Search
  • Than Min Htike

ဘုရားကိုရှာသောသူ

"ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူ တို့၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုရာ။" (ဆာ၃၄:၁၀)


ဘဝမှာ ကောင်းတဲ့အရာတွေပျောက်ဆုံး

ပြီး ပြန်လည်ရှာဖို့အတွက် လမ်းစရှာမတွေ့တဲ့

အခြေအနေနဲ့ ကြုံဖူးလား။ ကျွန်တော်တော့ကြုံ

ဖူးတယ်။ အထူးသဖြင့် လူငယ် အရွယ်မှာပါ။

လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ဖူးတယ်။

တကယ်တော့ လမ်းမရှိတာမဟုတ်ဘူး။

သွားချင်၊ လုပ်ချင်တာ အရမ်းများသွားပြီးတော့။

သူများကိုကြည့်ပြီး ဟိုလိုလုပ်ရင်ကောင်းမယ်

ဒီလူလို လုပ်ရင်ကောင်းမယ်လို့ စဉ်းစား လွန်း

အားကြီးပြီး သူများကို အားကျလွန်းတဲ့ အခါ၊

ဒါမှမဟုတ် ကိုယ့်ဟာကိုယ် အားမရတဲ့ အခါတွေ

ငါလုပ်တာ မှန်ရောမှန်ရဲ့လား။ စတဲ့မေးခွန်း

တွေ မေးမိတဲ့ အခါမှာပါ။ အောင်မြင်ခြင်းတွေ

ကြွယ်ဝခြင်းတွေက လိုက်လေ ပြေးလေပဲ

ဘယ်တော့မှ အဆုံးမရှိဘူး။ တစ်ခုရပြီးလည်းနောက်

တစ်ခုလိုချင်လေပဲ မဟုတ်လား။ ရှောလမုန်ပဲ

ကြည့် သူ့လောက်ချမ်းသာတာ ဘယ်သူများ

ရှိလို့လည်း ဒါပေမယ့် သူ ပြောတာတွေကိုကြည့်

အားလုံး အနတ္တဆိုတာချည်းပဲ။ ဒါဆိုရင် ဘဝကို

ကျေနပ်ပြီး ပြီးပြည့်စုံတဲ့ အသက်တာ အတွက်

အဓိက အကျဆုံးကဘာလဲလို့ မေးမယ်ဆိုရင်

တော့ ဘုရားကို ရှာဖွေခြင်းပါပဲ။ ဘုရားက်ိုစိတ်

နှလုံးအကြွင်းမဲ့ရှာလေ ကောင်းသောအရာတွေ

နဲ့ ပြည့်ဝလေပဲ။ ဘဝရဲ့ အဓိပ္ပါယ်က ဖန်ဆင်းတဲ့

ဘုရားဆီမှာပဲ ရှိတယ်။ သူကပဲ သင့်ရဲ့ ပြည့်

စုံတဲ့ ဘဝကို ဖေါ်ကျူးပေးနိုင်တဲ့ သူပါ။ အဲ့လို

မဟုတ်ပဲ သင်တခြားအရာတွေနဲ့ပဲ အချိန်ကုန်

နေမယ်ဆိုရင်တော့ ဘဝရဲ့ အဓိပ္ပါယ်ကို ဘယ်

တော့မှ၊ ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

ဘဝရဲ့ ပြီးပြည့်စုံတဲ့ အရာခပ်သိမ်းကိုပေးစွမ်း

နိုင်တဲ့ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ

သင်မရှာတဲ့ အရာတွေကိုပါတွေ့လိမ့်မယ်။



Zawgyi

ဘုရားကို႐ွာေသာသူ

"ျခေသၤ့တို႔သည္ ဆင္းရဲ၍ ငတ္မြတ္ျခင္းကိုခံရေသာ္လည္း၊ ထာဝရဘုရားကို ႐ွာေသာသူ တို႔၌ ေကာင္းေသာအရာ တစ္စုံတစ္ခုမွ် မလိုရာ။" (ဆာ၃၄:၁၀)


