Search
  • Than Min Htike
ဘာမရှိတာလဲ (၄)
ယော ၁၆:၇-၈
ငါတို့မှာ သွန်သင်ပြသမဲ့ ဆရာကောင်းသမား
ကောင်းတွေရှိရင်ကောင်းမယ်လို့ အရင်တုန်းက စဉ်း
စားမိဖူးတယ်။ အောင်မြင်သူတစ်ယောက်အတွက်
အနီးကပ် သွန်သင်ပြသတဲ့ သူဟာ သိပ်ကိုအရေးကြီး
တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် သာမန်လူ
တစ်ယောက်အတွက် ဘယ်လိုများ ဖြစ်နိုင်ပါ့မလဲ လို့
သင် ထင်နေလိမ့်မယ်။ ဒီအတွက်တော့ မစိုးရိမ်နဲ့
နေ့စဉ်ကျွန်တော်တို့အသက်တာအတွက် လိုအပ်တဲ့
အရာတိုင်းကို အနီးကပ် သွန်သင်ပြသဆွဲခေါ်မယ့်
သူတစ်ဦးရှိတယ်။ သူကတော့ ဥပဇ္ဈာယ် ဆရာတည်း
ဟူသော သန့်ရှင်းသောဝိညာဉ်တော်ပဲ ။
အားနည်းချက်၊ အားသာချက်အားလုံး
ဒီနေ့ ဘယ်အရာအမှားလည်းဘယ်အရာအမှန်လည်းဆိုတာ လူတွေကြားထဲမှာမရှင်းလင်းဘူး။ တချို့နေရာတွေအတွက် အရက်သောက်တာဟာ အပြစ်လို့သတ်မှတ်ပေမယ့်၊ တချို့အတွက်တော့ သာမန်ပဲ။ တချို့တွေအတွက် ဘာမှမဟုတ်တဲ့ကိစ္စဟာ တချို့တွေအရေးကြီးဆုံးလို့ သတ်မှတ်ထားတာ ဖြစ်နေတတ်တယ်။ ဒါကြောင့် လူတွေ ကြားထဲမှာတော့ အဖြေပေါ်မှာမဟုတ်ဘူး။ ဒါကြောင့် မှန်ကန်စွာ အနီး ကပ် သွန်သင်ပြီးတော့ မှန်ကန်တဲ့ လမ်းကို ပြသရုံတင်မက ဆွဲခေါ်ပေးမယ့်သူဟာ သန့်ရှင်းသောဝိညာဉ်တော်ပဲ။ ဒီနေ့လူတွေ သင့်ကို မသွန်သင်ပေးလို့ အားငယ်စရာ၊ စိတ်ပျက်စရာ မလိုတော့ဘူး။ သင်ပေးမယ့် ဝိညာဉ်တော်အနီးကပ်ရှိနေပြီပဲ။
အကြွင်းမဲ့
ဆရာစားချန်တယ်ဆိုတာ သင်ကြားဖူးမှာပဲ။
ဘယ်လူကမှ တခြားတစ်ယောက်ကို သင်ပေးရင်
အကုန်သူသိသမျှ မသင်ပေးဘူး။ သာသွားမှာ ကြောက်
လို့ပဲမဟုတ်လား။ သန့်ရှင်းသော ဝိညာဉ်တော်ကတော့
သင့်ကို အကြွင်းမဲ့ ဆရာစားမချန်ပဲ ဘုရား အလိုတော်ကို
သင်ပြပေးလိမ့်မယ်။ ဒါကြောင့် သင့်မှာ တခြားလူတွေ
အနီးကပ်မသွန်သင် မပြသပေးလို့ အားငယ်စရာ၊
စိတ်ပျက်စရာ လုံးဝမလိုတော့ဘူး။ အကြွင်းမဲ့သွန်
သင်ပေးမယ့် ဝိညာဉ်တော်ကိုပဲ အသက်တာမှာ
အားကိုး အသက်ရှင်တတ်ဖို့ပဲလိုတယ်။ သူကပဲ
သင့်ကို ထိပ်ဆုံးထိ ဆွဲခေါ်သွားလိမ့်မယ်။
Zawgyi
ဘာမရှိတာလဲ (၄)
ယော ၁၆:၇-၈
အကြွင်းမဲ့
0 views0 comments