Search
  • Than Min Htike

ဘုရားသခင်နဲ့အတူ

“လူ​သည် ခြင်္သေ့​ရှိ​ရာ​မှ​ပြေး၍ ဝံ​ကို​တွေ့​သ​ကဲ့​သို့​လည်း​ကောင်း၊ အိမ်​ထဲ​သို့​ဝင်၍ ထ​ရံ​ကို​မှီ​စဉ် မြွေ​ကိုက်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။” (အာမုတ် ၅:၁၉)


နောက်ဆုံးသောနေ့ရက်ကာလ

ခဲယဉ်းဆိုးယုတ်ရာနေ့ရက်ကာလလို့ နှုတ်ကပတ်တော်ကခေါ်ဆိုတဲ့ဒီနေ့ရက်ကိုချဉ်းနင်းဝင် ရောက်လာတာနဲ့အမျှ မြင်မြင်သမျှ၊ ကြားကြားသမျှဟာ ကောင်းတာထက် မကောင်းတာပိုများလာတယ်။ ပြဿနာတစ်ခုက မငြိမ်းသေးဘူး နောက်တစ်ခုက ဆီးလို့ကြိုနေသလိုတောင်ထင်ရတယ်။ ဒီလိုအရာတွေကိုမြင်တဲ့အခါမှာ၊ စိတ်ဓါတ်ကျဖို့ စိတ်အားငယ်ဖို့မဟုတ်ပဲ သခင်ယေရှုပြန်လာတော့မယ်ဆိုတာကို သတိရဖို့ပဲ။ ဒီနေ့လူတွေ မေးနေတဲ့မေးခွန်းက လွတ်မြောက်ရာလမ်းဘယ်မှာများရှိမလဲ၊ ဘယ်အရာက ငါတို့ကို လွတ်ရာလမ်းကို ပို့ဆောင်မလဲ။ ဒီမေးခွန်းရဲ့အဖြေက ဘုရားဆီမှာရှိပြီးသားပါ။ ဒါကြောင့် ဘုရားကလွဲပြီးတော့ ကျန်တဲ့နေရာမှာ အဖြေရှာရင် မောတာပဲ အဖတ်တင်မယ်။ ပရောဖက်အာမုတ်ကတော့ဒီကာလကို လူတွေမြင်အောင် မီးမောင်းထိုးပြတဲ့အရာလေးကိုသဘောကျတယ်။ ခြင်္သေ့ကိုတွေ့လို့ ဘေးလွတ်အောင် မနည်းကြိုးစားပြီး ပြေးလို့လွတ်မယ်တောင်မကြံသေးဘူး၊ ဝံနဲ့တန်းတိုးတယ်။ စဉ်းစားကြည့်ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့အဖြစ်ပျက်လဲ။ တစ်ခုက လွတ်မယ်တောင်မကြံသေးဘူး နောက်တစ်ခုစောင့်နေသလိုတောင်ထင်ရတယ်။ ဒါနဲ့ အိမ်ထဲဝင်ပြေးပြီးတော့ အမောပြေဖို့အတွက် အားကိုတကြီး ထရံကိုမှီလိုက်ကာမှ ထရံမှာရှိတဲ့ မြွေ ပေါက်တာခံရတယ်။ ဘယ်လောက်ဆိုးတဲ့ အခြေအနေလဲ။ အာမုတ်ပြောထားတဲ့ အရာတွေကို ကြည့်ရင် အခုလက်ရှိဖြစ်နေတာတွေက ဘာမှ မပြောပလောက်ဘူး။ ဘယ်နေရာမဆို၊ ဘယ်အဖြစ်ပျက်မဆို လူတွေကို စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေကိုပဲဖန်တီး နေသလိုမဟုတ်လား။ ဒါပေမယ့် ဘယ်လို စိုးရွားတဲ့အခြေအနေတွေ၊ ကြောက်စရာကောင်းတဲ့ အခြေအနေ တွေကြုံရပါစေဒီအရာတွေက ဘုရားနှုတ်ကပတ်တော်ပြည့်စုံခြင်းပဲဖြစ်ပြီးတော့၊ မကောင်းတဲ့အရာတွေတောင် နှုတ်ကပတ်တော်ပြည့်စုံပြီး ဖြစ်လာတယ်ဆိုရင် နှုတ်ကပတော်ထဲမှာ ရှိတဲ့ ကောင်းတဲ့အရာတွေကလည်း အသက်တာမှာ ပြည့်စုံလာမယ်၊ ခံစားရမယ်ဆိုတာကိုအကြွင်းမဲ့ယုံဖို့လိုတယ်။


