Search
  • Than Min Htike

ဘုရားရဲ့ခေါ်ခြင်း

လူငယ်များစွာရဲ့ တူညီတဲ့မေးခွန်းတစ်ခုက ဘုရားက ငါ့ကိုဘယ်နေရာမှာခေါ်သလဲ။ ဘုရားက ခေါ်တဲ့နေရာသာမတူတယ် လူတိုင်းအပေါ်မှာတော့တိကျတဲ့ရည်ရွယ်ချက်နဲ့ခေါ်ခြင်းရှိတာတော့သေချာတယ်။ ဒါဆို ကိုယ့်ရဲ့ခေါ်ခြင်းကိုဘယ်လိုသိနိုင်မလဲ။ နေရာမှန်ရင် ကျန်တာ အကုန်မှန်လာလိမ့်မယ်။

သင့်ရဲ့အစွမ်းစနဲ့ဆုကျေးဇူး

လူတိုင်းမှာမတူညီတဲ့ ဆုကျေးဇူးနဲ့စွမ်းရည်ကိုယ်စီရှိပါတယ်။ စွမ်းရည်နဲ့ ဆုကျေးဇူးမပေါ်လွင်သေးတာသာရှိမယ်၊ မရှိဘူးဆိုတဲ့လူ လုံးဝမရှိပါဘူး။ ဘုရားသင့်ကို ဘယ်မှာ ခေါ်သလဲဆိုတာ သင်ရှိတဲ့ဆုကျေးဇူးစွမ်းရည်နဲ့ဆက်စပ်မှုရှိတယ်ဆိုတာ သိစေချင်တယ်။ လူတစ်ယောက်ဟာ ကြိုးစားပြီးသင် ယူရင်ဘာမဆိုတတ်မြောက်နိုင်ပေမယ့် ပင်ကိုယ်ဆုကျေးဇူးရှိတဲ့သူနဲ့တော့ မတူပါဘူး။ ကျွန်တော်ငယ်ငယ်ကတည်းက ဂီတကိုစိတ်ဝင်စားပေမယ့် ဆုကျေးဇူးလုံးဝ မရှိခဲ့ဘူး။ ဘယ် လောက်သင်သင် အထိုက်အလျောက်တတ်မြောက်ပေမယ့် ကျွမ်းကျင်သူမဖြစ်လာဘူး။ အဲ့ဒီဆုကျေးဇူး အဲ့ဒီစွမ်းရည်မရှိတဲ့နယ်ပယ်မှာ ကြာတော့ကျွန်တော်သိလာတယ် ဘုရား မခေါ်ဘူး။ ရွယ်တူတွေတီးလို့အားကျပြီးသာ လုပ်တယ် ကျွန်တော်မှာ အဲ့ဒီအတွက်စွမ်းရည် မရှိဘူး။ ဒီအတွက် စိတ်ညစ်နေစရာတော့မဟုတ်ဘူး။ ငယ်ငယ်ကတည်းက သင့်အထဲမှာဘုရားထည့်ပေးတဲ့ စွမ်းရည်တွေ၊ ဆုကျေးဇူးတွေဟာ သင့်ကိုဘုရားကခေါ်ခြင်းနဲ့စပ်ဆက်နေတယ်။ ဒါဝိဒ်ကိုဘုရားထည့်ထားပေးတဲ့ စွမ်းရည်တွေဟာ တစ်နေ့သူကိုဘုရားကထားတဲ့ပန်းတိုင် နဲ့သက်ဆိုင်နေတယ်။

ပြင်းပြတဲ့ဆန္ဒနဲ့တောက်လောင်မှု

နောက်တစ်ခုသင့်ရဲ့ခေါ်ခြင်းနဲ့ပတ်သက်ဆက်နွယ်နေတဲ့တစ်ခုကတော့ သင့်အထဲမှာရှိတဲ့ပြင်းပြတဲ့ဆန္ဒပါပဲ။ ဘုရားဟာ သူရဲ့ခေါ်တဲ့ အရာကိုသင့်အထဲမှာ ထည့်ထားပေးပြီးသားပါ။ အချို့သောသူတွေဟာဂီတနဲ့ပတ်သက်ပြီး နေ့မအိပ် ညမအ်ိပ်ပဲ လုပ်ရရင်တောင်မှ ပင်ပန်းတယ် လို့မခံစားကြဘူး။ အကြောင်းက သူတို့အထဲမှာရှိတဲ့ပြင်းပြတဲ့ဆန္ဒကြောင့်ပဲ။ တချို့သောအလုပ်တွေ ဟာပင်ပန်းမှုမရှိပေမယ့်ကျွန်တော်တို့ လုပ်ဖို့ဝန်လေးနေတတ်တယ်။ လုပ်တတ်ရင်တောင်လုပ်ဖို့ အားယူနေရတယ်။ သင့်အထဲမှာ တောက်လောက်ပြင်းပြတဲ့ဆန္ဒရှိတဲ့အရာကိုသင်ဘယ်တော့မှမလုပ်ပဲ နေမှာမဟုတ်ဘူး။ ဒီလိုပြောတဲ့အခါမှာမကောင်းတဲ့အရာတွေကိုပြောချင်တာ မဟုတ်ပဲ ဘုရားနဲ့ပတ်သတ်သောအရာ၊ လူများစွာအတွက်ကောင်းကြီးဖြစ်စေမယ့်အရာအတွက်ဆိုလိုတယ်။ ဒါဝိဒ်အထဲမှာပြင်းပြတဲ့ဆန္ဒဟာ ဘာလဲ။ သူသိုးတွေထိန်းတုန်းကလည်း အကောင်းဆုံးကာကွယ်မှုတွေကို အသက်နဲ့ရင်းပြီးလုပ်ခဲ့သလို ဂေါလျက် စိန်ခေါ်တော့လည်း ဘုရားနာမအတွက် သူရင်ဆိုင်ခဲ့တယ်။ သူရဲ့ဆန္ဒဟာသူ့ရဲ့ခေါ်ခြင်းကိုမြင်ရစေတယ်။ သင့်အထဲမှာရှိတဲ့ တောက်လောင်မှုဟာ ခေါ်ခြင်းကိုလှစ်ဟပြသတယ်။ ကျွန်တော်အထဲမှာ ငယ်ငယ်ကတည်းက လူငယ်တွေ လမ်းမှားကနေ ပြန်တည့်မတ်ပေးပြီးခေါင်း ဆောင်တွေဖြစ်ပေါ်စေဖို့ ဆန္ဒပြင်းပြခဲ့တယ်။ အခုကျွန်တော်ရဲ့အဓိကခေါ်ခြင်းဟာ ဒီအရာပဲဖြစ်နေတယ်။ ဘုရားသခင်ခေါ်တဲ့ကဏ္ဍကို ဘုရားဟာ သင့်နှလုံးသားထဲမှာ ထည့်သွင်းထားပြီးသားပါ။

Zawgyi

1 view0 comments