Search
  • Than Min Htike

ဘုရားသခင်ရဲ့ ဂတိတော်

“ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ ဘု​ရား​သ​ခင်၏ က​တိ​တော်​ကို တွေး​တော​ခြင်း​မ​ရှိ၊ ယုံ​ကြည်​အား​ကြီး​သ​ဖြင့် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍၊- က​တိ​ထား​တော်​မူ​သော​သူ​သည် က​တိ​တော်​အ​တိုင်း တတ်​နိုင်​တော်​မူ​သည်​ကို စိတ်​စွဲ​လမ်း​လေ၏။-” (ရောမ-၄:၂၀-၂၁)


တွေးတောခြင်းမရှိ ချီးမွမ်းခြင်း

ဂတိပေးထားတဲ့အတိုင်း မလုပ်နိုင်တာ များတဲ့လူ့အသိုင်းအဝိုင်းမှာ မွေးဖွားကြီးပြင်းလာတဲ့အတွက် တခါတလေ ဘုရားကိုလည်းဂတိတော်အတိုင်း ကိုယ့်ဘ၀မှာလုပ်ပေးပါ့မလားလို့ စိုးရိမ်စိတ်တွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဂတိတော်တွေနဲ့ ဆန့်ကျင်ဘက်အခြေအနေမျိုးမှာ ရှင်သန်ရတဲ့အချိန်တွေမှာ ဆိုပိုဆိုးတယ်။ ဘုရားပေးတဲ့ ဂတိတော်ကို နှောင့်ယှက်တာက အခြားအရာမဟုတ်ဘူး မဖြစ်နိုင်တော့ဘူး၊ ဘုရားစွန့်သွားပြီဆိုတဲ့ မှားယွင်းတဲ့အတွေးအခေါ်တွေပါပဲ။ ဆန့်ကျင်ဘက်အတွေးအခေါ်တွေဝင်လာပြီဆိုရင် ယုံကြည်ခြင်းတွေ ပျောက်သွားပြီး ဂတိတော်နေရာမှာ စိတ်ဓါတ်ကျမှုတွေက အစားထိုးဝင်ရောက်လာတတ်တယ်။ ဒါကြောင့် ရှင်ယာကုပ်က သတိပေးတယ် တွေးတောခြင်းမရှိပဲ ယုံကြည်ရမယ်လို့ဆိုတယ်။ တွေးတောခြင်းရှိရင် လေခတ်ပြီးလှုပ် ရှားတတ်တဲ့ လှိုင်းတံပိုးနဲ့တူပြီးတော့ ပြုလေသမျှမှာ မတည်ကြည်တဲ့သူဖြစ်မယ်၊ နောက် အဆိုးဆုံးကတော့ ဘုရားလက်တော်မှ တစ်စုံတစ်ခုမှမရပဲ ဇာတ်သိမ်းသွားတာပါပဲ။ ဒါဆိုရင် ဘုရားက ဂတိမတည်တာထက် ပေးထားတဲ့ဂတိတော်အပေါ်အပြည့်အ၀ မယုံကြည်တာက ပိုခက်တယ်မဟုတ်ဘူးလား။ ဒါကြောင့် ဂတိတော်တွေအပေါ်မှာ စိုးရိမ်နေမယ့်အစား၊ တွေးတောနေမယ့်အစား ယုံကြည်ခြင်းနဲ့ ချီးမွမ်းနေဖို့ အရေးကြီးတယ်။ ချီးမွမ်းတဲ့သူတစ်ယောက်ရဲ့အသက်တာမှာ ဘုရားပေးတဲ့ဂတိတော်တွေက အမြဲသက်ဝင်လှုပ်ရှားနေတယ်။


တတ်နိုင်တယ်လို့စွဲလန်းခြင်း

အာဗြဟံရဲ့ အသက်တာကိုကြည့်မယ်ဆိုရင် သူလည်းကလေးရဖို့ မဖြစ်နိုင်တော့သလို သူ့ဇနီးစာရာလည်း မဖြစ်နိုင်တော့ဘူး။ မဖြစ်နိုင်တဲ့လူနှစ်ယောက်စလုံး အခြေ အနေ ပေါ်မှာရပ်တည်ပြီး စဉ်းစားရင် ဘာများထပ်ဖြစ် လာဖို့ရှိလာအုံးမှာလဲ။ သူကအဲ့ဒီအပေါ်မှာ မစဉ်းစားမဆုံးဖြတ်ဘူး။ ဂတိထားတဲ့ ဘုရားတတ်နိုင်တယ်ဆိုတာကိုစိတ်စွဲလန်းတယ်။ အဲ့ဒီစိတ် ဆွဲလန်းခြင်းက ဘယ် လောက်တောင် ကြီးသလည်းဆိုရင် သူတို့နှစ်ယောက်ရဲ့မဖြစ်နိုင်တဲ့အခြေအနေတွေကို မေ့သွားလောက်တဲ့အထိ နေရာယူခဲ့တယ်။ ဒါကြောင့်လည်း ဘုရားဂတိတော်အတိုင်းသူ့တို့ရဲ့ နာမည်တွေကိုလည်းပြောင်းပစ်လိုက်တယ်။ အချိန်တွေကြာလာတာနဲ့အမျှ မဖြစ်နိုင်ခြင်းက ပိုသေချာလာစေပေမယ့် သူကတော့ ဘုရားက အချိန်တွေ အခြေအနေတွေ အထက်မှာ အလုပ်လုပ်နိုင်တယ် ဆိုတာကိုပဲ ပိုပြီး စိတ်ချနေလေရဲ့။ တခါတလေ ကျွန်တော်တို့စိတ်ထဲမှာ ငါအောင်မြင်ဖို့၊ ငါကောင်းကြီးရဖို့၊ တိုးတက်ဖို့နဲ့ ဂတိတော်တွေပြည့်စုံဖို့အတွက် အချိန်ကျော်သွားပြီလို့ ထင်တတ်ကြတယ်။ ဒီလိုအခြေအနေနဲ့ ဒီလိုအချိန်ကြီးမှာ ဘယ်လို ဖြစ်နိုင်တော့မှာလည်းလို့ မေးခွန်း ထုတ်ပြီးတော့ ဖြစ်နိုင်ခြေတွေကိုပဲ တွက်ချက်မိတတ်တယ်။ တကယ်တော့မဟုတ်ပါဘူး။ ဘုရားတတ်နိုင်တယ် ဆိုတာကို စိတ်ချပါ။ ဘုရားနောက်ကျတယ်ဆိုတာမရှိပါဘူး။ ဘုရားက ဘယ်အချိန်မဆို သူ့ဂတိအတိုင်းလုပ်ဖို့အတွက် တတ်နိုင်ပါတယ်။ ဒါကိုစွဲလန်းပါ စိတ်ချပါ။ သင့်ကိုဘုရားပေးတဲ့ဂတိတွေ မပြည့်မစုံမချင်း ဘုရားက လက်လျော့မှာမဟုတ်သလို သင်လည်းလက်မလျော့လိုက်ပါနဲ့။ ဖြစ်လာနိုင်ပါသေးတယ်။ မဖြစ်နိုင်တဲ့ အသက်အရွယ်မှာ မဖြစ်နိုင်တဲ့ သားဖွားခြင်းကို ဖြစ်စေခဲ့တဲ့ဘုရားက သင့်ဘ၀မှာလည်း မဖြစ်တဲ့အရာတွေ မွေးဖွားလာဖို့အတွက် သူလုပ်ပေးပါလိမ့်မယ်။



Zawgyi

ဘုရားသခင္ရဲ႕ ဂတိေတာ္

“ယုံ​မွား​ေသာ​စိတ္​ႏွင့္​ကင္း၍ ဘု​ရား​သ​ခင္၏ က​တိ​ေတာ္​ကို ေတြး​ေတာ​ျခင္း​မ​႐ွိ၊ ယုံ​ၾကည္​အား​ႀကီး​သ​ျဖင့္ ဘု​ရား​သ​ခင္​ကို ခ်ီး​မြမ္း၍၊- က​တိ​ထား​ေတာ္​မူ​ေသာ​သူ​သည္ က​တိ​ေတာ္​အ​တိုင္း တတ္​ႏိုင္​ေတာ္​မူ​သည္​ကို စိတ္​စြဲ​လမ္း​ေလ၏။-” (ေရာမ-၄:၂၀-၂၁)


ေတြးေတာျခင္းမ႐ွိ ခ်ီးမြမ္းျခင္း

ဂတိေပးထားတဲ့အတိုင္း မလုပ္ႏိုင္တာ မ်ားတဲ့လူ႕အသိုင္းအဝိုင္းမွာ ေမြးဖြားႀကီးျပင္းလာတဲ့အတြက္ တခါတေလ ဘုရားကိုလည္းဂတိေတာ္အတိုင္း ကိုယ့္ဘ၀မွာလုပ္ေပးပါ့မလားလို႔ စိုးရိမ္စိတ္ေတြျဖစ္တတ္ပါတယ္။ အထူးသျဖင့္ ဂတိေတာ္ေတြနဲ႔ ဆန္႔က်င္ဘက္အေျခအေနမ်ိဳးမွာ ႐ွင္သန္ရတဲ့အခ်ိန္ေတြမွာ ဆိုပိုဆိုးတယ္။ ဘုရားေပးတဲ့ ဂတိေတာ္ကို ေႏွာင့္ယွက္တာက အျခားအရာမဟုတ္ဘူး မျဖစ္ႏိုင္ေတာ့ဘူး၊ ဘုရားစြန္႔သြားၿပီဆိုတဲ့ မွားယြင္းတဲ့အေတြးအေခၚေတြပါပဲ။ ဆန္႔က်င္ဘက္အေတြးအေခၚေတြဝင္လာၿပီဆိုရင္ ယုံၾကည္ျခင္းေတြ ေပ်ာက္သြားၿပီး ဂတိေတာ္ေနရာမွာ စိတ္ဓါတ္က်မႈေတြက အစားထိုးဝင္ေရာက္လာတတ္တယ္။ ဒါေၾကာင့္ ႐ွင္ယာကုပ္က သတိေပးတယ္ ေတြးေတာျခင္းမ႐ွိပဲ ယုံၾကည္ရမယ္လို႔ဆိုတယ္။ ေတြးေတာျခင္း႐ွိရင္ ေလခတ္ၿပီးလႈပ္ ႐ွားတတ္တဲ့ လိႈင္းတံပိုးနဲ႔တူၿပီးေတာ့ ျပဳေလသမွ်မွာ မတည္ၾကည္တဲ့သူျဖစ္မယ္၊ ေနာက္ အဆိုးဆုံးကေတာ့ ဘုရားလက္ေတာ္မွ တစ္စုံတစ္ခုမွမရပဲ ဇာတ္သိမ္းသြားတာပါပဲ။ ဒါဆိုရင္ ဘုရားက ဂတိမတည္တာထက္ ေပးထားတဲ့ဂတိေတာ္အေပၚအျပည့္အ၀ မယုံၾကည္တာက ပိုခက္တယ္မဟုတ္ဘူးလား။ ဒါေၾကာင့္ ဂတိေတာ္ေတြအေပၚမွာ စိုးရိမ္ေနမယ့္အစား၊ ေတြးေတာေနမယ့္အစား ယုံၾကည္ျခင္းနဲ႔ ခ်ီးမြမ္းေနဖို႔ အေရးႀကီးတယ္။ ခ်ီးမြမ္းတဲ့သူတစ္ေယာက္ရဲ႕အသက္တာမွာ ဘုရားေပးတဲ့ဂတိေတာ္ေတြက အၿမဲသက္ဝင္လႈပ္႐ွားေနတယ္။


တတ္ႏိုင္တယ္လို႔စြဲလန္းျခင္း

အာျဗဟံရဲ႕ အသက္တာကိုၾကည့္မယ္ဆိုရင္ သူလည္းကေလးရဖို႔ မျဖစ္ႏိုင္ေတာ့သလို သူ႕ဇနီးစာရာလည္း မျဖစ္ႏိုင္ေတာ့ဘူး။ မျဖစ္ႏိုင္တဲ့လူႏွစ္ေယာက္စလုံး အေျခ အေန ေပၚမွာရပ္တည္ၿပီး စဥ္းစားရင္ ဘာမ်ားထပ္ျဖစ္ လာဖို႔႐ွိလာအုံးမွာလဲ။ သူကအဲ့ဒီအေပၚမွာ မစဥ္းစားမဆုံးျဖတ္ဘူး။ ဂတိထားတဲ့ ဘုရားတတ္ႏိုင္တယ္ဆိုတာကိုစိတ္စြဲလန္းတယ္။ အဲ့ဒီစိတ္ ဆြဲလန္းျခင္းက ဘယ္ ေလာက္ေတာင္ ႀကီးသလည္းဆိုရင္ သူတို႔ႏွစ္ေယာက္ရဲ႕မျဖစ္ႏိုင္တဲ့အေျခအေနေတြကို ေမ့သြားေလာက္တဲ့အထိ ေနရာယူခဲ့တယ္။ ဒါေၾကာင့္လည္း ဘုရားဂတိေတာ္အတိုင္းသူ႕တို႔ရဲ႕ နာမည္ေတြကိုလည္းေျပာင္းပစ္လိုက္တယ္။ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် မျဖစ္ႏိုင္ျခင္းက ပိုေသခ်ာလာေစေပမယ့္ သူကေတာ့ ဘုရားက အခ်ိန္ေတြ အေျခအေနေတြ အထက္မွာ အလုပ္လုပ္ႏိုင္တယ္ ဆိုတာကိုပဲ ပိုၿပီး စိတ္ခ်ေနေလရဲ႕။ တခါတေလ ကြၽန္ေတာ္တို႔စိတ္ထဲမွာ ငါေအာင္ျမင္ဖို႔၊ ငါေကာင္းႀကီးရဖို႔၊ တိုးတက္ဖို႔နဲ႔ ဂတိေတာ္ေတြျပည့္စုံဖို႔အတြက္ အခ်ိန္ေက်ာ္သြားၿပီလို႔ ထင္တတ္ၾကတယ္။ ဒီလိုအေျခအေနနဲ႔ ဒီလိုအခ်ိန္ႀကီးမွာ ဘယ္လို ျဖစ္ႏိုင္ေတာ့မွာလည္းလို႔ ေမးခြန္း ထုတ္ၿပီးေတာ့ ျဖစ္ႏိုင္ေျခေတြကိုပဲ တြက္ခ်က္မိတတ္တယ္။ တကယ္ေတာ့မဟုတ္ပါဘူး။ ဘုရားတတ္ႏိုင္တယ္ ဆိုတာကို စိတ္ခ်ပါ။ ဘုရားေနာက္က်တယ္ဆိုတာမ႐ွိပါဘူး။ ဘုရားက ဘယ္အခ်ိန္မဆို သူ႕ဂတိအတိုင္းလုပ္ဖို႔အတြက္ တတ္ႏိုင္ပါတယ္။ ဒါကိုစြဲလန္းပါ စိတ္ခ်ပါ။ သင့္ကိုဘုရားေပးတဲ့ဂတိေတြ မျပည့္မစုံမခ်င္း ဘုရားက လက္ေလ်ာ့မွာမဟုတ္သလို သင္လည္းလက္မေလ်ာ့လိုက္ပါနဲ႔။ ျဖစ္လာႏိုင္ပါေသးတယ္။ မျဖစ္ႏိုင္တဲ့ အသက္အ႐ြယ္မွာ မျဖစ္ႏိုင္တဲ့ သားဖြားျခင္းကို ျဖစ္ေစခဲ့တဲ့ဘုရားက သင့္ဘ၀မွာလည္း မျဖစ္တဲ့အရာေတြ ေမြးဖြားလာဖို႔အတြက္ သူလုပ္ေပးပါလိမ့္မယ္။

9 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube