Search
  • Than Min Htike

ဘုရားဘုန်းထင်ရှားခြင်း

“ငါ​သည်​လည်း အဲ​ဂု​တ္တု​လူ​တို့၏ နှ​လုံး​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ဗိုလ်​ခြေ၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်။ ထို​သို့​ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို၊ အဲ​ဂု​တ္တု​လူ​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။”

(ထွက် ၁၄:၁၇-၁၈)


မြေကြီးပေါ်မှာ ယုံကြည်သူတစ်ယောက်အနေနဲ့အသက်ရှင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဘုရားဘုန်းထင်ရှားခြင်းမဟုတ်လား။ လောကမှာ ရှင်သန်ဖို့ အချိန်က အများကြီးလည်းမကျန်တော့ပဲ သခင်မပြန်လာခင် အနည်းငယ်သော အချိန်ကာလမှာ ယုံကြည်သူအယောက်စီတိုင်းရဲ့အသက်ရှင်လုပ်ဆောင်မှုအားဖြင့် ကြီးစွာသောဘုရားဘုန်းကို ထင်ရှားစေဖို့အတွက် ရည်ရွယ်အသက်ရှင်သင့်တယ်ဆိုတာ ယုံကြည်သူဘုရားသားသမီးတိုင်းသိတဲ့ အရာတစ်ခု ပါ။ ဘုရားဘုန်းတော်ထင်ရှားခြင်းဆိုတာ ကိုယ့်ရဲ့လုပ်ဆောင်ချက်၊ဆက်ကပ်အပ်နှံမှုတွေ အရေးကြီးသလို တခါတရံကိုယ်တစ်ခါမှ တွေးမထားတာရင်ဆိုင်ရတဲ့ အခက်အခဲ၊ ရန်သူတွေအားဖြင့်လည်း ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေနိုင်တယ်ဆိုတာကိုတော့ လူတချို့က မေ့နေတယ်။ အဲဂုတ္တုကနေ ဣသရေလ လူတွေ ထွက်လာတဲ့အချိန်မှာ အရှေ့မှာ ပယ်လယ်ကြီးကာထားပြီးတော့အနောက်မှာရန်သူတွေရဲ့ လိုက်လာခြင်းခံရတယ်။ စဉ်းစားကြည့်ရင် ဘယ်လိုမှ လွတ်ရာလမ်းကိုမရှိတာ။ ဖါရောဘုရင်ကအခက်အခဲတွေ ရောက်တဲ့အခါမှာ နောင်တရပါပြီဆိုပြီး အခက်အခဲကလွန်မြောက်ဖို့ဆုတောင်းခိုင်းတယ်၊ နောက် အဆင်လည်းပြေရော အရင်အတိုင်းပဲ ခေါင်းဆက်မာနေခဲ့တယ်မဟုတ်လား။ ဒီလိုသက်တာက တချို့ ယုံကြည်သူတွေနဲ့တောင်ခပ်ဆင်ဆင်လို့ပြောရမလိုပဲ။ အဆင်မပြေတုန်းသာ ဘုရားကိုဖက်ရမ်းပြီး အဆင်ပြေတာနဲ့ ဒုံရင်းက ဒုံရင်း ဘာမှကို မထူးခြားတာ။

အခုလည်း သွားပါပြောပြီးတော့ နောက်ကနေ စစ်တပ်ကြီးနဲ့လိုက်လာပြန်တယ်။ ဣသရေလ လူတွေ ထွက်ပေါက် မရှိတဲ့ဘ၀ထဲကို ရောက်ရှိသွားစေတယ်။

ဒီနေ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခြေအနေနဲ့ အရမ်းကို ဆင်တူနေတယ်လို့ ထင်စရာရှိပါတယ်။ ထွက်ပေါက် မရှိပဲ အခက်အခဲတွေရဲ့ဝိုင်းရံခြင်းကို ခံနေရတယ်။ အဲ့ဒီအထဲမှာ ဘုရားပြောတဲ့စကားတချို့ကိုသဘောကျတယ်။


“သင်​တို့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​စစ်​တိုက်​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်​ဟု လူ​များ​တို့​အား​ဆို​၏။”

(ထွက် ၁၄:၁၄)

ဒီအကျဉ်းကြပ်ထဲမှာ အဲဂုတ္တုစစ်သားတွေကို  ပြန်ရင်ဆိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေမယ့် ဘုရားက သူ့လူမျိုးတွေအတွက်စစ်တိုက်ပေးမယ်လို့ဆိုတယ်။သင်တို့က တော့ငြိမ်ဝပ်စွာနေပါတဲ့။ ဘုရားကဒီလူတွေ ဒီလိုအရာတွေကိုနောက်တစ်ဖန်မကြုံဖူးလို့တောင် ဂတိပေးလိုက်သေးတယ်။ ဒီလောက်အားကြီးတဲ့စစ်တပ်၊အားကြီးတဲ့ မြင်းရထားတွေလက်နက်တွေရှိပေမယ့် အဲ့ဒီအရာတွေက ဣသရေလ လူတွေကိုပျက်ဆီးစရာဖြစ်မဟုတ်ပဲ အဲ့ဒီအရာတွေအားဖြင့်ဘုရားဘုန်းပွင့်မယ်တဲ့။ အံ့ဩစရာပဲ။ တစ်ခါမှ မစဉ်းစားဖူးဘူး ဘုရားကသူ့သားသမီးတွေကို နှောင့်ယှက်တဲ့ ရန်သူတွေ နဲ့သူရဲ့လက်နက်တွေ၊လုပ်ရပ်တွေကြားထဲမှာ သူ့ဘုန်းကို ထင်ရှားစေမယ်ဆိုတာကို။ ဒီနေ့တော့ ဘုရားက ရန်သူစစ်တပ်ကြီးနဲ့သူ့ရဲ့ အင်အားကြီးတဲ့လက်နက်တွေကြားမှာ သူ့ဘုန်းကိုထင်ရှားစေခဲ့တယ်ဆိုတာ ကျမ်းစာဖတ်ကြည့်ရင်တွေ့နိုင်သလို အခုလည်း ဘုရားက ဒီအတိုင်းပဲ သူ့ဘုန်းကိုထင်ရှားစေအုံး မယ်ဆိုတာကို ယုံကြည်ပါ။



Zawgyi

ဘုရားဘုန္းထင္႐ွားျခင္း


“ငါ​သည္​လည္း အဲ​ဂု​တၱဳ​လူ​တို႔၏ ႏွ​လုံး​ကို​ခိုင္​မာ​ေစ​သ​ျဖင့္၊ သူ​တို႔​သည္ လိုက္​ၾက​လိမ့္​မည္။ ဖာ​ေရာ​ဘု​ရင္​ႏွင့္ သူ၏​ဗိုလ္​ေျခ၊ ရ​ထား၊ ျမင္း​စီး​သူ​ရဲ​မ်ား​အား​ျဖင့္ ငါ့​ဘုန္း​ပြင့္​လိမ့္​မည္။ ထို​သို႔​ဖာ​ေရာ​ဘု​ရင္​ႏွင့္ သူ၏​ရ​ထား​မ်ား၊ ျမင္း​စီး​သူ​ရဲ​မ်ား​အား​ျဖင့္ ငါ့​ဘုန္း​ပြင့္​ေသာ​အ​ခါ၊ ငါ​သည္​ထာ​ဝ​ရ​ဘု​ရား​ျဖစ္​ေၾကာင္း​ကို၊ အဲ​ဂု​တၱဳ​လူ​တို႔​သည္ သိ​ရ​ၾက​လိမ့္​မည္​ဟု ေမာ​ေ႐ွ​အား​မိန္႔​ေတာ္​မူ​၏။”

(ထြက္ ၁၄:၁၇-၁၈)


ေျမႀကီးေပၚမွာ ယုံၾကည္သူတစ္ေယာက္အေနနဲ႔အသက္႐ွင္ရျခင္းရဲ႕ အဓိကရည္႐ြယ္ခ်က္က ဘုရားဘုန္းထင္႐ွားျခင္းမဟုတ္လား။ ေလာကမွာ ႐ွင္သန္ဖို႔ အခ်ိန္က အမ်ားႀကီးလည္းမက်န္ေတာ့ပဲ သခင္မျပန္လာခင္ အနည္းငယ္ေသာ အခ်ိန္ကာလမွာ ယုံၾကည္သူအေယာက္စီတိုင္းရဲ႕အသက္႐ွင္လုပ္ေဆာင္မႈအားျဖင့္ ႀကီးစြာေသာဘုရားဘုန္းကို ထင္႐ွားေစဖို႔အတြက္ ရည္႐ြယ္အသက္႐ွင္သင့္တယ္ဆိုတာ ယုံၾကည္သူဘုရားသားသမီးတိုင္းသိတဲ့ အရာတစ္ခု ပါ။ ဘုရားဘုန္းေတာ္ထင္႐ွားျခင္းဆိုတာ ကိုယ့္ရဲ႕လုပ္ေဆာင္ခ်က္၊ဆက္ကပ္အပ္ႏွံမႈေတြ အေရးႀကီးသလို တခါတရံကိုယ္တစ္ခါမွ ေတြးမထားတာရင္ဆိုင္ရတဲ့ အခက္အခဲ၊ ရန္သူေတြအားျဖင့္လည္း ဘုရားရဲ႕ဘုန္းေတာ္ကိုထင္႐ွားေစႏိုင္တယ္ဆိုတာကိုေတာ့ လူတခ်ိဳ႕က ေမ့ေနတယ္။ အဲဂုတၱဳကေန ဣသေရလ လူေတြ ထြက္လာတဲ့အခ်ိန္မွာ အေ႐ွ႕မွာ ပယ္လယ္ႀကီးကာထားၿပီးေတာ့အေနာက္မွာရန္သူေတြရဲ႕ လိုက္လာျခင္းခံရတယ္။ စဥ္းစားၾကည့္ရင္ ဘယ္လိုမွ လြတ္ရာလမ္းကိုမ႐ွိတာ။ ဖါေရာဘုရင္ကအခက္အခဲေတြ ေရာက္တဲ့အခါမွာ ေနာင္တရပါၿပီဆိုၿပီး အခက္အခဲကလြန္ေျမာက္ဖို႔ဆုေတာင္းခိုင္းတယ္၊ ေနာက္ အဆင္လည္းေျပေရာ အရင္အတိုင္းပဲ ေခါင္းဆက္မာေနခဲ့တယ္မဟုတ္လား။ ဒီလိုသက္တာက တခ်ိဳ႕ ယုံၾကည္သူေတြနဲ႔ေတာင္ခပ္ဆင္ဆင္လို႔ေျပာရမလိုပဲ။ အဆင္မေျပတုန္းသာ ဘုရားကိုဖက္ရမ္းၿပီး အဆင္ေျပတာနဲ႔ ဒုံရင္းက ဒုံရင္း ဘာမွကို မထူးျခားတာ။

အခုလည္း သြားပါေျပာၿပီးေတာ့ ေနာက္ကေန စစ္တပ္ႀကီးနဲ႔လိုက္လာျပန္တယ္။ ဣသေရလ လူေတြ ထြက္ေပါက္ မ႐ွိတဲ့ဘ၀ထဲကို ေရာက္႐ွိသြားေစတယ္။

ဒီေန႔ကြၽန္ေတာ္တို႔ရင္ဆိုင္ေနရတဲ့အေျခအေနနဲ႔ အရမ္းကို ဆင္တူေနတယ္လို႔ ထင္စရာ႐ွိပါတယ္။ ထြက္ေပါက္ မ႐ွိပဲ အခက္အခဲေတြရဲ႕ဝိုင္းရံျခင္းကို ခံေနရတယ္။ အဲ့ဒီအထဲမွာ ဘုရားေျပာတဲ့စကားတခ်ိဳ႕ကိုသေဘာက်တယ္။


“သင္​တို႔​ဘက္၌ ထာ​ဝ​ရ​ဘု​ရား​သည္​စစ္​တိုက္​ေတာ္​မူ​လိမ့္​မည္။ သင္​တို႔​သည္ ၿငိမ္​ဝပ္​စြာ​ေန​ရ​ၾက​မည္​ဟု လူ​မ်ား​တို႔​အား​ဆို​၏။”

(ထြက္ ၁၄:၁၄)

ဒီအက်ဥ္းၾကပ္ထဲမွာ အဲဂုတၱဳစစ္သားေတြကို  ျပန္ရင္ဆိုင္ဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ေပမယ့္ ဘုရားက သူ႕လူမ်ိဳးေတြအတြက္စစ္တိုက္ေပးမယ္လို႔ဆိုတယ္။သင္တို႔က ေတာ့ၿငိမ္ဝပ္စြာေနပါတဲ့။ ဘုရားကဒီလူေတြ ဒီလိုအရာေတြကိုေနာက္တစ္ဖန္မၾကဳံဖူးလို႔ေတာင္ ဂတိေပးလိုက္ေသးတယ္။ ဒီေလာက္အားႀကီးတဲ့စစ္တပ္၊အားႀကီးတဲ့ ျမင္းရထားေတြလက္နက္ေတြ႐ွိေပမယ့္ အဲ့ဒီအရာေတြက ဣသေရလ လူေတြကိုပ်က္ဆီးစရာျဖစ္မဟုတ္ပဲ အဲ့ဒီအရာေတြအားျဖင့္ဘုရားဘုန္းပြင့္မယ္တဲ့။ အံ့ဩစရာပဲ။ တစ္ခါမွ မစဥ္းစားဖူးဘူး ဘုရားကသူ႕သားသမီးေတြကို ေႏွာင့္ယွက္တဲ့ ရန္သူေတြ နဲ႔သူရဲ႕လက္နက္ေတြ၊လုပ္ရပ္ေတြၾကားထဲမွာ သူ႕ဘုန္းကို ထင္႐ွားေစမယ္ဆိုတာကို။ ဒီေန႔ေတာ့ ဘုရားက ရန္သူစစ္တပ္ႀကီးနဲ႔သူ႕ရဲ႕ အင္အားႀကီးတဲ့လက္နက္ေတြၾကားမွာ သူ႕ဘုန္းကိုထင္႐ွားေစခဲ့တယ္ဆိုတာ က်မ္းစာဖတ္ၾကည့္ရင္ေတြ႕ႏိုင္သလို အခုလည္း ဘုရားက ဒီအတိုင္းပဲ သူ႕ဘုန္းကိုထင္႐ွားေစအုံး မယ္ဆိုတာကို ယုံၾကည္ပါ။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube