Search
  • Than Min Htike

ဘေးနှင့်လွတ်ပါ၏



“အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ခြင်္သေ့​နှုတ်​ကို ပိတ်​ထား​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ခြင်္သေ့​ဘေး​နှင့် လွတ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့်​ရှေ့၌ အ​ကျွန်ုပ်​သည် အ​ပြစ်​ကင်း​ပါ၏။ ကိုယ်​တော်​မြတ်​ကို​လည်း အ​လျှင်း​မ​ပြစ်​မှား​ပါ​ဟု ပြန်​လျှောက်​လေ၏။” (ဒံ ၆:၂၂)


လူ့အနေနဲ့မစွမ်းဆောင်နိုင်တဲ့ အရာတွေအများကြီးရှိတယ်မဟုတ်လား။ မကြုံချင်ပေမယ့်လည်း မလွှဲသာလို့ကြုံခဲ့ကြရတာတွေလည်း အများကြီးပါပဲ။ ယုံကြည်သူတစ်ယောက်ဘ၀ မှာ

တော့ ဘယ်လိုပဲ အခက်အခဲတွေ ဘေးဒုက္ခတွေကြုံရကြုံရ ကူညီဖြေရှင်းပေးမယ့်၊ လွတ်မြောက်ရာလမ်းကို ပို့ဆောင်ပေးမယ့်ဘုရားသခင်ရှိတယ်ဆိုတာက တကယ့်မျှော်လင့်ချက်ပါပဲ။ အခြားသူတွေ မျှော်လင့်စရာမရှိပဲ စိတ်ပျက်နေပေမယ့် ဘုရားသားသမီးတစ်ယောက်ကတော့ အဲ့ဒီအထဲမှာမပါဘူး။ ဘုရားက တစ်ခါမှ အခက်အခဲတွေနဲ့မကြုံဖို့၊ ဘေးနဲ့မရင်ဆိုင်ရဖို့ ဂတိမပေးခဲ့ဘူး။ တွေ့ကြုံခဲ့ရင်တောင်မှ ကူမမယ် ထွက်မြောက်ရာလမ်းကိုပြင်ဆင်ပေးမယ် လို့သာ အကြိမ်ကြိမ်ဂတိပေးခဲ့တယ်။ ဒါကြောင့်ယုံကြည်သူတစ်ယောက်အတွက်အခက်အခဲဆိုတာက ဘုရားကူမကြောင်း ထင်ရှားစေမယ့်အရာ၊ ဘုရားဘယ်လောက်တောင်ကောင်းမြတ်သလဲဆိုတာကိုမြင်တွေ့ခွင့်ရမယ့်အရာဆိုတာကို မမေ့ပါနဲ့။

ဒံယေလအနေနဲ့ ကျွန်အဖြစ်နဲ့ ရောက်သွားတဲ့တိုင်းပြည်မှာ ဘုရားက ချီးမြှောက်ပြီးတော့ အမြင့်ဆုံးဝန်ကြီးတစ်ပါးဖြစ်လာတယ်။ စဉ်းစားကြည့်ရင် ဒီလောက် အနိမ့်ဆုံး အခြေအနေကနေ ဘုရားက ကယ်တင်တယ် ကောင်းကြီးပေးတာမြင်ရသလို၊ သူလည်းနေ့စဉ်ဘုရားနဲ့ အချိန်ယူပြီး ဆုတောင်းတဲ့သူတစ်ယောက်ပါ။ ဘယ်လောက်ပဲအလုပ်များများ၊ ဘယ်လို အမိန့်တွထုတ်ထုတ် သူကတော့ ဘုရားနဲ့နေ့စဉ် အချိန်ယူဆုတောင်းတတ်တဲ့သူပါ။ ဒီလိုလူတွေကော အခက်အခဲ မကြုံလာနိုင်ဘူးလားလို့မေးစရာရှိတယ်။ သိပ်ကိုကြုံရနိုင်တယ်။ ဒါပေမယ့် အခက်အခဲကြားထဲမှာ ပျက်ဆီးပျောက်ဆုံးသွားမှာတော့ လုံး၀မဟုတ်ဘူး။ ကျော်လွှားအောင်မြင်သွားမှာပါ။ မနာလိုတဲ့ ဝန်ကြီးတွေရဲ့ လုပ်ဆောင်မှုကြောင့် ဒံယေလဟာ ခြင်္သေ့တွင်းထဲကိုတော့ ချခြင်းခံရတယ်။ တစ်ညလုံးဘုရင်ကြီးခမျာ အိပ်တောင်မပျော်နိုင်ဘူး။ နောက်နေ့မှာ မေးခွန်းတစ်ခုနဲ့အတူ ဒံယေလ ချပစ်ခံရတဲ့ ခြင်္သေ့တွင်းနားကိုရောက်လာတဲ့အချိန်မှာတော့ အထဲကနေအဖြေနဲ့အတူ ဘုရားကယ်လွှတ်ခြင်းကိုမြင်တွေ့ ခဲ့ရတယ်။ ဒီနေ့ ဘုရားရဲ့ အတူပါရှိခြင်းက ဘယ်လိုအခက်အခဲ၊ ဘယ်လိုဘေးကို မဆိုကျော်လွှားအောင်မြင်နိုင်တယ်ဆိုတာ ဒါက သက်သေမဟုတ်ဘူးလား။ ဒီနေ့သင်ကြုံနေရတဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုနဲ့ ဘေးတွေကိုလည်း ဘုရားနဲ့အတူကျော်လွှားအောင်မြင်နိုင်မယ်ဆိုတာ ယုံကြည်တယ်ဆိုရင် ဘုရားနဲ့အတူနေ့စဉ် အသက်ရှင်လျှောက်လှမ်းပါ၊ အချိန်ယူပါ။



