Search
  • Than Min Htike

ဘာမရှိတာလဲ (၃)


၁ ကော၂:၁၁-၁၂

လူတော်တော်များများ ဘုရားကိုယ့်အပေါ်မှာထားတဲ့အကြံ အစည်သိချင်ကြတယ်။ ကိုယ့်အပေါ်ထားတဲ့ခေါ်ခြင်းကိုလည်းရှင်းလင်းစွာမြင်ချင်တယ်။ ယုံကြည်သူ အများစုကတော့ ဘုရားနဲ့ပတ်သက်တဲ့အရာတွေကို ကျမ်းစာကျောင်းတတ်မှပဲ နားလည်နိုင်

မယ်၊ သဘောပေါက်မယ်လို့ သတ်မှတ်ကြတယ်။ တနေ့ကျမ်းစာနဲ့ပတ်သက်ပြီကျွမ်းကျင်တဲ့ ပရောဖက်ဆာကြီးတစ်ယောက်ကို လူငယ်လေးတစ်ယောက်ကမေးတယ်။ ဆရာကြီး ဘုရားအ ကြောင်းလေ့လာတာ ဘယ်လောက်ရာခိုင်နှုံးသိပြီလဲ။ ဆရာကြီးက ပင်လယ်ကမ်းစပ်ကို‌ခေါ်သွားပြီး ပင်လယ်ထဲကရေတစ်ခွက်ခပ်လိုက်တယ်ပြီးရင်ပြောတယ် ဒီပင်လယ်ထက်နက်နဲပြီးကျယ် ပြန့်တဲ့ ဘုရား အကြောင်းကို ငါ အခု ဒီရေတစ်ခွက်စာလောက်ပဲသိသေးတယ်တဲ့။ ဒီနေ့ ဘုရားရဲ့ ကြီးမြတ်ခြင်း၊ နက်နဲခြင်းတွေကို ဘယ်သူကများအကုန် အစင်အတွင်းကျကျ သိနိုင်မှာလဲ။ ဘုရား သခင်ကို နက်ရှိုင်းစွာသိသူကတော့ သန့်ရှင်းသော ဝိညာဉ်တော်ပဲပေါ့။

ဒါကြောင့် ဘုရားကသူ့ရဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို လောကကြီးမှာ ပေးထားတာပေါ့။ ဘုရားရဲ့သင့်အပေါ်ထားတဲ့ အကြံအစည်၊ သင့်ကိုပေးထားတဲ့ ဆုကျေးဇူးနဲ့ခေါ်ခြင်း အားလုံးကို အစအဆုံး သိပြီးဖွင့်ပြနိုင်သူ၊ ဘုရားအကြံအစည်ကို သင့်အပေါ်ပြည့်စုံစေနိုင်တဲ့အထိမစနိုင်သူဟာ သူကလွဲပြီး ဘယ်သူများရှိပါအုံးမလဲ။ သန့်ရှင်းသော ဝိညာဉ်တော်ကိုဘေးဖယ်ထားခြင်းက ဘုရား ရဲ့ အကြံအစည်အားလုံးနဲ့နှလုံးသားကိုပါ ဘေးဖယ်လိုက်ခြင်းပါ။ သူကသာတစ်ဆင့်ပြီးတစ်ဆင့် ဘုရားရဲ့နက်နဲခြင်းတွေက်ိုဖေါ်ပြပြီး သင့်အပေါ်မှာ ဘုရားထားတဲ့ အကြံအစည်အထိရောက်အောင် ကူညီမစမည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ပါ။ သင့်အပေါ်မှာ ဘုရားပေးထားတဲ့ ဆုကျေးဇူးတွေအကြံအစည်တွေ မရှိတာ မဟုတ်ရပါဘူး။ အဲ့ဒါတွေကို ဖွင့်ပြသွန်သင်မယ့် သန့်ရှင်းသောဝိညာဉ်တော်ကိုသင်သဘောမပေါက်သေးတာပါ။ သူသာရောက်လာပြီးသင့်ဘဝကို ဦးဆောင်ရင် မေးခွန်းတော်တော်များ

ဟာဖြေစရာမလ်ိုပဲ ပြီးဆုံးသွားလိမ့်မယ်။



Zawgyi

ဘာမ႐ွိတာလဲ (၃)

၁ ေကာ၂:၁၁-၁၂

လူေတာ္ေတာ္မ်ားမ်ား ဘုရားကိုယ့္အေပၚမွာထားတဲ့အၾကံ အစည္သိခ်င္ၾကတယ္။ ကိုယ့္အေပၚထားတဲ့ေခၚျခင္းကိုလည္း႐ွင္းလင္းစြာျမင္ခ်င္တယ္။ ယုံၾကည္သူ အမ်ားစုကေတာ့ ဘုရားနဲ႔ပတ္သက္တဲ့အရာေတြကို က်မ္းစာေက်ာင္းတတ္မွပဲ နားလည္ႏိုင္

မယ္၊ သေဘာေပါက္မယ္လို႔ သတ္မွတ္ၾကတယ္။ တေန႔က်မ္းစာနဲ႔ပတ္သက္ၿပီကြၽမ္းက်င္တဲ့ ပေရာဖက္ဆာႀကီးတစ္ေယာက္ကို လူငယ္ေလးတစ္ေယာက္ကေမးတယ္။ ဆရာႀကီး ဘုရားအ ေၾကာင္းေလ့လာတာ ဘယ္ေလာက္ရာခိုင္ႏႈံးသိၿပီလဲ။ ဆရာႀကီးက ပင္လယ္ကမ္းစပ္ကို‌ေခၚသြားၿပီး ပင္လယ္ထဲကေရတစ္ခြက္ခပ္လိုက္တယ္ၿပီးရင္ေျပာတယ္ ဒီပင္လယ္ထက္နက္နဲၿပီးက်ယ္ ျပန္႔တဲ့ ဘုရား အေၾကာင္းကို ငါ အခု ဒီေရတစ္ခြက္စာေလာက္ပဲသိေသးတယ္တဲ့။ ဒီေန႔ ဘုရားရဲ႕ ႀကီးျမတ္ျခင္း၊ နက္နဲျခင္းေတြကို ဘယ္သူကမ်ားအကုန္ အစင္အတြင္းက်က် သိႏိုင္မွာလဲ။ ဘုရား သခင္ကို နက္႐ိႈင္းစြာသိသူကေတာ့ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္ပဲေပါ့။

ဒါေၾကာင့္ ဘုရားကသူ႕ရဲ႕ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ကို ေလာကႀကီးမွာ ေပးထားတာေပါ့။ ဘုရားရဲ႕သင့္အေပၚထားတဲ့ အၾကံအစည္၊ သင့္ကိုေပးထားတဲ့ ဆုေက်းဇူးနဲ႔ေခၚျခင္း အားလုံးကို အစအဆုံး သိၿပီးဖြင့္ျပႏိုင္သူ၊ ဘုရားအၾကံအစည္ကို သင့္အေပၚျပည့္စုံေစႏိုင္တဲ့အထိမစႏိုင္သူဟာ သူကလြဲၿပီး ဘယ္သူမ်ား႐ွိပါအုံးမလဲ။ သန္႔႐ွင္းေသာ ဝိညာဥ္ေတာ္ကိုေဘးဖယ္ထားျခင္းက ဘုရား ရဲ႕ အၾကံအစည္အားလုံးနဲ႔ႏွလုံးသားကိုပါ ေဘးဖယ္လိုက္ျခင္းပါ။ သူကသာတစ္ဆင့္ၿပီးတစ္ဆင့္ ဘုရားရဲ႕နက္နဲျခင္းေတြက္ိဳေဖၚျပၿပီး သင့္အေပၚမွာ ဘုရားထားတဲ့ အၾကံအစည္အထိေရာက္ေအာင္ ကူညီမစမည့္ တစ္ဦးတည္းေသာပုဂၢိဳလ္ပါ။ သင့္အေပၚမွာ ဘုရားေပးထားတဲ့ ဆုေက်းဇူးေတြအၾကံအစည္ေတြ မ႐ွိတာ မဟုတ္ရပါဘူး။ အဲ့ဒါေတြကို ဖြင့္ျပသြန္သင္မယ့္ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ကိုသင္သေဘာမေပါက္ေသးတာပါ။ သူသာေရာက္လာၿပီးသင့္ဘဝကို ဦးေဆာင္ရင္ ေမးခြန္းေတာ္ေတာ္မ်ား

ဟာေျဖစရာမလ္ိဳပဲ ၿပီးဆုံးသြားလိမ့္မယ္။

0 views0 comments