ဘုရားနဲ့သွားတဲ့လူ

ဒါဝိဒ်ဆိုတဲ့ဘုရားနဲ့သွားလာတဲ့လူကတော့ ခြင်္သေ့နဲ့ ဝံကို တစ်ပြိုင်ထဲ ရင်ဆိုင်ခဲ့တယ်ဆိုတာ နှုတ်ကပတ်တော်ကဖေါ်ပြတယ်။ သူထိန်းကျောင်းတဲ့ သိုးတွေကိုကိုက်စားဖို့လာတဲ့ ခြင်္သေ့နဲ့ ဝံဟာ ဒါဝိဒ်ရဲ့ ဘာလက်နက်မှ မပါပဲ ရင်ဆိုင်ခြင်း အောက်မှာ ရှုံးနိမ့်ခဲ့ရတယ်။ သူဟာ ဘာလက်နက်မှ မပါပေမယ့် ဘုရားနဲ့အတူ ဆိုးရွားလွန်းပြီးလူတိုင်း နီးပါး ကြောက်ရွံတဲ့ ခြင်္သေ့နဲ့ဝံကို ရင်ဆိုင်အောင်မြင်ခဲ့တယ်။ အဲ့ဒီအောင်မြင်ခဲ့တဲ့သက်သေခံချက်ကလည်းအလကားမဖြစ်ခဲ့ဘူး။ တစ်နေ့မှာ ဂေါလျက်ကိုရင်ဆိုင်ဖို့အတွက် အကောင်းဆုံးသက်သေခံချက်တစ်ခုဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီနေ့အဆိုးတွေကို ဘုရားနဲ့အတူဖြတ်သန်း အောင်မြင်တဲ့သူတစ်ယောက်ဟာ အနာဂတ်မှာလည်း အရာရာကိုအောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်။ဒါကြောင့် ဒီအချိန်မှာ စိတ်ဓါတ်ကျနေဖို့မဟုတ်ပဲ ရင်ဆိုင်ရတဲ့ ခြင်္သေ့နဲ့ ဝံကို ဘုရားနဲ့အတူ အကောင်းဆုံး တုန့်ပြန်ဖို့ပါပဲ။ ဒါက သင့်ဘ၀တစ်ခုလုံးအတွက်၊ အနာဂတ်အတွက် ကြီးမားတဲ့ကောင်းကြီးတွေကို ယူဆောင်လာလိမ့်မယ်။



Zawgyi

ဘုရားသခင္နဲ႔အတူ


“လူ​သည္ ျခေသၤ့​႐ွိ​ရာ​မွ​ေျပး၍ ဝံ​ကို​ေတြ႕​သ​ကဲ့​သို႔​လည္း​ေကာင္း၊ အိမ္​ထဲ​သို႔​ဝင္၍ ထ​ရံ​ကို​မွီ​စဥ္ ေႁမြ​ကိုက္​သ​ကဲ့​သို႔​လည္း​ေကာင္း ျဖစ္​လိမ့္​မည္။” (အာမုတ္ ၅:၁၉)


ေနာက္ဆုံးေသာေန႔ရက္ကာလ

ခဲယဥ္းဆိုးယုတ္ရာေန႔ရက္ကာလလို႔ ႏႈတ္ကပတ္ေတာ္ကေခၚဆိုတဲ့ဒီေန႔ရက္ကိုခ်ဥ္းနင္းဝင္ ေရာက္လာတာနဲ႔အမွ် ျမင္ျမင္သမွ်၊ ၾကားၾကားသမွ်ဟာ ေကာင္းတာထက္ မေကာင္းတာပိုမ်ားလာတယ္။ ျပႆနာတစ္ခုက မၿငိမ္းေသးဘူး ေနာက္တစ္ခုက ဆီးလို႔ႀကိဳေနသလိုေတာင္ထင္ရတယ္။ ဒီလိုအရာေတြကိုျမင္တဲ့အခါမွာ၊ စိတ္ဓါတ္က်ဖို႔ စိတ္အားငယ္ဖို႔မဟုတ္ပဲ သခင္ေယ႐ႈျပန္လာေတာ့မယ္ဆိုတာကို သတိရဖို႔ပဲ။ ဒီေန႔လူေတြ ေမးေနတဲ့ေမးခြန္းက လြတ္ေျမာက္ရာလမ္းဘယ္မွာမ်ား႐ွိမလဲ၊ ဘယ္အရာက ငါတို႔ကို လြတ္ရာလမ္းကို ပို႔ေဆာင္မလဲ။ ဒီေမးခြန္းရဲ႕အေျဖက ဘုရားဆီမွာ႐ွိၿပီးသားပါ။ ဒါေၾကာင့္ ဘုရားကလြဲၿပီးေတာ့ က်န္တဲ့ေနရာမွာ အေျဖ႐ွာရင္ ေမာတာပဲ အဖတ္တင္မယ္။ ပေရာဖက္အာမုတ္ကေတာ့ဒီကာလကို လူေတြျမင္ေအာင္ မီးေမာင္းထိုးျပတဲ့အရာေလးကိုသေဘာက်တယ္။ ျခေသၤ့ကိုေတြ႕လို႔ ေဘးလြတ္ေအာင္ မနည္းႀကိဳးစားၿပီး ေျပးလို႔လြတ္မယ္ေတာင္မၾကံေသးဘူး၊ ဝံနဲ႔တန္းတိုးတယ္။ စဥ္းစားၾကည့္ဘယ္ေလာက္ေတာင္ ေၾကာက္စရာေကာင္းတဲ့အျဖစ္ပ်က္လဲ။ တစ္ခုက လြတ္မယ္ေတာင္မၾကံေသးဘူး ေနာက္တစ္ခုေစာင့္ေနသလိုေတာင္ထင္ရတယ္။ ဒါနဲ႔ အိမ္ထဲဝင္ေျပးၿပီးေတာ့ အေမာေျပဖို႔အတြက္ အားကိုတႀကီး ထရံကိုမွီလိုက္ကာမွ ထရံမွာ႐ွိတဲ့ ေႁမြ ေပါက္တာခံရတယ္။ ဘယ္ေလာက္ဆိုးတဲ့ အေျခအေနလဲ။ အာမုတ္ေျပာထားတဲ့ အရာေတြကို ၾကည့္ရင္ အခုလက္႐ွိျဖစ္ေနတာေတြက ဘာမွ မေျပာပေလာက္ဘူး။ ဘယ္ေနရာမဆို၊ ဘယ္အျဖစ္ပ်က္မဆို လူေတြကို စိုးရိမ္စိတ္ေတြ၊ ေၾကာက္စိတ္ေတြကိုပဲဖန္တီး ေနသလိုမဟုတ္လား။ ဒါေပမယ့္ ဘယ္လို စိုး႐ြားတဲ့အေျခအေနေတြ၊ ေၾကာက္စရာေကာင္းတဲ့ အေျခအေန ေတြၾကဳံရပါေစဒီအရာေတြက ဘုရားႏႈတ္ကပတ္ေတာ္ျပည့္စုံျခင္းပဲျဖစ္ၿပီးေတာ့၊ မေကာင္းတဲ့အရာေတြေတာင္ ႏႈတ္ကပတ္ေတာ္ျပည့္စုံၿပီး ျဖစ္လာတယ္ဆိုရင္ ႏႈတ္ကပေတာ္ထဲမွာ ႐ွိတဲ့ ေကာင္းတဲ့အရာေတြကလည္း အသက္တာမွာ ျပည့္စုံလာမယ္၊ ခံစားရမယ္ဆိုတာကိုအႂကြင္းမဲ့ယုံဖို႔လိုတယ္။


ဘုရားနဲ႔သြားတဲ့လူ

ဒါဝိဒ္ဆိုတဲ့ဘုရားနဲ႔သြားလာတဲ့လူကေတာ့ ျခေသၤ့နဲ႔ ဝံကို တစ္ၿပိဳင္ထဲ ရင္ဆိုင္ခဲ့တယ္ဆိုတာ ႏႈတ္ကပတ္ေတာ္ကေဖၚျပတယ္။ သူထိန္းေက်ာင္းတဲ့ သိုးေတြကိုကိုက္စားဖို႔လာတဲ့ ျခေသၤ့နဲ႔ ဝံဟာ ဒါဝိဒ္ရဲ႕ ဘာလက္နက္မွ မပါပဲ ရင္ဆိုင္ျခင္း ေအာက္မွာ ႐ႈံးနိမ့္ခဲ့ရတယ္။ သူဟာ ဘာလက္နက္မွ မပါေပမယ့္ ဘုရားနဲ႔အတူ ဆိုး႐ြားလြန္းၿပီးလူတိုင္း နီးပါး ေၾကာက္႐ြံတဲ့ ျခေသၤ့နဲ႔ဝံကို ရင္ဆိုင္ေအာင္ျမင္ခဲ့တယ္။ အဲ့ဒီေအာင္ျမင္ခဲ့တဲ့သက္ေသခံခ်က္ကလည္းအလကားမျဖစ္ခဲ့ဘူး။ တစ္ေန႔မွာ ေဂါလ်က္ကိုရင္ဆိုင္ဖို႔အတြက္ အေကာင္းဆုံးသက္ေသခံခ်က္တစ္ခုျဖစ္ခဲ့တယ္။ ဒါေၾကာင့္ ဒီေန႔အဆိုးေတြကို ဘုရားနဲ႔အတူျဖတ္သန္း ေအာင္ျမင္တဲ့သူတစ္ေယာက္ဟာ အနာဂတ္မွာလည္း အရာရာကိုေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္လာလိမ့္မယ္။ဒါေၾကာင့္ ဒီအခ်ိန္မွာ စိတ္ဓါတ္က်ေနဖို႔မဟုတ္ပဲ ရင္ဆိုင္ရတဲ့ ျခေသၤ့နဲ႔ ဝံကို ဘုရားနဲ႔အတူ အေကာင္းဆုံး တုန္႔ျပန္ဖို႔ပါပဲ။ ဒါက သင့္ဘ၀တစ္ခုလုံးအတြက္၊ အနာဂတ္အတြက္ ႀကီးမားတဲ့ေကာင္းႀကီးေတြကို ယူေဆာင္လာလိမ့္မယ္။

2 views0 comments