Search
  • Than Min Htike

ဘုရားနည်း

“ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏ အ​ကြံ​အ​စည်​နှင့်​မ​တူ။ ငါ၏​အ​ကျင့်​သည်​လည်း သင်​တို့၏ အ​ကျင့်​နှင့်​မ​တူ။”(‭‭ဟေရှာယ ၅၅:၈)


ဘုရားက သူ့နည်းနဲ့သူ အလုပ်လုပ်တယ်ဆိုတာလူအနည်းစုကပဲ မှတ်သားမိကြတယ်။ ဘယ်လ််ိုလူမဆို ဘုရားနည်းလမ်းအတိုင်း အလုပ်လုပ်ရင် အောင်မြင်တာချည်းပဲ။ လူတွေက တခါတလေ အတွေးလွန်တတ်တယ်။ ကိုယ်ပဲ တော်လို့တတ်လို့ အောင်မြင်တယ်ထင်တတ်ကြတယ်။ တော်တိုင်းတတ်တိုင်း အောင်မြင်မယ်ဆိုရင် လောကတစ်ခုလုံး ထိပ်ဆုံးရောက်နေမှာပေါ့။ တကယ်တော့ ဘုရားနည်းလမ်းအတိုင်း သင်အသက်ရှင်မယ်ဆိုရင် သင်ပြုလေရာရာမှာအောင်မြင်မှာ သေချာတယ် ။


ခွန်အားကြောင့်မဟုတ်ဘူး နည်းလမ်းကြောင့်

ယောရှုနဲ့ အဖွဲ့ ယေရိခေါမြို့ ကိုဖြိုချပစ်လိုက်တာ သိတယ်မဟုတ်လား။ ပြိုကျစရာ ဘာများလုပ်မိလို့လဲ။ ဒီလောက်ခိုင်ခံတဲ့ မြို့ဟာ ခုနှစ်ရက်အတွင်းမှာ ပြိုကျပျက်ဆီးသွားတယ်။ အင်အားတွေလက်နက်တွေ သုံးရင်တောင် ဒီလောက်ရက်နဲ့ရပါ့မလားလို့ စဉ်းစားမိသေးတယ်။ တကယ်တော့ သူတို့ ရဲ့လုပ်ရပ်အားလုံးဟာ ပြိုကျစရာ ဘာတစ်ခုဆိုတစ်ခုမှမရှိပါဘူး။ မြို့ပတ်ပြီး ကြွေးကြော် အော်ဟစ်လိုက်တာနဲ့ဘုန်းဘုန်းလဲကျသွားလိုက်တာ။ ဒီလိုမျိုး ဘယ်လိုကြောင့်ဖြစ်ရတာလည်း ဘုရားနည်းလမ်းကြောင့်ပါ။ ခွန်အား ကြောင့်လုံးဝမဟုတ်ဘူး။


လူများလို့မဟုတ်ဘူး သူ့နည်းလမ်းကြောင့်

လူ၃၀၀ထဲနဲ့ သဲလုံးနဲ့အမျှများတဲ့ ရန်သူတွေကို ချေမှုန်းခဲ့တဲ့ ဂိဒေါင်အကြောင်းကြားဖူးမှာပါ။ စစ်တိုက်တဲ့အခါမှာ ရသမျှအင်အား စုဆောင်းရမယ်လို့လူတွေ၊ ဗျူဟာတွေကသင်ပေးကောင်းသင်ပေးမယ်စစ်တ်ိုက်သွား တော့မယ့် ဂိဒေါင်ကို ဘုရားက လူများတယ်တဲ့။ လျော့ချ လိုက်တာများ ၃၀၀ ပဲ ကျန်တယ်၊ သွားပြီးတိုက်ခိုင်းတော့လည်း လက်နက်က အ်ိုး၊ မီးခွက်နဲ့တံပိုးတဲ့။ စစ်တိုက် သွားတာ စစ်တ်ိုက်လက်နက်တစ်ခုမှမပါဘူး။ ဘယ်လ်ိုနိုင်မှာလည်းလို့ သင်တွေးမိလိမ့်မယ်။ ဓါးတစ်ချက်မခုတ်လိုက်ရပဲ ရန်သူတွေကို အောင်မြင်ခဲ့တယ်။ အောင်မြင်တယ် ဆိုတာ လူအင်အားများတာမများတာနဲ့ မဆိုင်ဘူး။ ဘုရားနည်းလမ်းနဲ့ ပဲ လုပ်လို့။ ဒါကြောင့် ဘုရားနည်းလမ်းအတိုင်းပဲ အသက်ရှင်ပါ အရာရာမှာ အောင်မြင်မယ်။



Zawgyi

ဘုရားနည္း

“ထာ​ဝ​ရ​ဘု​ရား မိန္႔​ေတာ္​မူ​သည္​ကား၊ ငါ၏​အ​ၾကံ​အ​စည္​သည္ သင္​တို႔၏ အ​ၾကံ​အ​စည္​ႏွင့္​မ​တူ။ ငါ၏​အ​က်င့္​သည္​လည္း သင္​တို႔၏ အ​က်င့္​ႏွင့္​မ​တူ။”(‭‭ေဟ႐ွာယ ၅၅:၈)


