Search
  • Than Min Htike

ဘုရားပေးတဲ့စိတ်

"အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘော ကိုငါတို့အား ပေးတော်မူသည်မဟုတ်။ တန်ခိုးပါသော စိတ်၊ ချစ်တတ်သော စိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏။" (၂တိ ၁:၇)

စိတ်နှလုံးဟာ အသက်ရဲ့အခြေအမြစ်ဖြစ်လို့ နှလုံးကိုအထူးသဖြင့်စောင့်ရှောက်ဖို့ နှုတ်ကပတ်တော်ကသတိပေးပါတယ်။ တခါတလေ စိတ်ထဲမှာဘုရားမပေးတဲ့ ခံစားချက်တွေ နေရာပေးမိတတ်ကြရင်းနဲ့ ဘဝပါ ပါသွားတဲ့သူတွေ အများကြီးတွေ့ဖူးတယ်။ ရောဂါတော်တော် များများ စိတ်ကနေမြစ်ဖျားခံကြတာများတယ်။ အောင်မြင်မှု ရူံးနိမ့်မှုဟာလည်းစိတ်ဓါတ်ကပဲ အလှည့် အပြောင်းဖြစ်စေခဲ့တာချည်းပဲ။ ဒါကြောင့်သင့်စိတ်ဟာ ဘုရားရှိစေချင်တဲ့ စိတ်နှလုံး

လား ဘုရားမပေးတဲ့ စိတ်နဲ့ အသက်ရှင်တာလား။


၁။ ဘုရားမပေးပဲ မရှိစေချင်တဲ့စိတ်

ကြောက်စိတ်ဟာ ခွေးရူးရောဂါထက်ဆိုးတယ်။ သူအထဲရောက်သွားရင် ဗိုင်းရပ်လိုပဲ မြန်မြန်ပြန်မထွက်ဘူး။ ဒီထက်ဆိုးတာက တခြားလူတွေကိုပါကူးစက်ကုန်တာ။ ကျွန်တော်က ငယ်ငယ်ကရေနစ်ဖူးတယ်။ ဒါကြောင့် ရေကြောက်တတ်တယ်။ ကျွန်တော်သားကျတော့ ရေမနစ်ဖူးပေမယ့်အလိုလို ရေကြောက်တယ်။ သူ့ဆီကို ကူးစက်သွားတယ်။ ဒါကြောင့် ကြောက်စိတ်ဟာ ကူးစက်ရောဂါထက်ဆိုးတယ်။ ဘဝကိုကြောက်

ရွံ့ခြင်းနဲ့ အသက်မရှင်မိစေနဲ့။ ကြောက်ရွံ့ခြင်းကိုနေရာမပေးနဲ့။ မအောင်မြင်တဲ့သူ တော်တော် များများမှာတူညီတဲ့ အ ချက်က ကြောက်ရွံ့ခြင်းရဲ့ဖိစီးမှုအောက်ရောက်နေတာပါ။ ဂိဒေါင်နဲ့စစ်တိုက်သွားမယ့်သူတွေကို ဘုရားက များနေတယ်လျော့ခိုင်းတော့ ကြောက်တဲ့သူတွေပြန်ခိုင်းတယ်။ ၃ ပုံ၂ ပုံ ပြန်သွားတယ်။ အဓိပ္ပါယ်က စစ်သားလိုရဲရင့်တဲ့ ယောက်ကျားရင့်မာကြီးတွေတောင် ကြောက်ရွံ့ခြင်းအောက် ကျရောက်နေတယ်။ မကြောက်နဲ့ ဘုရားသင်နဲ့အတူရှိတယ်။


၂။ ဘုရားပေးတဲ့စိတ်

တန်ခိုးပါတဲ့စိတ်၊ ရှင်းလင်းတဲ့စိတ်၊ ချစ်တတ်တဲ့စိတ်ကို ဘုရားပေးတယ်။ အံ့သြစရာက စိတ်မှာ တန်ခိုးရှိတာပဲ။ သင်အသက်တာမှာ ထိုးဖေါက်မှုနဲ့ အောင်မြင်မှုနဲ့ အသက်ရှင်ချင်ရင် စိတ်ထဲမှာ ဘုရားပေးတဲ့တန်ခိုးပါတဲ့စိတ်နှလုံးရှိဖို့လိုတယ်။ ကိုယ်လုပ်နိုင် ဖြစ်နိုင်တာပဲ စဉ်းစားမနေဘူး၊ အခက်အခဲတွေကိုပဲမြင်မနေဘူး၊ စိတ်ဓါတ်တွေကျပြီးစိတ်ပိန်လိန်မနေဘူး။ အနာဂါတ်

ကိုကြိုမြင်တယ်။ အခက်အခဲတွေကိုကျော်မြင်တယ်။ တန်ခိုးပါတဲ့ စိတ်ရှိရင် အသက်တာမှာလည်းတန်ခိုးပါလာမယ်။

ရှုပ်ရှက်ခက်နေတဲ့ စိတ်တွေနဲ့လျှောက်လှမ်းနေတယ်ဆိုရင် ပြောပါရစေ၊ ဒါဘုရားပေးတဲ့စိတ်မဟုတ်ဘူး။ စိတ်ပုပ်စိတ်ယုတ်တွေဆိုပိုဆိုးတာပေါ့။ တကယ်တော့ အမြင်မရှင်းတာ လူတွေကို အကောင်းမမြင်တာ စိတ်ကြောင့်ဖြစ်တာများတယ်။ လူတွေကောင်းတာ လုပ်ရင်တောင်စိတ်ထား မကောင်းတဲ့လူ ကြည့်ရင် မကောင်းမြင်တာကများတယ်။ တစ်နေ့ဆရာတစ်ယောက် အသင်းတော်အတွက်လိုအပ်လို့ သူ့ကားရောင်း

ပြီး ပါဝင်လိုက်တယ်။ ဒါနဲ့ စိတ်မရှင်းတဲ့သူတွေကအကောင်းပြောတယ်များထင်လား။ မပြောဘူး ကြည့်နေ အသစ်ဝယ်ချင်လို့ ပါဝင်တာဖြစ်မယ်။ သူ့ဟာသူရှိတာလေး ရောင်းပြီးပါဝင်တာတောင် အကောင်းမပြောဘူး။ သူတို့လည်းမပါဝင်၊ ပါဝင်တဲ့သူလည်း မကောင်းပြောတာ ရှင်းလင်းတဲ့စိတ် မရသေးလို့ပါ။

ဘုရားရဲ့ အလိုတော်က အချင်းချင်းချစ်ဖို့။ဒါကြောင့်လည်း ဝိညာဉ်တော်က မေတ္တာခေါင်းပါးနေတဲ့ သူတွေအပေါ်ကို ဘုရားရဲ့မေတ္တာညွှန်းလောင်းမယ်လို့ဆိုတယ်။ သင့် မေတ္တာနဲ့တော့ ဘယ်သူ့ကိုမှမချစ်နိုင်ဘူး။ ဘုရားက လူတွေကိုချစ်တော့ အပြစ်ရှိတာတောင် ဖြေရှင်းပစ်လိုက်သလိုပဲအချင်း ချင်းအပြစ်ရှိရင်တောင် ကူညီဖြေရှင်းပေးဖို့မဟုတ်လား။ လူတွေကိုချစ်ရင် ကျန်တာပြေ လည်သွားလိမ့်မယ်။ဘဝရဲ့ အဓိပ္ပါယ်ကိုတွေ့ ချင်သိချင်ရင် ဘုရားပေးတဲ့မေတ္တာနဲ့ ချစ်ကြည့်။



Zawgyi

ဘုရားေပးတဲ့စိတ္

"အေၾကာင္းမူကား၊ ဘုရားသခင္သည္ ေၾကာက္တတ္ေသာ စိတ္သေဘာ ကိုငါတို႔အား ေပးေတာ္မူသည္မဟုတ္။ တန္ခိုးပါေသာ စိတ္၊ ခ်စ္တတ္ေသာ စိတ္၊ ႐ွင္းလင္းေသာ စိတ္သေဘာကို ေပးေတာ္မူ၏။" (၂တိ ၁:၇)

