Search
  • Than Min Htike

ဘုရားသား

(၂ ကော၄:၈)

"ငါတို့သည် အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့ မရောက်။

မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။

ညှဉ်းဆဲခြင်း ကိုခံရသော်လည်း ရှုံးခြင်းမရှိ၊

အောက်သို့ လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့

မရောက်။"

ဘုရားသားသမီးတစ်ယောက်အနေနဲ့ လောကမှာ

အသက်ရှင်တာဟာဆုံးရှုံးဖို့ ဘာတစ်ခုမှမရှိဘူး။

အဆင်မပြေကြုံရင်လည်းခဏပဲ အဲ့ဒီအဆင်မပြေမှုထဲ

မှာ ကျရှုံးပျက်ဆီးသွားမှာ မဟုတ်ဘူး။ ဆရာကြီးရစ်

ချက်ဝမ်ဘရမ်း ပြောတာ မှတ်မိသေးတယ် ယုံကြည်

သူတစ်ယောက်ကိုရေထဲကန်ချ လိုက်ရင်တောင် ငါး

တစ်ကောင်ကိုက်ပြီး ပြန်တက်လာအုံးမယ်တဲ့။

အမျိုးမျိုးသော နှောင့်ယှက်ခြင်း ခံရသော်လည်း

အရာအားလုံး အဆင်ပြေချောမွေ့ နေ

မယ်လို့တော့ မဟုတ်ဘူး ဒါပေမယ့် ဘယ်တော့မှ

အကျိူးယုတ်မှာမဟုတ်ဘူး။ အဆင်ပြေခြင်း၊ မပြေခြင်း

အားလုံးက ဘုရားသားသမီး အကျိုးအတွက်တစ်ညီတစ်ညွတ် တည်းပြုစုတယ်ဆိုတာ မမေ့နဲ့။ သင့်ကြုံ ရတဲ့နှောင့်ယှက်မှုက သင့်ကိုမဆွဲချနိုင်ဘူး ယေရှုအားဖြင့်သင့်ကိုဆွဲမ သွားလိမ့်မယ်။


- မကြံစည်နိုင်အောင်ရှိပေမယ့်

တခါတလေ ဘာလုပ်လို့ ဘာကိုင်ရမှန်း

မသိပေမယ့် လမ်းမရှိတော့တာ မဟုတ်ဘူးဆိုတာသိ

တယ်။ ဘုရားသားသမီးမှာ ချောင်ပိတ်မိတာ မရှိ

ဘူး။ ဘုရားဟာ တစ်လမ်းမဟုတ် တစ်လမ်း အမြဲ

ဖွင့်ပေးနေတယ်။ ဣသရေလ လူမျိုးတွေ အဲဂုတ္တုက

ထွက်လာတုန်းက အနောက်မှာ စစ်သားတွေ အရှေ့

မှာပင်လယ်ကြီး ပိတ်မိသလို ဖြစ်ပေမယ့် ဘုရားဟာ

သူ့သားသမီးတွေအတွက် ပင်လယ်အလယ်မှာ လမ်း

ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျန်တာတွေ ပျက်ချင်ပျက်

စိတ်တော့ ဘယ်တော့မှ မပျက်ဘူး။

- ညှင်းဆဲခြင်းခံရပေမယ့် ၊ လှဲခြင်းခံရလည်း

ရှုံးတယ်၊နိုင်တယ် ဆိုတာဟာ သင်ဆုံးဖြတ်မှာမဟုတ်ဘူး။ တခါတလေ အရှုံးသမားလို့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်မိတတ်တယ်။ ကြုံနေရတာတွေ လက်ရှိအခြေအနေတွေ ကြည့်တော့လည်း ဟုတ်နေသလိုပဲ။ တကယ်တော့ သင်ဟာ ခရစ်တော်အားဖြင့် အောင်မြင်ပြီးသားဆိုတာ မမေ့နဲ့။ သင့်ရဲ့ အောင်မြင်ခြင်းဟာ ခရစ်တော်နဲ့ပဲ ဆိုင်တယ်။ ဘယ်လောက်ပဲ ဖိနှိပ်မှူတွေ ဝေဖန်မှုတွေ ကြုံရပေမယ့် သင့် အောင်မြင်ခြင်းကို မရပ်တန့်ပစ်နိုင်ဘူး။ လဲသွားရင်တောင်မှ ပြန်ထပြီးတော့ အမြင့်ဆီကို တက်လှမ်းအုံးမယ့်သူပါ။



Zawgyi

ဘုရားသား

(၂ ေကာ၄:၈)

"ငါတို႔သည္ အမ်ိဳးမ်ိဳးေသာ ေႏွာင့္႐ွက္ျခင္းကို ခံရေသာ္လည္း၊ အက်ိဳးနည္းျခင္းသို႔ မေရာက္။

မၾကံစည္ႏိုင္ေအာင္႐ွိေသာ္လည္း စိတ္မပ်က္။

ညႇဥ္းဆဲျခင္း ကိုခံရေသာ္လည္း ႐ႈံးျခင္းမ႐ွိ၊

ေအာက္သို႔ လွဲျခင္းကိုခံရေသာ္လည္း ဆုံးရာသို႔

မေရာက္။"

ဘုရားသားသမီးတစ္ေယာက္အေနနဲ႔ ေလာကမွာ

အသက္႐ွင္တာဟာဆုံး႐ႈံးဖို႔ ဘာတစ္ခုမွမ႐ွိဘူး။

အဆင္မေျပၾကဳံရင္လည္းခဏပဲ အဲ့ဒီအဆင္မေျပမႈထဲ

မွာ က်႐ႈံးပ်က္ဆီးသြားမွာ မဟုတ္ဘူး။ ဆရာႀကီးရစ္

ခ်က္ဝမ္ဘရမ္း ေျပာတာ မွတ္မိေသးတယ္ ယုံၾကည္

သူတစ္ေယာက္ကိုေရထဲကန္ခ် လိုက္ရင္ေတာင္ ငါး

တစ္ေကာင္ကိုက္ၿပီး ျပန္တက္လာအုံးမယ္တဲ့။

အမ်ိဳးမ်ိဳးေသာ ေႏွာင့္ယွက္ျခင္း ခံရေသာ္လည္း

အရာအားလုံး အဆင္ေျပေခ်ာေမြ႕ ေန

မယ္လို႔ေတာ့ မဟုတ္ဘူး ဒါေပမယ့္ ဘယ္ေတာ့မွ

အက်ိဴးယုတ္မွာမဟုတ္ဘူး။ အဆင္ေျပျခင္း၊ မေျပျခင္း

အားလုံးက ဘုရားသားသမီး အက်ိဳးအတြက္တစ္ညီတစ္ၫြတ္ တည္းျပဳစုတယ္ဆိုတာ မေမ့နဲ႔။ သင့္ၾကဳံ ရတဲ့ေႏွာင့္ယွက္မႈက သင့္ကိုမဆြဲခ်ႏိုင္ဘူး ေယ႐ႈအားျဖင့္သင့္ကိုဆြဲမ သြားလိမ့္မယ္။


- မၾကံစည္ႏိုင္ေအာင္႐ွိေပမယ့္

တခါတေလ ဘာလုပ္လို႔ ဘာကိုင္ရမွန္း

မသိေပမယ့္ လမ္းမ႐ွိေတာ့တာ မဟုတ္ဘူးဆိုတာသိ

တယ္။ ဘုရားသားသမီးမွာ ေခ်ာင္ပိတ္မိတာ မ႐ွိ

ဘူး။ ဘုရားဟာ တစ္လမ္းမဟုတ္ တစ္လမ္း အၿမဲ

ဖြင့္ေပးေနတယ္။ ဣသေရလ လူမ်ိဳးေတြ အဲဂုတၱဳက

ထြက္လာတုန္းက အေနာက္မွာ စစ္သားေတြ အေ႐ွ႕

မွာပင္လယ္ႀကီး ပိတ္မိသလို ျဖစ္ေပမယ့္ ဘုရားဟာ

သူ႕သားသမီးေတြအတြက္ ပင္လယ္အလယ္မွာ လမ္း

ဖြင့္ေပးခဲ့တယ္။ ဒါေၾကာင့္ က်န္တာေတြ ပ်က္ခ်င္ပ်က္

စိတ္ေတာ့ ဘယ္ေတာ့မွ မပ်က္ဘူး။

- ညႇင္းဆဲျခင္းခံရေပမယ့္ ၊ လွဲျခင္းခံရလည္း

႐ႈံးတယ္၊ႏိုင္တယ္ ဆိုတာဟာ သင္ဆုံးျဖတ္မွာမဟုတ္ဘူး။ တခါတေလ အ႐ႈံးသမားလို႔ ကိုယ့္ဟာကိုယ္ဆုံးျဖတ္မိတတ္တယ္။ ၾကဳံေနရတာေတြ လက္႐ွိအေျခအေနေတြ ၾကည့္ေတာ့လည္း ဟုတ္ေနသလိုပဲ။ တကယ္ေတာ့ သင္ဟာ ခရစ္ေတာ္အားျဖင့္ ေအာင္ျမင္ၿပီးသားဆိုတာ မေမ့နဲ႔။ သင့္ရဲ႕ ေအာင္ျမင္ျခင္းဟာ ခရစ္ေတာ္နဲ႔ပဲ ဆိုင္တယ္။ ဘယ္ေလာက္ပဲ ဖိႏွိပ္မႉေတြ ေဝဖန္မႈေတြ ၾကဳံရေပမယ့္ သင့္ ေအာင္ျမင္ျခင္းကို မရပ္တန္႔ပစ္ႏိုင္ဘူး။ လဲသြားရင္ေတာင္မွ ျပန္ထၿပီးေတာ့ အျမင့္ဆီကို တက္လွမ္းအုံးမယ့္သူပါ။

0 views0 comments