Search
  • Than Min Htike

ဘုရားကိုပဲမျှော်လင့်ပါ


“ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။” (ဟေရှာယ ၄၀:၃၀-၃၁)

အားအင်ချိနဲ့ပြီး စိတ်ဓါတ်ကျမောပန်းနေတဲ့

သူတွေ အနီးပတ်ဝန်းကျင်မှာ အပြည့်တွေ့နေရတဲ့

အခါမှာ ဒီနှုတ်ကပတ်တော်လေးကိုသတိရမိတယ်။

ယုံကြည်သူတွေက သတိမထားမိတာလား၊

နှုတ်ကပတ်တော်ကိုဂရုမစိုက်ကြတာလားတော့

မသိဘူး။ ဘုရားကပြောထားပြီးသားပဲ လူပျိုတွေမော၍

ပင်ပန်းပြီး၊ လုလင်တို့ဟာ ထိမိ၍လဲကြမယ်တဲ့။

ခွန်အားရှိပါတယ်ဆိုတဲ့သူတွေတောင် မောပန်းနွမ်း

လျရင်တောင် ဘုရားကိုမျှော်လင့်အားကိုးတဲ့

ယုံကြည်သူကတော့ တခြားလူတွေနဲ့ တူမှာမဟုတ်ဘူး။


အားပြည့်မယ်

ဘုရားကိုစောင့်မျှော်တတ်တဲ့အသက်တာဟာ

တနေ့တခြားအားအင်နဲ့ပြည့်ဝခြင်းအသက်တာကို

ရရှိမှာပါ။ သင်ဟာ သခင်ဘုရား၌တိုးပွားချင်တယ်ဆို

ရင် ဘာပဲလုပ်လုပ် ဘုရားအပေါ်မှာ စိတ်ချဖို့တော့လို

တယ်။ လောကကြီးနဲ့ လူတွေကတော့ မျှော်လင့်ရကျိုး

မနပ်ဘူး။ အမြဲတမ်း ဝမ်းနည်းမှုပဲပြန်ရတယ်။ ဘုရားကတော့ သူ့ဆီကို အားကိုပြီး မျှော်လင့်တဲ့သူကိုတော့အမြဲအားအင်နဲ့ ပြည့်စေတဲ့ အခွင့်အမြဲပေးတယ်။


အသစ်ပြုပြင်

အားပဲပြည့်မှာမဟုတ်ဘူး အသက်တာကိုအသစ်ပြုပြင်ဖို့တောင်ဖြစ်စေလိမ့်မယ်တဲ့။ ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ။ အသက်တာရဲ့ကဏ္ဍတွေမှာ ဘုရားရဲ့ အသစ်ပြုပြင်ခြင်းကို မြင်တွေချင်ရင် အားလုံးကို ကိုးစားပြီး ဖြေရှင်းဖို့လိုတယ်။ကြီးကြီးမားတွေလုပ်ချင်ရင် ငြိမ်ဝပ်စွာ နဲ့ဘုရားကိုစောင့်မျှော်တတ်ဖို့တော့လိုတယ်။ ကျွန်တော် ဘဝရဲ့ ကြီးမားတဲ့အပြောင်းအလဲတွေက လုပ်လို့ဖြစ်လာတာထက်ဘုရားကို မျှော်လင့်ပြီး ငြိပ်ဝပ်စွာစောင့်မျှော်နေတဲ့အချိန်မှာဖြစ်လာတာ ပိုများတယ်။ လုပ်တတ်ဖို့ ထက်စောင့်တတ်ဖို့လိုတယ်။ သင့်ရဲ့သည်းခံမှုကိုဘုရားဂုဏ်ပြုတဲ့တနေ့တော့ အမြဲရှိပါတယ်။



Zawgyi

ဘုရားကိုပဲေမွ်ာ္လင့္ပါ


“ထာ​ဝ​ရ​ဘု​ရား​ကို ေမွ်ာ္​လင့္​ေသာ​သူ​တို႔​မူ​ကား၊ အား​ျပည့္​ၾက​လိမ့္​မည္။ ေ႐ႊ​လင္း​တ​ကဲ့​သို႔ မိ​မိ​တို႔​အ​ေတာင္​ကို အ​သစ္​ျပဳ​ျပင္​ၾက​လိမ့္​မည္။ ေျပး​ေသာ္​လည္း မ​ပင္​ပန္း၊ ခ​ရီး​သြား​ေသာ​အ​ခါ မ​ေမာ​ရ​ၾက။” (ေဟ႐ွာယ ၄၀:၃၀-၃၁)

အားအင္ခ်ိနဲ႔ၿပီး စိတ္ဓါတ္က်ေမာပန္းေနတဲ့

သူေတြ အနီးပတ္ဝန္းက်င္မွာ အျပည့္ေတြ႕ေနရတဲ့

အခါမွာ ဒီႏႈတ္ကပတ္ေတာ္ေလးကိုသတိရမိတယ္။

ယုံၾကည္သူေတြက သတိမထားမိတာလား၊

ႏႈတ္ကပတ္ေတာ္ကိုဂ႐ုမစိုက္ၾကတာလားေတာ့

မသိဘူး။ ဘုရားကေျပာထားၿပီးသားပဲ လူပ်ိဳေတြေမာ၍

ပင္ပန္းၿပီး၊ လုလင္တို႔ဟာ ထိမိ၍လဲၾကမယ္တဲ့။

ခြန္အား႐ွိပါတယ္ဆိုတဲ့သူေတြေတာင္ ေမာပန္းႏြမ္း

လ်ရင္ေတာင္ ဘုရားကိုေမွ်ာ္လင့္အားကိုးတဲ့

ယုံၾကည္သူကေတာ့ တျခားလူေတြနဲ႔ တူမွာမဟုတ္ဘူး။


အားျပည့္မယ္

ဘုရားကိုေစာင့္ေမွ်ာ္တတ္တဲ့အသက္တာဟာ

တေန႔တျခားအားအင္နဲ႔ျပည့္ဝျခင္းအသက္တာကို

ရ႐ွိမွာပါ။ သင္ဟာ သခင္ဘုရား၌တိုးပြားခ်င္တယ္ဆို

ရင္ ဘာပဲလုပ္လုပ္ ဘုရားအေပၚမွာ စိတ္ခ်ဖို႔ေတာ့လို

တယ္။ ေလာကႀကီးနဲ႔ လူေတြကေတာ့ ေမွ်ာ္လင့္ရက်ိဳး

မနပ္ဘူး။ အၿမဲတမ္း ဝမ္းနည္းမႈပဲျပန္ရတယ္။ ဘုရားကေတာ့ သူ႕ဆီကို အားကိုၿပီး ေမွ်ာ္လင့္တဲ့သူကိုေတာ့အၿမဲအားအင္နဲ႔ ျပည့္ေစတဲ့ အခြင့္အၿမဲေပးတယ္။


အသစ္ျပဳျပင္

အားပဲျပည့္မွာမဟုတ္ဘူး အသက္တာကိုအသစ္ျပဳျပင္ဖို႔ေတာင္ျဖစ္ေစလိမ့္မယ္တဲ့။ ဘယ္ေလာက္ေတာင္ အံ့ၾသစရာ ေကာင္းလိုက္သလဲ။ အသက္တာရဲ႕က႑ေတြမွာ ဘုရားရဲ႕ အသစ္ျပဳျပင္ျခင္းကို ျမင္ေတြခ်င္ရင္ အားလုံးကို ကိုးစားၿပီး ေျဖ႐ွင္းဖို႔လိုတယ္။ႀကီးႀကီးမားေတြလုပ္ခ်င္ရင္ ၿငိမ္ဝပ္စြာ နဲ႔ဘုရားကိုေစာင့္ေမွ်ာ္တတ္ဖို႔ေတာ့လိုတယ္။ ကြၽန္ေတာ္ ဘဝရဲ႕ ႀကီးမားတဲ့အေျပာင္းအလဲေတြက လုပ္လို႔ျဖစ္လာတာထက္ဘုရားကို ေမွ်ာ္လင့္ၿပီး ၿငိပ္ဝပ္စြာေစာင့္ေမွ်ာ္ေနတဲ့အခ်ိန္မွာျဖစ္လာတာ ပိုမ်ားတယ္။ လုပ္တတ္ဖို႔ ထက္ေစာင့္တတ္ဖို႔လိုတယ္။ သင့္ရဲ႕သည္းခံမႈကိုဘုရားဂုဏ္ျပဳတဲ့တေန႔ေတာ့ အၿမဲ႐ွိပါတယ္။

2 views0 comments