ဘုရားက သူ႕နည္းနဲ႔သူ အလုပ္လုပ္တယ္ဆိုတာလူအနည္းစုကပဲ မွတ္သားမိၾကတယ္။ ဘယ္လ္္ိဳလူမဆို ဘုရားနည္းလမ္းအတိုင္း အလုပ္လုပ္ရင္ ေအာင္ျမင္တာခ်ည္းပဲ။ လူေတြက တခါတေလ အေတြးလြန္တတ္တယ္။ ကိုယ္ပဲ ေတာ္လို႔တတ္လို႔ ေအာင္ျမင္တယ္ထင္တတ္ၾကတယ္။ ေတာ္တိုင္းတတ္တိုင္း ေအာင္ျမင္မယ္ဆိုရင္ ေလာကတစ္ခုလုံး ထိပ္ဆုံးေရာက္ေနမွာေပါ့။ တကယ္ေတာ့ ဘုရားနည္းလမ္းအတိုင္း သင္အသက္႐ွင္မယ္ဆိုရင္ သင္ျပဳေလရာရာမွာေအာင္ျမင္မွာ ေသခ်ာတယ္ ။


ခြန္အားေၾကာင့္မဟုတ္ဘူး နည္းလမ္းေၾကာင့္

ေယာ႐ႈနဲ႔ အဖြဲ႕ ေယရိေခါၿမိဳ႕ ကိုၿဖိဳခ်ပစ္လိုက္တာ သိတယ္မဟုတ္လား။ ၿပိဳက်စရာ ဘာမ်ားလုပ္မိလို႔လဲ။ ဒီေလာက္ခိုင္ခံတဲ့ ၿမိဳ႕ဟာ ခုႏွစ္ရက္အတြင္းမွာ ၿပိဳက်ပ်က္ဆီးသြားတယ္။ အင္အားေတြလက္နက္ေတြ သုံးရင္ေတာင္ ဒီေလာက္ရက္နဲ႔ရပါ့မလားလို႔ စဥ္းစားမိေသးတယ္။ တကယ္ေတာ့ သူတို႔ ရဲ႕လုပ္ရပ္အားလုံးဟာ ၿပိဳက်စရာ ဘာတစ္ခုဆိုတစ္ခုမွမ႐ွိပါဘူး။ ၿမိဳ႕ပတ္ၿပီး ေႂကြးေၾကာ္ ေအာ္ဟစ္လိုက္တာနဲ႔ဘုန္းဘုန္းလဲက်သြားလိုက္တာ။ ဒီလိုမ်ိဳး ဘယ္လိုေၾကာင့္ျဖစ္ရတာလည္း ဘုရားနည္းလမ္းေၾကာင့္ပါ။ ခြန္အား ေၾကာင့္လုံးဝမဟုတ္ဘူး။


လူမ်ားလို႔မဟုတ္ဘူး သူ႕နည္းလမ္းေၾကာင့္

လူ၃၀၀ထဲနဲ႔ သဲလုံးနဲ႔အမွ်မ်ားတဲ့ ရန္သူေတြကို ေခ်မႈန္းခဲ့တဲ့ ဂိေဒါင္အေၾကာင္းၾကားဖူးမွာပါ။ စစ္တိုက္တဲ့အခါမွာ ရသမွ်အင္အား စုေဆာင္းရမယ္လို႔လူေတြ၊ ဗ်ဴဟာေတြကသင္ေပးေကာင္းသင္ေပးမယ္စစ္တ္ိဳက္သြား ေတာ့မယ့္ ဂိေဒါင္ကို ဘုရားက လူမ်ားတယ္တဲ့။ ေလ်ာ့ခ် လိုက္တာမ်ား ၃၀၀ ပဲ က်န္တယ္၊ သြားၿပီးတိုက္ခိုင္းေတာ့လည္း လက္နက္က အ္ိဳး၊ မီးခြက္နဲ႔တံပိုးတဲ့။ စစ္တိုက္ သြားတာ စစ္တ္ိဳက္လက္နက္တစ္ခုမွမပါဘူး။ ဘယ္လ္ိဳႏိုင္မွာလည္းလို႔ သင္ေတြးမိလိမ့္မယ္။ ဓါးတစ္ခ်က္မခုတ္လိုက္ရပဲ ရန္သူေတြကို ေအာင္ျမင္ခဲ့တယ္။ ေအာင္ျမင္တယ္ ဆိုတာ လူအင္အားမ်ားတာမမ်ားတာနဲ႔ မဆိုင္ဘူး။ ဘုရားနည္းလမ္းနဲ႔ ပဲ လုပ္လို႔။ ဒါေၾကာင့္ ဘုရားနည္းလမ္းအတိုင္းပဲ အသက္႐ွင္ပါ အရာရာမွာ ေအာင္ျမင္မယ္။

2 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube