Search
  • Than Min Htike

ဘာမရှိတာ လဲ (၂)

“ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့၏​အ​တွင်း​လူ​ကို ခွန်​အား​နှင့် မြဲ​မြံ​ခိုင်​ခံ့​စေ၍၊-”

(‭‭ဧ ၃:၁၆)


ခွန်အား

ကျွန်တော် အမှုတော်ဆောင် သက်တမ်းတစ်

လျှောက်မှာ နေရာတော်တော်များများကို သွားလာ

ပြီး ယုံကြည်သူများစွာနဲ့ထိတွေ့ ခဲ့တယ်။ နေရာသာ

မတူတယ်၊ အသင်းတော် နဲ့ လူမျိုးသာ မတူတယ်၊

သူတို့ပြောတဲ့ စကားတွေက တော်တော်ကိုတူတယ်။

သူတို့ကိုယ်သူတို့ အားနည်းတဲ့သူတွေအဖြစ်၊ ဝိညာဉ်

ရေးရာ မကြီးထွားသူတွေ ခွန်အား မရှိတဲ့သူတွေအဖြစ်

သာ ပုံဖေါ်ပြောဆိုကြတယ်။ မိမိကိုယ်ကို ဘာမှ အစွမ်း

အစမရှိ ခွန်အားမရှိတဲ့သူအဖြစ်မြင်နေ၊ ပြောနေ၊ ပုံဖေါ်

နေတဲ့ သူတွေ အများစုနဲ့ပြည့်နေတဲ့ အသင်းတော်တွေ

မတိုးတက်တာ ဘာများ ထူးဆန်းအုံးမှာလဲ။ တကယ်

တော့ ဒီအချိန်ဟာ ဘုရားရဲ့ နိုင်ငံတော်ဟာ တရှိန်ထိုး

တိုးတက်ကြီးထွားပြီး ခွန်အားနဲ့ပြည့်စုံရမည့်အချိန်

မဟုတ်လား။ ဒါဆို ဘာကြောင့် များလူတွေ ဒီလိုမြင်

ဒီလိုပြောနေပြီး သူတို့ ခွန်အားတွေ အစွမ်းအစတွေ

ဘာလို့ မတိုးတက်မကြီးထွားရသလဲ။

တမန်တော်ကြီးပေါလုက အသင်းတော်

အတွက် ဆုတောင်းပေးတဲ့ အခါမှာ ဒီလိုပြောတယ်

သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် သင်တို့ အတွင်း

လူကို ခွန်အားနှင့်မြဲမြံခိုင်ခံ့စေဖို့ပါ။ ဒီမှာ သန့်ရှင်းသော

ဝိညာဉ်တော်ကို သင့်ကိုပေးတဲ့ ဘုရားရဲ့ ရည်ရွယ်ချက်

ကိုတွေ့ရတယ်။ သန့်ရှင်းသော ဝိညာဉ်တော်က လောကကို

အပျော်လာတာ မဟုတ်ဘူး။ အားနည်းတဲ့ မပြည့်စုံတဲ့ သင့်ကို ခွန်အားနဲ့ မြဲမြံ ခိုင်ခံ့စေဖို့ ဖြစ်တယ်။ ယုံကြည်သူတွေက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အခန်းကဏ္ဍကို သဘောမပေါက်ပဲ ဘေးဖယ်ထား ကြတဲ့အတွက် အသင်းတော်တွေ၊ မိသားစုတွေဟာ ခွန်အားနဲ့ကြီးထွားခိုင်ခံရမယ့်အစား အားနည်း သူတွေ သာဖြစ်မှန်းမသိဖြစ်လာကြတယ်။ တကယ်တော့ ရှံဆုန် ခြင်္သေ့ကို

ဆိတ်သငယ်လိုဆွဲဖြဲနိုင်တာဟာ သန့်ရှင်း

သော ဝိညာဉ်တော်ကြောင့်ပါ။ရှံဆုန်ရဲ့ ကိုယ်ပိုင်ခွန်

အား မဟုတ်ဘူး။ ဘုရားစွန့်သွားတဲ့ အခါတော့ ရန်သူ

တွေကို မတွန်းလှန်နိုင်တော့ပဲ နွားဘဝရောက်သွား

တယ်မဟုတ်လား။ ဒီနေ့ အသင်းတော်တွေ ယုံကြည်

သူတွေ ဝိညာဉ်တော်ကို ဘေးဖယ်ထားရင် နွားလိုပဲ

ရုန်းကန်ရမယ်ဆိုတာ သိထားဖို့လိုတယ်။ သင်ဟာ

ခွန်အားနှင့် မြဲမြံပြီး ခိုင်ခံ့သူအဖြစ်သို့ရောက်အောင်

သင့်ဟာသင် မစွမ်းဆောင်နိုင်ဘူး။ သန့်ရှင်းသော

ဝိညာဉ်တော်သာ အဲ့ဒီဘဝကို ရောက်အောင်သင့်ကို

ကူညီ လမ်းပြပေးမယ်။ ဒီနေ့လည်းသူအသင့်ရှိနေတယ်။

ဒါကြောင့် ခွန်အား မရှိဘူးလို့ ပြောနေတာ သန့်ရှင်းသော

ဝိညာဉ်တော် မရှိဘူးလို့ သွယ်ဝိုက် ဝန်ခံနေသလိုပါပဲ။ ဒီနေ့

သင်တို့ အားလုံးကို ဆုတောင်းပေးတယ် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် အတွင်းလူကိုခွန်အား နှင့်မြဲမြံခိုင်ခံ့စေဖို့။



Zawgyi

ဘာ မ႐ွိတာ လဲ (၂)

“ဆု​ေတာင္း​ေသာ​အ​ခ်က္​ဟူ​မူ​ကား၊ ဝိ​ညာဥ္​ေတာ္​အား​ျဖင့္ သင္​တို႔၏​အ​တြင္း​လူ​ကို ခြန္​အား​ႏွင့္ ၿမဲ​ျမံ​ခိုင္​ခံ့​ေစ၍၊-” (‭‭ဧ ၃:၁၆)


ခြန္အား

ကြၽန္ေတာ္ အမႈေတာ္ေဆာင္ သက္တမ္းတစ္

ေလွ်ာက္မွာ ေနရာေတာ္ေတာ္မ်ားမ်ားကို သြားလာ

ၿပီး ယုံၾကည္သူမ်ားစြာနဲ႔ထိေတြ႕ ခဲ့တယ္။ ေနရာသာ

မတူတယ္၊ အသင္းေတာ္ နဲ႔ လူမ်ိဳးသာ မတူတယ္၊

သူတို႔ေျပာတဲ့ စကားေတြက ေတာ္ေတာ္ကိုတူတယ္။

သူတို႔ကိုယ္သူတို႔ အားနည္းတဲ့သူေတြအျဖစ္၊ ဝိညာဥ္

ေရးရာ မႀကီးထြားသူေတြ ခြန္အား မ႐ွိတဲ့သူေတြအျဖစ္

သာ ပုံေဖၚေျပာဆိုၾကတယ္။ မိမိကိုယ္ကို ဘာမွ အစြမ္း

အစမ႐ွိ ခြန္အားမ႐ွိတဲ့သူအျဖစ္ျမင္ေန၊ ေျပာေန၊ ပုံေဖၚ

ေနတဲ့ သူေတြ အမ်ားစုနဲ႔ျပည့္ေနတဲ့ အသင္းေတာ္ေတြ

မတိုးတက္တာ ဘာမ်ား ထူးဆန္းအုံးမွာလဲ။ တကယ္

ေတာ့ ဒီအခ်ိန္ဟာ ဘုရားရဲ႕ ႏိုင္ငံေတာ္ဟာ တ႐ွိန္ထိုး

တိုးတက္ႀကီးထြားၿပီး ခြန္အားနဲ႔ျပည့္စုံရမည့္အခ်ိန္

မဟုတ္လား။ ဒါဆို ဘာေၾကာင့္ မ်ားလူေတြ ဒီလိုျမင္

ဒီလိုေျပာေနၿပီး သူတို႔ ခြန္အားေတြ အစြမ္းအစေတြ

ဘာလို႔ မတိုးတက္မႀကီးထြားရသလဲ။

တမန္ေတာ္ႀကီးေပါလုက အသင္းေတာ္

အတြက္ ဆုေတာင္းေပးတဲ့ အခါမွာ ဒီလိုေျပာတယ္

သန္႔႐ွင္းေသာဝိညာဥ္ေတာ္ အားျဖင့္ သင္တို႔ အတြင္း

လူကို ခြန္အားႏွင့္ၿမဲျမံခိုင္ခံ့ေစဖို႔ပါ။ ဒီမွာ သန္႔႐ွင္းေသာ

ဝိညာဥ္ေတာ္ကို သင့္ကိုေပးတဲ့ ဘုရားရဲ႕ ရည္႐ြယ္ခ်က္

ကိုေတြ႕ရတယ္။ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္က ေလာကကို

အေပ်ာ္လာတာ မဟုတ္ဘူး။ အားနည္းတဲ့ မျပည့္စုံတဲ့ သင့္ကို ခြန္အားနဲ႔ ၿမဲျမံ ခိုင္ခံ့ေစဖို႔ ျဖစ္တယ္။ ယုံၾကည္သူေတြက သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္ရဲ႕ အခန္းက႑ကို သေဘာမေပါက္ပဲ ေဘးဖယ္ထား ၾကတဲ့အတြက္ အသင္းေတာ္ေတြ၊ မိသားစုေတြဟာ ခြန္အားနဲ႔ႀကီးထြားခိုင္ခံရမယ့္အစား အားနည္း သူေတြ သာျဖစ္မွန္းမသိျဖစ္လာၾကတယ္။ တကယ္ေတာ့ ႐ွံဆုန္ ျခေသၤ့ကို

ဆိတ္သငယ္လိုဆြဲၿဖဲႏိုင္တာဟာ သန္႔႐ွင္း

ေသာ ဝိညာဥ္ေတာ္ေၾကာင့္ပါ။႐ွံဆုန္ရဲ႕ ကိုယ္ပိုင္ခြန္

အား မဟုတ္ဘူး။ ဘုရားစြန္႔သြားတဲ့ အခါေတာ့ ရန္သူ

ေတြကို မတြန္းလွန္ႏိုင္ေတာ့ပဲ ႏြားဘဝေရာက္သြား

တယ္မဟုတ္လား။ ဒီေန႔ အသင္းေတာ္ေတြ ယုံၾကည္

သူေတြ ဝိညာဥ္ေတာ္ကို ေဘးဖယ္ထားရင္ ႏြားလိုပဲ

႐ုန္းကန္ရမယ္ဆိုတာ သိထားဖို႔လိုတယ္။ သင္ဟာ

ခြန္အားႏွင့္ ၿမဲျမံၿပီး ခိုင္ခံ့သူအျဖစ္သို႔ေရာက္ေအာင္

သင့္ဟာသင္ မစြမ္းေဆာင္ႏိုင္ဘူး။ သန္႔႐ွင္းေသာ

ဝိညာဥ္ေတာ္သာ အဲ့ဒီဘဝကို ေရာက္ေအာင္သင့္ကို

ကူညီ လမ္းျပေပးမယ္။ ဒီေန႔လည္းသူအသင့္႐ွိေနတယ္။

ဒါေၾကာင့္ ခြန္အား မ႐ွိဘူးလို႔ ေျပာေနတာ သန္႔႐ွင္းေသာ

ဝိညာဥ္ေတာ္ မ႐ွိဘူးလို႔ သြယ္ဝိုက္ ဝန္ခံေနသလိုပါပဲ။ ဒီေန႔

သင္တို႔ အားလုံးကို ဆုေတာင္းေပးတယ္ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ အားျဖင့္ အတြင္းလူကိုခြန္အား ႏွင့္ၿမဲျမံခိုင္ခံ့ေစဖို႔။

0 views0 comments