ဘဝမွာ ေကာင္းတဲ့အရာေတြေပ်ာက္ဆုံး

ၿပီး ျပန္လည္႐ွာဖို႔အတြက္ လမ္းစ႐ွာမေတြ႕တဲ့

အေျခအေနနဲ႔ ၾကဳံဖူးလား။ ကြၽန္ေတာ္ေတာ့ၾကဳံ

ဖူးတယ္။ အထူးသျဖင့္ လူငယ္ အ႐ြယ္မွာပါ။

လမ္းေလွ်ာက္ရင္း လမ္းေပ်ာက္ခဲ့ဖူးတယ္။

တကယ္ေတာ့ လမ္းမ႐ွိတာမဟုတ္ဘူး။

သြားခ်င္၊ လုပ္ခ်င္တာ အရမ္းမ်ားသြားၿပီးေတာ့။

သူမ်ားကိုၾကည့္ၿပီး ဟိုလိုလုပ္ရင္ေကာင္းမယ္

ဒီလူလို လုပ္ရင္ေကာင္းမယ္လို႔ စဥ္းစား လြန္း

အားႀကီးၿပီး သူမ်ားကို အားက်လြန္းတဲ့ အခါ၊

ဒါမွမဟုတ္ ကိုယ့္ဟာကိုယ္ အားမရတဲ့ အခါေတြ

ငါလုပ္တာ မွန္ေရာမွန္ရဲ႕လား။ စတဲ့ေမးခြန္း

ေတြ ေမးမိတဲ့ အခါမွာပါ။ ေအာင္ျမင္ျခင္းေတြ

ႂကြယ္ဝျခင္းေတြက လိုက္ေလ ေျပးေလပဲ

ဘယ္ေတာ့မွ အဆုံးမ႐ွိဘူး။ တစ္ခုရၿပီးလည္းေနာက္

တစ္ခုလိုခ်င္ေလပဲ မဟုတ္လား။ ေ႐ွာလမုန္ပဲ

ၾကည့္ သူ႕ေလာက္ခ်မ္းသာတာ ဘယ္သူမ်ား

႐ွိလို႔လည္း ဒါေပမယ့္ သူ ေျပာတာေတြကိုၾကည့္

အားလုံး အနတၱဆိုတာခ်ည္းပဲ။ ဒါဆိုရင္ ဘဝကို

ေက်နပ္ၿပီး ၿပီးျပည့္စုံတဲ့ အသက္တာ အတြက္

အဓိက အက်ဆုံးကဘာလဲလို႔ ေမးမယ္ဆိုရင္

ေတာ့ ဘုရားကို ႐ွာေဖြျခင္းပါပဲ။ ဘုရားက္ိဳစိတ္

ႏွလုံးအႂကြင္းမဲ့႐ွာေလ ေကာင္းေသာအရာေတြ

နဲ႔ ျပည့္ဝေလပဲ။ ဘဝရဲ႕ အဓိပၸါယ္က ဖန္ဆင္းတဲ့

ဘုရားဆီမွာပဲ ႐ွိတယ္။ သူကပဲ သင့္ရဲ႕ ျပည့္

စုံတဲ့ ဘဝကို ေဖၚက်ဴးေပးႏိုင္တဲ့ သူပါ။ အဲ့လို

မဟုတ္ပဲ သင္တျခားအရာေတြနဲ႔ပဲ အခ်ိန္ကုန္

ေနမယ္ဆိုရင္ေတာ့ ဘဝရဲ႕ အဓိပၸါယ္ကို ဘယ္

ေတာ့မွ၊ ဘယ္လိုမွ ႐ွာေတြ႕ႏိုင္မွာ မဟုတ္ဘူး။

ဘဝရဲ႕ ၿပီးျပည့္စုံတဲ့ အရာခပ္သိမ္းကိုေပးစြမ္း

ႏိုင္တဲ့ ဘုရားကို စိတ္ႏွလုံးအႂကြင္းမဲ့႐ွာပါ

သင္မ႐ွာတဲ့ အရာေတြကိုပါေတြ႕လိမ့္မယ္။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube