- Than Min Htike
ဘုရားကိုရှာသောသူ(၃)
“ဘုရားသခင် ၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း
တရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ
ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။-” (မဿဲ ၆:၃၃)
လောကကြီးထဲမှာ အရာရာ အဆင်ပြေတဲ့
နေရာ၊ အလုပ်၊ မိသားစုဆိုတာ မရှိဘူး။ တစ်ခု
မဟုတ် တစ်ခုတော့ လိုအပ်ချက်တွေ ရှိနေကြ
စမြဲပဲ။ အဆင်ပြေတဲ့နေရာ၊ အလုပ်ကိုပဲရှာရင်
တော့ ဘယ်တော့မှတွေ့ မှာမဟုတ်သလို၊ အားလုံး
အဆင်ပြေချောမွေ့နေတဲ့ နေရာမှာ နေတဲ့
သူတွေကလည်း ဘယ်တော့မှ မတိုးတက်နိုင်ဘူး။
ဒါကြောင့် အဆင်မပြေမှုတွေ၊ မပြည့်စုံမှုတွေ
ကြုံရင် အကြီးကျယ်ဖြစ်ပြီးစိတ်ဓါတ်ကျစရာ မလိုပါ
ဘူး။ သင်တစ်ယောက်ထဲ ကြုံရတာမှမဟုတ်တာ
လူတိုင်းကြုံရတာပဲ။
ရှာတာ မှန်ဖို့လိုတယ်
ကျွန်တော်တွေ့ ဖူးတဲ့ လူငယ်တော်တော်
များများက သူတို့လက်ရှိဘဝ အလုပ်ကို အဆင်
မပြေလို့ စိတ်ဓါတ်ကျနေကြပြီး အဆင်ပြေတဲ့ဘဝ
ကို အိမ်မက်နေကြတယ်။ အဲ့ဒီအတွက် သူတို့ဟာ
အချ်ိန်ကုန်ခံပြီး အပူတပြင်း ရှာဖွေနေကြတယ်။
တကယ်တော့ လောကကြီးမှာ ဘယ်နေရာမှာမှ
အရာရာ အဆင်ပြေတယ်ဆိုတာ မရှိဘူးဆိုတာ
သတိမထားမိကြဘူး။ တကယ်တော့ အဆင်ပြေ
တဲ့နေရာကို ကြိုးစားရှာဖို့ထက်၊ အရာရာကိုအ
ဆင်ပြေချောမွေ့စေတဲ့ ဘုရားကို ကြိုးစားရှာဖို့
လိုတာ။ ရှာတာ မှားနေကြလို့သာ ဘဝဟာ အချိန်
မကုန်သင့်ပဲ ကုန်နေကြရတယ်။ ဘုရားနဲ့ဆိုင်တာ
ကို ဦးစားပေးပြီး ရှာရင် သင်မရှာတဲ့ ကောင်းတဲ့
အရာတွေကို သင်တွေ့ ပါလိမ့်မယ် ။
Zawgyi
ဘုရားကိုရှာသောသူ(၃)
လူတိုင်းကြုံရတာပဲ။
ရှာတာ မှန်ဖို့လိုတယ်
ကို အိမ်မက်နေကြတယ်။ အဲ့ဒီအတွက် သူတို့ဟာ
အခ်ျိန်ကုန်ခံပြီး အပူတပြင်း ရှာဖွေနေကြတယ်။
သတိမထားမိကြဘူး။ တကယ်တော့ အဆင်ပြေ