Search
  • Than Min Htike

ဘုရားသခင်နဲ့ အဝေးမှာအသက်ရှင်ခြင်း

“ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။-”(မဿဲ ၁၁:၂၈)


ကိုယ့်ရဲ့အသက်ရှင်ခြင်းက ဘုရားရဲ့အနီးဆုံးမှာလား အဝေးဆုံးမှာလားဆို ဘယ်လိုသိနိုင်မလဲ။ ကိုယ်က ဘုရားနဲ့နီးနေတာလား ဝေးနေတာလားဆိုတာ လူတိုင်း သိချင်တဲ့အရာတစ်ခုပါ။ တခါတလေ ကိုယ်က အရမ်းဘုရားနဲ့နီးနေတယ်လို့ထင်ပေမယ့် အရမ်းကြီးကို ဝေးနေတဲ့အချိန်လည်းရှိတတ်သလို၊ ဘုရားနဲ့ အဝေးမှာလို့ ထင်နေပေမယ့်အနီးဆုံးမှာ ရှိနေတဲ့အချိန်လည်းရှိနေ တတ်ပါတယ်။ ဒါဆိုရင် ဘယ်အရာက ဘုရားနဲ့အနီး၊အဝေး ဆိုတာကိုညွှန်ပြနေသလဲ။


လေးလံတဲ့ဝန်

လူရယ်လို့ဖြစ်လာရင် လူတိုင်းမှာ မတူညီတဲ့ ဝန်ထုပ်တွေကိုယ်စီရှိတတ်ပါတယ်။ ဘယ်သူပိုလေးတယ်၊ ဘယ်သူကတော့ပေါ့တယ်ဆိုတာဟာ ကိုယ်ထမ်းရတဲ့ဝန်နဲ့မဆိုင်ပဲ ထမ်းရွက်နိုင်တဲ့ခွန်အားပေးတဲ့ဘုရားနဲ့ အနီးအဝေးမှာပဲဆိုင်ပါတယ်။ လူတွေက ကျွန်တော်တို့ဆီမှာလာပြီးတော့ရင်ဖွင့်ပြီး ဆုတောင်းခံလေ့ရှိတယ်။ သူတို့ရဲ့ထမ်းရတဲ့ ဝန်တွေဘယ်လောက်လေးကြောင်းပေါ့။ တကယ်တော့ သူတို့ပြောတဲ့ ဝန်က ကျွန်တော် ထမ်းရတဲ့ဝန်ထက်အများကြီးသက်သာ လွန်းပေမယ့်သူတို့ကတော့ အများကြီးလေးတယ်လို့ပဲ ခံစားနေကြတယ်။ တကယ်တော့ ကျွန်တော်တို့လည်း အရမ်းကို ခွန်အားကြီးနေလို့မဟုတ်ပဲနဲ့ ပေါ့ပါးစေတဲ့ ဘုရားနဲ့ နီးကပ်စွာအသက်ရှင်ခြင်းသာ ပေါ့ပါးသလိုခံစားနေခြင်းပါ။ တခါတလေ ဘုရားမပါတဲ့ နေ့ရက်တွေသာဆိုပြီး တွေးမိတယ်။ နေ့စဉ် ဖြတ်သန်းရတဲ့အရာတွေလိုအပ်ချက်တွေက နည်းတာမှမဟုတ်တာ။ ဒါတွေကို ငါဘယ်လိုများ ဖြတ်သန်းရမလဲဆိုတာ တွေးတောင်မတွေးရဲဘူး။ ဒါပေမယ့် ဘုရားနဲ့ အတူဖြတ်သန်းတဲ့အခါမှာတော့ ဘာမှကိုလေးတယ်လို့မခံစားရဘူး။ ဘေးကကြည့်တဲ့လူတွေကသာ ကိုယ့်ကိုယ်စားရင်လေးနေကြတာ။ တကယ်တော့ ဘုရားကြောင့်သာ အရာအားလုံးက လွယ်ကူပေါ့ပါးနေတာပါ။ ဒါကြောင့် သင့်ဘ၀ရဲ့ လေးလံတဲ့ဝန်တွေကြောင့်ငြီးတွားနေရတယ်၊ အရမ်းကို လေးလံတယ်လို့ခံစားနေရတယ်ဆိုရင် သတိရပါ ချမ်းသာပေးမယ့်၊ပေါ့ပါးစေတဲ့ဘုရားက သင့်ကိုဖိတ်ခေါ်နေတယ်ဆိုတာပါပဲ။


