Search
  • Than Min Htike

ဘာမရှိတာလဲ



မေတ္တာ

"အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ ညွှန်း​လောင်း​တော်​မူ၏။-”(‭‭ရော၅:၅)


ဟိုလူ့ကို မချစ်နိုင်ဘူး။ ဒီလူမျိုးကိုမချစ်

နိုင်ဘူး။ ဟို အသင်းတော်ဆို လက်မခံဘူး။ ဒီဆရာ

မျိုးဆို မုန်းတယ်။ ဒီလို စကားမျိုးတွေ ယုံကြည်သူပတ်ဝန်းကျင်မှာ မကြာ မကြာ ကြားမိတတ်ကြတယ်။ လူမျိုးရေးမုန်းတီးမှုတွေက အသင်းတော်ထဲမှာလှိုက်စားလာလိုက်တာ နိုင်ငံရေးလောက ထက်တောင်ပိုဆိုးတယ်လို့ ထင်ရလောက်အောင်ပဲ။ အချင်းချင်း

ဝေဖန်တိုက်ခိုက်မှုတွေ၊ နေရာလုတာတွေ၊ ခြေထိုးခံနေကြတာတွေအပြည့်နဲ့ မော်ဒန် ခရစ်ယာန်လောကမှာ တကယ်လိုတာတစ်ခုတည်းက ဘုရားမေတ္တာပါ။ ကိုယ့်လူမျိုး၊ သူ့လူမျိုးဘာမှမခွဲခြားတတ်သလိုရန်သူ၊မိတ်ဆွေတောင် မခွဲတတ်ဘူး။ သူ့ကို ဒုက္ခပေးပြီးကားတိုင်မှာအသေသတ်တဲ့သူတွေကိုတောင် ခွင့်လွှတ်ဖို့ ဆုတောင်းပေးရှာတဲ့သူ။ ဒီလို အရာတွေ လုပ်နိုင်ဖို့က ဘုရားမေတ္တာရှိဖို့လိုပါတယ်။ လူ့မေတ္တာနဲ့တော့ သင် ဘယ်သူ့ကိုမှချစ်နိုင်မှာမဟုတ်ဘူး။ အဲ့ဒီ ဘုရားမေတ္တာကိုရဖို့ သင်ကြိုးစားပြီး လုပ်ယူရမယ်လို့ မဆိုလိုပါဘူး ။ နှုတ်ကပတ်တော်က ပြောတယ် သန့်ရှင်းသောဝိညာဉ်တော်က ဘုရားရဲ့မေတ္တာကို ကျွန်တော်တို့အထဲမှာ ညွှန်းလောင်းပေးတယ်။ ဒါဆိုရင် လူတွေဟာ မချစ်န်ိုင်၊ လက်မခံနိုင်တာဟာ မေတ္တာမရှိလို့ မဟုတ်ပဲ ဘုရားမေတ္တာကို ညွှန်းလောင်းပေးတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုဆောင်ခြင်းကို လက်မခံလို့ပါ။သန့်ရှင်းသောဝိညာဉ်တော်သာသင့်ဘဝကို တကယ် ဦးဆောင်ပြီးသူ့ရဲ့ အမှုဆောင်ခြင်းကို သင်တကယ် လက်ခံသဘောပေါက်ရင် လိုနေတဲ့ မေတ္တာကို သူကပဲ ညွှန်းလောင်းပေးသွားမှာပါ။ ဒီနေ့ သင့်အထဲမှာ ဘုရားမေတ္တာကိုညွှန်းလောင်းပေးမယ့် သန့်ရှင်းသောဝိညာဉ်တော်ကိုအသိအမှတ်ပြု နေရာပေးဖို့မမေ့နဲ့။



Zawgyi

ဘာမ႐ွိတာလဲ


ေမတၱာ

"အ​ဘယ္​ေၾကာင့္​နည္း​ဟူ​မူ​ကား၊ ငါ​တို႔​အား ေပး​ေတာ္​မူ​ေသာ သန္႔​႐ွင္း​ေသာ​ဝိ​ညာဥ္​ေတာ္​သည္ ဘု​ရား​သ​ခင္၏​ေမ​တၱာ​ေတာ္​ကို ငါ​တို႔​စိတ္​ႏွ​လုံး​ထဲ​သို႔ ၫႊန္း​ေလာင္း​ေတာ္​မူ၏။-”(‭‭ေရာ၅:၅)


ဟိုလူ႕ကို မခ်စ္ႏိုင္ဘူး။ ဒီလူမ်ိဳးကိုမခ်စ္

ႏိုင္ဘူး။ ဟို အသင္းေတာ္ဆို လက္မခံဘူး။ ဒီဆရာ

မ်ိဳးဆို မုန္းတယ္။ ဒီလို စကားမ်ိဳးေတြ ယုံၾကည္သူပတ္ဝန္းက်င္မွာ မၾကာ မၾကာ ၾကားမိတတ္ၾကတယ္။ လူမ်ိဳးေရးမုန္းတီးမႈေတြက အသင္းေတာ္ထဲမွာလိႈက္စားလာလိုက္တာ ႏိုင္ငံေရးေလာက ထက္ေတာင္ပိုဆိုးတယ္လို႔ ထင္ရေလာက္ေအာင္ပဲ။ အခ်င္းခ်င္း

ေဝဖန္တိုက္ခိုက္မႈေတြ၊ ေနရာလုတာေတြ၊ ေျခထိုးခံေနၾကတာေတြအျပည့္နဲ႔ ေမာ္ဒန္ ခရစ္ယာန္ေလာကမွာ တကယ္လိုတာတစ္ခုတည္းက ဘုရားေမတၱာပါ။ ကိုယ့္လူမ်ိဳး၊ သူ႕လူမ်ိဳးဘာမွမခြဲျခားတတ္သလိုရန္သူ၊မိတ္ေဆြေတာင္ မခြဲတတ္ဘူး။ သူ႕ကို ဒုကၡေပးၿပီးကားတိုင္မွာအေသသတ္တဲ့သူေတြကိုေတာင္ ခြင့္လႊတ္ဖို႔ ဆုေတာင္းေပး႐ွာတဲ့သူ။ ဒီလို အရာေတြ လုပ္ႏိုင္ဖို႔က ဘုရားေမတၱာ႐ွိဖို႔လိုပါတယ္။ လူ႕ေမတၱာနဲ႔ေတာ့ သင္ ဘယ္သူ႕ကိုမွခ်စ္ႏိုင္မွာမဟုတ္ဘူး။ အဲ့ဒီ ဘုရားေမတၱာကိုရဖို႔ သင္ႀကိဳးစားၿပီး လုပ္ယူရမယ္လို႔ မဆိုလိုပါဘူး ။ ႏႈတ္ကပတ္ေတာ္က ေျပာတယ္ သန္႔႐ွင္းေသာဝိညာဥ္ေတာ္က ဘုရားရဲ႕ေမတၱာကို ကြၽန္ေတာ္တို႔အထဲမွာ ၫႊန္းေလာင္းေပးတယ္။ ဒါဆိုရင္ လူေတြဟာ မခ်စ္န္ိဳင္၊ လက္မခံႏိုင္တာဟာ ေမတၱာမ႐ွိလို႔ မဟုတ္ပဲ ဘုရားေမတၱာကို ၫႊန္းေလာင္းေပးတဲ့ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ရဲ႕ အမႈေဆာင္ျခင္းကို လက္မခံလို႔ပါ။သန္႔႐ွင္းေသာဝိညာဥ္ေတာ္သာသင့္ဘဝကို တကယ္ ဦးေဆာင္ၿပီးသူ႕ရဲ႕ အမႈေဆာင္ျခင္းကို သင္တကယ္ လက္ခံသေဘာေပါက္ရင္ လိုေနတဲ့ ေမတၱာကို သူကပဲ ၫႊန္းေလာင္းေပးသြားမွာပါ။ ဒီေန႔ သင့္အထဲမွာ ဘုရားေမတၱာကိုၫႊန္းေလာင္းေပးမယ့္ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ကိုအသိအမွတ္ျပဳ ေနရာေပးဖို႔မေမ့နဲ႔။

0 views0 comments