ်ိဳ႕ကေငြကိုပိုတန္ဖိုးထားသလို၊ တခ်ိဳ႕က

လူကိုပိုတန္ဖိုးထားတတ္ၾကတယ္။ တခ်ိဳ႕က ျမင္ရတဲ့

ဥစၥာကစၥည္းေတြကို တန္ဖိုးထားသလို၊ တခ်ိဳ႕ကမျမင္

ရတဲ့ ဘုရားကို ပိုတန္ဖိုးထားတတ္ၾကတယ္။ တကယ္

ေတာ့ ဘဝမွာ မွန္ကန္တဲ့အရာကို တန္ဖိုး ထားတတ္

ဖို႔ သင္ယူရမယ္။ တန္ဖိုးထားတတ္တာျခင္းမတူရင္

ေတာ့ ဘယ္လိုမွ ေပါင္းသင္းလို႔ရမွာ မဟုတ္ဘူး။

ဘုရား တန္ဖိုးထားတာကို သင္က တန္ဖိုးမထား

ရင္ ဘုရားနဲ႔အတူ သြားလာဖို႔ဆိုတာ ေရ႐ွည္ မျဖစ္

ႏိုင္ဘူး။

နတ္ဆိုးစြဲၿပီး မိမိကိုယ္ကိုေရာ ပတ္ဝန္းက်င္ကိုေရာ ေႏွာင့္ယွက္တဲ့ သူတစ္ေယာက္အထဲက နတ္ဆိုးကို

ေယ႐ႈေမာင္းထုတ္လိုက္တဲ့အခါမွာ သူက အသက္

တာလုံးဝ ေျပာင္းလဲသြားတယ္။ တကယ္ေတာ့ မိမိ

ကိုယ္ကို တန္ဖိုး မထားတဲ့သူေတြနဲ႔ ပတ္ဝန္းက်င္

ကို ေႏွာင့္ယွက္ ဖ်က္ဆီးတာဟာ နတ္ဆိုးရဲ႕ လုပ္ရပ္

တစ္ခုပါပဲ။ အဲ့ဒါကို သံႀကိဳးနဲ႔ေတာင္ ခ်ည္လို႔မႏိုင္

ပါဘူး။ ေယ႐ႈရဲ႕ ျပင္းျပလွတဲ့ အမိန္႔တစ္ခုက နတ္ဆိုး

လက္ကေန လြတ္ေျမာက္ေစၿပီး လူအထဲကနတ္က

ဝက္ထဲဝင္ၿပီး ဝက္ေတြကို ေခ်ာက္ကမ္းပါးကေန

ခုန္ဆင္းေစၿပီး အစုလိုက္ေသေစပါတယ္။ ဒါဟာ

နတ္ဆိုးရဲ႕ ဆိုး႐ြားလွတဲ့ အၾကံအစည္ပါပဲ။ ဒီသတင္း

ကိုၾကားေတာ့ လူေတြ ေယ႐ႈဆီကို ေရာက္လာတယ္။

နတ္ဆိုးစြဲတဲ့သူက ပကတိ က်န္းမာတာကို ျမင္ရေပ

မယ့္ ဝက္ေတြကေတာ့ ပ်က္စီးသြားေလရဲ႕။ ဒီေလာက္

တန္ခိုး နဲ႔ျပည့္ဝတဲ့ ေယ႐ႈသူတို႔ၿမိဳ႕မွာ ေရာက္ေနတာ

ကို ဝမ္းမသာပဲ ပ်က္စီးသြားတဲ့ ဝက္ေတြအတြက္ခံစား

ၿပီး သူတို႔ၿမိဳ႕ကေန ထြက္သြားဖို႔ ေတာင္းဆိုၾကတယ္။

လူတိုင္းက သူတို႔ဆီ ေယ႐ႈႂကြလာဖို႔ ဖိတ္ေခၚေနတဲ့

အခ်ိန္မွာ ဒီလူေတြကေတာ့ လြတ္ေျမာက္သြားတဲ့လူ

ထက္ ဝက္ေတြအတြက္ ခံစား ေနလို႔ မၿပီးဘူးျဖစ္ေန

တယ္။ တကယ္ေတာ့ ဝက္ထက္၊ စႀကၤာဝဋာ တစ္ခုလုံး

ထက္တန္ဖိုး႐ွိတာ လူ႕တစ္ေယာက္ရဲ႕ ဝိညာဥ္မဟုတ္

ဘူးလား။ ဘုရား တန္ဖိုးထားတာကို မထားတတ္တဲ့

အခါမွာ ေကာင္းႀကီးမဂၤလာ အနီးဆုံးေရာက္ေပမယ့္

လက္လႊတ္ ခဲ့လိုက္ရတယ္။ ေသဆုံးသြားတဲ့ဝက္ေတြ

ထက္ လူတစ္ေယာက္ လြတ္ေျမာက္သြားတာကိုသာ

ၾကည့္တတ္မယ္ဆိုရင္ ဒီၿမိဳ႕ကေတာ့ ႀကီးမားတဲ့အခြင့္

အေရးကို ရ႐ွိလိုက္မွာ ေသခ်ာတယ္။ သင္ေရာ ဘာမ

ဟုတ္တာေလးနဲ႔ ခံစားၿပီး ဘုရားေပးတဲ့ အခြင့္အေရး

ေတြကို လက္လႊတ္ေနတဲ့ သူမျဖစ္ဖို႔လိုတယ္။

1 view0 comments