စိတ္ႏွလုံးဟာ အသက္ရဲ႕အေျခအျမစ္ျဖစ္လို႔ ႏွလုံးကိုအထူးသျဖင့္ေစာင့္ေ႐ွာက္ဖို႔ ႏႈတ္ကပတ္ေတာ္ကသတိေပးပါတယ္။ တခါတေလ စိတ္ထဲမွာဘုရားမေပးတဲ့ ခံစားခ်က္ေတြ ေနရာေပးမိတတ္ၾကရင္းနဲ႔ ဘဝပါ ပါသြားတဲ့သူေတြ အမ်ားႀကီးေတြ႕ဖူးတယ္။ ေရာဂါေတာ္ေတာ္ မ်ားမ်ား စိတ္ကေနျမစ္ဖ်ားခံၾကတာမ်ားတယ္။ ေအာင္ျမင္မႈ ႐ူံးနိမ့္မႈဟာလည္းစိတ္ဓါတ္ကပဲ အလွည့္ အေျပာင္းျဖစ္ေစခဲ့တာခ်ည္းပဲ။ ဒါေၾကာင့္သင့္စိတ္ဟာ ဘုရား႐ွိေစခ်င္တဲ့ စိတ္ႏွလုံး

လား ဘုရားမေပးတဲ့ စိတ္နဲ႔ အသက္႐ွင္တာလား။


၁။ ဘုရားမေပးပဲ မ႐ွိေစခ်င္တဲ့စိတ္

ေၾကာက္စိတ္ဟာ ေခြး႐ူးေရာဂါထက္ဆိုးတယ္။ သူအထဲေရာက္သြားရင္ ဗိုင္းရပ္လိုပဲ ျမန္ျမန္ျပန္မထြက္ဘူး။ ဒီထက္ဆိုးတာက တျခားလူေတြကိုပါကူးစက္ကုန္တာ။ ကြၽန္ေတာ္က ငယ္ငယ္ကေရနစ္ဖူးတယ္။ ဒါေၾကာင့္ ေရေၾကာက္တတ္တယ္။ ကြၽန္ေတာ္သားက်ေတာ့ ေရမနစ္ဖူးေပမယ့္အလိုလို ေရေၾကာက္တယ္။ သူ႕ဆီကို ကူးစက္သြားတယ္။ ဒါေၾကာင့္ ေၾကာက္စိတ္ဟာ ကူးစက္ေရာဂါထက္ဆိုးတယ္။ ဘဝကိုေၾကာက္

႐ြံ႕ျခင္းနဲ႔ အသက္မ႐ွင္မိေစနဲ႔။ ေၾကာက္႐ြံ႕ျခင္းကိုေနရာမေပးနဲ႔။ မေအာင္ျမင္တဲ့သူ ေတာ္ေတာ္ မ်ားမ်ားမွာတူညီတဲ့ အ ခ်က္က ေၾကာက္႐ြံ႕ျခင္းရဲ႕ဖိစီးမႈေအာက္ေရာက္ေနတာပါ။ ဂိေဒါင္နဲ႔စစ္တိုက္သြားမယ့္သူေတြကို ဘုရားက မ်ားေနတယ္ေလ်ာ့ခိုင္းေတာ့ ေၾကာက္တဲ့သူေတြျပန္ခိုင္းတယ္။ ၃ ပုံ၂ ပုံ ျပန္သြားတယ္။ အဓိပၸါယ္က စစ္သားလိုရဲရင့္တဲ့ ေယာက္က်ားရင့္မာႀကီးေတြေတာင္ ေၾကာက္႐ြံ႕ျခင္းေအာက္ က်ေရာက္ေနတယ္။ မေၾကာက္နဲ႔ ဘုရားသင္နဲ႔အတူ႐ွိတယ္။


၂။ ဘုရားေပးတဲ့စိတ္

တန္ခိုးပါတဲ့စိတ္၊ ႐ွင္းလင္းတဲ့စိတ္၊ ခ်စ္တတ္တဲ့စိတ္ကို ဘုရားေပးတယ္။ အံ့ၾသစရာက စိတ္မွာ တန္ခိုး႐ွိတာပဲ။ သင္အသက္တာမွာ ထိုးေဖါက္မႈနဲ႔ ေအာင္ျမင္မႈနဲ႔ အသက္႐ွင္ခ်င္ရင္ စိတ္ထဲမွာ ဘုရားေပးတဲ့တန္ခိုးပါတဲ့စိတ္ႏွလုံး႐ွိဖို႔လိုတယ္။ ကိုယ္လုပ္ႏိုင္ ျဖစ္ႏိုင္တာပဲ စဥ္းစားမေနဘူး၊ အခက္အခဲေတြကိုပဲျမင္မေနဘူး၊ စိတ္ဓါတ္ေတြက်ၿပီးစိတ္ပိန္လိန္မေနဘူး။ အနာဂါတ္

ကိုႀကိဳျမင္တယ္။ အခက္အခဲေတြကိုေက်ာ္ျမင္တယ္။ တန္ခိုးပါတဲ့ စိတ္႐ွိရင္ အသက္တာမွာလည္းတန္ခိုးပါလာမယ္။

႐ႈပ္႐ွက္ခက္ေနတဲ့ စိတ္ေတြနဲ႔ေလွ်ာက္လွမ္းေနတယ္ဆိုရင္ ေျပာပါရေစ၊ ဒါဘုရားေပးတဲ့စိတ္မဟုတ္ဘူး။ စိတ္ပုပ္စိတ္ယုတ္ေတြဆိုပိုဆိုးတာေပါ့။ တကယ္ေတာ့ အျမင္မ႐ွင္းတာ လူေတြကို အေကာင္းမျမင္တာ စိတ္ေၾကာင့္ျဖစ္တာမ်ားတယ္။ လူေတြေကာင္းတာ လုပ္ရင္ေတာင္စိတ္ထား မေကာင္းတဲ့လူ ၾကည့္ရင္ မေကာင္းျမင္တာကမ်ားတယ္။ တစ္ေန႔ဆရာတစ္ေယာက္ အသင္းေတာ္အတြက္လိုအပ္လို႔ သူ႕ကားေရာင္း

ၿပီး ပါဝင္လိုက္တယ္။ ဒါနဲ႔ စိတ္မ႐ွင္းတဲ့သူေတြကအေကာင္းေျပာတယ္မ်ားထင္လား။ မေျပာဘူး ၾကည့္ေန အသစ္ဝယ္ခ်င္လို႔ ပါဝင္တာျဖစ္မယ္။ သူ႕ဟာသူ႐ွိတာေလး ေရာင္းၿပီးပါဝင္တာေတာင္ အေကာင္းမေျပာဘူး။ သူတို႔လည္းမပါဝင္၊ ပါဝင္တဲ့သူလည္း မေကာင္းေျပာတာ ႐ွင္းလင္းတဲ့စိတ္ မရေသးလို႔ပါ။

ဘုရားရဲ႕ အလိုေတာ္က အခ်င္းခ်င္းခ်စ္ဖို႔။ဒါေၾကာင့္လည္း ဝိညာဥ္ေတာ္က ေမတၱာေခါင္းပါးေနတဲ့ သူေတြအေပၚကို ဘုရားရဲ႕ေမတၱာၫႊန္းေလာင္းမယ္လို႔ဆိုတယ္။ သင့္ ေမတၱာနဲ႔ေတာ့ ဘယ္သူ႕ကိုမွမခ်စ္ႏိုင္ဘူး။ ဘုရားက လူေတြကိုခ်စ္ေတာ့ အျပစ္႐ွိတာေတာင္ ေျဖ႐ွင္းပစ္လိုက္သလိုပဲအခ်င္း ခ်င္းအျပစ္႐ွိရင္ေတာင္ ကူညီေျဖ႐ွင္းေပးဖို႔မဟုတ္လား။ လူေတြကိုခ်စ္ရင္ က်န္တာေျပ လည္သြားလိမ့္မယ္။ဘဝရဲ႕ အဓိပၸါယ္ကိုေတြ႕ ခ်င္သိခ်င္ရင္ ဘုရားေပးတဲ့ေမတၱာနဲ႔ ခ်စ္ၾကည့္။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube