- Than Min Htike
ဘုရားသခင်၏ဂတိတော် (၆)
“ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ ကတိကိုငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုကတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။- ကတိတော်အချက် ဟူမူကား၊ ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မီ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။”(တ-၁:၄-၅)
ဂတိတော်များပြည့်စုံစေသူ
ယေရှုခရစ်တော် အသေခံပြီး သုံးရက်မြောက်သောနေ့မှာ ထမြောက်ကာ ရက်ပေါင်း(၄၀)လုံးလုံး တမန်တော်တွေနဲ့အတူတူ နေပါတယ်။ နောက် ကောင်းကင်ကိုတက်ကြွသွားခါနီးမှာ အားငယ်ပြီးဘယ်လိုဆက်လုပ်လို့လုပ်ရမှန်းမသိပဲလမ်းပျောက်သလို ခံစားနေရတဲ့ တမန်တော်တွေကို သူက အဖခမည်တော်ရဲ့ဂတိတော်ကို စောင့်မျှော်ဖို့အားပေးတယ်။ အဲ့ဒီဂတိတော်က ပေးထားသမျှဂတိတော်များကိုပြည့်စုံရာဆီကို ခေါ်ဆောင်သွားမယ့်သန့်ရှင်း သောဝိညာဉ်တော်ပဲဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်က သင့်အသက်တာကို ရောက်လာတဲ့အခါမှာ သင်ဟာ မိဘမဲ့တစ်ယောက်လို အားငယ်ပြီးတော့ဘ၀မှာ ဖြတ်သန်း စရာမလိုတော့အောင်ကို သူသင်နဲ့အနီးကပ်ရှိမှာပါ။ သူသင်နဲ့အတူရှိရုံတင်မကပဲ ခပ်သိမ်းသောအရာကို သွန်သင်ပြသပေးမယ်၊ နောက်ယေရှုပြောခဲ့တဲ့စကားတွေ၊ ဘုရားအလိုတော်ကိုအကြွင်းမဲ့သွန်သင်ပေးမဲ့သူပါ။ အရင်တုန်းက စဉ်းစားဖူးတယ် တစ်ယောက်ကများ ငါ့ကိုအနီးကပ်အရာရာကိုသင်ပေးရင်ကောင်းမှာပဲဆိုပြီးတော့။ နောက် အဲ့ဒီအချိန်တုန်းက ဘယ်သူမှ သင်ပေးမယ့်သူမရှိခဲ့လိုအားငယ်နေရတဲ့အချိန်ဖြစ်တယ်။ ဒါပေမယ့်နောက် ပိုင်းနှုတ်ကပတ်တော်ကိုပိုသဘောပေါက်လာတဲ့အချိန်မှာတော့ လူတွေသင်ပေးထားထက် ပိုပြီးပြည့်စုံတဲ့ ဘုရားရဲ့ သန့်ရှင်းသောဝိညာဉ်တော် အနီးကပ်သွန်သင်းမှုလောက်ကောင်းတာ ဘာမှမရှိဘူးဆိုတာပိုသိလာတယ်၊ အဲ့ဒီနောက်ပိုင်း သန့်ရှင်းသောဝိညာဉ်တော် အတူရှိခြင်းကိုပိုသဘောပေါက်လာလေ အသက်တာမှာ တိုးတက်မှုတွေကို မျက်ဝါးထင်ထင် ပိုတွေ့မြင်လေလေပါပဲ။နောက်သူက သင်ကြားပေးရုံတင်မကဘူး အသီးတွေနဲ့ပြည့်စုံစေသူလည်းဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသီး (၉)မျိုးကို ဂလာတိကဖေါ်ပြတယ်။ အဲ့ဒီအသီးတွေက တခြားလူတွေအတွက်မဟုတ်ဘူး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဦးဆောင်မှုနဲ့အသက်ရှင်သူတွေအသက်တာမှာသီးပွင့်လာမယ့်အရာတွေပါ။
“ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊- နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။-”(ဂလာတိ-၅:၂၂၊၂၃)
ဒီအသီးအပွင့်တွေက သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်သီးပွင့်လာမယ့်အရာတွေဖြစ်တယ်။ ဒါတွေအ သက်တာမှာ သီးပွင့်လာမှတော့ အသက်တာမတိုးတက် စရာ၊ ဘုရားအလိုတော်မပြည့်စုံစရာဘာများရှိအုံးမှာလဲ။ ဒါတင်မပြီးသေးဘူး၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုကျေးဇူးတွေကိုလည်း ဘုရားက သင့်အသက်တာမှာတပ်ဆင်ပေးအုံးမှာပါ။ ဆုကျေးဇူး (၉)မျိုး အကြောင်းကို (၁ကော- ၁၂) မှာ ရှင်းရှင်းလင်းလင်းတင်ပြထားတယ်။ ဒါဆိုရင် အဲ့ဒီဆုကျေးဇူးတွေက အမှုတော်ဆောင်တွေအတွက်ပဲမဟုတ်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်နဲ့တကယ် သွားလာနေသူတွေ၊ ဝိညာဉ်တော်ကို အသက်တာမှာ ဦးဆောင်ခွင့်ပေးနေသူအားလုံးနဲ့ဆိုင်တယ်။ ဒါကြောင့်ယေရှုက ပြောတာပေါ့ ငါသွားရင်ပိုအကျိုးရှိမယ်ဆိုတာ။ သန့်ရှင်းသောဝိညာဉ်တော်က သင့်အသက်တာကို ဘုရားအလိုတော်လမ်းအတိုင်း၊ ဂတိတော်များပြည့်စုံဖို့ကိုဦးဆောင်ခေါ်သွားပြီးတော့ သင့်ဘ၀ကိုတနေ့ထက်တစ်နေ့ ပိုမို လှပ စေမယ်ဆိုတာ သေချာပါတယ်။

Zawgyi
ဘုရားသခင္၏ဂတိေတာ္ (၆)
“ထိုတမန္ေတာ္တို႔ကို စုေဝးေစေတာ္မူၿပီးလွ်င္၊ ေယ႐ု႐ွလင္ၿမိဳ႕မွမထြက္မသြားဘဲ ခမည္းေတာ္၏ ကတိကိုငံ့ေနမည္အေၾကာင္း မွာေတာ္မူ၍၊ ထိုကတိေတာ္ကို ငါေဟာေျပာသျဖင့္ သင္တို႔သည္ၾကားသိရၾကၿပီ။- ကတိေတာ္အခ်က္ ဟူမူကား၊ ေယာဟန္သည္ ေရ၌ဗတၱိဇံကိုေပး၏။ သင္တို႔သည္ မၾကာမျမင့္မီ သန္႔႐ွင္းေသာဝိညာဥ္ေတာ္၌ ဗတၱိဇံကိုခံရၾကလိမ့္မည္ဟု မိန္႔ေတာ္မူ၏။”(တ-၁:၄-၅)
ဂတိေတာ္မ်ားျပည့္စုံေစသူ
ေယ႐ႈခရစ္ေတာ္ အေသခံၿပီး သုံးရက္ေျမာက္ေသာေန႔မွာ ထေျမာက္ကာ ရက္ေပါင္း(၄၀)လုံးလုံး တမန္ေတာ္ေတြနဲ႔အတူတူ ေနပါတယ္။ ေနာက္ ေကာင္းကင္ကိုတက္ႂကြသြားခါနီးမွာ အားငယ္ၿပီးဘယ္လိုဆက္လုပ္လို႔လုပ္ရမွန္းမသိပဲလမ္းေပ်ာက္သလို ခံစားေနရတဲ့ တမန္ေတာ္ေတြကို သူက အဖခမည္ေတာ္ရဲ႕ဂတိေတာ္ကို ေစာင့္ေမွ်ာ္ဖို႔အားေပးတယ္။ အဲ့ဒီဂတိေတာ္က ေပးထားသမွ်ဂတိေတာ္မ်ားကိုျပည့္စုံရာဆီကို ေခၚေဆာင္သြားမယ့္သန္႔႐ွင္း ေသာဝိညာဥ္ေတာ္ပဲျဖစ္ပါတယ္။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္က သင့္အသက္တာကို ေရာက္လာတဲ့အခါမွာ သင္ဟာ မိဘမဲ့တစ္ေယာက္လို အားငယ္ၿပီးေတာ့ဘ၀မွာ ျဖတ္သန္း စရာမလိုေတာ့ေအာင္ကို သူသင္နဲ႔အနီးကပ္႐ွိမွာပါ။ သူသင္နဲ႔အတူ႐ွိ႐ုံတင္မကပဲ ခပ္သိမ္းေသာအရာကို သြန္သင္ျပသေပးမယ္၊ ေနာက္ေယ႐ႈေျပာခဲ့တဲ့စကားေတြ၊ ဘုရားအလိုေတာ္ကိုအႂကြင္းမဲ့သြန္သင္ေပးမဲ့သူပါ။ အရင္တုန္းက စဥ္းစားဖူးတယ္ တစ္ေယာက္ကမ်ား ငါ့ကိုအနီးကပ္အရာရာကိုသင္ေပးရင္ေကာင္းမွာပဲဆိုၿပီးေတာ့။ ေနာက္ အဲ့ဒီအခ်ိန္တုန္းက ဘယ္သူမွ သင္ေပးမယ့္သူမ႐ွိခဲ့လိုအားငယ္ေနရတဲ့အခ်ိန္ျဖစ္တယ္။ ဒါေပမယ့္ေနာက္ ပိုင္းႏႈတ္ကပတ္ေတာ္ကိုပိုသေဘာေပါက္လာတဲ့အခ်ိန္မွာေတာ့ လူေတြသင္ေပးထားထက္ ပိုၿပီးျပည့္စုံတဲ့ ဘုရားရဲ႕ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ အနီးကပ္သြန္သင္းမႈေလာက္ေကာင္းတာ ဘာမွမ႐ွိဘူးဆိုတာပိုသိလာတယ္၊ အဲ့ဒီေနာက္ပိုင္း သန္႔႐ွင္းေသာဝိညာဥ္ေတာ္ အတူ႐ွိျခင္းကိုပိုသေဘာေပါက္လာေလ အသက္တာမွာ တိုးတက္မႈေတြကို မ်က္ဝါးထင္ထင္ ပိုေတြ႕ျမင္ေလေလပါပဲ။ေနာက္သူက သင္ၾကားေပး႐ုံတင္မကဘူး အသီးေတြနဲ႔ျပည့္စုံေစသူလည္းျဖစ္တယ္။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္ရဲ႕ အသီး (၉)မ်ိဳးကို ဂလာတိကေဖၚျပတယ္။ အဲ့ဒီအသီးေတြက တျခားလူေတြအတြက္မဟုတ္ဘူး သန္႔႐ွင္းေသာဝိညာဥ္ေတာ္ရဲ႕ဦးေဆာင္မႈနဲ႔အသက္႐ွင္သူေတြအသက္တာမွာသီးပြင့္လာမယ့္အရာေတြပါ။
“ဝိညာဥ္ပကတိ၏အက်ိဳးမူကား၊ ခ်စ္ျခင္း၊ ဝမ္းေျမာက္ျခင္း၊ ၿငိမ္သက္ျခင္း၊ စိတ္႐ွည္ျခင္း၊ ေက်းဇူးျပဳျခင္း၊ ေကာင္းျမတ္ျခင္း၊ သစၥာေစာင့္ျခင္း၊- ႏူးညံ့သိမ္ေမြ႕ျခင္း၊ ကာမဂုဏ္ခ်ဳပ္တည္းျခင္းေပတည္း။ ထိုသို႔ေသာအက်င့္ကို အဘယ္တရားမွ် မျမစ္တား။-”(ဂလာတိ-၅:၂၂၊၂၃)
ဒီအသီးအပြင့္ေတြက သန္႔႐ွင္းေသာဝိညာဥ္ေတာ္အားျဖင့္သီးပြင့္လာမယ့္အရာေတြျဖစ္တယ္။ ဒါေတြအ သက္တာမွာ သီးပြင့္လာမွေတာ့ အသက္တာမတိုးတက္ စရာ၊ ဘုရားအလိုေတာ္မျပည့္စုံစရာဘာမ်ား႐ွိအုံးမွာလဲ။ ဒါတင္မၿပီးေသးဘူး၊ သန္႔႐ွင္းေသာဝိညာဥ္ေတာ္အားျဖင့္ ဆုေက်းဇူးေတြကိုလည္း ဘုရားက သင့္အသက္တာမွာတပ္ဆင္ေပးအုံးမွာပါ။ ဆုေက်းဇူး (၉)မ်ိဳး အေၾကာင္းကို (၁ေကာ- ၁၂) မွာ ႐ွင္း႐ွင္းလင္းလင္းတင္ျပထားတယ္။ ဒါဆိုရင္ အဲ့ဒီဆုေက်းဇူးေတြက အမႈေတာ္ေဆာင္ေတြအတြက္ပဲမဟုတ္ဘူး။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္နဲ႔တကယ္ သြားလာေနသူေတြ၊ ဝိညာဥ္ေတာ္ကို အသက္တာမွာ ဦးေဆာင္ခြင့္ေပးေနသူအားလုံးနဲ႔ဆိုင္တယ္။ ဒါေၾကာင့္ေယ႐ႈက ေျပာတာေပါ့ ငါသြားရင္ပိုအက်ိဳး႐ွိမယ္ဆိုတာ။ သန္႔႐ွင္းေသာဝိညာဥ္ေတာ္က သင့္အသက္တာကို ဘုရားအလိုေတာ္လမ္းအတိုင္း၊ ဂတိေတာ္မ်ားျပည့္စုံဖို႔ကိုဦးေဆာင္ေခၚသြားၿပီးေတာ့ သင့္ဘ၀ကိုတေန႔ထက္တစ္ေန႔ ပိုမို လွပ ေစမယ္ဆိုတာ ေသခ်ာပါတယ္။