ပေါ့ပါးစွာအသက်ရှင်ခြင်း

ခရစ်ယာန်အသက်တာဆိုတာ ပေါ့ပေါ့ပျက်ပျက် အသက်ရှင်တာမဟုတ်ပါဘူး။ ပေါ့ပါး စွာရှင်သန်ခြင်းပါ။ စိုးရိမ်စရာမရှိတာ လုံး၀မဟုတ်ဘူး။ စိုးရိမ်စရာတွေသင့်ကိုဝိုင်းထားလိမ့်မယ်။ စိန်ခေါ်မှုတွေနဲ့ ကြောက်ရွံမှုတွေက သင့်ကို ဆီးတားနေမယ်၊ ဒါပေမယ့် အဲ့ဒီအလယ်မှာ ဘုရားရဲ့တန်ခိုတော်က သင့်ကို လုံခြုံစေမယ်၊ လမ်းပြပေးလိမ့်မယ်လို့ အထူး စိတ်ချပြီးတော့ စိုးရိမ်မှုအစားစိတ်ချမှုနဲ့ ပေါ့ပါးစွာအသက်ရှင်သန်ခြင်း ခရစ်တော်ရဲ့အနားမှာပဲ တွေ့မြင်ခံစားရနိုင်တယ်။ ဒါကြောင့် အခက်အခဲတွေက ကြီးလွန်းပြီး လေးလွန်းတယ်လို့ခံစားရတယ်ဆိုရင် သေချာတယ် သင်ဟာ ဘုရားနဲ့ အဝေးမှာ အသက်ရှင်နေတယ်ဆိုတာ ရယ် ကြီးလွန်းတဲ့အခက်အခဲတွေရင်ဆိုင်ရပေမယ့် စိတ်ချမှုနဲ့ ပေါ့ပါးစွာဖြတ်သန်း နေတယ်ဆိုရင် သင်ဟာလွန်စွာ ဘုရားအနီးမှာရှင်သန် အသက်ရှင်နေတယ်ဆိုတာသိပါ။



Zawgyi

ဘုရားသခင္နဲ႔ အေဝးမွာအသက္႐ွင္ျခင္း


“ဝန္​ေလး၍ ပင္​ပန္း​ေသာ​သူ​အ​ေပါင္း​တို႔၊ ငါ့​ထံ​သို႔ လာ​ၾက​ေလာ့။ ငါ​သည္ ခ်မ္း​သာ​ေပး​မည္။-”(မႆဲ ၁၁:၂၈)


ကိုယ့္ရဲ႕အသက္႐ွင္ျခင္းက ဘုရားရဲ႕အနီးဆုံးမွာလား အေဝးဆုံးမွာလားဆို ဘယ္လိုသိႏိုင္မလဲ။ ကိုယ္က ဘုရားနဲ႔နီးေနတာလား ေဝးေနတာလားဆိုတာ လူတိုင္း သိခ်င္တဲ့အရာတစ္ခုပါ။ တခါတေလ ကိုယ္က အရမ္းဘုရားနဲ႔နီးေနတယ္လို႔ထင္ေပမယ့္ အရမ္းႀကီးကို ေဝးေနတဲ့အခ်ိန္လည္း႐ွိတတ္သလို၊ ဘုရားနဲ႔ အေဝးမွာလို႔ ထင္ေနေပမယ့္အနီးဆုံးမွာ ႐ွိေနတဲ့အခ်ိန္လည္း႐ွိေန တတ္ပါတယ္။ ဒါဆိုရင္ ဘယ္အရာက ဘုရားနဲ႔အနီး၊အေဝး ဆိုတာကိုၫႊန္ျပေနသလဲ။


