Search
  • Than Min Htike

ဘုရားသခင်ရဲ့ဂတိတော် (၂)

“သင်​တို့​ရှိ​သ​မျှ​သည် ပျင်း​ရိ​ခြင်း​နှင့် ကင်း​လွတ်၍၊ ယုံ​ကြည်​ခြင်း​နှင့် သည်း​ခံ​ခြင်း​အား​ဖြင့် က​တိ​တော်​တို့​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​နည်း​တူ ကျင့်​နိုင်​မည်​အ​ကြောင်း၊ ထို​သို့​သော လုံ့​လ​ဝိ​ရိ​ယ​ကို ထုတ်၍၊ အ​ဆုံး​တိုင်​အောင် ယုံ​မှား​ခြင်း​နှင့် ကင်း​သော မျှော်​လ​င့်​ခြင်း​နှင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ငါ​တို့​သည် အ​လို​ရှိ​ကြ၏။” (ဟေဗြဲ-၆:၁၁-၁၂)


ပျင်းရိခြင်းနှင့်ကင်းလွတ်

ဘုရားပေးတဲ့ဂတိတော်တွေဟာ အချိန်တန်ရင် ငါ့ဘ၀ထဲကိုရောက်လာမှာပဲဆိုပြီးတော့ မှားယွင်းတဲ့အတွေး အခေါ်တွေနဲ့ ထိုင်စောင့်နေတဲ့သူတွေအတွက်မဟုတ်ဘူး။ ဘုရားကြီးကြီးမားမားအသုံးပြုတဲ့အထဲမှာ လူပျင်းတွေ မပါဘူး။ ခေတ်ကာလ အဆက်ဆက်မှာ ဘုရား အသုံးပြုတဲ့သူတွေက သူတို့ ရှိတဲ့နေရာ နယ်ပယ်တွေမှာအကောင်း ဆုံးလုပ်ဆောင်ခဲ့တယ်။ ဘုရားကသူ့တို့ဘ၀မှာ မဖြစ်နိုင်တဲ့အရာတွေကို ဂတိပေးသလို သူတို့ကလည်းအဲ့ဒီဂတိတော် ပေါ်မှာရပ်တည်ပြီးတော့ အကောင်းဆုံး အသက်ရှင်ရပ်တည်ခဲ့တယ်။ တချို့က ထင်တယ် ဘုရားဂတိတော်တွေငါတို့အပေါ်မှာ ရှိတာပဲ ဘာလိုသေးလည်း ဘာမှ လုပ်စရာမလိုပဲ အချိန်တန်ရင် အားလုံးဖြစ်လာမှာပဲဆိုပြီးတော့ ဘ၀ကိုပေါ့ပေါ့တန်တန် အသက်ရှင် တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး။ ဘုရားပေးတဲ့ဂတိတော်တွေက လူပျင်းတွေကို မွေးထုတ်ပေးဖို့လုံး၀ကိုမဟုတ်ဘူး။ ဘုရားပေးတဲ့ ဂတိတော်ကိုသိလေလေ အသက်တာမှာ ပျင်းရိခြင်းနဲ့ ကင်းလွတ်ပြီးတော့ ပိုမိုကြိုးစားချင်လာလေလေပါပဲ။ အောင်မြင်မယ်ဆိုတာသိမှတော့ ကိုယ်ဘက်ကနေ ပိုအားထုတ်ဖို့အတွက်တွန်းအား ဖြစ်လာစေတာပေါ့။ မသေချာတဲ့အရာတစ်ခုကို လုပ်နေတာမဟုတ်တဲ့အတွက် ဖြစ်ပါ့မလားဆိုတဲ့ သံသယ မရှိလေလေ ပိုပြီးလုပ်ဆောင်ဖို့ တွန်းအားဖြစ်စေလို့ပါပဲ။


အမွေခံရသောသူတွေနည်းတူ

ဂတိတော်ကတော့ ယုံကြည်သူတွေအားလုံးကို ပေးတာပါ။ အဲ့ဒီဂတိတော်ကိုအမွေခံရတဲ့သူတွေအသက်တာမှာတွေ့ရတဲ့ အသက်ရှင်မှုကိုတော့ သိဖို့လိုတယ်။ ပထမအချက်ကတော့ ယုံကြည်ခြင်းဖြစ်တယ်။ ယုံကြည်ခြင်းက သင့်ကို ဂတိတော်ပြည့်စုံဖို့အတွက် မရှိမဖြစ်တဲ့အရာတွေထဲကတစ်ခု။ဘုရားက ယုံကြည်ခြင်းမရှိတဲ့သူတွေနဲ့ဘယ်တော့မှ အလုပ်မလုပ်သလို၊ ယုံကြည်ခြင်းမရှိတဲ့သူတွေက ဘုရားဆီက ရစရာဘာတစ်ခုမှမရှိဘူး။ နောက်တစ်ခုကတော့သည်းခံခြင်းပါ။ တချို့အရာတွေက ချက်ခြင်းဖြစ်လာ တာရှိသလို အချို့အရာတွေကတော့အချိန်စောင့်ရတာတွေလည်းရှိတယ်။ အဲ့ဒီနေရာမှာ သည်းခံခြင်းနဲ့ စောင့်ဆိုင်းတတ်တဲ့သူက ပန်းတိုင်ကိုရောက်သလိုပါပဲ။ ဂတိတော်ထားတဲ့အတိုင်း ပြည့်စုံဖို့အတွက် သည်းခံခြင်းက မရှိမဖြစ်လိုအပ်ချက်ပင်။ အာဗြဟံ ဘ၀မှာလည်း ဘုရားပေးတဲ့ဂတိတော်ပြည့်စုံဖို့ (၂၅)နှစ် သည်းခံစောင့်ဆိုင်းရသလို၊ ယောသပ် အသက်တာမှာလည်း အိမ်မက် ပြည့်စုံဖို့အတွက် (၁၃) နှစ်စောင့်ခဲ့ရတယ်။ အဲ့ဒီလိုစောင့်ရင်းနဲ့ ဘုရားပေးတွေ့တဲ့အရာတွေကို သည်းခံရင်းနဲ့ ရင်ဆိုင်ဖြတ်ကျော်ခဲ့တယ်မဟုတ်လား။ တတိယတစ်ချက်ကတော့ လုံလဝိရိယ ထုတ်ခြင်းပါ။ ဘ၀မှာ ဂတိတော်ကိုကိုင်ဆွဲပြီးတော့ ဘုရားပေးကြုံတဲ့အရာတွေကိုအကောင်းဆုံး တုန့်ပြန်လုပ်ဆောင်ခြင်းကိုဆိုလိုပါတယ်။ အချိန်တန်ရင်ဖြစ်လာမှာပဲဆိုပြီး အိပ်နေရုံနဲ့တော့ ဘုရားဂတိတော်တွေက အတောင်ပံ ပေါက်ပြီးသင့်ဆီရောက်လာမှာ မဟုတ်ပါဘူး။ လက်ရှိကြုံနေရတဲ့အရာပေါ်မှာ ဇွဲရှိရှိနဲ့ အဆုံးတိုင်အောင် အကောင်းဆုံးတုန့်ပြန်ဖို့၊ သင့်ဘက်ကနေ အကောင်းဆုံးလုပ်ဆောင်ဖို့ ဘုရား အလိုတော်ရှိပါတယ်။ တချို့က အကောင်းဆုံး ဂတိတော်တွေကိုပိုင်ဆိုင်ချင်ပေမယ့် ကိုယ်လုပ်ရမယ့်ကဏ္ဍတွေမှာ အကောင်းဆုံးလုပ်ဖို့အတွက်တော့ဆန္ဒမရှိကြဘူး။ ဘာပဲလုပ်လုပ် အကောင်းဆုံး လုပ်ဆောင်မယ်၊မှန်ကန်တဲ့ စိတ်ဆန္ဒနဲ့သာ လုပ်မယ်ဆိုရင် အကောင်းဆုံး ဂတိတော်ပြည့်စုံခြင်းက သင့်ဘ၀ထဲမှာ နေရာ ယူလာပါလိမ့်မယ်။



Zawgyi

ဘုရားသခင္ရဲ႕ဂတိေတာ္ (၂)

“သင္​တို႔​႐ွိ​သ​မွ်​သည္ ပ်င္း​ရိ​ျခင္း​ႏွင့္ ကင္း​လြတ္၍၊ ယုံ​ၾကည္​ျခင္း​ႏွင့္ သည္း​ခံ​ျခင္း​အား​ျဖင့္ က​တိ​ေတာ္​တို႔​ကို အ​ေမြ​ခံ​ရ​ေသာ​သူ​တို႔​နည္း​တူ က်င့္​ႏိုင္​မည္​အ​ေၾကာင္း၊ ထို​သို႔​ေသာ လုံ႔​လ​ဝိ​ရိ​ယ​ကို ထုတ္၍၊ အ​ဆုံး​တိုင္​ေအာင္ ယုံ​မွား​ျခင္း​ႏွင့္ ကင္း​ေသာ ေမွ်ာ္​လ​င့္​ျခင္း​ႏွင့္ ျပည့္​စုံ​ေစ​ျခင္း​ငွာ ငါ​တို႔​သည္ အ​လို​႐ွိ​ၾက၏။” (ေဟၿဗဲ-၆:၁၁-၁၂)


ပ်င္းရိျခင္းႏွင့္ကင္းလြတ္

ဘုရားေပးတဲ့ဂတိေတာ္ေတြဟာ အခ်ိန္တန္ရင္ ငါ့ဘ၀ထဲကိုေရာက္လာမွာပဲဆိုၿပီးေတာ့ မွားယြင္းတဲ့အေတြး အေခၚေတြနဲ႔ ထိုင္ေစာင့္ေနတဲ့သူေတြအတြက္မဟုတ္ဘူး။ ဘုရားႀကီးႀကီးမားမားအသုံးျပဳတဲ့အထဲမွာ လူပ်င္းေတြ မပါဘူး။ ေခတ္ကာလ အဆက္ဆက္မွာ ဘုရား အသုံးျပဳတဲ့သူေတြက သူတို႔ ႐ွိတဲ့ေနရာ နယ္ပယ္ေတြမွာအေကာင္း ဆုံးလုပ္ေဆာင္ခဲ့တယ္။ ဘုရားကသူ႕တို႔ဘ၀မွာ မျဖစ္ႏိုင္တဲ့အရာေတြကို ဂတိေပးသလို သူတို႔ကလည္းအဲ့ဒီဂတိေတာ္ ေပၚမွာရပ္တည္ၿပီးေတာ့ အေကာင္းဆုံး အသက္႐ွင္ရပ္တည္ခဲ့တယ္။ တခ်ိဳ႕က ထင္တယ္ ဘုရားဂတိေတာ္ေတြငါတို႔အေပၚမွာ ႐ွိတာပဲ ဘာလိုေသးလည္း ဘာမွ လုပ္စရာမလိုပဲ အခ်ိန္တန္ရင္ အားလုံးျဖစ္လာမွာပဲဆိုၿပီးေတာ့ ဘ၀ကိုေပါ့ေပါ့တန္တန္ အသက္႐ွင္ တတ္ၾကတယ္။ တကယ္ေတာ့မဟုတ္ပါဘူး။ ဘုရားေပးတဲ့ဂတိေတာ္ေတြက လူပ်င္းေတြကို ေမြးထုတ္ေပးဖို႔လုံး၀ကိုမဟုတ္ဘူး။ ဘုရားေပးတဲ့ ဂတိေတာ္ကိုသိေလေလ အသက္တာမွာ ပ်င္းရိျခင္းနဲ႔ ကင္းလြတ္ၿပီးေတာ့ ပိုမိုႀကိဳးစားခ်င္လာေလေလပါပဲ။ ေအာင္ျမင္မယ္ဆိုတာသိမွေတာ့ ကိုယ္ဘက္ကေန ပိုအားထုတ္ဖို႔အတြက္တြန္းအား ျဖစ္လာေစတာေပါ့။ မေသခ်ာတဲ့အရာတစ္ခုကို လုပ္ေနတာမဟုတ္တဲ့အတြက္ ျဖစ္ပါ့မလားဆိုတဲ့ သံသယ မ႐ွိေလေလ ပိုၿပီးလုပ္ေဆာင္ဖို႔ တြန္းအားျဖစ္ေစလို႔ပါပဲ။


အေမြခံရေသာသူေတြနည္းတူ

ဂတိေတာ္ကေတာ့ ယုံၾကည္သူေတြအားလုံးကို ေပးတာပါ။ အဲ့ဒီဂတိေတာ္ကိုအေမြခံရတဲ့သူေတြအသက္တာမွာေတြ႕ရတဲ့ အသက္႐ွင္မႈကိုေတာ့ သိဖို႔လိုတယ္။ ပထမအခ်က္ကေတာ့ ယုံၾကည္ျခင္းျဖစ္တယ္။ ယုံၾကည္ျခင္းက သင့္ကို ဂတိေတာ္ျပည့္စုံဖို႔အတြက္ မ႐ွိမျဖစ္တဲ့အရာေတြထဲကတစ္ခု။ဘုရားက ယုံၾကည္ျခင္းမ႐ွိတဲ့သူေတြနဲ႔ဘယ္ေတာ့မွ အလုပ္မလုပ္သလို၊ ယုံၾကည္ျခင္းမ႐ွိတဲ့သူေတြက ဘုရားဆီက ရစရာဘာတစ္ခုမွမ႐ွိဘူး။ ေနာက္တစ္ခုကေတာ့သည္းခံျခင္းပါ။ တခ်ိဳ႕အရာေတြက ခ်က္ျခင္းျဖစ္လာ တာ႐ွိသလို အခ်ိဳ႕အရာေတြကေတာ့အခ်ိန္ေစာင့္ရတာေတြလည္း႐ွိတယ္။ အဲ့ဒီေနရာမွာ သည္းခံျခင္းနဲ႔ ေစာင့္ဆိုင္းတတ္တဲ့သူက ပန္းတိုင္ကိုေရာက္သလိုပါပဲ။ ဂတိေတာ္ထားတဲ့အတိုင္း ျပည့္စုံဖို႔အတြက္ သည္းခံျခင္းက မ႐ွိမျဖစ္လိုအပ္ခ်က္ပင္။ အာျဗဟံ ဘ၀မွာလည္း ဘုရားေပးတဲ့ဂတိေတာ္ျပည့္စုံဖို႔ (၂၅)ႏွစ္ သည္းခံေစာင့္ဆိုင္းရသလို၊ ေယာသပ္ အသက္တာမွာလည္း အိမ္မက္ ျပည့္စုံဖို႔အတြက္ (၁၃) ႏွစ္ေစာင့္ခဲ့ရတယ္။ အဲ့ဒီလိုေစာင့္ရင္းနဲ႔ ဘုရားေပးေတြ႕တဲ့အရာေတြကို သည္းခံရင္းနဲ႔ ရင္ဆိုင္ျဖတ္ေက်ာ္ခဲ့တယ္မဟုတ္လား။ တတိယတစ္ခ်က္ကေတာ့ လုံလဝိရိယ ထုတ္ျခင္းပါ။ ဘ၀မွာ ဂတိေတာ္ကိုကိုင္ဆြဲၿပီးေတာ့ ဘုရားေပးၾကဳံတဲ့အရာေတြကိုအေကာင္းဆုံး တုန္႔ျပန္လုပ္ေဆာင္ျခင္းကိုဆိုလိုပါတယ္။ အခ်ိန္တန္ရင္ျဖစ္လာမွာပဲဆိုၿပီး အိပ္ေန႐ုံနဲ႔ေတာ့ ဘုရားဂတိေတာ္ေတြက အေတာင္ပံ ေပါက္ၿပီးသင့္ဆီေရာက္လာမွာ မဟုတ္ပါဘူး။ လက္႐ွိၾကဳံေနရတဲ့အရာေပၚမွာ ဇြဲ႐ွိ႐ွိနဲ႔ အဆုံးတိုင္ေအာင္ အေကာင္းဆုံးတုန္႔ျပန္ဖို႔၊ သင့္ဘက္ကေန အေကာင္းဆုံးလုပ္ေဆာင္ဖို႔ ဘုရား အလိုေတာ္႐ွိပါတယ္။ တခ်ိဳ႕က အေကာင္းဆုံး ဂတိေတာ္ေတြကိုပိုင္ဆိုင္ခ်င္ေပမယ့္ ကိုယ္လုပ္ရမယ့္က႑ေတြမွာ အေကာင္းဆုံးလုပ္ဖို႔အတြက္ေတာ့ဆႏၵမ႐ွိၾကဘူး။ ဘာပဲလုပ္လုပ္ အေကာင္းဆုံး လုပ္ေဆာင္မယ္၊မွန္ကန္တဲ့ စိတ္ဆႏၵနဲ႔သာ လုပ္မယ္ဆိုရင္ အေကာင္းဆုံး ဂတိေတာ္ျပည့္စုံျခင္းက သင့္ဘ၀ထဲမွာ ေနရာ ယူလာပါလိမ့္မယ္။

7 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube