Search
  • Than Min Htike

ဘုရားသခင်နဲ့ ဝေးကွာစေတဲ့အရာ

“ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​သွား​သော​အား​ဖြင့် မ​ယုံ​ကြည်​တတ်၊ ဆိုး​ညစ်​သော စိတ်​နှ​လုံး​မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-” (ဟေဗြဲ ၃:၁၂)


ဘုရားနဲ့ဝေးသွားရင် ဖြစ်လာမယ့်အဆိုးတွေကိုတော့လူတွေက သတိထားမိကြပေမယ့်၊ ဘုရားနဲ့ဘယ်အရာတွေက ဝေးကွာစေလည်းဆိုတာကိုတော့ သတိမထားမိကြဘူး။ ဘုရားမပါရင် ဘယ်လိုမှ မဖြစ်ဘူးဆိုတာ သိပေမယ့် ဘုရားကိုဘ၀ထဲကနေ ဖယ်ထုတ်လိုက်တဲ့အကြောင်းအချက်တွေကိုတော့ ဂရုမစိုက်ပဲ ဆက်အသက်ရှင်မိနေတတ်ကြတယ်။ အရေးကြီးတာက

ဘုရားနဲ့ ကိုယ်အသက်တာ ဘာတွေက ဝေးကွာစေသလည်းဆိုတာကို တိတိကျကျ သိဖို့ပါပဲ။


မယုံကြည်တတ်

ယုံကြည်ခြင်းကတောင်ကို ရွေ့စေနိုင်တယ်ဆိုတာ ယုံကြည်သူတိုင်းသိတယ်၊ အဲ့ဒီလိုပါပဲ မယုံကြည်ခြင်းကလည်းဘ၀မှာ ဘုရားပါဝင်ပက်သက်မှုနဲ့ ဘုရားလုပ်ပေးမယ့်အမှုတွေကို ရွေ့ပစ်လိုက်နိုင်တယ်။ လူများစွာကမေးတယ် ဘာကြောင့်များ ကျွန်တော်ဘ၀မှာ ဘုရားပြုတဲ့အမှုတွေကိုမတွေ့ရတာလဲ။ ယုံကြည်ခြင်းရှိမှ လက်ခံရရှိမယ့် ဘုရားပြုမယ့်အရာတွေကို မယုံကြည်ခြင်းရှိနေသရွေ့တော့ ဘယ်တော့မှ မြင်ရမှာမဟုတ်ဘူး။ လူတွေက မြင်ရင်ယုံမယ်ဆိုပြီးအလွယ်ပြောတတ်ကြတယ်။ တကယ်ဆိုရင် ယုံမှမြင်ရမယ်လို့ ယေရှုက သေချာပြောထားပြီးသားမဟုတ်လား။ မြင်မှ ယုံမယ်ဆိုရင် နောက်ကျသွားမှာပေါ့။ ရှာမာရိမြို့က အမတ်လို မြင်ပဲမြင်ရပြီး မခံစားလိုက်ရတာကိုမှတ်မိအုံးမယ်ဆိုရင် မြင်ရမှ ယုံမယ်ဆိုရင်တော့ အဲ့ဒါယုံကြည်ခြင်းမဟုတ်ဘူးဆိုတာသိထားပါ။ ယေရှုက တပည့်တော်တွေကိုအပြစ်တင်တာ အလုပ်လုပ်တာမတော်လို့မဟုတ်ဘူး၊ ယုံကြည်ခြင်းမရှိလို့။ ယုံကြည်ခြင်းမရှိတဲ့သူတွေနဲ့ ဘယ်လောက်ဆက်နေရမလည်းဆိုပြီးတော့သူအမြဲ ပြောဆိုတယ်။ ဘုရားနဲ့ဝေးကွာစေတာက ယုံကြည်ခြင်းမရှိခြင်းဆိုတာကို သိထားပါ။


ဆိုးညစ်သောစိတ်နှလုံး

နောက်တစ်ခု ဘုရားနဲ့ဝေးကွာစေတဲ့အရာက စိတ် သဘောထားပါ။ ဘုရားကနှလုံးသားကိုကြည့်တယ်ဆိုတာ သိတယ်မဟုတ်လား။ ဒါဆိုရင် ဘာကြောင့်များ စိတ်နှလုံးသားကို ဘုရားနဲ့ ကိုက်ညီဖို့ လုပ်ဖို့လိုသလဲဆိုတာကို သိနိုင်ပါတယ်။ စိတ်နှလုံးကောင်းစားမှ အရာရာမှာကောင်းစားမယ် လို့ ရှင်ယောဟန်ကြီးက အတိအလင်းဖေါ်ပြတယ်။ ဒါဆိုရင် ဘုရားချီးမြှောက်တဲ့ဘ၀ကိုပိုင်ဆိုင်ဖို့အတွက် စိတ်နှလုံးဟာ အဓိကကျတယ်ဆိုတာကိုသိဖို့လိုတယ်။ ဘုရားနဲ့ဝေးကွာစေတဲ့အရာတွေထဲမှာ စိတ်နှလုံးရဲ့ အဓိကကျမှုကို မသိပဲနေချင်သလိုနေ၊ စိတ်ထားချင်သလိုထားနေမှတော့ ဘယ်လိုကောင်းတဲ့နေ့ရက်တွေ၊ အရာတွေကို မြင်ရတော့မှာလဲ။ ဒါကြောင့် စိတ်နှလုံးကိုအသစ်ပြင်ဆင်ဖို့ တမန်တော်ကြီးပေါလုက သတိပေးတာပေါ့။ ဘုရားနဲ့ ဝေးရင် အရာရာနဲ့ ဝေးသွားပြီဆိုတာကို ဘယ်တော့မှ မမေ့လိုက်နဲ့။



Zawgyi

ဘုရားသခင္နဲ႔ ေဝးကြာေစတဲ့အရာ


“ညီ​အစ္​ကို​တို႔၊ သင္​တို႔​သည္ အ​သက္​႐ွင္​ေတာ္​မူ​ေသာ ဘု​ရား​သ​ခင့္​ထံ​ေတာ္​မွ ထြက္​သြား​ေသာ​အား​ျဖင့္ မ​ယုံ​ၾကည္​တတ္၊ ဆိုး​ညစ္​ေသာ စိတ္​ႏွ​လုံး​မ​႐ွိ​ေစ​ျခင္း​ငွာ သ​တိ​ျပဳ​ၾက​ေလာ့။-” (ေဟၿဗဲ ၃:၁၂)


ဘုရားနဲ႔ေဝးသြားရင္ ျဖစ္လာမယ့္အဆိုးေတြကိုေတာ့လူေတြက သတိထားမိၾကေပမယ့္၊ ဘုရားနဲ႔ဘယ္အရာေတြက ေဝးကြာေစလည္းဆိုတာကိုေတာ့ သတိမထားမိၾကဘူး။ ဘုရားမပါရင္ ဘယ္လိုမွ မျဖစ္ဘူးဆိုတာ သိေပမယ့္ ဘုရားကိုဘ၀ထဲကေန ဖယ္ထုတ္လိုက္တဲ့အေၾကာင္းအခ်က္ေတြကိုေတာ့ ဂ႐ုမစိုက္ပဲ ဆက္အသက္႐ွင္မိေနတတ္ၾကတယ္။ အေရးႀကီးတာက

ဘုရားနဲ႔ ကိုယ္အသက္တာ ဘာေတြက ေဝးကြာေစသလည္းဆိုတာကို တိတိက်က် သိဖို႔ပါပဲ။


မယုံၾကည္တတ္

ယုံၾကည္ျခင္းကေတာင္ကို ေ႐ြ႕ေစႏိုင္တယ္ဆိုတာ ယုံၾကည္သူတိုင္းသိတယ္၊ အဲ့ဒီလိုပါပဲ မယုံၾကည္ျခင္းကလည္းဘ၀မွာ ဘုရားပါဝင္ပက္သက္မႈနဲ႔ ဘုရားလုပ္ေပးမယ့္အမႈေတြကို ေ႐ြ႕ပစ္လိုက္ႏိုင္တယ္။ လူမ်ားစြာကေမးတယ္ ဘာေၾကာင့္မ်ား ကြၽန္ေတာ္ဘ၀မွာ ဘုရားျပဳတဲ့အမႈေတြကိုမေတြ႕ရတာလဲ။ ယုံၾကည္ျခင္း႐ွိမွ လက္ခံရ႐ွိမယ့္ ဘုရားျပဳမယ့္အရာေတြကို မယုံၾကည္ျခင္း႐ွိေနသေ႐ြ႕ေတာ့ ဘယ္ေတာ့မွ ျမင္ရမွာမဟုတ္ဘူး။ လူေတြက ျမင္ရင္ယုံမယ္ဆိုၿပီးအလြယ္ေျပာတတ္ၾကတယ္။ တကယ္ဆိုရင္ ယုံမွျမင္ရမယ္လို႔ ေယ႐ႈက ေသခ်ာေျပာထားၿပီးသားမဟုတ္လား။ ျမင္မွ ယုံမယ္ဆိုရင္ ေနာက္က်သြားမွာေပါ့။ ႐ွာမာရိၿမိဳ႕က အမတ္လို ျမင္ပဲျမင္ရၿပီး မခံစားလိုက္ရတာကိုမွတ္မိအုံးမယ္ဆိုရင္ ျမင္ရမွ ယုံမယ္ဆိုရင္ေတာ့ အဲ့ဒါယုံၾကည္ျခင္းမဟုတ္ဘူးဆိုတာသိထားပါ။ ေယ႐ႈက တပည့္ေတာ္ေတြကိုအျပစ္တင္တာ အလုပ္လုပ္တာမေတာ္လို႔မဟုတ္ဘူး၊ ယုံၾကည္ျခင္းမ႐ွိလို႔။ ယုံၾကည္ျခင္းမ႐ွိတဲ့သူေတြနဲ႔ ဘယ္ေလာက္ဆက္ေနရမလည္းဆိုၿပီးေတာ့သူအၿမဲ ေျပာဆိုတယ္။ ဘုရားနဲ႔ေဝးကြာေစတာက ယုံၾကည္ျခင္းမ႐ွိျခင္းဆိုတာကို သိထားပါ။


ဆိုးညစ္ေသာစိတ္ႏွလုံး

ေနာက္တစ္ခု ဘုရားနဲ႔ေဝးကြာေစတဲ့အရာက စိတ္ သေဘာထားပါ။ ဘုရားကႏွလုံးသားကိုၾကည့္တယ္ဆိုတာ သိတယ္မဟုတ္လား။ ဒါဆိုရင္ ဘာေၾကာင့္မ်ား စိတ္ႏွလုံးသားကို ဘုရားနဲ႔ ကိုက္ညီဖို႔ လုပ္ဖို႔လိုသလဲဆိုတာကို သိႏိုင္ပါတယ္။ စိတ္ႏွလုံးေကာင္းစားမွ အရာရာမွာေကာင္းစားမယ္ လို႔ ႐ွင္ေယာဟန္ႀကီးက အတိအလင္းေဖၚျပတယ္။ ဒါဆိုရင္ ဘုရားခ်ီးေျမႇာက္တဲ့ဘ၀ကိုပိုင္ဆိုင္ဖို႔အတြက္ စိတ္ႏွလုံးဟာ အဓိကက်တယ္ဆိုတာကိုသိဖို႔လိုတယ္။ ဘုရားနဲ႔ေဝးကြာေစတဲ့အရာေတြထဲမွာ စိတ္ႏွလုံးရဲ႕ အဓိကက်မႈကို မသိပဲေနခ်င္သလိုေန၊ စိတ္ထားခ်င္သလိုထားေနမွေတာ့ ဘယ္လိုေကာင္းတဲ့ေန႔ရက္ေတြ၊ အရာေတြကို ျမင္ရေတာ့မွာလဲ။ ဒါေၾကာင့္ စိတ္ႏွလုံးကိုအသစ္ျပင္ဆင္ဖို႔ တမန္ေတာ္ႀကီးေပါလုက သတိေပးတာေပါ့။ ဘုရားနဲ႔ ေဝးရင္ အရာရာနဲ႔ ေဝးသြားၿပီဆိုတာကို ဘယ္ေတာ့မွ မေမ့လိုက္နဲ႔။

1 view0 comments