- Than Min Htike
ဘုရားသခင်ရဲ့ဂတိတော် (၄)
“ထိုကြောင့် ချစ်သူတို့၊ ထိုကတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။”(၂ကော-၇:၁)
မဆိုင်သလိုမနေနဲ့
နှုတ်ကပတ်တော်ထဲမှာ ဘုရားပေးထားတဲ့ဂတိတော်များထောင်နဲ့ သောင်းနဲ့ချီပြီးတော့ရှိတယ်။ များလွန်းလို့ တခါတလေ ယုံတောင်မယုံနိုင်တဲ့အချိန်တွေရှိတယ်။ ဒီလောက်များတဲ့ဂတိတော်တွေဟာ မစားရ၀ခမန်း လူတွေကို သရေကျအောင်ပဲ ပြောတာတော့ မဟုတ်ပါဘူး။ လူတိုင်းကို ဘုရားက ခံစားစေချင်လွန်းလို့ ပေးထားတဲ့ဂတိတော်တွေပါ။ ဒါဆိုရင် ဒီဂတိတော်တွေဟာ ကိုယ်နဲ့ဆိုင်တယ်လို့ ယုံကြည်မှုရှိရင်တော့ အသက်ရှင်မှုကိုသတိ ထားစေချင်တယ်။ ဂတိတော်များစွာပေးထားပေမယ့် တချို့ကကိုယ်နဲ့မဆိုင်သလို ဘာမှပတ်သက်မှုမရှိသလို နေထိုင်ကြတယ်။ ကိုယ့်အတွက် ဂတိတော်များရှိတယ်ဆိုတာကို ယုံတယ်ဆိုရင်ဖြစ်သလိုအသက်မရှင်ပဲ အသက်တာကို ဆက်ကပ်အပ်နှံပြီး ဘုရားနှစ်သက်သောအသက်တာနှင့်ရှင်သန်သင့်တယ်မဟုတ်လား။ ဂတိတော်နှင့်ဆိုင်တဲ့ သူတွေအသက်ရှင်သင့်တဲ့ပုံစံကို တမန်တော်ကြီး
ပေါလုက ဒီလိုလေး ဖွင့်ပြခဲ့တယ်။
အညစ်ကြေးရှိသမျှနဲ့ ကင်းအောင်နေ
တမန်တော်ကြီးကတော့ ကိုယ်ကာယ အညစ်ကြေးနဲ့ စိတ်ဝိညာဉ် အညစ်ကြေးနှစ်ခုလုံးကို အသက်တာမှာ ခွင့်မပြုဖို့ သတိပေးတယ်၊ (ဧဖက် ၂း၃) မှာတော့ ကိုယ်ကာ ယအလို၊ စိတ်အလိုလိုက်ပြီး ညစ်ညူးမှုထဲမှာအသက်ရှင်တဲ့သူတွေက အမျက်တော်ကိုခံဖို့ဖြစ်တယ်လို့ပေါလုကသတိပေးထားတယ်။ ဒါကြောင့် ဘုရားပေးတဲ့ဂတိတော်တွေထဲကို မဝင်ရပဲ အမျက်တော်ထဲမှာပဲ ရှင်သန်ခြင်းရဲ့အဓိကအချက်လို့ဆိုချင်တယ်။ ဘုရားဂတိတော်ဟာသင့်အတွက်လို့ အကြွင်းမဲ့ယုံတယ်ဆိုရင် အညစ်အကြေးရှိသမျှနဲ့ ကင်းအောင်နေဖို့တော့ဂရုစိုက်ရမယ်။
ဘုရားကိုကြောက်ရွံ့ပြီးသန့်ရှင်းခြင်း
အဲဂုတ္တုကနေ နိမိတ်လက္ခဏာတွေနဲ့ ခေါ်ထုတ်ခြင်းခံရတဲ့ ဣသရေလလူမျိုးတွေကိုကြည့်တဲ့အခါမှာ ဒီလောက်ကောင်းတဲ့ ဂတိတော်လမ်းကြောင်းထဲရှိတာတောင်မှ သူတို့ဟာ အကြိမ်ကြိမ်ဘုရားကိုစုံစမ်းကြတယ်။ ပြစ်မှားကြတယ်။ အဆိုးဆုံးကတော့ မှားယွင်းတဲ့ကိုးကွယ်မှုတွေနဲ့ ကိုယ့်ဟာကိုယ်စိတ်ကူးတည့်တဲ့အတိုင်း အသက်ရှင်တာပါပဲ။ ဘုရားက သူတို့ကို နည်းလမ်းပေါင်းစုံနဲ့ ဆွဲခေါ်ပေ မယ့် သူတို့က ဘုရားကိုအကြိမ်ကြိမ် ပြစ်မှားကြတယ်။ နောက် ဘုရားအပေါ်မှာ ကြောက်ရွံ့ရိုသေတဲ့စိတ် လုံး၀မရှိဘူး။ ဘုရားဂတိတော်ထက် အခြေအနေတွေကိုပဲ မြင်ပြီးတော့ ဘုရားကိုပုန်ကန်ခဲ့တယ်။ နောက်ဆုံးရလဒ်ကဘာလဲ လက်တစ်ကမ်းအလိုက ဂတိတော်ကိုလက်လွှတ်လိုက်ရတာပါပဲ။ တောထဲမှာ အချိန်မကုန်သင့်ပဲ ကုန်ပြီးတော့ နောက်ဆုံး ဂတိတော် မြေကိုခြေမချလိုက်ရတာပါပဲ။ တကယ်တော့ ဘုရားပေးတဲ့ဂတိတော်တွေက ကျွန် တော်တို့လက်တကမ်းမှာပဲရှိပါတယ်။ ဒါကို ခံစားချင်တယ်ဆိုရင် ဘုရားကိုကြောက်ရွံ့ပြီး သန့်ရှင်းခြင်းကို ဂရုစိုက်ဖိို့ပါ။ နေချင်သလိုနေပြီးတော့ ဘုရားပေးတဲ့ ဂတိတော်အပေါ်မှာ ခြေချရမယ်လို့စိတ်မကူးပါနဲ့။ ဘုရားက သူရဲ့ဂတိတော်ထဲကို အသက်တာအကောင်းဆုံးပြင်ဆင်နေတဲ့သူတွေကိုခြေချ ခွင့်ပေးမှာဖြစ်ပြီးတော့ ကျန်တဲ့သူတွေကတော့ တောထဲမှာပဲ တဝဲဝဲလည်နေအုံးမှာပါပဲ။ အသက်တာကိုအကောင်းဆုံးပြင်ဆင်အသက်ရှင်တဲ့နေ့က အကောင်းဆုံး ဂတိတော်ထဲကိုခြေချခွင့်ရတဲ့နေ့ပါပဲ။

Zawgyi
ဘုရားသခင္ရဲ႕ဂတိေတာ္ (၄)
“ထိုေၾကာင့္ ခ်စ္သူတို႔၊ ထိုကတိေတာ္မ်ားႏွင့္ ငါတို႔သည္ ဆိုင္ၾကသည္ျဖစ္၍၊ ကိုယ္ခႏၶာ၏ အညစ္အေၾကး၊ စိတ္ဝိညာဥ္၏ အညစ္အေၾကး႐ွိသမွ်တို႔ႏွင့္ ကိုယ္ကိုကိုယ္ကင္းစင္ေစလ်က္၊ ဘုရားသခင္ကို ေၾကာက္႐ြံ႕၍ သန္႔႐ွင္းျခင္းပါရမီႏွင့္ ျပည့္စုံၾကကုန္အံ့။”(၂ေကာ-၇:၁)
မဆိုင္သလိုမေနနဲ႔
ႏႈတ္ကပတ္ေတာ္ထဲမွာ ဘုရားေပးထားတဲ့ဂတိေတာ္မ်ားေထာင္နဲ႔ ေသာင္းနဲ႔ခ်ီၿပီးေတာ့႐ွိတယ္။ မ်ားလြန္းလို႔ တခါတေလ ယုံေတာင္မယုံႏိုင္တဲ့အခ်ိန္ေတြ႐ွိတယ္။ ဒီေလာက္မ်ားတဲ့ဂတိေတာ္ေတြဟာ မစားရ၀ခမန္း လူေတြကို သေရက်ေအာင္ပဲ ေျပာတာေတာ့ မဟုတ္ပါဘူး။ လူတိုင္းကို ဘုရားက ခံစားေစခ်င္လြန္းလို႔ ေပးထားတဲ့ဂတိေတာ္ေတြပါ။ ဒါဆိုရင္ ဒီဂတိေတာ္ေတြဟာ ကိုယ္နဲ႔ဆိုင္တယ္လို႔ ယုံၾကည္မႈ႐ွိရင္ေတာ့ အသက္႐ွင္မႈကိုသတိ ထားေစခ်င္တယ္။ ဂတိေတာ္မ်ားစြာေပးထားေပမယ့္ တခ်ိဳ႕ကကိုယ္နဲ႔မဆိုင္သလို ဘာမွပတ္သက္မႈမ႐ွိသလို ေနထိုင္ၾကတယ္။ ကိုယ့္အတြက္ ဂတိေတာ္မ်ား႐ွိတယ္ဆိုတာကို ယုံတယ္ဆိုရင္ျဖစ္သလိုအသက္မ႐ွင္ပဲ အသက္တာကို ဆက္ကပ္အပ္ႏွံၿပီး ဘုရားႏွစ္သက္ေသာအသက္တာႏွင့္႐ွင္သန္သင့္တယ္မဟုတ္လား။ ဂတိေတာ္ႏွင့္ဆိုင္တဲ့ သူေတြအသက္႐ွင္သင့္တဲ့ပုံစံကို တမန္ေတာ္ႀကီး
ေပါလုက ဒီလိုေလး ဖြင့္ျပခဲ့တယ္။
အညစ္ေၾကး႐ွိသမွ်နဲ႔ ကင္းေအာင္ေန
တမန္ေတာ္ႀကီးကေတာ့ ကိုယ္ကာယ အညစ္ေၾကးနဲ႔ စိတ္ဝိညာဥ္ အညစ္ေၾကးႏွစ္ခုလုံးကို အသက္တာမွာ ခြင့္မျပဳဖို႔ သတိေပးတယ္၊ (ဧဖက္ ၂း၃) မွာေတာ့ ကိုယ္ကာ ယအလို၊ စိတ္အလိုလိုက္ၿပီး ညစ္ညဴးမႈထဲမွာအသက္႐ွင္တဲ့သူေတြက အမ်က္ေတာ္ကိုခံဖို႔ျဖစ္တယ္လို႔ေပါလုကသတိေပးထားတယ္။ ဒါေၾကာင့္ ဘုရားေပးတဲ့ဂတိေတာ္ေတြထဲကို မဝင္ရပဲ အမ်က္ေတာ္ထဲမွာပဲ ႐ွင္သန္ျခင္းရဲ႕အဓိကအခ်က္လို႔ဆိုခ်င္တယ္။ ဘုရားဂတိေတာ္ဟာသင့္အတြက္လို႔ အႂကြင္းမဲ့ယုံတယ္ဆိုရင္ အညစ္အေၾကး႐ွိသမွ်နဲ႔ ကင္းေအာင္ေနဖို႔ေတာ့ဂ႐ုစိုက္ရမယ္။
ဘုရားကိုေၾကာက္႐ြံ႕ၿပီးသန္႔႐ွင္းျခင္း
အဲဂုတၱဳကေန နိမိတ္လကၡဏာေတြနဲ႔ ေခၚထုတ္ျခင္းခံရတဲ့ ဣသေရလလူမ်ိဳးေတြကိုၾကည့္တဲ့အခါမွာ ဒီေလာက္ေကာင္းတဲ့ ဂတိေတာ္လမ္းေၾကာင္းထဲ႐ွိတာေတာင္မွ သူတို႔ဟာ အႀကိမ္ႀကိမ္ဘုရားကိုစုံစမ္းၾကတယ္။ ျပစ္မွားၾကတယ္။ အဆိုးဆုံးကေတာ့ မွားယြင္းတဲ့ကိုးကြယ္မႈေတြနဲ႔ ကိုယ့္ဟာကိုယ္စိတ္ကူးတည့္တဲ့အတိုင္း အသက္႐ွင္တာပါပဲ။ ဘုရားက သူတို႔ကို နည္းလမ္းေပါင္းစုံနဲ႔ ဆြဲေခၚေပ မယ့္ သူတို႔က ဘုရားကိုအႀကိမ္ႀကိမ္ ျပစ္မွားၾကတယ္။ ေနာက္ ဘုရားအေပၚမွာ ေၾကာက္႐ြံ႕႐ိုေသတဲ့စိတ္ လုံး၀မ႐ွိဘူး။ ဘုရားဂတိေတာ္ထက္ အေျခအေနေတြကိုပဲ ျမင္ၿပီးေတာ့ ဘုရားကိုပုန္ကန္ခဲ့တယ္။ ေနာက္ဆုံးရလဒ္ကဘာလဲ လက္တစ္ကမ္းအလိုက ဂတိေတာ္ကိုလက္လႊတ္လိုက္ရတာပါပဲ။ ေတာထဲမွာ အခ်ိန္မကုန္သင့္ပဲ ကုန္ၿပီးေတာ့ ေနာက္ဆုံး ဂတိေတာ္ ေျမကိုေျခမခ်လိုက္ရတာပါပဲ။ တကယ္ေတာ့ ဘုရားေပးတဲ့ဂတိေတာ္ေတြက ကြၽန္ ေတာ္တို႔လက္တကမ္းမွာပဲ႐ွိပါတယ္။ ဒါကို ခံစားခ်င္တယ္ဆိုရင္ ဘုရားကိုေၾကာက္႐ြံ႕ၿပီး သန္႔႐ွင္းျခင္းကို ဂ႐ုစိုက္ဖိိဳ႕ပါ။ ေနခ်င္သလိုေနၿပီးေတာ့ ဘုရားေပးတဲ့ ဂတိေတာ္အေပၚမွာ ေျခခ်ရမယ္လို႔စိတ္မကူးပါနဲ႔။ ဘုရားက သူရဲ႕ဂတိေတာ္ထဲကို အသက္တာအေကာင္းဆုံးျပင္ဆင္ေနတဲ့သူေတြကိုေျခခ် ခြင့္ေပးမွာျဖစ္ၿပီးေတာ့ က်န္တဲ့သူေတြကေတာ့ ေတာထဲမွာပဲ တဝဲဝဲလည္ေနအုံးမွာပါပဲ။ အသက္တာကိုအေကာင္းဆုံးျပင္ဆင္အသက္႐ွင္တဲ့ေန႔က အေကာင္းဆုံး ဂတိေတာ္ထဲကိုေျခခ်ခြင့္ရတဲ့ေန႔ပါပဲ။