Zawgyi

ေဘးႏွင့္လြတ္ပါ၏


“အ​ကြၽႏ္ုပ္၏ ဘု​ရား​သ​ခင္​သည္ ေကာင္း​ကင္​တ​မန္​ကို ေစ​လႊတ္၍ ျခေသၤ့​ႏႈတ္​ကို ပိတ္​ထား​ေတာ္​မူ​သ​ျဖင့္၊ အ​ကြၽႏ္ုပ္​သည္ ျခေသၤ့​ေဘး​ႏွင့္ လြတ္​ပါ၏။ အ​ေၾကာင္း​မူ​ကား၊ ဘု​ရား​သ​ခင့္​ေ႐ွ႕၌ အ​ကြၽႏ္ုပ္​သည္ အ​ျပစ္​ကင္း​ပါ၏။ ကိုယ္​ေတာ္​ျမတ္​ကို​လည္း အ​လွ်င္း​မ​ျပစ္​မွား​ပါ​ဟု ျပန္​ေလွ်ာက္​ေလ၏။” (ဒံ ၆:၂၂)


လူ႕အေနနဲ႔မစြမ္းေဆာင္ႏိုင္တဲ့ အရာေတြအမ်ားႀကီး႐ွိတယ္မဟုတ္လား။ မၾကဳံခ်င္ေပမယ့္လည္း မလႊဲသာလို႔ၾကဳံခဲ့ၾကရတာေတြလည္း အမ်ားႀကီးပါပဲ။ ယုံၾကည္သူတစ္ေယာက္ဘ၀ မွာ

ေတာ့ ဘယ္လိုပဲ အခက္အခဲေတြ ေဘးဒုကၡေတြၾကဳံရၾကဳံရ ကူညီေျဖ႐ွင္းေပးမယ့္၊ လြတ္ေျမာက္ရာလမ္းကို ပို႔ေဆာင္ေပးမယ့္ဘုရားသခင္႐ွိတယ္ဆိုတာက တကယ့္ေမွ်ာ္လင့္ခ်က္ပါပဲ။ အျခားသူေတြ ေမွ်ာ္လင့္စရာမ႐ွိပဲ စိတ္ပ်က္ေနေပမယ့္ ဘုရားသားသမီးတစ္ေယာက္ကေတာ့ အဲ့ဒီအထဲမွာမပါဘူး။ ဘုရားက တစ္ခါမွ အခက္အခဲေတြနဲ႔မၾကဳံဖို႔၊ ေဘးနဲ႔မရင္ဆိုင္ရဖို႔ ဂတိမေပးခဲ့ဘူး။ ေတြ႕ၾကဳံခဲ့ရင္ေတာင္မွ ကူမမယ္ ထြက္ေျမာက္ရာလမ္းကိုျပင္ဆင္ေပးမယ္ လို႔သာ အႀကိမ္ႀကိမ္ဂတိေပးခဲ့တယ္။ ဒါေၾကာင့္ယုံၾကည္သူတစ္ေယာက္အတြက္အခက္အခဲဆိုတာက ဘုရားကူမေၾကာင္း ထင္႐ွားေစမယ့္အရာ၊ ဘုရားဘယ္ေလာက္ေတာင္ေကာင္းျမတ္သလဲဆိုတာကိုျမင္ေတြ႕ခြင့္ရမယ့္အရာဆိုတာကို မေမ့ပါနဲ႔။

ဒံေယလအေနနဲ႔ ကြၽန္အျဖစ္နဲ႔ ေရာက္သြားတဲ့တိုင္းျပည္မွာ ဘုရားက ခ်ီးေျမႇာက္ၿပီးေတာ့ အျမင့္ဆုံးဝန္ႀကီးတစ္ပါးျဖစ္လာတယ္။ စဥ္းစားၾကည့္ရင္ ဒီေလာက္ အနိမ့္ဆုံး အေျခအေနကေန ဘုရားက ကယ္တင္တယ္ ေကာင္းႀကီးေပးတာျမင္ရသလို၊ သူလည္းေန႔စဥ္ဘုရားနဲ႔ အခ်ိန္ယူၿပီး ဆုေတာင္းတဲ့သူတစ္ေယာက္ပါ။ ဘယ္ေလာက္ပဲအလုပ္မ်ားမ်ား၊ ဘယ္လို အမိန္႔တြထုတ္ထုတ္ သူကေတာ့ ဘုရားနဲ႔ေန႔စဥ္ အခ်ိန္ယူဆုေတာင္းတတ္တဲ့သူပါ။ ဒီလိုလူေတြေကာ အခက္အခဲ မၾကဳံလာႏိုင္ဘူးလားလို႔ေမးစရာ႐ွိတယ္။ သိပ္ကိုၾကဳံရႏိုင္တယ္။ ဒါေပမယ့္ အခက္အခဲၾကားထဲမွာ ပ်က္ဆီးေပ်ာက္ဆုံးသြားမွာေတာ့ လုံး၀မဟုတ္ဘူး။ ေက်ာ္လႊားေအာင္ျမင္သြားမွာပါ။ မနာလိုတဲ့ ဝန္ႀကီးေတြရဲ႕ လုပ္ေဆာင္မႈေၾကာင့္ ဒံေယလဟာ ျခေသၤ့တြင္းထဲကိုေတာ့ ခ်ျခင္းခံရတယ္။ တစ္ညလုံးဘုရင္ႀကီးခမ်ာ အိပ္ေတာင္မေပ်ာ္ႏိုင္ဘူး။ ေနာက္ေန႔မွာ ေမးခြန္းတစ္ခုနဲ႔အတူ ဒံေယလ ခ်ပစ္ခံရတဲ့ ျခေသၤ့တြင္းနားကိုေရာက္လာတဲ့အခ်ိန္မွာေတာ့ အထဲကေနအေျဖနဲ႔အတူ ဘုရားကယ္လႊတ္ျခင္းကိုျမင္ေတြ႕ ခဲ့ရတယ္။ ဒီေန႔ ဘုရားရဲ႕ အတူပါ႐ွိျခင္းက ဘယ္လိုအခက္အခဲ၊ ဘယ္လိုေဘးကို မဆိုေက်ာ္လႊားေအာင္ျမင္ႏိုင္တယ္ဆိုတာ ဒါက သက္ေသမဟုတ္ဘူးလား။ ဒီေန႔သင္ၾကဳံေနရတဲ့အခက္အခဲေတြ၊ စိန္ေခၚမႈနဲ႔ ေဘးေတြကိုလည္း ဘုရားနဲ႔အတူေက်ာ္လႊားေအာင္ျမင္ႏိုင္မယ္ဆိုတာ ယုံၾကည္တယ္ဆိုရင္ ဘုရားနဲ႔အတူေန႔စဥ္ အသက္႐ွင္ေလွ်ာက္လွမ္းပါ၊ အခ်ိန္ယူပါ။

0 views0 comments