Search
  • Than Min Htike

ဘုရားပေးတဲ့ ဘဝဆိုတာ

အသက်ရှင်တဲ့အခါမှာ စိတ်မထားတတ်ရင် နေရ

ခက်ပါတယ်။ မရှိတာထက်မသိတာခက်ဆိုသလို

မှန်ကန်တဲ့ အဓိပ္ပါယ်ကိုမသိလို့ လူတွေ ဆုံးရှုံးရတာက

ပိုများတယ်။ တကယ်တော့ ဘုရားပေးတဲ့လူ့ဘဝဆို

တာ မှန်ကန်တဲ့စိတ်ထားတတ်ရင် ပေါ့ပေါ့ပါးပါးပါပဲ။


၁။ ပြိုင်ပွဲမဟုတ်ဘူး

တကယ်တော့ လူဖြစ်ဖို့မွေးလာတယ် ဆိုတာ

ပြိုင်ပွဲတစ်ခု ဝင်ပြိုင်ဖို့ သက်သက်မဟုတ်ဘူး။ ဒီနေ့လူ

တွေကို လေးတဲ့ဝန်တွေ ထမ်းရစေပြီး ရှုံးနိမ့်စေတာဟာပြိုင်ပွဲဝင်စိတ် ဓါတ်အပြည့်နဲ့ အသက်ရှင်နေလို့ပါ။ ပြိုင်ပွဲ တစ်ခု ဝင်ရတယ်ဆိုတာ လွယ်တာတော့မဟုတ်ဘူး။ အရာရာကိုသတိထားပြီး ပြိုင်ဘက်ထက်အစစအရာရာသာအောင် လေ့ကျင့်ကြိုးစားရတာမျိူး။ ယုံကြည်သူတစ်ချို့ အမှုတော်ဆောင်တစ်ချို့ကို တွေ့ဖူးတယ်၊ သူတို့အသက်ရှင်တာ တစ်ယောက်ကို မဟုတ်တစ်ယောက်နဲ့ မသိမသာ ပြိုင်နေတတ်တယ်။ ကိုယ်သာချိန်မှာတော့ပျော်စရာ ကောင်းသလိုလိုဖြစ် ပေမယ့် ရှုံးနိမ့်သလိုဖြစ်ချိန်မှာတော့ အရမ်းနာကျင်ရတယ်။ အသင်းတော်တစ်ပါးနဲ့တစ်ပါး အသင်းသားဘယ်သူများတယ်၊ အဆောက်အအုံ ဘယ်သူကောင်းလည်းစသဖြင့် မသိမသာ ပြိုင်နေကြတာမျိုး။ ပြိုင်ပွဲဝင်စိတ်ဓါတ်နဲ့ လူတွေကိုမြင်နေသရွေ့ သင်ဘယ်တော့မှဘုရားပေးတဲ့ဝမ်းမြောက်ခြင်းခံစားရမှာမဟုတ်ဘူး။သင့်ကိုဘုရား ခေါ်ထားတာ ဘယ်သူ နဲ့ပြိုင်ဖို့မဟုတ်ဘူး။ သင်နဲ့ ဘယ်သူမှမတူသလို တစ်ယောက်ချင်းစီတိုင်းမှာ ဘုရားထားထားတဲ့အကြံအစည် မတူဘူး။ ဘုရင်ကြီး ရှောလုအသက်တာကိုကြည့်လိုက် သူ နှစ်ပေါင်းများစွာ ဒါဝိဒ်ကို လိုက်ပြိုင်မိတယ်။ ဒါဝိဒ်ကတော့သူ့ပြေးလမ်းအတိုင်း သူပြေးတယ်။ဘယ်သူကိုမှလည်း မတိုက်ဘူး၊ ဘယ်သူ့ကိုမှလည်း မပြိုင်ဘူး။ သင့်ကိုဘုရားပေးတဲ့ ပန်းတိုင်ကိုပဲ ရှေးရှုပြီးပြေးပါ ဘယ်သူကိုမှလည်း မပြိုင်နဲ့ ။



Zawgyi

ဘုရားေပးတဲ့ ဘဝဆိုတာ

အသက္႐ွင္တဲ့အခါမွာ စိတ္မထားတတ္ရင္ ေနရ

ခက္ပါတယ္။ မ႐ွိတာထက္မသိတာခက္ဆိုသလို

မွန္ကန္တဲ့ အဓိပၸါယ္ကိုမသိလို႔ လူေတြ ဆုံး႐ႈံးရတာက

ပိုမ်ားတယ္။ တကယ္ေတာ့ ဘုရားေပးတဲ့လူ႕ဘဝဆို

တာ မွန္ကန္တဲ့စိတ္ထားတတ္ရင္ ေပါ့ေပါ့ပါးပါးပါပဲ။


၁။ ၿပိဳင္ပြဲမဟုတ္ဘူး

တကယ္ေတာ့ လူျဖစ္ဖို႔ေမြးလာတယ္ ဆိုတာ

ၿပိဳင္ပြဲတစ္ခု ဝင္ၿပိဳင္ဖို႔ သက္သက္မဟုတ္ဘူး။ ဒီေန႔လူ

ေတြကို ေလးတဲ့ဝန္ေတြ ထမ္းရေစၿပီး ႐ႈံးနိမ့္ေစတာဟာၿပိဳင္ပြဲဝင္စိတ္ ဓါတ္အျပည့္နဲ႔ အသက္႐ွင္ေနလို႔ပါ။ ၿပိဳင္ပြဲ တစ္ခု ဝင္ရတယ္ဆိုတာ လြယ္တာေတာ့မဟုတ္ဘူး။ အရာရာကိုသတိထားၿပီး ၿပိဳင္ဘက္ထက္အစစအရာရာသာေအာင္ ေလ့က်င့္ႀကိဳးစားရတာမ်ိဴး။ ယုံၾကည္သူတစ္ခ်ိဳ႕ အမႈေတာ္ေဆာင္တစ္ခ်ိဳ႕ကို ေတြ႕ဖူးတယ္၊ သူတို႔အသက္႐ွင္တာ တစ္ေယာက္ကို မဟုတ္တစ္ေယာက္နဲ႔ မသိမသာ ၿပိဳင္ေနတတ္တယ္။ ကိုယ္သာခ်ိန္မွာေတာ့ေပ်ာ္စရာ ေကာင္းသလိုလိုျဖစ္ ေပမယ့္ ႐ႈံးနိမ့္သလိုျဖစ္ခ်ိန္မွာေတာ့ အရမ္းနာက်င္ရတယ္။ အသင္းေတာ္တစ္ပါးနဲ႔တစ္ပါး အသင္းသားဘယ္သူမ်ားတယ္၊ အေဆာက္အအုံ ဘယ္သူေကာင္းလည္းစသျဖင့္ မသိမသာ ၿပိဳင္ေနၾကတာမ်ိဳး။ ၿပိဳင္ပြဲဝင္စိတ္ဓါတ္နဲ႔ လူေတြကိုျမင္ေနသေ႐ြ႕ သင္ဘယ္ေတာ့မွဘုရားေပးတဲ့ဝမ္းေျမာက္ျခင္းခံစားရမွာမဟုတ္ဘူး။သင့္ကိုဘုရား ေခၚထားတာ ဘယ္သူ နဲ႔ၿပိဳင္ဖို႔မဟုတ္ဘူး။ သင္နဲ႔ ဘယ္သူမွမတူသလို တစ္ေယာက္ခ်င္းစီတိုင္းမွာ ဘုရားထားထားတဲ့အၾကံအစည္ မတူဘူး။ ဘုရင္ႀကီး ေ႐ွာလုအသက္တာကိုၾကည့္လိုက္ သူ ႏွစ္ေပါင္းမ်ားစြာ ဒါဝိဒ္ကို လိုက္ၿပိဳင္မိတယ္။ ဒါဝိဒ္ကေတာ့သူ႕ေျပးလမ္းအတိုင္း သူေျပးတယ္။ဘယ္သူကိုမွလည္း မတိုက္ဘူး၊ ဘယ္သူ႕ကိုမွလည္း မၿပိဳင္ဘူး။ သင့္ကိုဘုရားေပးတဲ့ ပန္းတိုင္ကိုပဲ ေ႐ွး႐ႈၿပီးေျပးပါ ဘယ္သူကိုမွလည္း မၿပိဳင္နဲ႔ ။

0 views0 comments