ေလးလံတဲ့ဝန္

လူရယ္လို႔ျဖစ္လာရင္ လူတိုင္းမွာ မတူညီတဲ့ ဝန္ထုပ္ေတြကိုယ္စီ႐ွိတတ္ပါတယ္။ ဘယ္သူပိုေလးတယ္၊ ဘယ္သူကေတာ့ေပါ့တယ္ဆိုတာဟာ ကိုယ္ထမ္းရတဲ့ဝန္နဲ႔မဆိုင္ပဲ ထမ္း႐ြက္ႏိုင္တဲ့ခြန္အားေပးတဲ့ဘုရားနဲ႔ အနီးအေဝးမွာပဲဆိုင္ပါတယ္။ လူေတြက ကြၽန္ေတာ္တို႔ဆီမွာလာၿပီးေတာ့ရင္ဖြင့္ၿပီး ဆုေတာင္းခံေလ့႐ွိတယ္။ သူတို႔ရဲ႕ထမ္းရတဲ့ ဝန္ေတြဘယ္ေလာက္ေလးေၾကာင္းေပါ့။ တကယ္ေတာ့ သူတို႔ေျပာတဲ့ ဝန္က ကြၽန္ေတာ္ ထမ္းရတဲ့ဝန္ထက္အမ်ားႀကီးသက္သာ လြန္းေပမယ့္သူတို႔ကေတာ့ အမ်ားႀကီးေလးတယ္လို႔ပဲ ခံစားေနၾကတယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔လည္း အရမ္းကို ခြန္အားႀကီးေနလို႔မဟုတ္ပဲနဲ႔ ေပါ့ပါးေစတဲ့ ဘုရားနဲ႔ နီးကပ္စြာအသက္႐ွင္ျခင္းသာ ေပါ့ပါးသလိုခံစားေနျခင္းပါ။ တခါတေလ ဘုရားမပါတဲ့ ေန႔ရက္ေတြသာဆိုၿပီး ေတြးမိတယ္။ ေန႔စဥ္ ျဖတ္သန္းရတဲ့အရာေတြလိုအပ္ခ်က္ေတြက နည္းတာမွမဟုတ္တာ။ ဒါေတြကို ငါဘယ္လိုမ်ား ျဖတ္သန္းရမလဲဆိုတာ ေတြးေတာင္မေတြးရဲဘူး။ ဒါေပမယ့္ ဘုရားနဲ႔ အတူျဖတ္သန္းတဲ့အခါမွာေတာ့ ဘာမွကိုေလးတယ္လို႔မခံစားရဘူး။ ေဘးကၾကည့္တဲ့လူေတြကသာ ကိုယ့္ကိုယ္စားရင္ေလးေနၾကတာ။ တကယ္ေတာ့ ဘုရားေၾကာင့္သာ အရာအားလုံးက လြယ္ကူေပါ့ပါးေနတာပါ။ ဒါေၾကာင့္ သင့္ဘ၀ရဲ႕ ေလးလံတဲ့ဝန္ေတြေၾကာင့္ၿငီးတြားေနရတယ္၊ အရမ္းကို ေလးလံတယ္လို႔ခံစားေနရတယ္ဆိုရင္ သတိရပါ ခ်မ္းသာေပးမယ့္၊ေပါ့ပါးေစတဲ့ဘုရားက သင့္ကိုဖိတ္ေခၚေနတယ္ဆိုတာပါပဲ။


ေပါ့ပါးစြာအသက္႐ွင္ျခင္း

ခရစ္ယာန္အသက္တာဆိုတာ ေပါ့ေပါ့ပ်က္ပ်က္ အသက္႐ွင္တာမဟုတ္ပါဘူး။ ေပါ့ပါး စြာ႐ွင္သန္ျခင္းပါ။ စိုးရိမ္စရာမ႐ွိတာ လုံး၀မဟုတ္ဘူး။ စိုးရိမ္စရာေတြသင့္ကိုဝိုင္းထားလိမ့္မယ္။ စိန္ေခၚမႈေတြနဲ႔ ေၾကာက္႐ြံမႈေတြက သင့္ကို ဆီးတားေနမယ္၊ ဒါေပမယ့္ အဲ့ဒီအလယ္မွာ ဘုရားရဲ႕တန္ခိုေတာ္က သင့္ကို လုံျခဳံေစမယ္၊ လမ္းျပေပးလိမ့္မယ္လို႔ အထူး စိတ္ခ်ၿပီးေတာ့ စိုးရိမ္မႈအစားစိတ္ခ်မႈနဲ႔ ေပါ့ပါးစြာအသက္႐ွင္သန္ျခင္း ခရစ္ေတာ္ရဲ႕အနားမွာပဲ ေတြ႕ျမင္ခံစားရႏိုင္တယ္။ ဒါေၾကာင့္ အခက္အခဲေတြက ႀကီးလြန္းၿပီး ေလးလြန္းတယ္လို႔ခံစားရတယ္ဆိုရင္ ေသခ်ာတယ္ သင္ဟာ ဘုရားနဲ႔ အေဝးမွာ အသက္႐ွင္ေနတယ္ဆိုတာ ရယ္ ႀကီးလြန္းတဲ့အခက္အခဲေတြရင္ဆိုင္ရေပမယ့္ စိတ္ခ်မႈနဲ႔ ေပါ့ပါးစြာျဖတ္သန္း ေနတယ္ဆိုရင္ သင္ဟာလြန္စြာ ဘုရားအနီးမွာ႐ွင္သန္ အသက္႐ွင္ေနတယ္ဆိုတာသိပါ။

0 views0 comments