- Than Min Htike
ဘုရားသခင်ရဲ့ဂတိတော် (၃)
“လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံတော်မူ၏။-”(၂ပေ-၃:၉)
မနှေးပါဘူး
အရာရာကိုမြန်မြန်ကြီးလုပ်နေတဲ့ခေတ်မှာ လူတွေကနှေးတာကို သဘောမကျ လက်မခံချင်တော့ဘူး။ မြန်မြန်စားလို့ရတဲ့အစားအစာတွေ၊ အင်တာနက်မြန်နှုန်းမြင့်တွေ ခေတ်စားလာတဲ့အမျှ အရာရာကို မြန်မြန်ပဲ ဖြစ်ချင် လုပ်ချင်လာတာ လူ့သဘာ၀လိုဖြစ်လာတယ်။ ဘုရားနဲ့အလုပ်လုပ်တဲ့အခါမှာတော့ ဘုရားအချိန်ကိုက် လုပ်ဆောင်တတ်ခြင်းက သိပ်ကိုအရေးကြီးတယ်။ ဘုရားက အရာရာကို အကောင်းဆုံး ဘက်ပေါင်းစုံလိုအပ်ချက်မရှိအောင် လုပ်ဆောင်တတ်သူပါ။ နောက် ဘုရားက လူတစ်ဦးတစ်ယောက်ထဲနဲ့ပဲ လုပ်ဆောင်တာ မဟုတ်သလို၊ ရှုထောင့်တစ်ခုထဲကနေပဲ ကြည့်ပြီးလုပ်ဆောင်တတ်သူ မဟုတ်ဘူး။ ဘုရားဂတိတော် ပြည့်စုံလာတဲ့အချိန်ဟာ အားလုံးအတွက် အချိန်ကိုက် အကောင်းဆုံးဖြစ်နေလေ့ရှိတယ်။ ဒါကြောင့် ဘုရားကိုစိတ်ချပါ သူဂတိပေးထားပြီးရင် အကောင်းဆုံးအချိန်မှာ အဲ့ဒီဂတိတော်ဟာ ပြည့်စုံလာမှာပါ။ အာဗြဟံနဲ့စာရာကို သားပေးဖို့ဘုရားက ဂတိပေးထားတယ်။ ဒါပေမယ့် (၂၅)နှစ်တိုင်အောင် စောင့်ရတယ်။ ဘာဖြစ်လို့များ အဲ့ဒီလိုစောင့်ရတာလဲ။ အဲ့ဒီကြားထဲမှာ အာဗြဟံကို စာရာက စိတ်မရှည်တော့တဲ့ အတွက် သူ့ကျွန်မနဲ့ ကလေးမွေးဖို့အကြံပေးတယ်။ ဘုရားဂတိတော်နှေးတယ်လို့ခံစားရလို့ပါ။ ဒါကြောင့်ပိုမြန်သွားအောင် တဖက်တစ်လမ်းက အကောင်အထည်ဖေါ်
ဖို့ကြိုးစားတယ်။ အဲ့ဒီအချိန်မှာ အာဗြဟံက ကလေးမွေးနိုင်တယ်ဆိုတော့ ကလေးရဖို့လိုအပ်ချက်က စာရာဆီမှာရှိတယ်ဆိုတာတွေ့ရတယ်။ ဒါကိုသူလည်းသိတဲ့ပုံပဲ။ သူ့အားနည်းချက်ပေါ်မှာ ဂတိတော်ရောက်လာပြီးပြည့်စုံမယ့်နေ့ထက် ကိုယ့်နည်းကိုယ့်လမ်းနဲ့ ဘုရားဂတိတော်ပြည့်စုံဖို့ ကြိုးစားတဲ့အခါမှာ ဝမ်းမြောက်စရာတွေထက် ဝမ်းနည်းစရာတွေက မိသားစုမှာ နေရာယူလာတယ်။ နောက်ဆုံး အာဗြဟံရော စာရာဆီမှာရော လူ့အနေနဲ့ မျှော်လင့်ချက်တွေအဆုံးသတ်တဲ့အချိန်ရောက်လာတယ်။ အာဗြဟံလည်း ကလေးမရနိုင်တော့သလို စာရာလည်းဘယ်လိုမှ ကလေးမရနိုင်တော့ဘူး။ အဲ့ဒီလိုအချိန်မှာမှ ဘုရားရဲ့ ဂတိတော်က သူတို့ အပေါ်မှာ သက်ဝင်လှုပ်ရှားလာတယ်။ ဘုရားဂတိတော်ဆိုတာ လူ့အစွမ်းအစနဲ့ ပြည့်စုံစေနိုင်တဲ့အရာမဟုတ်ဘူးဆိုတာကို ဘုရားက သိစေချင်တယ်။ လူ့ဘက်ကနေ ဘာမှ မလုပ်ရတာတော့မဟုတ်ပေမယ့် လူ့အစွမ်းအစနဲ့မဆိုင်ပဲ
ဂတိပေးထားတဲ့ ဘုရားရဲ့ တန်ခိုးတော်အားဖြင့်သာ အချိန်ရောက်တဲ့အခါမှာ ပြည့်စုံလာခြင်းပါ။ ဒါကြောင့် ဘယ်လိုအခြေအနေ ရှိရှိ၊ ဘယ်လောက်ပဲ ဖြစ်နိုင်ဖို့ ခက်ခဲနေခက်ခဲနေ ဘုရားဂတိတော်ကတော့အချိန်တန်ရင် ပြည့်စုံလာမှာသေချာသလို ဘယ်တော့မှလည်းနောက်ကျမှာမဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့။

Zawgyi
ဘုရားသခင္ရဲ႕ဂတိေတာ္ (၃)
“လူအခ်ိဳ႕တို႔သည္၊ ေႏွးျခင္းကိုမွတ္သည္အတိုင္း၊ ထာဝရဘုရားသည္ ကတိေတာ္အရာမွာ ေႏွးေတာ္မမူ။ ငါတို႔တြင္ အဘယ္သူမွ် မပ်က္စီးဘဲ၊ ႐ွိသမွ်တို႔သည္ ေနာင္တရေစျခင္းငွာ အလိုေတာ္႐ွိ၍၊ ငါတို႔ကို သည္းခံေတာ္မူ၏။-”(၂ေပ-၃:၉)
မေႏွးပါဘူး
အရာရာကိုျမန္ျမန္ႀကီးလုပ္ေနတဲ့ေခတ္မွာ လူေတြကေႏွးတာကို သေဘာမက် လက္မခံခ်င္ေတာ့ဘူး။ ျမန္ျမန္စားလို႔ရတဲ့အစားအစာေတြ၊ အင္တာနက္ျမန္ႏႈန္းျမင့္ေတြ ေခတ္စားလာတဲ့အမွ် အရာရာကို ျမန္ျမန္ပဲ ျဖစ္ခ်င္ လုပ္ခ်င္လာတာ လူ႕သဘာ၀လိုျဖစ္လာတယ္။ ဘုရားနဲ႔အလုပ္လုပ္တဲ့အခါမွာေတာ့ ဘုရားအခ်ိန္ကိုက္ လုပ္ေဆာင္တတ္ျခင္းက သိပ္ကိုအေရးႀကီးတယ္။ ဘုရားက အရာရာကို အေကာင္းဆုံး ဘက္ေပါင္းစုံလိုအပ္ခ်က္မ႐ွိေအာင္ လုပ္ေဆာင္တတ္သူပါ။ ေနာက္ ဘုရားက လူတစ္ဦးတစ္ေယာက္ထဲနဲ႔ပဲ လုပ္ေဆာင္တာ မဟုတ္သလို၊ ႐ႈေထာင့္တစ္ခုထဲကေနပဲ ၾကည့္ၿပီးလုပ္ေဆာင္တတ္သူ မဟုတ္ဘူး။ ဘုရားဂတိေတာ္ ျပည့္စုံလာတဲ့အခ်ိန္ဟာ အားလုံးအတြက္ အခ်ိန္ကိုက္ အေကာင္းဆုံးျဖစ္ေနေလ့႐ွိတယ္။ ဒါေၾကာင့္ ဘုရားကိုစိတ္ခ်ပါ သူဂတိေပးထားၿပီးရင္ အေကာင္းဆုံးအခ်ိန္မွာ အဲ့ဒီဂတိေတာ္ဟာ ျပည့္စုံလာမွာပါ။ အာျဗဟံနဲ႔စာရာကို သားေပးဖို႔ဘုရားက ဂတိေပးထားတယ္။ ဒါေပမယ့္ (၂၅)ႏွစ္တိုင္ေအာင္ ေစာင့္ရတယ္။ ဘာျဖစ္လို႔မ်ား အဲ့ဒီလိုေစာင့္ရတာလဲ။ အဲ့ဒီၾကားထဲမွာ အာျဗဟံကို စာရာက စိတ္မ႐ွည္ေတာ့တဲ့ အတြက္ သူ႕ကြၽန္မနဲ႔ ကေလးေမြးဖို႔အၾကံေပးတယ္။ ဘုရားဂတိေတာ္ေႏွးတယ္လို႔ခံစားရလို႔ပါ။ ဒါေၾကာင့္ပိုျမန္သြားေအာင္ တဖက္တစ္လမ္းက အေကာင္အထည္ေဖၚ
ဖို႔ႀကိဳးစားတယ္။ အဲ့ဒီအခ်ိန္မွာ အာျဗဟံက ကေလးေမြးႏိုင္တယ္ဆိုေတာ့ ကေလးရဖို႔လိုအပ္ခ်က္က စာရာဆီမွာ႐ွိတယ္ဆိုတာေတြ႕ရတယ္။ ဒါကိုသူလည္းသိတဲ့ပုံပဲ။ သူ႕အားနည္းခ်က္ေပၚမွာ ဂတိေတာ္ေရာက္လာၿပီးျပည့္စုံမယ့္ေန႔ထက္ ကိုယ့္နည္းကိုယ့္လမ္းနဲ႔ ဘုရားဂတိေတာ္ျပည့္စုံဖို႔ ႀကိဳးစားတဲ့အခါမွာ ဝမ္းေျမာက္စရာေတြထက္ ဝမ္းနည္းစရာေတြက မိသားစုမွာ ေနရာယူလာတယ္။ ေနာက္ဆုံး အာျဗဟံေရာ စာရာဆီမွာေရာ လူ႕အေနနဲ႔ ေမွ်ာ္လင့္ခ်က္ေတြအဆုံးသတ္တဲ့အခ်ိန္ေရာက္လာတယ္။ အာျဗဟံလည္း ကေလးမရႏိုင္ေတာ့သလို စာရာလည္းဘယ္လိုမွ ကေလးမရႏိုင္ေတာ့ဘူး။ အဲ့ဒီလိုအခ်ိန္မွာမွ ဘုရားရဲ႕ ဂတိေတာ္က သူတို႔ အေပၚမွာ သက္ဝင္လႈပ္႐ွားလာတယ္။ ဘုရားဂတိေတာ္ဆိုတာ လူ႕အစြမ္းအစနဲ႔ ျပည့္စုံေစႏိုင္တဲ့အရာမဟုတ္ဘူးဆိုတာကို ဘုရားက သိေစခ်င္တယ္။ လူ႕ဘက္ကေန ဘာမွ မလုပ္ရတာေတာ့မဟုတ္ေပမယ့္ လူ႕အစြမ္းအစနဲ႔မဆိုင္ပဲ
ဂတိေပးထားတဲ့ ဘုရားရဲ႕ တန္ခိုးေတာ္အားျဖင့္သာ အခ်ိန္ေရာက္တဲ့အခါမွာ ျပည့္စုံလာျခင္းပါ။ ဒါေၾကာင့္ ဘယ္လိုအေျခအေန ႐ွိ႐ွိ၊ ဘယ္ေလာက္ပဲ ျဖစ္ႏိုင္ဖို႔ ခက္ခဲေနခက္ခဲေန ဘုရားဂတိေတာ္ကေတာ့အခ်ိန္တန္ရင္ ျပည့္စုံလာမွာေသခ်ာသလို ဘယ္ေတာ့မွလည္းေနာက္က်မွာမဟုတ္ဘူးဆိုတာကို မေမ့ပါနဲ႔။